အရိပ်နှင့်ပတ်သက်သော သမ္မာတရား -The Truth About Shadows

Unicode Version

အရိပ်နှင့်ပတ်သက်သော သမ္မာတရား

ဆာလံကျမ်း ၂၃:၄ “အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ် ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။

စိတ်ဖိစီးမှု ဖြစ်စေသော အကြောင်းရင်း တစ်ရပ်မှာ ဆုံးရှုံးခြင်း ဖြစ်ပါသည်။ သင်၏အလုပ် ၊ ကျမ်းမာရေး ၊ ငွေ ၊ ဂုဏ်သတင်း (သို့) ချစ်သောသူတို့ကို ဆုံးရှုံးနိုင်သည်။ ပြီးတော့ COVID-19 ကူးစက်ရောဂါသည်လည်း အကြီးမားဆုံး စိတ်ဖိစီးမှု ဖြစ်စေပါသည်။

ဆုံးရှုံးမှုတွေ ရင်ဆိုင်ဖြတ်သန်းရတဲ့အခါ လူတွေမှာ သာမာန်တုံ့ပြန်မှု (၂) ခုရှိပါတယ်။ တစ်ခုက ကြောက်ရွံ့ခြင်း ဖြစ်ပြီး နောက်တစ်ခုက ဝမ်းနည်းခြင်း ဖြစ်ပါတယ်။ ဝမ်းနည်းခြင်းက ကောင်းပါတယ်။ ၎င်းသည် ကျွန်ုပ်တို့ အသက်တာတွင် အသွင်ကူးပြောင်းမှုကို ဖြတ်သန်းရသည့် နည်းလမ်းဖြစ်ပါတယ်။ ဝမ်းနည်းခြင်း ပေါ်ထွက်လာ ခြင်းက သင့်ကို မသေစေနိုင်ပါဘူး။

ကြောက်ရွံ့ခြင်းက ထိုသို့မဟုတ်ပါ။ ဆိုးဝါးတဲ့အရာ ၊ မကောင်းသောအရာ ဖြစ်တတ်ပါတယ်။ “မဝမ်းနည်းနှင့် ၊ မပူဆွေးနှင့်၊ မျက်ရည်မကျနှင့် (သို့) မငိုနှင့်” လို့ သမ္မာကျမ်းစာက မကြိမ်မျှမရေးပါ။ သမ္မာကျမ်းစာက အကြိမ်ပေါင်း ၃၆၅ ကြိမ် “မကြောက်နှင့်” လို့ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝမ်းနည်းခြင်းက ကျွန်ုပ်တို့ကို ဆိုးဝါးသွားအောင် မလုပ်နိုင်ပေမဲ့ ကြောက်ရွံ့ခြင်းကတော့ လုပ်ဆောင်နိုင်ပါတယ်။

ဆာလံကျမ်း ၂၃:၄ “အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ် ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။

သိုးထိန်းတို့သည် သူတို့၏သိုးတို့ကို ကာကွယ်ဖို့ရန် လှံတံနှင့် တောင်ဝှေးများကို အမြဲသယ်ဆောင်သည်ကို ဒါဝိလ် သိပါသည်။ ပြီးတော့ သူ့အား ကာကွယ်ပေးဖို့ရန် ဘုရားသခင်၌ တန်ခိုးအစွမ်းရှိသည်ကို သူသိပါသည်။ ဒါကြောင့် အမှောင်မိုက်ဆုံးသော ချိုင့်ဝှမ်း၌ပင်လျှင် ဘုရားသခင်ကို ဒါဝိလ် ယုံကြည်ခဲ့ပါတယ်။

ကျွန်ုပ်တို့သည် ယခုအချိန်တွင် မှောင်မိုက်သော ချိုင့်ဝှမ်းသို့ ဖြတ်သန်းသွားနေရပါတယ်။ ပြီးတော့ ရှည်လျားသော မှောင်မိုက်အရိပ်လွှမ်းမိုးသောချိုင့်ဝှမ်း အချိန်လိုမျိုးပင်လျှင်  ဘုရားသခင်ကို ယုံကြည်ဖို့ရန် ကျွန်ုပ်တို့ ရွေးချယ်နိုင် ပါသည်။

သို့ပေမဲ့ ကြောက်စရာကောင်းတဲ့ အရိပ်ကြီးနှင့် ပတ်သက်ပြီး သတိရဖို့ရန် သတင်းကောင်းရှိပါတယ်။ အလင်းမရှိဘဲ အရိပ်ကို မရနိုင်ပါ။ အရိပ်ကိုတွေ့ပါလျှင် အနီးအနားတွင် အလင်းရောင်ရှိတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

ဒါကြောင့် အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းကို သင်ဖြတ်သွားရတဲ့အခါ အဲဒီအရိပ်ကို ကျောခိုင်းပြီး အလင်းကို ကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ အလင်းဖြစ်တဲ့ သခင်ခရစ်တော် ၊ လောက၏အလင်းဆီသို့ သင်ကြည့် နေသရွေ့ အရိပ်တွေ က သင့်ကို ကြောက်ရွံ့ခြင်း မဖြစ်စေတော့ပါ။

ဒါဝိလ်လိုပေါ့ အမှောင်ရိပ်ချိုင့်ဝှမ်းထဲ့မှာ ဘုရားသခင်ကို ယုံကြည်ပြီး ဆုတောင်းခဲ့ပါတယ်။ ဆာလံ ၁၄၂:၃ “အကျွန်ုပ်သည် စိတ်ပျက်လျက်ရှိသောအခါ ၊ အကျွန်ုပ်သွားသောလမ်းကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်သွား သောလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ 

 

ဆင်ခြင်ရန်

- မကြာသေးမီအချိန်က သင်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အရိပ်က မည်သို့နည်း။ ၎င်းသည် သင့်အား ဘာကြောင့်များ စိတ်ပျက်စရာ ဖြစ်စေပါသနည်း။

-သမ္မာကျမ်းစာတို့ကို သိုမှီထားခြင်းသည် သင့်အသက်တာတွင် ရင်ဆိုင်ရသော ကြောက်ရွံ့ခြင်းတွေကို မည်ကဲ့သို့ အကူအညီ ဖြစ်စေပါသနည်း။

-ကြောက်ရွံ့မှုတွေက လူသားတွေကို ဘာကြောင့်များ ဖိအားပေးတယ်လို့ သင်ထင်မြင်ပါသနည်း။

 

--------------------------------------------------------------------------------------------

Zawgyi Version

အရိပ္ႏွင့္ပတ္သက္ေသာ သမၼာတရား
ဆာလံက်မ္း ၂၃:၄ “အကယ္၍ ေသမင္း၏အရိပ္လႊမ္းမိုးေသာ ခ်ိဳင့္ ထဲသို႔ ေရာက္သြားရေသာ္လည္း ေဘးအႏၲရာယ္ ကို မေၾကာက္ပါ။ အေၾကာင္းမူကား၊ ကိုယ္ေတာ္သည္ အကြၽႏ္ုပ္ႏွင့္အတူ ရွိေတာ္မူသည္ျဖစ္၍၊ လွံတံေတာ္ႏွင့္ ေတာင္ေဝးေတာ္သည္ အကြၽႏ္ုပ္ကို ခ်မ္းသာေစပါ၏။”

စိတ္ဖိစီးမႈ ျဖစ္ေစေသာ အေၾကာင္းရင္း တစ္ရပ္မွာ ဆုံးရႈံးျခင္း ျဖစ္ပါသည္။ သင္၏အလုပ္ ၊ က်မ္းမာေရး ၊ ေငြ ၊ ဂုဏ္သတင္း (သို႔) ခ်စ္ေသာသူတို႔ကို ဆုံးရႈံးႏိုင္သည္။ ၿပီးေတာ့ COVID-19 ကူးစက္ေရာဂါသည္လည္း အႀကီးမားဆုံး စိတ္ဖိစီးမႈ ျဖစ္ေစပါသည္။ 
ဆုံးရႈံးမႈေတြ ရင္ဆိုင္ျဖတ္သန္းရတဲ့အခါ လူေတြမွာ သာမာန္တုံ႔ျပန္မႈ (၂) ခုရွိပါတယ္။ တစ္ခုက ေၾကာက္႐ြံ႕ျခင္း ျဖစ္ၿပီး ေနာက္တစ္ခုက ဝမ္းနည္းျခင္း ျဖစ္ပါတယ္။ ဝမ္းနည္းျခင္းက ေကာင္းပါတယ္။ ၎သည္ ကြၽႏ္ုပ္တို႔ အသက္တာတြင္ အသြင္ကူးေျပာင္းမႈကို ျဖတ္သန္းရသည့္ နည္းလမ္းျဖစ္ပါတယ္။ ဝမ္းနည္းျခင္း ေပၚထြက္လာ ျခင္းက သင့္ကို မေသေစႏိုင္ပါဘူး။ 

ေၾကာက္႐ြံ႕ျခင္းက ထိုသို႔မဟုတ္ပါ။ ဆိုးဝါးတဲ့အရာ ၊ မေကာင္းေသာအရာ ျဖစ္တတ္ပါတယ္။ “မဝမ္းနည္းႏွင့္ ၊ မပူေဆြးႏွင့္၊ မ်က္ရည္မက်ႏွင့္ (သို႔) မငိုႏွင့္” လို႔ သမၼာက်မ္းစာက မႀကိမ္မွ်မေရးပါ။ သမၼာက်မ္းစာက အႀကိမ္ေပါင္း ၃၆၅ ႀကိမ္ “မေၾကာက္ႏွင့္” လို႔ဆိုထားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဝမ္းနည္းျခင္းက ကြၽႏ္ုပ္တို႔ကို ဆိုးဝါးသြားေအာင္ မလုပ္ႏိုင္ေပမဲ့ ေၾကာက္႐ြံ႕ျခင္းကေတာ့ လုပ္ေဆာင္ႏိုင္ပါတယ္။ 

ဆာလံက်မ္း ၂၃:၄ “အကယ္၍ ေသမင္း၏အရိပ္လႊမ္းမိုးေသာ ခ်ိဳင့္ ထဲသို႔ ေရာက္သြားရေသာ္လည္း ေဘးအႏၲရာယ္ ကို မေၾကာက္ပါ။ အေၾကာင္းမူကား၊ ကိုယ္ေတာ္သည္ အကြၽႏ္ုပ္ႏွင့္အတူ ရွိေတာ္မူသည္ျဖစ္၍၊ လွံတံေတာ္ႏွင့္ ေတာင္ေဝးေတာ္သည္ အကြၽႏ္ုပ္ကို ခ်မ္းသာေစပါ၏။”

သိုးထိန္းတို႔သည္ သူတို႔၏သိုးတို႔ကို ကာကြယ္ဖို႔ရန္ လွံတံႏွင့္ ေတာင္ေဝွးမ်ားကို အၿမဲသယ္ေဆာင္သည္ကို ဒါဝိလ္ သိပါသည္။ ၿပီးေတာ့ သူ႔အား ကာကြယ္ေပးဖို႔ရန္ ဘုရားသခင္၌ တန္ခိုးအစြမ္းရွိသည္ကို သူသိပါသည္။ ဒါေၾကာင့္ အေမွာင္မိုက္ဆုံးေသာ ခ်ိဳင့္ဝွမ္း၌ပင္လွ်င္ ဘုရားသခင္ကို ဒါဝိလ္ ယုံၾကည္ခဲ့ပါတယ္။

ကြၽႏ္ုပ္တို႔သည္ ယခုအခ်ိန္တြင္ ေမွာင္မိုက္ေသာ ခ်ိဳင့္ဝွမ္းသို႔ ျဖတ္သန္းသြားေနရပါတယ္။ ၿပီးေတာ့ ရွည္လ်ားေသာ ေမွာင္မိုက္အရိပ္လႊမ္းမိုးေသာခ်ိဳင့္ဝွမ္း အခ်ိန္လိုမ်ိဳးပင္လွ်င္  ဘုရားသခင္ကို ယုံၾကည္ဖို႔ရန္ ကြၽႏ္ုပ္တို႔ ေ႐ြးခ်ယ္ႏိုင္ ပါသည္။ 

သို႔ေပမဲ့ ေၾကာက္စရာေကာင္းတဲ့ အရိပ္ႀကီးႏွင့္ ပတ္သက္ၿပီး သတိရဖို႔ရန္ သတင္းေကာင္းရွိပါတယ္။ အလင္းမရွိဘဲ အရိပ္ကို မရႏိုင္ပါ။ အရိပ္ကိုေတြ႕ပါလွ်င္ အနီးအနားတြင္ အလင္းေရာင္ရွိတယ္ဆိုတဲ့ အဓိပၸါယ္ ျဖစ္ပါတယ္။
ဒါေၾကာင့္ အရိပ္လႊမ္းမိုးေသာ ခ်ိဳင့္ဝွမ္းကို သင္ျဖတ္သြားရတဲ့အခါ အဲဒီအရိပ္ကို ေက်ာခိုင္းၿပီး အလင္းကို ၾကည့္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ အလင္းျဖစ္တဲ့ သခင္ခရစ္ေတာ္ ၊ ေလာက၏အလင္းဆီသို႔ သင္ၾကည့္ ေနသေ႐ြ႕ အရိပ္ေတြ က သင့္ကို ေၾကာက္႐ြံ႕ျခင္း မျဖစ္ေစေတာ့ပါ။

ဒါဝိလ္လိုေပါ့ အေမွာင္ရိပ္ခ်ိဳင့္ဝွမ္းထဲ့မွာ ဘုရားသခင္ကို ယုံၾကည္ၿပီး ဆုေတာင္းခဲ့ပါတယ္။ ဆာလံ ၁၄၂:၃ “အကြၽႏ္ုပ္သည္ စိတ္ပ်က္လ်က္ရွိေသာအခါ ၊ အကြၽႏ္ုပ္သြားေသာလမ္းကို ကိုယ္ေတာ္သိေတာ္မူ၏။ အကြၽႏ္ုပ္သြား ေသာလမ္း၌ ေက်ာ့ကြင္းကို ဝွက္ထားၾကပါၿပီ။ ”

ဆင္ျခင္ရန္
- မၾကာေသးမီအခ်ိန္က သင္ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရသည့္ အရိပ္က မည္သို႔နည္း။ ၎သည္ သင့္အား ဘာေၾကာင့္မ်ား စိတ္ပ်က္စရာ ျဖစ္ေစပါသနည္း။
-သမၼာက်မ္းစာတို႔ကို သိုမွီထားျခင္းသည္ သင့္အသက္တာတြင္ ရင္ဆိုင္ရေသာ ေၾကာက္႐ြံ႕ျခင္းေတြကို မည္ကဲ့သို႔ အကူအညီ ျဖစ္ေစပါသနည္း။
-ေၾကာက္႐ြံ႕မႈေတြက လူသားေတြကို ဘာေၾကာင့္မ်ား ဖိအားေပးတယ္လို႔ သင္ထင္ျမင္ပါသနည္း။