မည်သည့်အရာက သင့်ကို နှောင့်ယှက်နေသနည်း။ ၎င်းနှင့် ပတ်သက်ပြီး တစ်ခုခုလုပ်ဆောင်ပါ။ | What Disturbs You? Do Something About It

မည်သည့်အရာက သင့်ကို နှောင့်ယှက်နေသနည်း။ ၎င်းနှင့် ပတ်သက်ပြီး
တစ်ခုခုလုပ်ဆောင်ပါ။
ဧသတာဝတ္တု ၄:၄ “မော်ဒကဲအမှုကို ဧသတာ၏ ကျွန်မတို့နှင့် မိန်းမစိုးတို့သည် ကြားပြောသောအခါ၊ မိဖုရားသည် အလွန်ဝမ်းနည်းလျက်နေ၏ ။”
သင်၏ ကြမ္မာကို ရှာဖွေလိုပါက ပထမခြေလှမ်းမှာ ဘုရားသခင် သင့်အား မည်သို့သော ဆုကျေးဇူး ပေးသည်ကို သိဖို့ လိုအပ်ပါတယ်။ ပြီးတော့ သင်၏စိတ်နှလုံးကို လှုံ့ဆော်ပေးမည့် လိုအပ်သည့်အရာကို ခွဲခြားဖို့ရန် လိုပါသည်။ ၎င်းက သင့်ကို ဝမ်းနည်းစေသောအရာလား။ “၎င်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ယောက် ကတော့ လုပ်ဆောင်ဖို့ လိုပြီ” လို့ စဉ်းစာဖို့ရန် အကြောင်းဖြစ်လာစေပါတယ်။
ဧသတာရဲ့ ကျွန်မ တို့သည် သူမ၏ဉီးလေးဖြစ်သူ မော်ဒကဲသည် ဟာမန်၏ အကြံအစည်နှင့် ယုဒလူမျိုးတို့ကို သတ်ဖြတ်ရန် ဘုရင်၏ အမိန့်တော်ကြောင့် လူသိရှင်ကြား စိတ်မသာညည်းတွားနေသည်ဟု ပြောခဲ့ပါတယ်။ မော်ဒကဲ လုပ်ဆောင်နေမှုကို ဧသတာ ကြားသိရသောအခါ ၎င်းသည် သူမကို အင်မတန်မှ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။ သူမ တစ်စုံတစ်ခုကို မပြုခဲ့ပါလျှင် လူအများအပြား သေရနိုင်ခြေရှိသည်ကို တွေးမြင်ခဲ့ပါတယ်။
တစ်ခုခုက သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေပါသလား။ ဒါမှမဟုတ် “တစ်ယောက်ယောက်သည် ဤအရာနှင့် ပတ်သက်ပြီး လုပ်ဆောင်သင့်တယ်” လို့ သင်ပြောစရာ မလိုအပ်တော့လောက်အောင် သင်၏အသက် တာက အရမ်း လုံခြုံမှု ရှိနေပါသလား။
Saddleback Church သည်လည်း AIDS တိုက်ဖျက်ရေးမှာ အမေရိကန်ပြည်ထောင်စုတွင် ဉီးဆောင်တဲ့ အသင်းတော်ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ Newsweek သတင်းတွင် ကလေးငယ် ၁၄ သန်း သည် AIDS ကြောင့် မိဘမဲ့ဖြစ်ခဲ့ကြပြီဆိုတဲ့ ဆောင်းပါးကို ကျွန်ုပ်၏ ဇနီးက ဖတ်မိပြီး ဤသတင်းက သူမကို အလွန်စိတ် အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။
သူမ တစ်ဉီးတည်း မဟုတ်ပါ။ ကျွန်ုပ်တို့ အသင်းတော်မှာ သာသနာပြု ၃၀၀ ကျော်ရှိပြီး ပြသနာတွေ ၊ လိုအပ်ချက်တွေ ၊ နာကျင်မှုတွေ (သို့) မတရားမှုတွေကို မြင်ရတဲ့သူတွေမှာ ၎င်းတို့နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ လုပ်ဆောင်ဖို့ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။
ဟေရှာယ အနာဂတ္တိကျမ်း ၅၈:၆-၁၀ တွင် မတရားသောအမှုအရာတွေပေါ် တာဝန်ယူ လုပ်ဆောင်သော သူတွေအတွက် အံ့ဩဖွယ်ရာ ကတိတော် ၁၀ မျိုးကို ပေးထားပါတယ်။
ဟေရှာယ အနာဂတ္တိကျမ်း ၅၈:၆-၁၀ “ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား၊ မတရားသော အချည်အနှောင် ကို ချွတ်ခြင်း၊ လေးသော ဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသော သူတို့ကို လွှတ်ခြင်း၊ ထမ်းဘိုးရှိသမျှကို ချိုးခြင်းမဟုတ် လော။ မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ ဆောင်ခြင်း၊ အဝတ် မရှိသော သူကိုမြင်လျှင်၊ အဝတ်ကို ပေးခြင်း၊ ကိုယ် အသားကို မရှောင်ဘဲနေခြင်း မဟုတ်လော။
သို့ပြုလျှင် သင်၏အလင်းသည် မိုဃ်းသောက် သော အလင်းကဲ့သို့ ပေါ်ထွန်း၍၊ အလျင်အမြန် ကျန်းမာ ခြင်းသို့ ရောက်လိမ့်မည်။ သင်၏ဖြောင့်မတ်ခြင်း ပါရမီ သည် သင့်ရှေ့၌ သွား၍၊ ထာဝရဘုရား၏ဘုန်းတော် သည် နောက်၌ လုံခြုံစေလိမ့်မည်။ သို့ပြုလျှင်၊ ထာဝရဘုရားသည်၊ သင်ခေါ်သော အခါ ထူးတော်မူလိမ့်မည်။ အော်ဟစ်သောအခါ၊ ငါရှိ သည်ဟု မိန့်တော်မူလိမ့်မည်။ သင်သည် သင်၏အထဲက ထမ်းဘိုးကို၎င်း၊ လက်ညှိုးထိုးခြင်းကို၎င်း၊ ကဲ့ရဲ့သော စကားကို၎င်း ပယ်ရှား၍၊ မွတ်သိပ်သော သူနှင့် ဆင်းရဲခံရသော သူကို သနားသောစိတ်နှင့်ချမ်းသာပေးလျှင်၊ မရှင်းလင်းသော အရာမှာ သင်၏အလင်းသည် ပေါ်ထွန်း၍၊ သင်၏ မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်။
၎င်းကတိတော်တွေသည် ဒုက္ခရောက်သောသူတို့ကို စေတနာထားခြင်း၊ ပေးကမ်းစွန့်ကြဲခြင်းတွေပေါ် တည် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က ကျွန်ုပ်တို့အား ထိုကဲ့သို့ လုပ်ဆောင်မှုကို သင်ယူစေလို သော ကြောင့် ဖြစ်သည်။
- သင့်အား စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ သင်လိုအပ်နေတဲ့ အရာကို
စာရင်းပြုစုကြည့်ပါ။ ထို့နောက် သင်၏ ဆုကျေးဇူးများဖြင့် ထူးခြားမှု ပြုနိုင်သော နည်းလမ်းများအား
ဖော်ပြပေးဖို့ရန် ဘုရားသခင်ထံ ဆုတောင်း လိုက်ပါ။
-
သင့်ဝန်းကျင်ရှိ တွေ့မြင်ရသော လိုအပ်ချက်များကို ဖြည့်ဆည်းဖို့ရန် သင့်အား သင်ကန့်သတ်ထားသည်
ကန့်သတ်မှုများက မည်သို့နည်း။
-
ဘုရားသခင်သည် မိမိ၏ နောက်လိုက်ယုံကြည်သူများအား မတရားမှုတွေပေါ် ဘာကြောင့် လုပ်ဆောင်မှုပြု
စေလိုပါသနည်း။
