အဖြေမရတဲ့အခါ ဘာကြောင့်များ ဆက်လက် ဆုတောင်းနေပါသနည်း။ | Why Keep Praying When There Is No Answer?

Unicode Version

အဖြေမရတဲ့အခါ ဘာကြောင့်များ ဆက်လက် ဆုတောင်းနေပါသနည်း။

ဧဖက်ဩဝါဒစာ ၆:၁၈ “ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပဌာနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်း ကြလော့။ ထိုသို့ ဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူအပေါင်းတို့အဘို့ ဆုတောင်းလျက် စောင့်ရှောက်ကြလော့။”

သင် အဖြေမရသည့်အခါတွင် သင်၏ဆုတောင်းကို ဘာကြောင့်များ ဆက်လက်တည်ရှိစေသင့်ပါသနည်း။ အကြောင်းရင်း (၄) မျိုးရှိပါတယ်။

(၁) ဇွဲကောင်းသော  ဆုတောင်းသည် သင်၏ အထူးဂရုပြုဆောင်ရွက်ခြင်းကို အာရုံ စူးစိုက်စေပါတယ်။

သင်၏ ဆုတောင်းချက်ကို ထပ်တလဲလဲတောင်းခံခြင်းသည် ဘုရားသခင်အား သတိပေးခြင်းမျိုး မဟုတ်ပါ။ ဘုရာသခင်သည်လည်း သတိပေးခြင်းမျိုး မလိုအပ်ပါ။ သင်၏ တောင်းလျှောက်ခြင်း ဖြေကြားမှု နှင့် လိုအပ်ချက် အားလုံးတို့၏ အရင်းအမြစ်သည် ဘုရားသခင် ဖြစ်ကြောင်းကို သင့်ကိုယ်သင် သတိပေးဖို့ရန် ဖြစ်ပါတယ်။

သင်ဆုတောင်းခဲ့ဖူးသော ဆုတောင်းချက်မှန်သမျှတွေသည် ချက်ခြင်း ဖြေကြားခံရပါလျှင် (၂) မျိုးသော အကြောင်းအရာ ဖြစ်လာပါမည်။ ပထမဉီးစွာ ဘုရားသခင်၏ အလိုတော်မဟုတ်သော အရာတွေအတွက် တစ်ခါတစ်ရံ တောင်းခံခြင်းကြောင့် ဆုတောင်းခြင်းက သင့်ကို နာကျင်စေဖို့ရန် စတင်ပါမည်။ ဒုတိယအနေဖြင့် ဘုရားသခင်ကို လိုချင်တာရသောအရောင်းစက်လိုမျိုး သဘောထားခြင်းကြောင့် ဘုရားနှင့် သင်၏ ဆက်ဆံရေးကို သင်ဘယ်တော့မှ လေးနက်စွာ မဖွံ့ဖြိုးစေခဲ့ပါဘူး။ သင်ဆုတောင်းသမျှတိုင်းတို့သည် ချက်ချင်း အဖြေရပါလျှင် အရာအားလုံးတို့ကို သင်က ကောင်းချီးမင်္ဂလာလို့ ထင်မြင်ပါလိမ့်မည်။ ဘုရားသခင်သည်လည်း ကောင်းချီးမင်္ဂလာ နှင့် ပတ်သက်ခြင်း တို့ကို သင့်အား စဉ်းစာဖို့ရန် အလိုတော်ရှိပါသည်။

(၂) ဇွဲကောင်းသော ဆုတောင်းသည် သင်၏ တောင်းဆိုချက်ကို ပေါ်လွင်စေပါတယ်။

သင်လိုအပ်သောအရာ အတိအကျကို ပေါ်လွင်စေဖို့ရန် နှင့် သင်၏ဆုတောင်းကို ပြန်လည်မွမ်းမံဖို့ရန် နှောင့်နှေးသော ဖြေကြားခြင်းက သင့်ကို အချိန်ပေးပါတယ်။ သင်၏ ကောင်းကင်ဘုံအဖထံ ၊တစ်စုံတစ်ခုကို ထပ်ခါထပ်ခါ ပြောဆိုခြင်းနှင့် ဇွဲရှိရှိဖြင့် ဆုတောင်းတဲ့အခါ ၎င်းသည် နက်နဲသော လိုအင်ဆန္ဒတွေကို  ဆုံးဖြတ်ထားသောအရာကို လုပ်ဆောင်ခြင်းကနေ ကင်းဝေးစေပါတယ်။ ၎င်းသည် “ဘုရားသခင် ဤအရာနှင့် ပတ်သက်ပြီး ကျွန်ုပ် တကယ့်ကို ဂရုစိုက်ပါသည်” လို့ပြောနေပါသည်။

 

သင်၏ ဆုတောင်းကို ဘုရားသခင် အဖြေမပေးချင်လို့ မဟုတ်ပါဘူး။ ပေးချင်ပါတယ်။ သင်အမှန်တကယ်ကို အလိုရှိတဲ့အရာကို သင်သေချာစေဖို့ရန် ဘုရားရှင် အလိုတော်ရှိပါသည်။

(၃) ဇွဲကောင်းသော ဆုတောင်းခြင်းက သင်၏ယုံကြည်ခြင်းကို စမ်းသပ်ပါသည်။

ရှင်ယာကုပ်ဩဝါဒစာ ၁: ၃-၄ “ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြု ပြင်ပါစေ။”

သင်၏ ဝိညာဉ်ရေးရာ ရင့်ကျက်မှုကို တိုးတက်စေနိုင်ဖို့ရန် တစ်ခုတည်းသော နည်းလမ်းမှာ သင်၏ယုံကြည်ခြင်း ကို စမ်းသပ်ဖို့ ဖြစ်ပါတယ်။ သင်၏ ယုံကြည်ခြင်းကို ဘုရားသခင် စမ်းသပ်သည့် နည်းလမ်းတစ်ခုမှာ သင်၏ ဆုတောင်းတစ်ချို့ကို အဖြေပေးဖို့ နှောင့်နှေးစေခြင်းအားဖြင့် ဖြစ်သည်။

(၄) ဇွဲကောင်းသော ဆုတောင်းခြင်းသည် ဖြေကြားချက်အတွက် သင်၏စိတ်နှလုံးကို ပြင်ဆင်ပေးပါတယ်။

ဘုရားသခင်ထံ သင်၏ တောင်းဆိုခြင်းတွေကို ပြုတဲ့အခါမှာ သင်ဆုတောင်းလိုက်တာထက်ကို ပိုမိုကောင်းမြတ်တဲ့ နည်းလမ်းဖြင့် ဘုရားသခင်သည် အမြဲတမ်းလိုလို အဖြေပေးချင်ပါတယ်။ တစ်ခါတစ်ရံမှာ သင်၏ဆုတောင်းကို ဘုရားငြင်းပယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်တောင်းဆိုသောအရာ နှင့် တွေးထင်သောအရာတွေက အရမ်းကို သေးငယ်လွန်းနေသောကြောင့် ဖြစ်ပါတယ်။ သင့်အား ပိုပြီး ကြီးမားသော ၊ ကောင်းမွန်သော တစ်စုံ တစ်ခုကို ဘုရားပေးချင်ပါသည်။

သတိရပါ။ ဧဖက်ဩဝါဒစာ ၃:၂၀ “ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်း ငှါ တတ်နိုင်တော်မူသော ဘုရားသခင်

ဆင်ခြင်ရန်

- အချိန်ကြာမြင့်စွာ သင်ဆုတောင်းနေသော အရာကား မည်သို့နည်း။ သင်၏ ဆုတောင်းချက်ကို မည်ကဲ့သို့ ပြုပြင်မည်နည်း။

- သင်၏ဆုတောင်းကို ကြန့်ကြာစေခြင်းဖြင့် ယခုတွင် သင့်အား ဘုရားသခင် စမ်းသပ်ပါလျှင် သင့်အတွက် ရည်ရွယ်ထားသော ဘုရား၏အလိုတော်ကို လက်ခံဖို့ရန်နှင့် သင်၏လိုအင်ဆန္ဒတို့ကို တိုးတက်ကြီးထွားစေဖို့ရန် မည်ကဲ့သို့ ဖော်ပြနိုင်ပါမည်နည်း။

- ဘုရားသခင် ဘယ်တုန်းကမှ မပံ့ပိုးပေးခဲ့သော သင်နှစ်ပေါင်းများစွာ ဆုတောင်းနေခဲ့သော အရာတစ်ခုအကြောင်းကို စဉ်းစားလိုက်ပါ။ ဘုရားသခင်၏ ငြင်းပယ်မှုသည် သင့်အသက်တာအတွက် အမှန်တကယ် ကောင်းချီးဖြစ်တယ်ဆိုတာကို သင်မည်ကဲ့သို့ မြင်ခဲ့ပါသနည်း။


---------------------------------------------------------------------------

Zawgyi Version

အေျဖမရတဲ့အခါ ဘာေၾကာင့္မ်ား ဆက္လက္ ဆုေတာင္းေနပါသနည္း။

ဧဖက္ဩဝါဒစာ ၆:၁၈ “ကာလအစဥ္ စိတ္ႏွလုံးပါလ်က္ ဆုေတာင္း ပဌာနာျပဳျခင္းအမ်ိဳးမ်ိဳးတို႔ျဖင့္ ဆုေတာင္း ၾကေလာ့။ ထိုသို႔ ဆုေတာင္းျခင္းငွါ အားမေလ်ာ့ဘဲလ်က္၊ ငါမွစ၍ သန္႔ရွင္းသူအေပါင္းတို႔အဘို႔ ဆုေတာင္းလ်က္ ေစာင့္ေရွာက္ၾကေလာ့။”

သင္ အေျဖမရသည့္အခါတြင္ သင္၏ဆုေတာင္းကို ဘာေၾကာင့္မ်ား ဆက္လက္တည္ရွိေစသင့္ပါသနည္း။ အေၾကာင္းရင္း (၄) မ်ိဳးရွိပါတယ္။

(၁) ဇြဲေကာင္းေသာ  ဆုေတာင္းသည္ သင္၏ အထူးဂ႐ုျပဳေဆာင္႐ြက္ျခင္းကို အာ႐ုံ စူးစိုက္ေစပါတယ္။ 

သင္၏ ဆုေတာင္းခ်က္ကို ထပ္တလဲလဲေတာင္းခံျခင္းသည္ ဘုရားသခင္အား သတိေပးျခင္းမ်ိဳး မဟုတ္ပါ။ ဘုရာသခင္သည္လည္း သတိေပးျခင္းမ်ိဳး မလိုအပ္ပါ။ သင္၏ ေတာင္းေလွ်ာက္ျခင္း ေျဖၾကားမႈ ႏွင့္ လိုအပ္ခ်က္ အားလုံးတို႔၏ အရင္းအျမစ္သည္ ဘုရားသခင္ ျဖစ္ေၾကာင္းကို သင့္ကိုယ္သင္ သတိေပးဖို႔ရန္ ျဖစ္ပါတယ္။

သင္ဆုေတာင္းခဲ့ဖူးေသာ ဆုေတာင္းခ်က္မွန္သမွ်ေတြသည္ ခ်က္ျခင္း ေျဖၾကားခံရပါလွ်င္ (၂) မ်ိဳးေသာ အေၾကာင္းအရာ ျဖစ္လာပါမည္။ ပထမဉီးစြာ ဘုရားသခင္၏ အလိုေတာ္မဟုတ္ေသာ အရာေတြအတြက္ တစ္ခါတစ္ရံ ေတာင္းခံျခင္းေၾကာင့္ ဆုေတာင္းျခင္းက သင့္ကို နာက်င္ေစဖို႔ရန္ စတင္ပါမည္။ ဒုတိယအေနျဖင့္ ဘုရားသခင္ကို လိုခ်င္တာရေသာအေရာင္းစက္လိုမ်ိဳး သေဘာထားျခင္းေၾကာင့္ ဘုရားႏွင့္ သင္၏ ဆက္ဆံေရးကို သင္ဘယ္ေတာ့မွ ေလးနက္စြာ မဖြံ႕ၿဖိဳးေစခဲ့ပါဘူး။ သင္ဆုေတာင္းသမွ်တိုင္းတို႔သည္ ခ်က္ခ်င္း အေျဖရပါလွ်င္ အရာအားလုံးတို႔ကို သင္က ေကာင္းခ်ီးမဂၤလာလို႔ ထင္ျမင္ပါလိမ့္မည္။ ဘုရားသခင္သည္လည္း ေကာင္းခ်ီးမဂၤလာ ႏွင့္ ပတ္သက္ျခင္း တို႔ကို သင့္အား စဥ္းစာဖို႔ရန္ အလိုေတာ္ရွိပါသည္။

(၂) ဇြဲေကာင္းေသာ ဆုေတာင္းသည္ သင္၏ ေတာင္းဆိုခ်က္ကို ေပၚလြင္ေစပါတယ္။
သင္လိုအပ္ေသာအရာ အတိအက်ကို ေပၚလြင္ေစဖို႔ရန္ ႏွင့္ သင္၏ဆုေတာင္းကို ျပန္လည္မြမ္းမံဖို႔ရန္ ေႏွာင့္ေႏွးေသာ ေျဖၾကားျခင္းက သင့္ကို အခ်ိန္ေပးပါတယ္။ သင္၏ ေကာင္းကင္ဘုံအဖထံ ၊တစ္စုံတစ္ခုကို ထပ္ခါထပ္ခါ ေျပာဆိုျခင္းႏွင့္ ဇြဲရွိရွိျဖင့္ ဆုေတာင္းတဲ့အခါ ၎သည္ နက္နဲေသာ လိုအင္ဆႏၵေတြကို  ဆုံးျဖတ္ထားေသာအရာကို လုပ္ေဆာင္ျခင္းကေန ကင္းေဝးေစပါတယ္။ ၎သည္ “ဘုရားသခင္ ဤအရာႏွင့္ ပတ္သက္ၿပီး ကြၽႏ္ုပ္ တကယ့္ကို ဂ႐ုစိုက္ပါသည္” လို႔ေျပာေနပါသည္။

သင္၏ ဆုေတာင္းကို ဘုရားသခင္ အေျဖမေပးခ်င္လို႔ မဟုတ္ပါဘူး။ ေပးခ်င္ပါတယ္။ သင္အမွန္တကယ္ကို အလိုရွိတဲ့အရာကို သင္ေသခ်ာေစဖို႔ရန္ ဘုရားရွင္ အလိုေတာ္ရွိပါသည္။

(၃) ဇြဲေကာင္းေသာ ဆုေတာင္းျခင္းက သင္၏ယုံၾကည္ျခင္းကို စမ္းသပ္ပါသည္။
ရွင္ယာကုပ္ဩဝါဒစာ ၁: ၃-၄ “ဝမ္းေျမာက္စရာ အေၾကာင္းသက္သက္ျဖစ္သည္ဟု မွတ္ၾကေလာ့။ သင္တို႔သည္ အလွ်င္းမခ်ိဳ႕တဲ့ဘဲ ေစ့စပ္စုံလင္မည္အေၾကာင္း၊ သည္းခံျခင္းစိတ္သည္ အကုန္အစင္ျပဳ ျပင္ပါေစ။”

သင္၏ ဝိညာဥ္ေရးရာ ရင့္က်က္မႈကို တိုးတက္ေစႏိုင္ဖို႔ရန္ တစ္ခုတည္းေသာ နည္းလမ္းမွာ သင္၏ယုံၾကည္ျခင္း ကို စမ္းသပ္ဖို႔ ျဖစ္ပါတယ္။ သင္၏ ယုံၾကည္ျခင္းကို ဘုရားသခင္ စမ္းသပ္သည့္ နည္းလမ္းတစ္ခုမွာ သင္၏ ဆုေတာင္းတစ္ခ်ိဳ႕ကို အေျဖေပးဖို႔ ေႏွာင့္ေႏွးေစျခင္းအားျဖင့္ ျဖစ္သည္။

(၄) ဇြဲေကာင္းေသာ ဆုေတာင္းျခင္းသည္ ေျဖၾကားခ်က္အတြက္ သင္၏စိတ္ႏွလုံးကို ျပင္ဆင္ေပးပါတယ္။
ဘုရားသခင္ထံ သင္၏ ေတာင္းဆိုျခင္းေတြကို ျပဳတဲ့အခါမွာ သင္ဆုေတာင္းလိုက္တာထက္ကို ပိုမိုေကာင္းျမတ္တဲ့ နည္းလမ္းျဖင့္ ဘုရားသခင္သည္ အၿမဲတမ္းလိုလို အေျဖေပးခ်င္ပါတယ္။ တစ္ခါတစ္ရံမွာ သင္၏ဆုေတာင္းကို ဘုရားျငင္းပယ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင္ေတာင္းဆိုေသာအရာ ႏွင့္ ေတြးထင္ေသာအရာေတြက အရမ္းကို ေသးငယ္လြန္းေနေသာေၾကာင့္ ျဖစ္ပါတယ္။ သင့္အား ပိုၿပီး ႀကီးမားေသာ ၊ ေကာင္းမြန္ေသာ တစ္စုံ တစ္ခုကို ဘုရားေပးခ်င္ပါသည္။

သတိရပါ။ ဧဖက္ဩဝါဒစာ ၃:၂၀ “ငါတို႔၌ ျပဳျပင္ေသာတန္ခိုးေတာ္အတိုင္း၊ ငါတို႔ ေတာင္းပန္ႀကံစည္သမွ်ထက္ အလြန္ထူးျခားစြာ ျပဳျခင္း ငွါ တတ္ႏိုင္ေတာ္မူေသာ ဘုရားသခင္”

ဆင္ျခင္ရန္
- အခ်ိန္ၾကာျမင့္စြာ သင္ဆုေတာင္းေနေသာ အရာကား မည္သို႔နည္း။ သင္၏ ဆုေတာင္းခ်က္ကို မည္ကဲ့သို႔ ျပဳျပင္မည္နည္း။
- သင္၏ဆုေတာင္းကို ၾကန႔္ၾကာေစျခင္းျဖင့္ ယခုတြင္ သင့္အား ဘုရားသခင္ စမ္းသပ္ပါလွ်င္ သင့္အတြက္ ရည္႐ြယ္ထားေသာ ဘုရား၏အလိုေတာ္ကို လက္ခံဖို႔ရန္ႏွင့္ သင္၏လိုအင္ဆႏၵတို႔ကို တိုးတက္ႀကီးထြားေစဖို႔ရန္ မည္ကဲ့သို႔ ေဖာ္ျပႏိုင္ပါမည္နည္း။
- ဘုရားသခင္ ဘယ္တုန္းကမွ မပံ့ပိုးေပးခဲ့ေသာ သင္ႏွစ္ေပါင္းမ်ားစြာ ဆုေတာင္းေနခဲ့ေသာ အရာတစ္ခုအေၾကာင္းကို စဥ္းစားလိုက္ပါ။ ဘုရားသခင္၏ ျငင္းပယ္မႈသည္ သင့္အသက္တာအတြက္ အမွန္တကယ္ ေကာင္းခ်ီးျဖစ္တယ္ဆိုတာကို သင္မည္ကဲ့သို႔ ျမင္ခဲ့ပါသနည္း။