ကောင်းကင်ဘုံနှင့် ပတ်သက်သော စစ်မှန်မှု (၃)ခု | Three Realities About Heaven

Unicode Version

ကောင်းကင်ဘုံနှင့် ပတ်သက်သော စစ်မှန်မှု (၃)ခု

ကောလောသဲဩဝါဒစာ ၃:၁ “အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည် မှန်လျှင်၊ ဘုရား သခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာအရပ်၌ရှိသော အထက်အရာ တို့ကို ရှာကြာလော့။

 ကောင်းကင်ဘုံသည် မည်သို့သောအရာဖြစ်သည်နှင့် ပတ်သက်ပြီး ကျွန်ုပ်တို့တွေ အထင်လွှဲမှားမှု များစွာရှိကြပါ တယ်။ သင်သည် ကောင်းကင်တမန်တစ်ဉီး မဖြစ်နိုင်ပါ ၊ အတောင်ပံတွေလည်းမရှိနိုင်ပါ။ အဖြူရောင် အဝတ်ကို တတ်လျက် ဝဝကစ်ကစ် ချစ်စရာ အပြစ်ကင်းသောသူလည်း ဖြစ်မလာနိုင်ပါ။ (သို့) တိမ်ပေါ်မှာ လွင့်ပါးနိုင်စရာ လည်းမရှိပါ။

 ကျွန်ုပ်တို့ ကောင်းကင်ဘုံကို မှန်ကန်စွာရှုမြင်တတ်ရန် လိုအပ်ပါတယ်။ ကောလောသဲဩဝါဒစာ ၃:၁ “အထက် ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည် မှန်လျှင်၊ ဘုရား သခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေ တော်မူရာအရပ်၌ရှိသော အထက်အရာ တို့ကို ရှာကြာလော့။

 

ဒါကြောင့် ကောင်းကင်ဘုံဆိုင်ရာ စစ်မှန်မှုကို သမ္မာကျမ်းစာတွင် မည်သို့ဖော်ပြပါသနည်း။

 (၁) ကောင်းကင်ဘုံသည် ဘုရားသခင်ရှိတော်မူသော ၊ စိုးစံတော်သောနေရာဖြစ်ပါတယ်။

သမ္မာကျမ်းစာက ကောင်းကင်ဘုံသည် “ဘုရားသခင် နေထိုင်သောနေရာ”၊ “ဘုရားသခင်၏ အိမ်တော်” ၊ နှင့် “ဘုရားသခင်၏ မြို့တော်” လို့ပြောထားပါတယ်။ ဘုရားသခင်ရှိသောနေရာ ဖြစ်တယ်။ “ဘုရားသခင်၏ နိုင်ငံတော်”  (သို့) “ကောင်းကင်နိုင်ငံတော်” လို့လည်း သခင်ခရစ်တော်ဆိုပါတယ်။  ကျမ်းပိုဒ်တွင် ၃၁ ကြိမ်ဖော်ပြ ထားပါတယ်။

(၂) ကောင်းကင်ဘုံသည် စစ်မှန်သော နေရာ ဖြစ်တယ်။

ကောင်းကင်ဘုံသည် စိတ်ကူးယဉ်ဆန်သော အနေအထားမဟုတ်ပါ။ ဖြစ်တည်ခြင်းမျိုး ဖြစ်တယ်။ တစ္ဆေလိုမျိုး စီးမျောတဲ့ နေရာလည်း မဟုတ်ပါ။ တကယ်တော့ ကောင်းကင်ဘုံတွင် လမ်းတွေ ၊ သစ်ပင်တွေ ၊ ရေ နှင့် အိမ်တွေ ရှိမည်ဟု သမ္မာကျမ်းစာက ဆိုပါတယ်။ တိရစ္ဆာန်များစွာရှိကြောင်းလည်း သွယ်ဝိုက်ရည်ညွှန်းထားပါတယ်။ ကျွန်ုပ်တို့အားလုံးတို့တွင် ခန္ဓာကိုယ်တွေ ပိုင်ဆိုင်ထားကြပြီး အသစ်တစ်ဖန် ဖြစ်ခြင်းအားဖြင့်လည်း အသစ် ဖြစ်တည်မှုတွေ ရှိပါတယ်။ မဿဲ ၆:၂၀ တွင် ဆိုထားသည်မှာ “သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်း မဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူး ကြလော့။ ကောင်းကင်ဘုံတွင် ကျွန်ုပ်တို့၏ ဘဏ္ဍာကို သိုမှီးထားကြပါတယ်။ မစစ်မှန်တဲ့ နေရာမှာ သင်၏ဘဏ္ဍာကို မသိုမှီးနိုင်ပါ။

(၃) ကောင်းကင်ဘုံကို သင်နှင့် ကျွန်ုပ်အတွက် ဖန်တီးထားခြင်းဖြစ်တယ်။

ဘုရားသခင်သည် ကောင်းကင်ဘုံကို သူ့အတွက် ဖန်တီးထားခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့အတွက် ဖြစ်ပါတယ်။ လောကနှင့်ဆိုင်သောအရာကို ဘုရားသခင် စတင်ပြီး စဉ်းစားတဲ့အခါ ကောင်းကင်ဘုံနှင့် ပတ်သက်ပြီး သူစတင် စဉ်းစားပါတယ်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ ဘုရားသခင်သည် စကြာဝဌာတစ်ခုလုံးကို ဖန်ဆင်းထားခြင်း သည် နိစ္စထာဝရကို မိသားစုတွေနှင့်အတူ နေထိုင်သွားဖို့ရန် အလိုရှိလို့ ဖြစ်ပါတယ်။ သူ၏ မိသားစုဝင်တွေအတွက် ကောင်းကင်ဘုံကို ဖန်ဆင်းထားခြင်း ဖြစ်ပါတယ်။ မြေကြီးပေါ်မှာဘဲ ကျွန်ုပ်တို့ကို အသက်ရှင်စေဖို့ မရည်ရွယ်ပါ။ သင်နှင့် ကျွန်ုပ်သည် ကောင်းကင်ဘုံအတွက် ဖန်ဆင်းထားခြင်း ဖြစ်ပါတယ်။

ကောင်းကင်ဘုံ ရောက်လာတဲ့အခါမှာ  “ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့အလိုငှါ၊ ဘုရားသခင်ပြင်ဆင်တော် မူသော အရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။” ကောရိန္သုဩဝါဒစာ ပဌမစောင် ၂:၉

ကောင်းကင်ဘုံ၏ စစ်မှန်မှုများသည် ကျွန်ုပ်တို့၏လွှဲမှားမှု အယူအဆများထက် သာလွန်ပါသည်။

ဆင်ခြင်ရန်

-ဤ Devotional ကို ဖတ်ရှုပြီးတဲ့နောက်တွင် “ကောင်းကင်ဘုံ” နှင့် ပတ်သက်သော သင်၏နားလည်းထားမှုသည် မည်ကဲ့သို့ ပြောင်းလဲ သွားပါသနည်း။

- “ဘုရားသခင်သည် ကောင်းကင်ဘုံကို သူ့အတွက် သူဖန်ဆင်းတာမဟုတ်ပါ။ ကျွန်ုပ်တို့အတွက် ဖြစ်သည်” ဤဖော်ပြချက်တွေက ဘုရားသခင်ကို သင်တွေးမြင်ပုံတွေကို မည်ကဲ့သို့ လွမ်းမိုးမှု ဖြစ်စေသလဲဆိုတာ စဉ်းစားကြည့်ပါ။

- ဤ Devotional မှ ကောင်းကင်ဘုံဆိုင်ရာ စစ်မှန်သော (၃) မျိုးနှင့် ပတ်သက်ပြီး မည်သည့်အရာကို သင့်ကို အံ့အားသင့်စေပါသနည်း။

 

ဘုရားသခင်သည် သူ၏ ဖိတ်ကြားချက်တွေကို ဖွင့်ထားလျက်ရှိပါတယ်။

ကျွန်ုပ်တို့တွေသည် မသေချာ ၊ မရေရာတဲ့ အချိန်မှာ ရှိနေကြပါတယ်။ သို့ပေမဲ့ ကောင်းကင်ဘုံသွားရမည်ကိုတော့ သေချာစေနိုင်ပါတယ်။ သင်ဘယ်ရောက်နေပါစေ (သို့) ဘာကိုဘဲ လုပ်ဆောင်နေပါစေ ဘုရားသခင်၏ ဖိတ်ကြား ချက်က ကျယ်ပြန့်စွာ ဖွင့်လှစ်ထားပါတယ်။

သင် အဆင်သင့် ဖြစ်ပြီလား။ ဤဆုတောင်းကို သင်စတင်နိုင်ပါတယ်။

“အဖဘုရားသခင် .. ကျွန်ုပ်သေဆုံးပြီးတဲ့အခါမှာ ကျွန်ုပ်နှင့်အသက်တာနှင့် ပတ်သက်သော စာရင်းကို ပေးရမည်ကို သိရှိပါ၏။ သခင့်အား လစ်လျူရှုခဲ့သည်ကိုလည်း သိပါ၏။ သခင်၏ အလိုအတိုင်းမဟုတ်ဘဲ ကျွန်ုပ်၏ အလိုအတိုင်း အသက်ရှင်ပြီး သခင့်အား ဆန့်ကျင်သော အပြစ်တွေကို ကျွန်ုပ်ဝန်ခံပါ၏။ ၎င်းတို့ကို ကျွန်ုပ်ပြောင်းလဲချင်ပြီး ယခုပင် စတင်ချင်ပါသည်။ ကျွန်ုပ်၏ အပြစ်များမှ လှည့်ထွက်ချင်ပြီး ဘုရားထံလာချင်ပါသည်။

 

ကျွန်ုပ်ပြုသော မှားယွင်းမှုတွေအတွက် ပေးဆပ်စရာမလိုအောင် သခင်ခရစ်တော်ကို အသေခံဖို့ရန် လောကသို့ စေလွှတ်တဲ့အတွက်ကြောင့် ကျေးဇူးတင်ပါသည်။ ခွင့်လွှတ်မှုနှင့် မထိုက်တန်ကြောင်းကိုလည်း ကျွန်ုပ်သိရှိပါ၏။ သခင့်၏ ကျေးဇူးတော်မြတ်သာလျှင် ကျွန်ုပ်ကို ကယ်တင်နိုင်သည်ကို ကျွန်ုပ်သိပါ၏။ ပြီးပြည့်စုံသော နေရာရောက်ရှိဖို့ရန် ကျွန်ုပ်၏ ကောင်းမှုဖြင့် ဘယ်တော့မှ မဖြစ်နိုင်ပါ။

ခရစ်တော်ဘုရား .. ကျွန်ုပ်၏ အပြစ်တွေကို သင့်အပေါ်သို့ ယူတင်သွားသော များစွာသော ချစ်ခြင်းအတွက် ကျေးဇူးတင်ပါသည်။ ကောင်းကင်ဘုံ၌ ကျွန်ုပ်ကို လက်ခံဖို့ရန် သခင် ပြုခဲ့ပါသည်။ ကျွန်ုပ်အား ကယ်တင်ဖို့ရန်ကျိုးနွံစွာဖြင့် တောင်းလျှောက်ပါ၏။ ယခုအချိန်တွင် ကျွန်ုပ်အသက်တာ၌ ရှုပ်ထွေးနေသော အကျင့်လက္ခဏာ နှင့် အပြစ်တွေမှ ကယ်တင်ဖို့ရန် တောင်းလျှောက်ပါ၏။ သခင့်အား ကျွန်ုပ်ယုံကြည်ပါ၏။ သခင့်၏ ကတိတော်ဖြစ်တဲ့ ကျွန်ုပ်ကို ချက်ခြင်း ၊ သေချာစွာ ၊ ပြည့်စုံစွာ ၊ ထာဝရ ကယ်တင်ဖို့ရန် ကတိတော်ကို တည်စေမည်ဆိုတာကို ကျွန်ုပ်ယုံကြည်ပါ၏။ ခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ပါ၏။ ..အာမင်

ဤဆုတောင်းကို သင်ပြုပါလျှင် ကျွန်ုပ်ထံ Rick@PastorRick.com. စာရေးအကြောင်းကြားပေးပါ။ သခင်ခရစ်တော်နှင့်အတူ သင်၏အသက်တာခရီးကို စတင်ဖို့ရန် အကူအညီဖြစ်စေသည့် ပစ္စည်းတစ်ချို့ကို သင့်ထံ ကျွန်ုပ် ပို့ပေးချင်ပါသည်။



------------------------------------------------------------------------------

Zawgyi Version 

ေကာင္းကင္ဘုံႏွင့္ ပတ္သက္ေသာ စစ္မွန္မႈ (၃)ခု

ေကာေလာသဲဩဝါဒစာ ၃:၁ “အထက္ဆိုခဲ့ၿပီးသည္အတိုင္း၊ သင္တို႔သည္ ခရစ္ေတာ္ႏွင့္အတူ ထေျမာက္ၾကသည္ မွန္လွ်င္၊ ဘုရား သခင္၏ လက္်ာေတာ္ဘက္မွာ ခရစ္ေတာ္သည္ ထိုင္ေနေတာ္မူရာအရပ္၌ရွိေသာ အထက္အရာ တို႔ကို ရွာၾကာေလာ့။”

ေကာင္းကင္ဘုံသည္ မည္သို႔ေသာအရာျဖစ္သည္ႏွင့္ ပတ္သက္ၿပီး ကြၽႏ္ုပ္တို႔ေတြ အထင္လႊဲမွားမႈ မ်ားစြာရွိၾကပါ တယ္။ သင္သည္ ေကာင္းကင္တမန္တစ္ဉီး မျဖစ္ႏိုင္ပါ ၊ အေတာင္ပံေတြလည္းမရွိႏိုင္ပါ။ အျဖဴေရာင္ အဝတ္ကို တတ္လ်က္ ဝဝကစ္ကစ္ ခ်စ္စရာ အျပစ္ကင္းေသာသူလည္း ျဖစ္မလာႏိုင္ပါ။ (သို႔) တိမ္ေပၚမွာ လြင့္ပါးႏိုင္စရာ လည္းမရွိပါ။

ကြၽႏ္ုပ္တို႔ ေကာင္းကင္ဘုံကို မွန္ကန္စြာရႈျမင္တတ္ရန္ လိုအပ္ပါတယ္။ ေကာေလာသဲဩဝါဒစာ ၃:၁ “အထက္ ဆိုခဲ့ၿပီးသည္အတိုင္း၊ သင္တို႔သည္ ခရစ္ေတာ္ႏွင့္အတူ ထေျမာက္ၾကသည္ မွန္လွ်င္၊ ဘုရား သခင္၏ လက္်ာေတာ္ဘက္မွာ ခရစ္ေတာ္သည္ ထိုင္ေန ေတာ္မူရာအရပ္၌ရွိေသာ အထက္အရာ တို႔ကို ရွာၾကာေလာ့။”

ဒါေၾကာင့္ ေကာင္းကင္ဘုံဆိုင္ရာ စစ္မွန္မႈကို သမၼာက်မ္းစာတြင္ မည္သို႔ေဖာ္ျပပါသနည္း။

(၁) ေကာင္းကင္ဘုံသည္ ဘုရားသခင္ရွိေတာ္မူေသာ ၊ စိုးစံေတာ္ေသာေနရာျဖစ္ပါတယ္။
သမၼာက်မ္းစာက ေကာင္းကင္ဘုံသည္ “ဘုရားသခင္ ေနထိုင္ေသာေနရာ”၊ “ဘုရားသခင္၏ အိမ္ေတာ္” ၊ ႏွင့္ “ဘုရားသခင္၏ ၿမိဳ႕ေတာ္” လို႔ေျပာထားပါတယ္။ ဘုရားသခင္ရွိေသာေနရာ ျဖစ္တယ္။ “ဘုရားသခင္၏ ႏိုင္ငံေတာ္”  (သို႔) “ေကာင္းကင္ႏိုင္ငံေတာ္” လို႔လည္း သခင္ခရစ္ေတာ္ဆိုပါတယ္။  က်မ္းပိုဒ္တြင္ ၃၁ ႀကိမ္ေဖာ္ျပ ထားပါတယ္။ 

(၂) ေကာင္းကင္ဘုံသည္ စစ္မွန္ေသာ ေနရာ ျဖစ္တယ္။
ေကာင္းကင္ဘုံသည္ စိတ္ကူးယဥ္ဆန္ေသာ အေနအထားမဟုတ္ပါ။ ျဖစ္တည္ျခင္းမ်ိဳး ျဖစ္တယ္။ တေစၦလိုမ်ိဳး စီးေမ်ာတဲ့ ေနရာလည္း မဟုတ္ပါ။ တကယ္ေတာ့ ေကာင္းကင္ဘုံတြင္ လမ္းေတြ ၊ သစ္ပင္ေတြ ၊ ေရ ႏွင့္ အိမ္ေတြ ရွိမည္ဟု သမၼာက်မ္းစာက ဆိုပါတယ္။ တိရစာၦန္မ်ားစြာရွိေၾကာင္းလည္း သြယ္ဝိုက္ရည္ၫႊန္းထားပါတယ္။ ကြၽႏ္ုပ္တို႔အားလုံးတို႔တြင္ ခႏၶာကိုယ္ေတြ ပိုင္ဆိုင္ထားၾကၿပီး အသစ္တစ္ဖန္ ျဖစ္ျခင္းအားျဖင့္လည္း အသစ္ ျဖစ္တည္မႈေတြ ရွိပါတယ္။ မႆဲ ၆:၂၀ တြင္ ဆိုထားသည္မွာ “သံေခ်း၊ ပိုး႐ြ မဖ်က္ဆီး၍ သူခိုးမထြင္း မေဖာက္ မခိုးမယူရာ ေကာင္းကင္ဘုံ၌ ဘ႑ာကိုဆည္းဖူး ၾကေလာ့။” ေကာင္းကင္ဘုံတြင္ ကြၽႏ္ုပ္တို႔၏ ဘ႑ာကို သိုမွီးထားၾကပါတယ္။ မစစ္မွန္တဲ့ ေနရာမွာ သင္၏ဘ႑ာကို မသိုမွီးႏိုင္ပါ။

(၃) ေကာင္းကင္ဘုံကို သင္ႏွင့္ ကြၽႏ္ုပ္အတြက္ ဖန္တီးထားျခင္းျဖစ္တယ္။
ဘုရားသခင္သည္ ေကာင္းကင္ဘုံကို သူ႔အတြက္ ဖန္တီးထားျခင္းမဟုတ္ပါ။ ကြၽႏ္ုပ္တို႔အတြက္ ျဖစ္ပါတယ္။ ေလာကႏွင့္ဆိုင္ေသာအရာကို ဘုရားသခင္ စတင္ၿပီး စဥ္းစားတဲ့အခါ ေကာင္းကင္ဘုံႏွင့္ ပတ္သက္ၿပီး သူစတင္ စဥ္းစားပါတယ္။ သမၼာက်မ္းစာက ဆိုထားသည္မွာ ဘုရားသခင္သည္ စၾကာဝဌာတစ္ခုလုံးကို ဖန္ဆင္းထားျခင္း သည္ နိစၥထာဝရကို မိသားစုေတြႏွင့္အတူ ေနထိုင္သြားဖို႔ရန္ အလိုရွိလို႔ ျဖစ္ပါတယ္။ သူ၏ မိသားစုဝင္ေတြအတြက္ ေကာင္းကင္ဘုံကို ဖန္ဆင္းထားျခင္း ျဖစ္ပါတယ္။ ေျမႀကီးေပၚမွာဘဲ ကြၽႏ္ုပ္တို႔ကို အသက္ရွင္ေစဖို႔ မရည္႐ြယ္ပါ။ သင္ႏွင့္ ကြၽႏ္ုပ္သည္ ေကာင္းကင္ဘုံအတြက္ ဖန္ဆင္းထားျခင္း ျဖစ္ပါတယ္။

ေကာင္းကင္ဘုံ ေရာက္လာတဲ့အခါမွာ  “က်မ္းစာလာသည္ႏွင့္အညီ၊ ဘုရားသခင္ကို ခ်စ္ေသာ သူတို႔အဘို႔အလိုငွါ၊ ဘုရားသခင္ျပင္ဆင္ေတာ္ မူေသာ အရာတို႔ကို လူမ်က္စိျဖင့္မျမင္၊ နားျဖင့္မၾကား၊ စိတ္ႏွလုံးျဖင့္ မႀကံစည္ေသး။” ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၂:၉ 

ေကာင္းကင္ဘုံ၏ စစ္မွန္မႈမ်ားသည္ ကြၽႏ္ုပ္တို႔၏လႊဲမွားမႈ အယူအဆမ်ားထက္ သာလြန္ပါသည္။

ဆင္ျခင္ရန္
-ဤ Devotional ကို ဖတ္ရႈၿပီးတဲ့ေနာက္တြင္ “ေကာင္းကင္ဘုံ” ႏွင့္ ပတ္သက္ေသာ သင္၏နားလည္းထားမႈသည္ မည္ကဲ့သို႔ ေျပာင္းလဲ သြားပါသနည္း။
- “ဘုရားသခင္သည္ ေကာင္းကင္ဘုံကို သူ႔အတြက္ သူဖန္ဆင္းတာမဟုတ္ပါ။ ကြၽႏ္ုပ္တို႔အတြက္ ျဖစ္သည္” ဤေဖာ္ျပခ်က္ေတြက ဘုရားသခင္ကို သင္ေတြးျမင္ပုံေတြကို မည္ကဲ့သို႔ လြမ္းမိုးမႈ ျဖစ္ေစသလဲဆိုတာ စဥ္းစားၾကည့္ပါ။
- ဤ Devotional မွ ေကာင္းကင္ဘုံဆိုင္ရာ စစ္မွန္ေသာ (၃) မ်ိဳးႏွင့္ ပတ္သက္ၿပီး မည္သည့္အရာကို သင့္ကို အံ့အားသင့္ေစပါသနည္း။

ဘုရားသခင္သည္ သူ၏ ဖိတ္ၾကားခ်က္ေတြကို ဖြင့္ထားလ်က္ရွိပါတယ္။ 
ကြၽႏ္ုပ္တို႔ေတြသည္ မေသခ်ာ ၊ မေရရာတဲ့ အခ်ိန္မွာ ရွိေနၾကပါတယ္။ သို႔ေပမဲ့ ေကာင္းကင္ဘုံသြားရမည္ကိုေတာ့ ေသခ်ာေစႏိုင္ပါတယ္။ သင္ဘယ္ေရာက္ေနပါေစ (သို႔) ဘာကိုဘဲ လုပ္ေဆာင္ေနပါေစ ဘုရားသခင္၏ ဖိတ္ၾကား ခ်က္က က်ယ္ျပန႔္စြာ ဖြင့္လွစ္ထားပါတယ္။ 
သင္ အဆင္သင့္ ျဖစ္ၿပီလား။ ဤဆုေတာင္းကို သင္စတင္ႏိုင္ပါတယ္။

အဖဘုရားသခင္ .. ကြၽႏ္ုပ္ေသဆုံးၿပီးတဲ့အခါမွာ ကြၽႏ္ုပ္ႏွင့္အသက္တာႏွင့္ ပတ္သက္ေသာ စာရင္းကို ေပးရမည္ကို သိရွိပါ၏။ သခင့္အား လစ္လ်ဴရႈခဲ့သည္ကိုလည္း သိပါ၏။ သခင္၏ အလိုအတိုင္းမဟုတ္ဘဲ ကြၽႏ္ုပ္၏ အလိုအတိုင္း အသက္ရွင္ၿပီး သခင့္အား ဆန႔္က်င္ေသာ အျပစ္ေတြကို ကြၽႏ္ုပ္ဝန္ခံပါ၏။ ၎တို႔ကို ကြၽႏ္ုပ္ေျပာင္းလဲခ်င္ၿပီး ယခုပင္ စတင္ခ်င္ပါသည္။ ကြၽႏ္ုပ္၏ အျပစ္မ်ားမွ လွည့္ထြက္ခ်င္ၿပီး ဘုရားထံလာခ်င္ပါသည္။

ကြၽႏ္ုပ္ျပဳေသာ မွားယြင္းမႈေတြအတြက္ ေပးဆပ္စရာမလိုေအာင္ သခင္ခရစ္ေတာ္ကို အေသခံဖို႔ရန္ ေလာကသို႔ ေစလႊတ္တဲ့အတြက္ေၾကာင့္ ေက်းဇူးတင္ပါသည္။ ခြင့္လႊတ္မႈႏွင့္ မထိုက္တန္ေၾကာင္းကိုလည္း ကြၽႏ္ုပ္သိရွိပါ၏။ သခင့္၏ ေက်းဇူးေတာ္ျမတ္သာလွ်င္ ကြၽႏ္ုပ္ကို ကယ္တင္ႏိုင္သည္ကို ကြၽႏ္ုပ္သိပါ၏။ ၿပီးျပည့္စုံေသာ ေနရာေရာက္ရွိဖို႔ရန္ ကြၽႏ္ုပ္၏ ေကာင္းမႈျဖင့္ ဘယ္ေတာ့မွ မျဖစ္ႏိုင္ပါ။
“ ခရစ္ေတာ္ဘုရား .. ကြၽႏ္ုပ္၏ အျပစ္ေတြကို သင့္အေပၚသို႔ ယူတင္သြားေသာ မ်ားစြာေသာ ခ်စ္ျခင္းအတြက္ ေက်းဇူးတင္ပါသည္။ ေကာင္းကင္ဘုံ၌ ကြၽႏ္ုပ္ကို လက္ခံဖို႔ရန္ သခင္ ျပဳခဲ့ပါသည္။ ကြၽႏ္ုပ္အား ကယ္တင္ဖို႔ရန္က်ိဳးႏြံစြာျဖင့္ ေတာင္းေလွ်ာက္ပါ၏။ ယခုအခ်ိန္တြင္ ကြၽႏ္ုပ္အသက္တာ၌ ရႈပ္ေထြးေနေသာ အက်င့္လကၡဏာ ႏွင့္ အျပစ္ေတြမွ ကယ္တင္ဖို႔ရန္ ေတာင္းေလွ်ာက္ပါ၏။ သခင့္အား ကြၽႏ္ုပ္ယုံၾကည္ပါ၏။ သခင့္၏ ကတိေတာ္ျဖစ္တဲ့ ကြၽႏ္ုပ္ကို ခ်က္ျခင္း ၊ ေသခ်ာစြာ ၊ ျပည့္စုံစြာ ၊ ထာဝရ ကယ္တင္ဖို႔ရန္ ကတိေတာ္ကို တည္ေစမည္ဆိုတာကို ကြၽႏ္ုပ္ယုံၾကည္ပါ၏။ ခရစ္ေတာ္၏ နာမေတာ္အားျဖင့္ ေတာင္းေလွ်ာက္ပါ၏။ ..အာမင္

ဤဆုေတာင္းကို သင္ျပဳပါလွ်င္ ကြၽႏ္ုပ္ထံ Rick@PastorRick.com. စာေရးအေၾကာင္းၾကားေပးပါ။ သခင္ခရစ္ေတာ္ႏွင့္အတူ သင္၏အသက္တာခရီးကို စတင္ဖို႔ရန္ အကူအညီျဖစ္ေစသည့္ ပစၥည္းတစ္ခ်ိဳ႕ကို သင့္ထံ ကြၽႏ္ုပ္ ပို႔ေပးခ်င္ပါသည္။