Unicode Version

ဘုရားသခင် မည်သည့်အရာကို အနှစ်သက်ဆုံးဖြစ်သနည်း။
ဆာလံ ၁၀၀:၅ “အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဂရုဏာတော်သည်
အစဉ်အမြဲရှိ ၍၊ သစ္စာတော်သည် ကာလအဆက်ဆက် တည်လေသတည်း။”
ကျွန်ုပ်တို့
ဆုတောင်းသော နည်းလမ်းကို ပုံသွင်းပေးသည်ဆိုလျှင် ဘုရားသခင်သည် မည်သို့သောသူနှင့် တူပါ
သနည်း။ ပြီးတော့ ဘုရားသခင် မည်သည့်အရာကို တကယ်နှစ်သက်သနည်း။
ဘုရားသခင်၌
စရိုက်လက္ခဏာများစွာ ရှိပါသည်။ အလုံးစုံကို သိတော်မူသောဘုရား ၊ အနန္တတန်ခိုးရှင် ၊
တစ်ချိန်တည်း တွင် နေရာအနှံ့ ရှိနေနိုင်သည်။ ဘုရားသခင်သည် သန့်ရှင်းခြင်း ၊ ကြင်နာခြင်း
၊ ချစ်ခြင်း ၊ သစ္စာရှိခြင်း ဖြစ်တယ်လို့ သမ္မာကျမ်းစာက ဆိုထားပါတယ်။
ပြီးတော့ ဘုရားသခင် ကောင်းမြတ်ပါ၏။ တကယ်တော့ ဘုရားသခင်၏ ကောင်းမြတ်ခြင်းတွေပေါ်
ယုံကြည်ခြင်း သည် ဆုတောင်းသောသူတွေအတွက် အခြေခံဖြစ်ပါတယ်။ ကောင်းမြတ်သော ဘုရားရှင်
မဟုတ်ပါလျှင် ကျွန်ုပ်တို့ ဆုတောင်းချက်တို့ကို အဖြေပေးဖို့ရန် ကျွန်ုပ်တို့ ဘာကြောင့်
မျှော်လင့်ရပါသနည်း။ ကျွန်ုပ်တို့ ဘာကြောင့် ဆုတောင်းဖို့ရန် လှုံ့ဆောင်ခံနေရပါသနည်း။
ဤကမ္ဘာပေါ်တွင်
မည်သည့် ကောင်းကျိုးမဆိုရှိခြင်း အကြောင်းရင်းတစ်ရပ်မှာ ဘုရားသခင်သည် ဤကမ္ဘာမြေ ကြီးကို
ဖန်ဆင်းတော်မူသော ၊ ကောင်းမြတ်သော ဘုရားရှင်ဖြစ်သောကြောင့် ဖြစ်သည်။ သူ၏ကောင်းမြတ်ခြင်း
သည် စကြာဝဌာ တွင် ရှိနေသည်။ ဘုရားသခင်ဆိုတဲ့ စကားလုံး မရှိဘဲ “ကောင်းမြတ်ခြင်း”ဆိုတဲ့
စကားလုံးကို သင်စားလုံး မပေါင်းနိုင်ပါ။ ဘုရားသခင် မရှိပါလျှင် ကောင်းမြတ်ခြင်း ၊ ဆိုးယုတ်ခြင်း
၊ မှန်ကန်ခြင်း နှင့် မှားယွင်း ခြင်းတွေ မရှိပါ။
လူတွေ
မကြာခဏ ဆိုသလို “ မကောင်းမှုတွေက ကမ္ဘာပေါ်မှာ ဘာကြောင့်ရှိနေရသနည်း”
မေးတတ်ကြပါတယ်။ ဤအရာက ရိုးရှင်းပါတယ်။ ကောင်းမှုတွေကို လုပ်ဆောင်ဖို့ရန် ဘုရားသခင်
တွန်းအားမပေးပါ။ မကောင်းမှု တွေက ရှိနေခြင်းသည် ဘုရားသခင်က ကျွန်ုပ်တို့အား လွတ်လပ်စွာရွေးချယ်ခွင့်
ပေးထားသောကြောင့် ဖြစ်ပြီး ကောင်းမှု လုပ်ဆောင်ခြင်းကို အချိန်တိုင်း မပြုဖို့ရန် ကျွန်ုပ်တို့
ရွေးချယ်ကြပါတယ်။ ရှင်းပြရန် ခက်ခဲသောအရာမှာ “ကမ္ဘာပေါ်တွင်
ဘာကြောင့် ကောင်းမှု ၊ ကောင်းကျိုးတွေ ရှိနေရခြင်း” ဖြစ်တယ်။ ရက်စက်ကြမ်းကြုတ်သော
ယှဉ်ပြိုင်မှုနှင့် ကံကောင်းခြင်းလို့ခေါ်တဲ့ ဤကမ္ဘာကြီး၌ ကောင်းသောအကြောင်းပြချက်တစ်ခုမှာ
ဘုရားသခင် သည် ကောင်းမြတ်သောကြောင့် ဖြစ်ပါတယ်။
ဘုရားသခင် အမြဲတမ်းကောင်းမြတ်တဲ့ အတွက်ကြောင့် ဆုတောင်းခြင်းနှင့် ပတ်သက်ပြီး
သေချာသော အရာကို ကျွန်ုပ်တို့ သိရှိနိုင်ပါတယ်။ ဤအရာတွေကို သင်နားလည်သဘောပေါက်ပါလျှင်
ဘုရားသခင်၏ စစ်မှန်သော ကောင်းမြတ်ခြင်းက ဘယ်လိုလဲဆိုတာကို သင်နားလည်မည်ဖြစ်ပြီး ဆုတောင်းခြင်း၌လည်း
သင်မွေ့လျော် လာပါလိမ့်မည်။ ၎င်းသည် တာဝန်ဝတ္တာရား လုံးဝ မဟုတ်ပါ။ ကျေနပ် ဝမ်းမြောက်မှုဖြစ်စေခြင်း
ဖြစ်ပါသည်။
ဆင်ခြင်ရန်
-
ဘုရားသခင်၏ ကောင်းမြတ်ခြင်းသည် ဆုတောင်းဖို့ရန် လှုံ့ဆော်သော သော့ချက် ဘာကြောင့်ဖြစ်သနည်း။
-
သင့်အတွက် ဆုတောင်းခြင်းက ဝတ္တရားတစ်ခုလား (သို့) ကျေနပ်ဝမ်းမြောက်စရာတစ်ခုလား။ ဘာကြောင့်
နည်း။
-
ဘုရားသခင်၏ ကောင်းမြတ်ခြင်းသည် သင်၏ ဆုတောင်းခြင်းပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်စေပါသနည်း။
------------------------------------------------------------------------------------
Zawgyi Version
ဘုရားသခင္ မည္သည့္အရာကို အႏွစ္သက္ဆုံးျဖစ္သနည္း။
ဆာလံ ၁၀၀:၅ “အေၾကာင္းမူကား၊ ထာဝရဘုရားသည္ ေကာင္းျမတ္ေတာ္မူ၏။ ဂ႐ုဏာေတာ္သည္ အစဥ္အၿမဲရွိ ၍၊ သစၥာေတာ္သည္ ကာလအဆက္ဆက္ တည္ေလသတည္း။”
ကြၽႏ္ုပ္တို႔ ဆုေတာင္းေသာ နည္းလမ္းကို ပုံသြင္းေပးသည္ဆိုလွ်င္ ဘုရားသခင္သည္ မည္သို႔ေသာသူႏွင့္ တူပါ သနည္း။ ၿပီးေတာ့ ဘုရားသခင္ မည္သည့္အရာကို တကယ္ႏွစ္သက္သနည္း။
ဘုရားသခင္၌ စ႐ိုက္လကၡဏာမ်ားစြာ ရွိပါသည္။ အလုံးစုံကို သိေတာ္မူေသာဘုရား ၊ အနႏၲတန္ခိုးရွင္ ၊ တစ္ခ်ိန္တည္း တြင္ ေနရာအႏွံ႔ ရွိေနႏိုင္သည္။ ဘုရားသခင္သည္ သန႔္ရွင္းျခင္း ၊ ၾကင္နာျခင္း ၊ ခ်စ္ျခင္း ၊ သစၥာရွိျခင္း ျဖစ္တယ္လို႔ သမၼာက်မ္းစာက ဆိုထားပါတယ္။
ၿပီးေတာ့ ဘုရားသခင္ ေကာင္းျမတ္ပါ၏။ တကယ္ေတာ့ ဘုရားသခင္၏ ေကာင္းျမတ္ျခင္းေတြေပၚ ယုံၾကည္ျခင္း သည္ ဆုေတာင္းေသာသူေတြအတြက္ အေျခခံျဖစ္ပါတယ္။ ေကာင္းျမတ္ေသာ ဘုရားရွင္ မဟုတ္ပါလွ်င္ ကြၽႏ္ုပ္တို႔ ဆုေတာင္းခ်က္တို႔ကို အေျဖေပးဖို႔ရန္ ကြၽႏ္ုပ္တို႔ ဘာေၾကာင့္ ေမွ်ာ္လင့္ရပါသနည္း။ ကြၽႏ္ုပ္တို႔ ဘာေၾကာင့္ ဆုေတာင္းဖို႔ရန္ လႈံ႕ေဆာင္ခံေနရပါသနည္း။
ဤကမာၻေပၚတြင္ မည္သည့္ ေကာင္းက်ိဳးမဆိုရွိျခင္း အေၾကာင္းရင္းတစ္ရပ္မွာ ဘုရားသခင္သည္ ဤကမာၻေျမ ႀကီးကို ဖန္ဆင္းေတာ္မူေသာ ၊ ေကာင္းျမတ္ေသာ ဘုရားရွင္ျဖစ္ေသာေၾကာင့္ ျဖစ္သည္။ သူ၏ေကာင္းျမတ္ျခင္း သည္ စၾကာဝဌာ တြင္ ရွိေနသည္။ ဘုရားသခင္ဆိုတဲ့ စကားလုံး မရွိဘဲ “ေကာင္းျမတ္ျခင္း”ဆိုတဲ့ စကားလုံးကို သင္စားလုံး မေပါင္းႏိုင္ပါ။ ဘုရားသခင္ မရွိပါလွ်င္ ေကာင္းျမတ္ျခင္း ၊ ဆိုးယုတ္ျခင္း ၊ မွန္ကန္ျခင္း ႏွင့္ မွားယြင္း ျခင္းေတြ မရွိပါ။
လူေတြ မၾကာခဏ ဆိုသလို “ မေကာင္းမႈေတြက ကမာၻေပၚမွာ ဘာေၾကာင့္ရွိေနရသနည္း” ေမးတတ္ၾကပါတယ္။ ဤအရာက ႐ိုးရွင္းပါတယ္။ ေကာင္းမႈေတြကို လုပ္ေဆာင္ဖို႔ရန္ ဘုရားသခင္ တြန္းအားမေပးပါ။ မေကာင္းမႈ ေတြက ရွိေနျခင္းသည္ ဘုရားသခင္က ကြၽႏ္ုပ္တို႔အား လြတ္ လပ္စြာေ႐ြးခ်ယ္ခြင့္ ေပးထားေသာေၾကာင့္ ျဖစ္ၿပီး ေကာင္းမႈ လုပ္ေဆာင္ျခင္းကို အခ်ိန္တိုင္း မျပဳဖို႔ရန္ ကြၽႏ္ုပ္တို႔ ေ႐ြးခ်ယ္ၾကပါတယ္။ ရွင္းျပရန္ ခက္ခဲေသာအရာမွာ “ကမာၻေပၚတြင္ ဘာေၾကာင့္ ေကာင္းမႈ ၊ ေကာင္းက်ိဳးေတြ ရွိေနရျခင္း” ျဖစ္တယ္။ ရက္စက္ၾကမ္းၾကဳတ္ေသာ ယွဥ္ၿပိဳင္မႈႏွင့္ ကံေကာင္းျခင္းလို႔ေခၚတဲ့ ဤကမာၻႀကီး၌ ေကာင္းေသာအေၾကာင္းျပခ်က္တစ္ခုမွာ ဘုရားသခင္ သည္ ေကာင္းျမတ္ေသာေၾကာင့္ ျဖစ္ပါတယ္။
ဘုရားသခင္ အၿမဲတမ္းေကာင္းျမတ္တဲ့ အတြက္ေၾကာင့္ ဆုေတာင္းျခင္းႏွင့္ ပတ္သက္ၿပီး ေသခ်ာေသာ အရာကို ကြၽႏ္ုပ္တို႔ သိရွိႏိုင္ပါတယ္။ ဤအရာေတြကို သင္နားလည္သေဘာေပါက္ပါလွ်င္ ဘုရားသခင္၏ စစ္မွန္ေသာ ေကာင္းျမတ္ျခင္းက ဘယ္လိုလဲဆိုတာကို သင္နားလည္မည္ျဖစ္ၿပီး ဆုေတာင္းျခင္း၌လည္း သင္ေမြ႕ေလ်ာ္ လာပါလိမ့္မည္။ ၎သည္ တာဝန္ဝတၱာရား လုံးဝ မဟုတ္ပါ။ ေက်နပ္ ဝမ္းေျမာက္မႈျဖစ္ေစျခင္း ျဖစ္ပါသည္။
ဆင္ျခင္ရန္
- ဘုရားသခင္၏ ေကာင္းျမတ္ျခင္းသည္ ဆုေတာင္းဖို႔ရန္ လႈံ႕ေဆာ္ေသာ ေသာ့ခ်က္ ဘာေၾကာင့္ျဖစ္သနည္း။
- သင့္အတြက္ ဆုေတာင္းျခင္းက ဝတၱရားတစ္ခုလား (သို႔) ေက်နပ္ဝမ္းေျမာက္စရာတစ္ခုလား။ ဘာေၾကာင့္ နည္း။
- ဘုရားသခင္၏ ေကာင္းျမတ္ျခင္းသည္ သင္၏ ဆုေတာင္းျခင္းေပၚ မည္ကဲ့သို႔ အက်ိဳးသက္ေရာက္ေစပါသနည္း။