စစ်မှန်သော ယုံကြည်ခြင်းသည် ယုံကြည်ရုံလေးထက် သာလွန်ပါသည်။ Real Faith Is More Than Just Believing

Unicode Version

စစ်မှန်သော ယုံကြည်ခြင်းသည် ယုံကြည်ရုံလေးထက် သာလွန်ပါသည်။

ရှင်ယာကုပ် ဩဝါဒစာ ၁:၁၉-၂၀ဘုရားသခင်တဆူတည်းရှိသည်ဟု သင်သည်ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့ သည် ယုံ၍ ကြောက်ရွံ့ တုန်လှုပ်ကြ၏။ လျှပ်ပေါ်သောလူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သလော။”

ယေရှုကို စာတန်ယုံကြည်တယ်ဆိုတာကို သင်သိပါသလား။ နတ်ဆိုးတွေလည်း ထိုနည်းတူ ဖြစ်တယ်။ သို့ပေမဲ့ ကောင်းကင်ဘုံမှာတော့ သူတို့တွေကို သင်မရှာတွေ့နိုင်ပါ။

ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ သခင်ယေရှုကို ယုံကြည်တယ်လို့ ဆိုရုံဖြင့် သင်၌ ယုံကြည်ခြင်းရှိတယ်လို့ မဆိုနိုင်ပါ။ သူ၏ကတိတော်တွေကို ပြည့်စုံဖို့ရန် သင်ယုံကြည်သည်ဟုလည်း အဓိပ္ပါယ်မသက်ရောက်ပါ။

ယုံကြည်ခြင်းသည် အသိပညာ ဗဟုသုတကြွယ်ဝရုံလေး မဟုတ်ပါ လို့ ရှင်ယာကုပ်ဆိုထားပါတယ်။ ယုံကြည်ခြင်း သည် သင်တစ်စုံတစ်ခု လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ မတုန်မလှုပ် အရာမဟုတ်ပါ။ အသက်ဝင်နိုးကြားမှုရှိပါသည်။ စစ်မှန်သော ယုံကြည်ခြင်းသည် သခင်ခရစ်တော်၌ ယုံကြည်ကြောင်း သက်သေ ဝန်ခံမှု ပြုခြင်းတွေ ပါဝင်ပါသည်။

ဤအရာဖြင့် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းကို ရယူနိုင်သည်ဟု မဆိုလိုပါ။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ ဧဖက်ဩဝါဒစာ ၂:၈-၉ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလို အလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင် တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။

ရှင်ယာကုပ်က ကျွန်ုပ်တို့၏ ယေရှုခရစ်တော်အပေါ် ယုံကြည်မှုနှင့် ဝန်ခံမှုတို့သည် ကျွန်ုပ်တို့ လုပ်ဆောင်သော အရာတွေပေါ် သက်ရောက်ကြောင်းကို ပြောထားပါသည်။ ကျွန်ုပ်တို့၏ ကောင်းသော အပြုအမူများသည် ကျွန်ုပ်တို့၏ အစစ်အမှန်နှင့် ယုံကြည်စိတ်ချရသော ယုံကြည်ခြင်း၏ သက်သေဖြစ်ပါတယ်။

သခင်ခရစ်တော်နှင့် သင်၏ဆက်ဆံရေးတို့ ဘာကြောင့်အလုပ်မဖြစ်သလဲဆိုတာကို နားလည်ဖို့ရန် သင်ကြိုးစား ကောင်း ကြိုးစားနေပါမည်။ သင်၏ယုံကြည်ခြင်းကို ပြုမူလုပ်ဆောင်မှုအသွင် မပြောင်းတာလည်း ဖြစ်နိုင်ပါသည်။

သမ္မာကျမ်းစာက ဆိုထားသည်မှာ ရှင်ယာကုပ် :၂၆ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေ ဖြစ်၏။ ရှင်ယာကုပ် ကြိမ်ဖန်များစွာ ဆိုနေသော စကားလုံးမှာ “လုပ်ဆောင်ရန်” ဖြစ်သည်။ ဤကျမ်းပိုဒ်ကား အလွန်ရှင်းလင်းပါတယ်။ စစ်မှန်သော ယုံကြည်ခြင်းက သင်၏အသက်တာ အသက်ရှင်ပုံကို ဖော်ပြပါတယ်။ သင်၏ ယုံကြည်ခြင်းသည် သင်နှင့် သင်ပြုမူလုပ်ဆောင် သောအရာတို့ကို ပြောင်းလဲသင့်ပါသည်။

သင်၌ရှိသော ယုံကြည်ခြင်းကို တခြားသူတွေကို ယနေ့တွင် ဖော်ပြဖို့ရန် သင်ဘာကို လုပ်ဆောင်နိုင်ပါမည်နည်း။ သူတို့တွေကို မည်ကဲ့သို့ ကူညီနိုင်မည်နည်း ၊ အားပေးနိုင်မည်နည်း ၊ ပြီးတော့ သင်၏ယုံကြည်ခြင်းက သင့်ကို ပြောင်းလဲစေပြီဆိုတာကို သူတို့ကို မည်ကဲ့သို့ ဖော်ပြပေးနိုင်ပါသနည်း။

ယေရှုခရစ်တော်အတွက် နှင့် သင်၏ ယုံကြည်ခြင်းကို ဖော်ပြဖို့ရန် တခြားသော အချိန်တွေထက် ယခုအချိန်က အကောင်းဆုံး ဖြစ်ပါတယ်။ ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၆:၁၃-၁၄ “သင်တို့သည် သတိနှင့်စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။ ယောက်ျား အစွမ်းသတ္တိ နှင့်တကွ ခွန်အားစုံလင်လျက်နေကြလော့။ သင်တို့သည် ခပ်သိမ်းသော အမှုတို့ကို ချစ်ခြင်း မေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့။

ဆင်ခြင်ရန်

- သင်၏ ယုံကြည်ခြင်း နှင့် လုပ်ဆောင်မှုတွေက သင်၏ခရစ်ယာန်အသက်တာ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေပါသနည်း။

- ယေရှုခရစ်တော်နှင့် ဆက်ဆံရေးက သင်အဓိပ္ပါယ် ပြည့်ဝစွာ ရရှိကြောင်းကို မည်ကဲ့သို့သော နည်းလမ်းဖြင့် သင့်အသက်တာက ဖော်ပြပါသနည်း။

 

သခင်ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ ကယ်တင်ခြင်းရရှိကြောင်းကို သမ္မာကျမ်းစာက ရှင်းလင်းထားပါတယ်။ ဘယ်အရာကမှ မလိုသလို မပိုပါ။ ဧဖက်ဩဝါဒစာ ၂: ၈-၉ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော် မူရာဖြစ် သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။

 

သို့ပေမဲ့ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင် ကျွန်ုပ်တို့ကို ပြောင်းလဲစေပြီး ကျွန်ုပ်တို့၏ စိတ်နေသဘောထားနှင့် လုပ်ဆောင်ချက်တို့သည် ဘုရားသခင်ပေါ် ကိုးစားကြောင်းကို သက်သေထင်ရှား စေပါ သည်။ ဧဖက်ဩဝါဒစာ ၂:၁၀ “အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။

 

သခင်ခရစ်တော်ပေါ် သင်၏ယုံကြည်မှုကို တစ်ခါမှ မထားရှိခဲ့ဖူးပါလျှင် ယခုအချိန်သည် လုပ်ဆောင်ဖို့အချိန် ဖြစ်ပါတယ်။ ကျွန်ုပ်မျှဝေထားတဲ့ Video ကိုကြည့်ပါ။ “What Does It Mean to Follow Christ?” https://pastorrick.com/know-god/?roi=echo7-37462862039-55674154-5608aada2ce4c767c08257ece0e07d4c

---------------------------------------------------------------------------------------------

Zawgyi Version

စစ္မွန္ေသာ ယုံၾကည္ျခင္းသည္ ယုံၾကည္႐ုံေလးထက္ သာလြန္ပါသည္။
ရွင္ယာကုပ္ ဩဝါဒစာ ၁:၁၉-၂၀ “ဘုရားသခင္တဆူတည္းရွိသည္ဟု သင္သည္ယုံ၏။ ေကာင္းေပ၏။ နတ္ဆိုးတို႔ သည္ ယုံ၍ ေၾကာက္႐ြံ႕ တုန္လႈပ္ၾက၏။ လွ်ပ္ေပၚေသာလူ၊ အက်င့္ႏွင့္ကင္းေသာ ယုံၾကည္ျခင္းသည္ အေသျဖစ္သည္ကို သိခ်င္သေလာ။”

ေယရႈကို စာတန္ယုံၾကည္တယ္ဆိုတာကို သင္သိပါသလား။ နတ္ဆိုးေတြလည္း ထိုနည္းတူ ျဖစ္တယ္။ သို႔ေပမဲ့ ေကာင္းကင္ဘုံမွာေတာ့ သူတို႔ေတြကို သင္မရွာေတြ႕ႏိုင္ပါ။ 
ဘာေၾကာင့္လဲ။ ဘာေၾကာင့္လဲဆိုေတာ့ သခင္ေယရႈကို ယုံၾကည္တယ္လို႔ ဆို႐ုံျဖင့္ သင္၌ ယုံၾကည္ျခင္းရွိတယ္လို႔ မဆိုႏိုင္ပါ။ သူ၏ကတိေတာ္ေတြကို ျပည့္စုံဖို႔ရန္ သင္ယုံၾကည္သည္ဟုလည္း အဓိပၸါယ္မသက္ေရာက္ပါ။

ယုံၾကည္ျခင္းသည္ အသိပညာ ဗဟုသုတႂကြယ္ဝ႐ုံေလး မဟုတ္ပါ လို႔ ရွင္ယာကုပ္ဆိုထားပါတယ္။ ယုံၾကည္ျခင္း သည္ သင္တစ္စုံတစ္ခု လုပ္ေဆာင္ျခင္းျဖစ္ပါတယ္။ မတုန္မလႈပ္ အရာမဟုတ္ပါ။ အသက္ဝင္ႏိုးၾကားမႈရွိပါသည္။ စစ္မွန္ေသာ ယုံၾကည္ျခင္းသည္ သခင္ခရစ္ေတာ္၌ ယုံၾကည္ေၾကာင္း သက္ေသ ဝန္ခံမႈ ျပဳျခင္းေတြ ပါဝင္ပါသည္။

ဤအရာျဖင့္ ကြၽႏ္ုပ္တို႔၏ ကယ္တင္ျခင္းကို ရယူႏိုင္သည္ဟု မဆိုလိုပါ။ သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ ဧဖက္ဩဝါဒစာ ၂:၈-၉ “ယုံၾကည္ေသာအားျဖင့္ ေက်းဇူးေတာ္ေၾကာင့္ ကယ္တင္ျခင္းသို႔ ေရာက္ရ၏။ ကိုယ္အလို အေလ်ာက္ ေရာက္သည္မဟုတ္။ ဘုရားသခင္ သနားေတာ္မူရာျဖစ္သတည္း။ ကိုယ္ကုသိုလ္ေၾကာင့္ ကယ္တင္ ေတာ္မူျခင္းသို႔ ေရာက္သည္မဟုတ္။ သို႔ျဖစ္၍ အဘယ္သူမွ် ဝါႂကြားစရာ အခြင့္မရွိ။”

ရွင္ယာကုပ္က ကြၽႏ္ုပ္တို႔၏ ေယရႈခရစ္ေတာ္အေပၚ ယုံၾကည္မႈႏွင့္ ဝန္ခံမႈတို႔သည္ ကြၽႏ္ုပ္တို႔ လုပ္ေဆာင္ေသာ အရာေတြေပၚ သက္ေရာက္ေၾကာင္းကို ေျပာထားပါသည္။ ကြၽႏ္ုပ္တို႔၏ ေကာင္းေသာ အျပဳအမူမ်ားသည္ ကြၽႏ္ုပ္တို႔၏ အစစ္အမွန္ႏွင့္ ယုံၾကည္စိတ္ခ်ရေသာ ယုံၾကည္ျခင္း၏ သက္ေသျဖစ္ပါတယ္။
သခင္ခရစ္ေတာ္ႏွင့္ သင္၏ဆက္ဆံေရးတို႔ ဘာေၾကာင့္အလုပ္မျဖစ္သလဲဆိုတာကို နားလည္ဖို႔ရန္ သင္ႀကိဳးစား ေကာင္း ႀကိဳးစားေနပါမည္။ သင္၏ယုံၾကည္ျခင္းကို ျပဳမူလုပ္ေဆာင္မႈအသြင္ မေျပာင္းတာလည္း ျဖစ္ႏိုင္ပါသည္။ 

သမၼာက်မ္းစာက ဆိုထားသည္မွာ ရွင္ယာကုပ္ ၂:၂၆ “ဝိညာဥ္ႏွင့္ကင္းေသာကိုယ္သည္ အေသျဖစ္သကဲ့သို႔၊ အက်င့္ႏွင့္ကင္းေသာ ယုံၾကည္ျခင္းသည္ အေသ ျဖစ္၏။” ရွင္ယာကုပ္ ႀကိမ္ဖန္မ်ားစြာ ဆိုေနေသာ စကားလုံးမွာ “လုပ္ေဆာင္ရန္” ျဖစ္သည္။ ဤက်မ္းပိုဒ္ကား အလြန္ရွင္းလင္းပါတယ္။ စစ္မွန္ေသာ ယုံၾကည္ျခင္းက သင္၏အသက္တာ အသက္ရွင္ပုံကို ေဖာ္ျပပါတယ္။ သင္၏ ယုံၾကည္ျခင္းသည္ သင္ႏွင့္ သင္ျပဳမူလုပ္ေဆာင္ ေသာအရာတို႔ကို ေျပာင္းလဲသင့္ပါသည္။

သင္၌ရွိေသာ ယုံၾကည္ျခင္းကို တျခားသူေတြကို ယေန႔တြင္ ေဖာ္ျပဖို႔ရန္ သင္ဘာကို လုပ္ေဆာင္ႏိုင္ပါမည္နည္း။ သူတို႔ေတြကို မည္ကဲ့သို႔ ကူညီႏိုင္မည္နည္း ၊ အားေပးႏိုင္မည္နည္း ၊ ၿပီးေတာ့ သင္၏ယုံၾကည္ျခင္းက သင့္ကို ေျပာင္းလဲေစၿပီဆိုတာကို သူတို႔ကို မည္ကဲ့သို႔ ေဖာ္ျပေပးႏိုင္ပါသနည္း။

ေယရႈခရစ္ေတာ္အတြက္ ႏွင့္ သင္၏ ယုံၾကည္ျခင္းကို ေဖာ္ျပဖို႔ရန္ တျခားေသာ အခ်ိန္ေတြထက္ ယခုအခ်ိန္က အေကာင္းဆုံး ျဖစ္ပါတယ္။ ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၁၆:၁၃-၁၄ “သင္တို႔သည္ သတိႏွင့္ေစာင့္ေနၾကေလာ့။ ယုံၾကည္ျခင္း၌ တည္ၾကေလာ့။ ေယာက္်ား အစြမ္းသတၱိ ႏွင့္တကြ ခြန္အားစုံလင္လ်က္ေနၾကေလာ့။ သင္တို႔သည္ ခပ္သိမ္းေသာ အမႈတို႔ကို ခ်စ္ျခင္း ေမတၱာစိတ္ႏွင့္ ေဆာင္႐ြက္ၾကေလာ့။”

ဆင္ျခင္ရန္
- သင္၏ ယုံၾကည္ျခင္း ႏွင့္ လုပ္ေဆာင္မႈေတြက သင္၏ခရစ္ယာန္အသက္တာ မည္ကဲ့သို႔ ဖြံ႕ၿဖိဳးတိုးတက္မႈ ျဖစ္ေစပါသနည္း။
- ေယရႈခရစ္ေတာ္ႏွင့္ ဆက္ဆံေရးက သင္အဓိပၸါယ္ ျပည့္ဝစြာ ရရွိေၾကာင္းကို မည္ကဲ့သို႔ေသာ နည္းလမ္းျဖင့္ သင့္အသက္တာက ေဖာ္ျပပါသနည္း။

သခင္ခရစ္ေတာ္အားျဖင့္ ကြၽႏ္ုပ္တို႔ ကယ္တင္ျခင္းရရွိေၾကာင္းကို သမၼာက်မ္းစာက ရွင္းလင္းထားပါတယ္။ ဘယ္အရာကမွ မလိုသလို မပိုပါ။ ဧဖက္ဩဝါဒစာ ၂: ၈-၉ “ယုံၾကည္ေသာအားျဖင့္ ေက်းဇူးေတာ္ေၾကာင့္ ကယ္တင္ျခင္းသို႔ ေရာက္ရ၏။ ကိုယ္အလိုအေလ်ာက္ ေရာက္သည္မဟုတ္။ ဘုရားသခင္ သနားေတာ္ မူရာျဖစ္ သတည္း။ ကိုယ္ကုသိုလ္ေၾကာင့္ ကယ္တင္ေတာ္မူျခင္းသို႔ ေရာက္သည္မဟုတ္။ သို႔ျဖစ္၍ အဘယ္သူမွ် ဝါႂကြားစရာ အခြင့္မရွိ။” 

သို႔ေပမဲ့ ကြၽႏ္ုပ္တို႔၏ ယုံၾကည္ျခင္းအားျဖင့္ ဘုရားသခင္ ကြၽႏ္ုပ္တို႔ကို ေျပာင္းလဲေစၿပီး ကြၽႏ္ုပ္တို႔၏ စိတ္ေနသေဘာထားႏွင့္ လုပ္ေဆာင္ခ်က္တို႔သည္ ဘုရားသခင္ေပၚ ကိုးစားေၾကာင္းကို သက္ေသထင္ရွား ေစပါ သည္။ ဧဖက္ဩဝါဒစာ ၂:၁၀ “အဘယ္ေၾကာင့္နည္းဟူမူကား၊ ငါတို႔သည္ ေကာင္းေသာအက်င့္တို႔ကို က်င့္ရမည္အေၾကာင္း၊ ေယရႈခရစ္၌ ျပဳျပင္၍ ဖန္ဆင္းေတာ္မူရာျဖစ္ၾက၏။ ထိုေကာင္းေသာ အက်င့္တို႔၌ ငါတို႔သည္ က်င္လည္ရမည္ အေၾကာင္း၊ ဘုရားသခင္သည္ ငါတို႔ကို ျပင္ဆင္ေတာ္မူႏွင့္ၿပီ။”

သခင္ခရစ္ေတာ္ေပၚ သင္၏ယုံၾကည္မႈကို တစ္ခါမွ မထားရွိခဲ့ဖူးပါလွ်င္ ယခုအခ်ိန္သည္ လုပ္ေဆာင္ဖို႔အခ်ိန္ ျဖစ္ပါတယ္။ ကြၽႏ္ုပ္မွ်ေဝထားတဲ့ ဤ Video ကိုၾကည့္ပါ။ “What Does It Mean to Follow Christ?” https://pastorrick.com/know-god/?roi=echo7-37462862039-55674154-5608aada2ce4c767c08257ece0e07d4c