Unicode Version

သင်၏ အသက်တာ ကြမ္မာကို သိဖို့ရန် သင်၏ ဆုကျေးဇူးကို ဉီးစွာ အသိအပြုပါ။
ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၄:၁၀ “သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ၊
ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှ
ပေးကမ်းကြ လော့။”
ဘာအတွက်
သင့်ကို ဘုရားဖန်ဆင်းတယ်ဆိုတာကို သင်သိပါသလား။ သင်၏ အသက်တာကြမ္မာက ဘာလဲဆို တာကို သင်သိပါသလား။
သင်၏ အသက်တာကြမ္မာကို ဖြည့်ဆည်းဖို့ရန် လုပ်ဆောင်ချက်တွေ များစွာရှိပါတယ်။ နောက်လာမည့်
ရက်တွေမှာ ဧသတာဝတ္တုမှ ပုံဆောင်ခြင်းတွေကို အသုံးပြုခြင်းတွေဆီ သွားဖို့ရှိပါတယ်။
ပထမဉီးစွာ
သင့်အား အသုံးပြုဖို့ရန် ဘုရားသခင်ပေးထားသော အစွမ်းအစတွေကို သတိပြုမိဖို့ လိုအပ်ပါတယ်။
၎င်းတို့တွင် သင်ထိန်းချုပ်ခြင်း မပြုနိုင်သည့် သင်၏ မိဘ ၊ နိုင်ငံသား ၊ လူမျိုး ၊
ဘာသာစကားတို့ ပါဝင်ပါတယ်။ သင်၏ SHAPE ဖြစ်တဲ့ S
(Spiritual Gifts) ဝိညာဉ်ရေးရာဆုကျေးဇူး ၊ H (Heart) -စိတ်နှလုံး ၊ A (Abilities) = စွမ်းရည် ၊ P (Personality) = ကိုယ်ရည်ကိုယ်သွေး
၊ E (Experiences) = အတွေ့အကြုံ တို့ပါဝင်ပါတယ်။ ၎င်းအရာတွေဖြင့် သင့်အား ထူးခြားစွာ
ဖန်ဆင်းထားပါတယ်။
သင့်အား
ဘုရားသခင် မပေးထားတဲ့ ဆုကျေးဇူး တွေအတွက် သင်မှာ တာဝန်မရှိပါ။ ဉပမာ အနုပညာ ဖန်တီးခြင်း
ဆုကျေးဇူး သင့်မှာ မရှိပါလျှင် Rembrandt လိုမျိုး
ပန်းချီဆွဲဖို့ရန် သင်မျှော်လင့်မည် မဟုတ်ပါ။ သို့ပေမဲ့ သင့်မှာ ပေးသနားတော်မူသော ဆုကျေးဇူးအတွက်
တာဝန်ရှိပါတယ်။
သင်
ကောင်းကင်ဘုံရောက်တဲ့အခါ သင့်အား တခြားသူတွေနှင့် နှိုင်းယှဉ်ခြင်းတွေ ဘုရားမပြုပါ။
သို့ပေမဲ့ သင့်အား သင်နှင့်သာ နှိုင်းယှဉ်ပါလိမ့်မည်။ ပေးသနားတော်မူသော ဆုကျေးဇူးဖြင့်
သင်ဘာကို လုပ်ဆောင်ခဲ့ပါသနည်း။ ဘုရားသခင်အား အနည်းငယ်ပိုပြီး ယုံကြည်ခဲ့ပါလျှင် မည်သို့သောအရာကို
သင်လုပ်ဆောင်ပြီးစီး နိုင်မည်နည်း။ ရောမ ဩဝါဒစာ ၁၄:၁၂
“သို့ဖြစ်၍၊ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည်။”
ဘုရားသခင်သည်
ဧသတာအား သူမ၏ ကြမ္မာကို ဖြည့်ဆည်းဖို့အကူအညီပေးဖို့ရန်
ထူးခြားသော ပုံသဏ္ဍာန်ဖြင့် ပေးထားပါတယ်။ ရလဒ်ကား -- ဧသတာဝတ္တု ၂:၁၅, ၁၇
“မိမိသမီးကဲ့သို့ မော်ဒကဲမွေးမြူသော ဘထွေး
အဘိဟဲလသမီး ဧသတာသည် အလှည့်သင့်၍၊ ရှင်ဘုရင် ထံသို့ဝင်ရသောအခါ၊ နန်းတော်မိန်းမစိုး၊
အပျိုတော်အုပ် ဟေဂဲစီရင်သော အရာမှတပါး အဘယ်အရာကိုမျှ မတောင်း၊ ဧသတာကို တွေ့မြင်သမျှသော
သူတို့သည် ချစ်တတ်ကြ၏။
အခြားသော သမီးကညာအပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကိုနူးညွတ်စေ၍၊
အထံတော်၌ မျက်နှာရသဖြင့်၊ ရှင်ဘုရင်သည် အခြားသော မိန်းမ တကာတို့ကို ချစ်သည်ထက် ဧသတာကိုသာ၍
ချစ်သော ကြောင့်၊ သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင်၍မိဖုရား ဝါရှတိအရာ၌ ချီးမြှောက်တော်မူ၏။”
ရည်ရွယ်ချက်အတွက်
ဧသတာကို ဘုရားသခင် ဆုကျေးဇူးတွေ ပေးထားပါတယ်။ သင့်ကိုလည်း ရည်ရွယ်ရာတစ်ခုအတွက် ဆုကျေးဇူးပေးထားပါတယ်။
ဧသတာလိုဘဲ သင်သည် ၎င်းဆုကျေးဇူးတို့ကို ကောင်းသော ဘဏ္ဍာစိုးအဖြစ် တာဝန်ယူဖို့ ဖြစ်ပါတယ်။
၎င်းတို့သည် သင်၏ အကျိုးအတွက်တစ်ခုတည်း မဟုတ်ပါဘူး။ တခြားသူတွေ အကျိုးအတွက် ၎င်းဆုကျေးဇူးတို့ကို
ဘုရားသင့်အား ပေးထားခြင်း ဖြစ်ပါတယ်။
သင်၌ရှိသော ဆုကျေးဇူးတို့ကို သိရှိပြီး တခြားသူတွအကျိုးအတွက် ၎င်းတို့ကို
အသုံးပြုဖို့ရန် ဆုံးဖြတ်ပါလျှင် ဘုရားသခင် ဧသတာအား အသုံးပြုသလိုမျိုး ဤလောကတွင် သူ၏
ရည်ရွယ်ချက်အတိုင်း သင့်ကိုလည်း အသုံးပြုနိုင်ပါသည်။
ဆင်ခြင်ရန်
-
ဘုရားသခင်ပေးသော ဆုကျေးဇူးတို့ကို စာရင်းပြုစုပါ။ သင်မထိန်းချုပ်နိုင်တဲ့ အရာတွေနှင့်
သင်၏ SHAPE တို့ကိုလည်း ပါဝင်စေဖို့ မမေ့ပါနှင့်။ “အကျိုးရှိဖို့ရန်အတွက် အသုံးပြုဖို့
ဘုရားငါ့ကို မည်သည့်အရာ ပေးထားသနည်း” လို့ သင့်ကိုယ်သင် မေးပါ။
-
ဤသီတင်းတစ်ပတ်တွင် အကျိုးရှိဖို့အတွက် သင်၏ ဆုကျေးဇူးကို မည်သည့်နည်းလမ်းဖြင့် အသုံးပြုနိုင်
ပါသနည်း။
- ဘုရားသခင် သင့်အား ထူးခြားစွာ လုပ်ဆောင်ဖို့ရန် ဖန်ဆင်းထားခြင်းအရာတွင်
လုပ်ဆောင်ခြင်း၌ ဘာကြောင့်များ လွှတ်လပ်ခြင်းတွေ ရှိပါသနည်း။
----------------------------------------------------------------------------------------
Zawgyi Version
သင္၏ အသက္တာ ၾကမၼာကို သိဖို႔ရန္ သင္၏ ဆုေက်းဇူးကို ဉီးစြာ အသိအျပဳပါ။
ရွင္ေပတ႐ု ဩဝါဒစာ ပဌမေစာင္ ၄:၁၀ “သင္တို႔သည္ ဆုေက်းဇူးေတာ္ကို အသီးသီးခံရၾကသည္ႏွင့္အညီ၊ ဘုရားသခင္၏ အထူးထူး အျပားျပားေသာ ေက်းဇူးေတာ္ဘ႑ာစိုးေကာင္းကဲ့သို႔၊ အခ်င္းခ်င္းေဝငွ ေပးကမ္းၾက ေလာ့။”
ဘာအတြက္ သင့္ကို ဘုရားဖန္ဆင္းတယ္ဆိုတာကို သင္သိပါသလား။ သင္၏ အသက္တာၾကမၼာက ဘာလဲဆို တာကို သင္သိပါသလား။ သင္၏ အသက္တာၾကမၼာကို ျဖည့္ဆည္းဖို႔ရန္ လုပ္ေဆာင္ခ်က္ေတြ မ်ားစြာရွိပါတယ္။ ေနာက္လာမည့္ ရက္ေတြမွာ ဧသတာဝတၱဳမွ ပုံေဆာင္ျခင္းေတြကို အသုံးျပဳျခင္းေတြဆီ သြားဖို႔ရွိပါတယ္။
ပထမဉီးစြာ သင့္အား အသုံးျပဳဖို႔ရန္ ဘုရားသခင္ေပးထားေသာ အစြမ္းအစေတြကို သတိျပဳမိဖို႔ လိုအပ္ပါတယ္။ ၎တို႔တြင္ သင္ထိန္းခ်ဳပ္ျခင္း မျပဳႏိုင္သည့္ သင္၏ မိဘ ၊ ႏိုင္ငံသား ၊ လူမ်ိဳး ၊ ဘာသာစကားတို႔ ပါဝင္ပါတယ္။ သင္၏ SHAPE ျဖစ္တဲ့ S (Spiritual Gifts) ဝိညာဥ္ေရးရာဆုေက်းဇူး ၊ H (Heart) -စိတ္ႏွလုံး ၊ A (Abilities) = စြမ္းရည္ ၊ P (Personality) = ကိုယ္ရည္ကိုယ္ေသြး ၊ E (Experiences) = အေတြ႕အႀကဳံ တို႔ပါဝင္ပါတယ္။ ၎အရာေတြျဖင့္ သင့္အား ထူးျခားစြာ ဖန္ဆင္းထားပါတယ္။
သင့္အား ဘုရားသခင္ မေပးထားတဲ့ ဆုေက်းဇူး ေတြအတြက္ သင္မွာ တာဝန္မရွိပါ။ ဉပမာ အႏုပညာ ဖန္တီးျခင္း ဆုေက်းဇူး သင့္မွာ မရွိပါလွ်င္ Rembrandt လိုမ်ိဳး ပန္းခ်ီဆြဲဖို႔ရန္ သင္ေမွ်ာ္လင့္မည္ မဟုတ္ပါ။ သို႔ေပမဲ့ သင့္မွာ ေပးသနားေတာ္မူေသာ ဆုေက်းဇူးအတြက္ တာဝန္ရွိပါတယ္။
သင္ ေကာင္းကင္ဘုံေရာက္တဲ့အခါ သင့္အား တျခားသူေတြႏွင့္ ႏႈိင္းယွဥ္ျခင္းေတြ ဘုရားမျပဳပါ။ သို႔ေပမဲ့ သင့္အား သင္ႏွင့္သာ ႏႈိင္းယွဥ္ပါလိမ့္မည္။ ေပးသနားေတာ္မူေသာ ဆုေက်းဇူးျဖင့္ သင္ဘာကို လုပ္ေဆာင္ခဲ့ပါသနည္း။ ဘုရားသခင္အား အနည္းငယ္ပိုၿပီး ယုံၾကည္ခဲ့ပါလွ်င္ မည္သို႔ေသာအရာကို သင္လုပ္ေဆာင္ၿပီးစီး ႏိုင္မည္နည္း။ ေရာမ ဩဝါဒစာ ၁၄:၁၂ “သို႔ျဖစ္၍၊ ငါတို႔ရွိသမွ်သည္ ဘုရားသခင္ စစ္ေၾကာေတာ္မူျခင္းကို ခံရၾကမည္။”
ဘုရားသခင္သည္ ဧသတာအား သူမ၏ ၾကမၼာကို ျဖည့္ဆည္းဖို႔အကူအညီေပးဖို႔ရန္ ထူးျခားေသာ ပုံသ႑ာန္ျဖင့္ ေပးထားပါတယ္။ ရလဒ္ကား -- ဧသတာဝတၱဳ ၂:၁၅, ၁၇
“မိမိသမီးကဲ့သို႔ ေမာ္ဒကဲေမြးျမဴေသာ ဘေထြး အဘိဟဲလသမီး ဧသတာသည္ အလွည့္သင့္၍၊ ရွင္ဘုရင္ ထံသို႔ဝင္ရေသာအခါ၊ နန္းေတာ္မိန္းမစိုး၊ အပ်ိဳေတာ္အုပ္ ေဟဂဲစီရင္ေသာ အရာမွတပါး အဘယ္အရာကိုမွ် မေတာင္း၊ ဧသတာကို ေတြ႕ျမင္သမွ်ေသာ သူတို႔သည္ ခ်စ္တတ္ၾက၏။
အျခားေသာ သမီးကညာအေပါင္းတို႔ထက္ ဧသတာသည္ စိတ္ေတာ္ကိုႏူးၫြတ္ေစ၍၊ အထံေတာ္၌ မ်က္ႏွာရသျဖင့္၊ ရွင္ဘုရင္သည္ အျခားေသာ မိန္းမ တကာတို႔ကို ခ်စ္သည္ထက္ ဧသတာကိုသာ၍ ခ်စ္ေသာ ေၾကာင့္၊ သူ႔ေခါင္းေပၚမွာ ရာဇသရဖူကိုတင္၍မိဖုရား ဝါရွတိအရာ၌ ခ်ီးေျမႇာက္ေတာ္မူ၏။”
ရည္႐ြယ္ခ်က္အတြက္ ဧသတာကို ဘုရားသခင္ ဆုေက်းဇူးေတြ ေပးထားပါတယ္။ သင့္ကိုလည္း ရည္႐ြယ္ရာတစ္ခုအတြက္ ဆုေက်းဇူးေပးထားပါတယ္။ ဧသတာလိုဘဲ သင္သည္ ၎ဆုေက်းဇူးတို႔ကို ေကာင္းေသာ ဘ႑ာစိုးအျဖစ္ တာဝန္ယူဖို႔ ျဖစ္ပါတယ္။ ၎တို႔သည္ သင္၏ အက်ိဳးအတြက္တစ္ခုတည္း မဟုတ္ပါဘူး။ တျခားသူေတြ အက်ိဳးအတြက္ ၎ဆုေက်းဇူးတို႔ကို ဘုရားသင့္အား ေပးထားျခင္း ျဖစ္ပါတယ္။
သင္၌ရွိေသာ ဆုေက်းဇူးတို႔ကို သိရွိၿပီး တျခားသူတြအက်ိဳးအတြက္ ၎တို႔ကို အသုံးျပဳဖို႔ရန္ ဆုံးျဖတ္ပါလွ်င္ ဘုရားသခင္ ဧသတာအား အသုံးျပဳသလိုမ်ိဳး ဤေလာကတြင္ သူ၏ ရည္႐ြယ္ခ်က္အတိုင္း သင့္ကိုလည္း အသုံးျပဳႏိုင္ပါသည္။
ဆင္ျခင္ရန္
- ဘုရားသခင္ေပးေသာ ဆုေက်းဇူးတို႔ကို စာရင္းျပဳစုပါ။ သင္မထိန္းခ်ဳပ္ႏိုင္တဲ့ အရာေတြႏွင့္ သင္၏ SHAPE တို႔ကိုလည္း ပါဝင္ေစဖို႔ မေမ့ပါႏွင့္။ “အက်ိဳးရွိဖို႔ရန္အတြက္ အသုံးျပဳဖို႔ ဘုရားငါ့ကို မည္သည့္အရာ ေပးထားသနည္း” လို႔ သင့္ကိုယ္သင္ ေမးပါ။
- ဤသီတင္းတစ္ပတ္တြင္ အက်ိဳးရွိဖို႔အတြက္ သင္၏ ဆုေက်းဇူးကို မည္သည့္နည္းလမ္းျဖင့္ အသုံးျပဳႏိုင္ ပါသနည္း။
- ဘုရားသခင္ သင့္အား ထူးျခားစြာ လုပ္ေဆာင္ဖို႔ရန္ ဖန္ဆင္းထားျခင္းအရာတြင္ လုပ္ေဆာင္ျခင္း၌ ဘာေၾကာင့္မ်ား လႊတ္လပ္ျခင္းေတြ ရွိပါသနည္း။