The Forgiven Should Forgive

Unicode Version

ခွင့်လွှတ်ခံရသူသည် ခွင့်လွှတ်သင့်ပါသည်။

ကောလောသဲ ၃:၁၃ “တယောက်၌တယောက် အပြစ်တင်စရာအခွင့် ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ် ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။”

ကျွန်ုပ်တို့ ခွင့်လွှတ်ခံရတဲ့အတွက်ကြောင့် ကျွန်ုပ်တို့ ခွင့်လွှတ်ပါတယ်။ ဘုရားသခင်သည် ကျွန်ုပ်တို့ပေါ် ကျေးဇူးတော်ကို ဖော်ပြခဲ့တဲ့အတွက်ကြောင့် ကျွန်ုပ်တို့သည်လည်း သူတစ်ပါးကို ထိုသို့ဖော်ပြဖို့ရန် ဘုရားသခင် မျှော်လင့်ပါသည်။  ရောမ ၅:၈ “ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော် မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြ တော်မူ ၏။

 ယဉ်ကျေးပျူငှာမည့်အစား တစ်ခါတစ်ရံမှာ တစ်ကိုယ်ကောင်းဆန်ဖို့က ပိုပြီး လွယ်ကူပါတယ်။ တစ်စုံတစ် ယောက် အလုပ်ကို ဆက်လက်လုပ်ဆောင်ဖို့ရန် ရုန်းကန်နေရခြင်း ၊ တစ်ဉီးတစ်ယောက်က အသက်တာမှာ အဆိုးဆုံးသော သတင်းကို မိနစ်ပိုင်းလောက်အကြာလေးမှာ ကြားခဲ့ရသောသူတွေထက် သင်က စတိုးဆိုင်မှာ တန်းစီနေရတဲ့ ငါးမိနစ်ကလေးကို နေ့တစ်နေ့ရဲ့ အနှောက်အယှက်အဖြစ် မြင်နေပါတယ်။

သင်၏ မိသားစုဝင်တစ်ဉီးဉီက စိုးရိမ်ရသော အခြေအနေတစ်ခုအပေါ် မျှော်လင့်ချက်မဲ့နေသည်ကို သင်မြင်ခြင်း ထက် သင့်အပေါ် ဖြုန်းတီးမှု ယိုပေါက်ကဲ့သို့သင်မြင်နေသည်။ သင့်အား လမ်းတွင် ထိုးနှက်သွားသော တစ်စုံတစ်ယောက်ကို ဘုရားသခင်၏ ချစ်ခြင်းကို လိုအပ်နေသူတစ်ဉီးအဖြစ် မြင်မည့်အစား လူဆိုးတစ်ဉီး အသွင်ဖြင့် သင်မြင်ပါသည်။

ကျွန်ုပ်တို့အားလုံး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လိုအပ်နေကြပါတယ်။ ဒါကြောင့် သခင်ခရစ်တော် ဤလောကသို့ ကြွလာခြင်းဖြစ်သည်။ လူသားတို့ကို ကျေးဇူးပြုခြင်းက ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြုပြီးသော အရာကို သတိရအောက်မေ့ဖို့ရန် ဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်းအားဖြင့် ဘုရားသခင်သည် သူ၏ ကျေးဇူးတော်ကို အကြွင်းမဲ့သောနည်းလမ်းဖြင့် ဖော်ပြပါတယ်။ သူတစ်ပါးတို့ကိုလည်း ထိုနည်းတူစွာ ခွင့်လွှတ်ခြင်းဖြင့် ကျွန်ုပ်တို့ လုပ်ဆောင်ဖို့ရန်လည်း ဘုရားသခင် အလိုတော်ရှိပါတယ်။

လူတွေကျွန်ုပ်ကို မကြာမကြာ မေးတတ်တာက “ခွင့်လွှတ်ဖို့အတွက် ခွန်အား ဘယ်လိုရှာရမလဲ” ကျွန်ုပ်မှာ မရှိပါ။

အမှန်တရားပါ။ ကျွန်ုပ်၌မရှိပါ။ ခွင့်လွှတ်ဖို့ရန်အတွက် ခွန်အားကို တစ်နေရာတည်းတွင်သာ တွေ့ခဲ့ရပါတယ်။ ၎င်းသည် သခင်ခရစ်တော် ဘယ်လောက်သင့်ကို ခွင့်လွှတ်သလဲဆိုတာကို သတိရဖို့ဖြစ်ပါတယ်။ အဲဒီ သတိပေးနှိုး ဆော်ချက်အားဖြင့် ကျွန်ုပ်အား ခွန်အား နှင့် သူတစ်ပါးကို ခွင့်လွှတ်ဖို့ရန် ကျေးဇူးတော်ကို ဘုရားပေး ပါတယ်။

Clara Barton ဆိုတဲ့ အမျိုးသမီးတဉီးအကြောင်း ရှိပါတယ်။ သူက American Red Cross ကို တည်ထောင်သူ ဖြစ်တယ်။ အရင်တုန်းက သူ့မအား တစ်စုံတစ်ယောက်က အထူးသဖြင့် ရက်စက်ခဲ့မှုအကြောင်းကို သူငယ်ချင်းက သူမအားနင်သတိမရဘူးလားလို့မေးတဲ့အခါမှာ သူမကမဟုတ်ပါ၊  ၎င်းကို ငါပြတ်သားစွာ ခွင့်လွှတ် နေခဲ့ပြီဖြစ် တယ်လို့တုံ့ပြန်ပါတယ်။

ခွင့်လွှတ်ခြင်းဆိုတာ သင့်ပေါ် မှားယွင်းသွားတဲ့လူက မှန်ကန်တယ်လို့ မဆိုလိုပါ။ အဲဒီလူ လုပ်ခဲ့တဲ့အရာကလည်း အဆင်ပြေပါတယ် ဆိုတဲ့သဘောလည်း မဟုတ်ပါဘူး။ သင်ခွင့်လွှတ်နိုင်ပါသည်၊ ပြီးတော့ ဖြစ်ပျက်ခဲ့တဲ့အရာ အတွက် သူတို့တွေ အကျိုးဆက်ကို တွေ့ကြုံရနိုင်စဲဖြစ်ပါတယ်။

တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ခြင်းက မဖြစ်နိုင်စရာပါလို့ သင်မြင်တဲ့အခါမှာ သခင်ခရစ်တော် သင့်ကို ခွင့်လွှတ်တယ်ဆိုတာ တစ်ခုကိုတော့ သတိရလိုက်ပါ။

ဆင်ခြင်ရန်

-နာကြည်းခြင်းနှင့် ခါးသီးမှုတွေက သင်၏ ရည်ရွယ်ရာကို ပြည့်မှီဖို့ရန် မည်ကဲ့သို့ ကင်းဝေးစေပါသနည်း။

-ဘုရားသခင်၏ အကူအညီဖြင့် တစ်စုံတစ်ယောက်ကို သင်ခွင့်လွှတ်နိုင်ဖို့နှင့် ကျေးဇူးပြုနိုင်ဖို့ရန် မည်သို့သော အရာကို သင်လက်လွှတ်ဖို့ လိုပါသနည်း။

-သင်၏ ခွင့်လွှတ်မှုကြောင့် တစ်စုံတစ်ယောက်သည် မည်ကဲ့သို့ အကျိုးသက်ရောက်နိုင်ပါသနည်း။

 

-------------------------------------------------------------------------------------------

Zawgyi Version

ခြင့္လႊတ္ခံရသူသည္ ခြင့္လႊတ္သင့္ပါသည္။
ေကာေလာသဲ ၃:၁၃ “တေယာက္၌တေယာက္ အျပစ္တင္စရာအခြင့္ ရွိလွ်င္၊ အခ်င္းခ်င္းသည္းခံ၍ အျပစ္ကိုလႊတ္ ၾကေလာ့။ ခရစ္ေတာ္သည္ သင္တို႔၏အျပစ္ကို လႊတ္ေတာ္မူသကဲ့သို႔၊ ထိုနည္းတူျပဳၾကေလာ့။”

ကြၽႏ္ုပ္တို႔ ခြင့္လႊတ္ခံရတဲ့အတြက္ေၾကာင့္ ကြၽႏ္ုပ္တို႔ ခြင့္လႊတ္ပါတယ္။ ဘုရားသခင္သည္ ကြၽႏ္ုပ္တို႔ေပၚ ေက်းဇူးေတာ္ကို ေဖာ္ျပခဲ့တဲ့အတြက္ေၾကာင့္ ကြၽႏ္ုပ္တို႔သည္လည္း သူတစ္ပါးကို ထိုသို႔ေဖာ္ျပဖို႔ရန္ ဘုရားသခင္ ေမွ်ာ္လင့္ပါသည္။  ေရာမ ၅:၈ “ငါတို႔သည္ အျပစ္ရွိစဥ္ပင္၊ ခရစ္ေတာ္သည္ ငါတို႔အတြက္ေၾကာင့္ အေသခံေတာ္ မူသည္ျဖစ္၍၊ ဘုရား သခင္သည္ ငါတို႔ကို အဘယ္မွ်ေလာက္ခ်စ္ေတာ္မူသည္ကို ငါတို႔အား ထင္ရွားစြာျပ ေတာ္မူ ၏။”

 ယဥ္ေက်းပ်ဴငွာမည့္အစား တစ္ခါတစ္ရံမွာ တစ္ကိုယ္ေကာင္းဆန္ဖို႔က ပိုၿပီး လြယ္ကူပါတယ္။ တစ္စုံတစ္ ေယာက္ အလုပ္ကို ဆက္လက္လုပ္ေဆာင္ဖို႔ရန္ ႐ုန္းကန္ေနရျခင္း ၊ တစ္ဉီးတစ္ေယာက္က အသက္တာမွာ အဆိုးဆုံးေသာ သတင္းကို မိနစ္ပိုင္းေလာက္အၾကာေလးမွာ ၾကားခဲ့ရေသာသူေတြထက္ သင္က စတိုးဆိုင္မွာ တန္းစီေနရတဲ့ ငါးမိနစ္ကေလးကို ေန႔တစ္ေန႔ရဲ႕ အေႏွာက္အယွက္အျဖစ္ ျမင္ေနပါတယ္။ 

သင္၏ မိသားစုဝင္တစ္ဉီးဉီက စိုးရိမ္ရေသာ အေျခအေနတစ္ခုအေပၚ ေမွ်ာ္လင့္ခ်က္မဲ့ေနသည္ကို သင္ျမင္ျခင္း ထက္ သင့္အေပၚ ျဖဳန္းတီးမႈ ၊ ယိုေပါက္ကဲ့သို႔သင္ျမင္ေနသည္။ သင့္အား လမ္းတြင္ ထိုးႏွက္သြားေသာ တစ္စုံတစ္ေယာက္ကို ဘုရားသခင္၏ ခ်စ္ျခင္းကို လိုအပ္ေနသူတစ္ဉီးအျဖစ္ ျမင္မည့္အစား လူဆိုးတစ္ဉီး အသြင္ျဖင့္ သင္ျမင္ပါသည္။

ကြၽႏ္ုပ္တို႔အားလုံး ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာကို လိုအပ္ေနၾကပါတယ္။ ဒါေၾကာင့္ သခင္ခရစ္ေတာ္ ဤေလာကသို႔ ႂကြလာျခင္းျဖစ္သည္။ လူသားတို႔ကို ေက်းဇူးျပဳျခင္းက ကြၽႏ္ုပ္တို႔အတြက္ ဘုရားသခင္ျပဳၿပီးေသာ အရာကို သတိရေအာက္ေမ့ဖို႔ရန္ ျဖစ္ပါတယ္။ ခြင့္လႊတ္ျခင္းအားျဖင့္ ဘုရားသခင္သည္ သူ၏ ေက်းဇူးေတာ္ကို အႂကြင္းမဲ့ေသာနည္းလမ္းျဖင့္ ေဖာ္ျပပါတယ္။ သူတစ္ပါးတို႔ကိုလည္း ထိုနည္းတူစြာ ခြင့္လႊတ္ျခင္းျဖင့္ ကြၽႏ္ုပ္တို႔ လုပ္ေဆာင္ဖို႔ရန္လည္း ဘုရားသခင္ အလိုေတာ္ရွိပါတယ္။

လူေတြကြၽႏ္ုပ္ကို မၾကာမၾကာ ေမးတတ္တာက “ခြင့္လႊတ္ဖို႔အတြက္ ခြန္အား ဘယ္လိုရွာရမလဲ” ကြၽႏ္ုပ္မွာ မရွိပါ။
အမွန္တရားပါ။ ကြၽႏ္ုပ္၌မရွိပါ။ ခြင့္လႊတ္ဖို႔ရန္အတြက္ ခြန္အားကို တစ္ေနရာတည္းတြင္သာ ေတြ႕ခဲ့ရပါတယ္။ ၎သည္ သခင္ခရစ္ေတာ္ ဘယ္ေလာက္သင့္ကို ခြင့္လႊတ္သလဲဆိုတာကို သတိရဖို႔ျဖစ္ပါတယ္။ အဲဒီ သတိေပးႏႈိး ေဆာ္ခ်က္အားျဖင့္ ကြၽႏ္ုပ္အား ခြန္အား ႏွင့္ သူတစ္ပါးကို ခြင့္လႊတ္ဖို႔ရန္ ေက်းဇူးေတာ္ကို ဘုရားေပး ပါတယ္။

Clara Barton ဆိုတဲ့ အမ်ိဳးသမီးတဉီးအေၾကာင္း ရွိပါတယ္။ သူက American Red Cross ကို တည္ေထာင္သူ ျဖစ္တယ္။ အရင္တုန္းက သူ႔မအား တစ္စုံတစ္ေယာက္က အထူးသျဖင့္ ရက္စက္ခဲ့မႈအေၾကာင္းကို သူငယ္ခ်င္းက သူမအား “နင္သတိမရဘူးလား” လို႔ေမးတဲ့အခါမွာ သူမက “မဟုတ္ပါ၊  ၎ကို ငါျပတ္သားစြာ ခြင့္လႊတ္ ေနခဲ့ၿပီျဖစ္ တယ္” လို႔တုံ႔ျပန္ပါတယ္။

ခြင့္လႊတ္ျခင္းဆိုတာ သင့္ေပၚ မွားယြင္းသြားတဲ့လူက မွန္ကန္တယ္လို႔ မဆိုလိုပါ။ အဲဒီလူ လုပ္ခဲ့တဲ့အရာကလည္း အဆင္ေျပပါတယ္ ဆိုတဲ့သေဘာလည္း မဟုတ္ပါဘူး။ သင္ခြင့္လႊတ္ႏိုင္ပါသည္၊ ၿပီးေတာ့ ျဖစ္ပ်က္ခဲ့တဲ့အရာ အတြက္ သူတို႔ေတြ အက်ိဳးဆက္ကို ေတြ႕ႀကဳံရႏိုင္စဲျဖစ္ပါတယ္။ 

တစ္စုံတစ္ေယာက္ကို ခြင့္လႊတ္ျခင္းက မျဖစ္ႏိုင္စရာပါလို႔ သင္ျမင္တဲ့အခါမွာ သခင္ခရစ္ေတာ္ သင့္ကို ခြင့္လႊတ္တယ္ဆိုတာ တစ္ခုကိုေတာ့ သတိရလိုက္ပါ။

ဆင္ျခင္ရန္
-နာၾကည္းျခင္းႏွင့္ ခါးသီးမႈေတြက သင္၏ ရည္႐ြယ္ရာကို ျပည့္မွီဖို႔ရန္ မည္ကဲ့သို႔ ကင္းေဝးေစပါသနည္း။
-ဘုရားသခင္၏ အကူအညီျဖင့္ တစ္စုံတစ္ေယာက္ကို သင္ခြင့္လႊတ္ႏိုင္ဖို႔ႏွင့္ ေက်းဇူးျပဳႏိုင္ဖို႔ရန္ မည္သို႔ေသာ အရာကို သင္လက္လႊတ္ဖို႔ လိုပါသနည္း။
-သင္၏ ခြင့္လႊတ္မႈေၾကာင့္ တစ္စုံတစ္ေယာက္သည္ မည္ကဲ့သို႔ အက်ိဳးသက္ေရာက္ႏိုင္ပါသနည္း။