Unicode Version
ဘုရားသခင်
ကျွန်ုပ်အား ဘာကြောင့် နောက်တစ်ဆင့်ကို မပြောရမှာလဲ။
ဒေသနာကျမ်း ၅:၄ “ဘုရားသခင့်ထံတော်၌ သစ္စာဂတိပြုမိလျှင်၊ သစ္စာဝတ်ကို
မဖြေဘဲမနေနှင့်။ မိုက်သောသူ တို့ကို အားရ နှစ်သက်တော်မမူ။သစ္စာဂတိပြုသည်အတိုင်း ဝတ်ကို
ဖြေလော့။”
သင့်အသက်တာအတွက်
ဘုရားသခင်၏ အလိုတော်ကို ရှာဖွေတဲ့အခါမှာ ပထမအဆင့်ကို သင်မပြုပြီးသရွေ့ ဒုတိယအဆင့်ကို
ဘုရားသခင်သည် ဖော်ပြဖို့ရန် တာဝန်မရှိဘူးဆိုတဲ့ အလွန်အရေးကြီးတဲ့အရာကိုတော့ သင် နားလည်ထားဖို့
လိုအပ်ပါတယ်။
“ကျွန်ုပ်၏ အသက်မွေးဝမ်းကျောင်း (သို့) အိမ်ထောင်ရေး
အတွက် ဘုရားသခင်၏ အလိုတော်ကို သိချင်ပါတယ်” လို့ သင်ပြောကောင်း ပြောနေပါမည်။ အခြေခံသဘောတရားကို
လေ့လာရအောင်။ သမ္မာကျမ်းစာကို ဖတ်နေ ပါသလား။ အသင်းအဖွဲ့ဝင်အဖြစ် သင်ရှိနေပါသလား။ သင်သဿမေဓအခွန်
(ဆယ်ဖို့ တစ်ဖို့) ပေးပါ ရဲ့လား။ သင်ကျွန်ုပ်နှင့် စကားပြောပါသလား။
နောက်ထပ်တစ်ဆင့်လုပ်ဆောင်ဖို့ရန်
သင့်အား ဘုရားသခင် မပြောခင်မှာ သင့်အသက်တာအတွက် ဘုရား၏ အလိုတော်ကို ဖော်ပြစေမဲ့ သင်သိရှိထားပြီးသောအရာတွေကို
စတင်လုပ်ဆောင်ဖို့ရန် ဘုရား အလိုတော်ရှိပါသည်။
ဒါကြောင့်
သင်၌ မလုပ်ဆောင်ရသေးသော ဘုရားသခင် လုပ်ခိုင်းထားသော အရာတွေ ရှိပါသလား။ ဘာကြောင့် ဒီလိုဖြစ်ရသနည်း။
သမ္မာတရားက သင်သည် ဘုရားသခင်ကို စောင့်ဆိုင်းနေခြင်းမဟုတ်။ ဘုရားသခင်သာလျှင် သင့်ကို
စောင့်ဆိုင်းနေခြင်း ဖြစ်ပါတယ်။
သင့်အား
ဘုရားသခင် ပြောထားပြီးသား အရာတို့ကို လုပ်ဆောင်ဖို့ရန် နောက်တစ်ပတ် (သို့) နောက်တစ်နှစ်ထိ
မစောင့်ပါနှင့်။
သင် ဘာအတွက် စောင့်ဆိုင်းနေပါသနည်း။
ဒေသနာကျမ်း ၅:၄ “ဘုရားသခင့်ထံတော်၌ သစ္စာဂတိပြုမိလျှင်၊ သစ္စာဝတ်ကို
မဖြေဘဲမနေနှင့်။ မိုက်သောသူ တို့ကို အားရ နှစ်သက်တော်မမူ။သစ္စာဂတိပြုသည်အတိုင်း ဝတ်ကို
ဖြေလော့။” မနှောင့်နှေးစေပါနှင့်။ လုပ်ဆောင်ရမည့်အရာကို သိထားပါလျှင် လုပ်ဆောင်လိုက်ပါ။
ယနေ့တွင် ဤဆုတောင်းကို ပြုပါ။
“အဖဘုရားသခင် … ကျွန်ုပ်အသက်တာအတွက် ဘုရား၏
လမ်းညွှန်မှုကို လိုအပ်ပါ၏။ ကျွန်ုပ်အား လမ်းညွှန်ဖို့ရန် သစ္စာတရားဖြင့် တောင်းလျှောက်ပါသည်။
ဘုရား၏ တုံ့ပြန်မှုအတွက် မကြားနိုင်အောင် အလုပ်မအားခြင်းများ မဖြစ်စေပဲ နားဆင်ဖို့ရန်
ကူညီမစတော်မူပါ။ အဖဘုရားသခင် ကျွန်ုပ် ၎င်းတို့ကို နားမလည်သည့်အခါတွင် ကျွန်ုပ်၏ ကောင်းခြင်းအတွက်
အဖဘုရား၌ရှိသောကျွန်ုပ်၏လမ်းကို ယုံကြည်ဖို့ရန် နှင့် နားလည်ဖို့ရန် ကူညီ တော်မူပါ။
ကျွန်ုပ်၏ နောက်တစ်လှမ်းက မည်ကဲ့သို့ဖြစ်မည်နည်း။ ကျွန်ုပ် သိထားပြီးသား လုပ်ဆောင်သင့်သော
အရာတို့ကို လုပ်ဆောင်နိုင်ဖို့ရန် နှင့် စိတ်အနှောင့်အယှက် မဖြစ်ဖို့ရန် ကူညီတော်မူပါ။
ကြောက်ရွံ့သောစိတ် ကင်းလျက် ဘုရားသခင် အား ယုံကြည်ဖို့ရန် ကူညီမစေတော်မူပါ။ သခင်ခရစ်တော်၏
နာမတော်အားဖြင့် တောင်းလျှောက်ပါ၏ … အာမင်။
ဆင်ခြင်ရန်
-
ဘုရားသခင် သင့်အား လုပ်ဆောင်စေလို့သော အရာတို့၏ အခြေခံတို့ကို သင်မည်သို့ လုပ်ဆောင်နေပါသနည်း။
သင် ကျမ်းစာ ဖတ်နေပါသလား။ ဆုတောင်းခြင်းအားဖြင့် ဘုရားနှင့်အတူ မိဿဟာရ ပြုပါသလား။ အသင်းအဖွဲ့တွင်
ပါဝင်နေပါသလား။
-
သင်မလုပ်ဆောင်ရသေးသော အရာကို လုပ်ဆောင်ဖို့ ဘုရားသခင် သင့်အား ဘာပြောသနည်း။ ၎င်းကို
လုပ်ဆောင်ဖို့ရန် မည်သည့်အရာက အတားအဆီး ဖြစ်နေပါသနည်း။
-
သင်၏ တိကျသော အခြေအနေနှင့် ကိုက်ညီဖို့ရန် အထက်ပါဆုတောင်းချက်ကို သင်မည်ကဲ့သို့ လိုက်လျောညီထွေမှု
ရှိအောင် ပြုနိုင်ပါမည်နည်း။
---------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်