သင်၏ အတွေးအခေါ်အယူအဆတွေက ဘုရားသခင်၏နှုတ်ကပတ်တော်တို့နှင့် ကိုက်ညီမှုရှိပါသလား။ | Is Your Idea in Harmony with God’s Word

Unicode Version

သင်၏ အတွေးအခေါ်အယူအဆတွေက ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့် ကိုက်ညီမှုရှိပါသလား။

ရှင်လုကာခရစ်ဝင် ၂၁:၃၃ “ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။”

ကျွန်ုပ်တို့ဆီက လာသော အတွေးအခေါ် အယူအဆတစ်ခုခုတို့သည် ဘုရားသခင်ထံမှ လာသော လမ်းညွှန်မှု ဖြစ်သလား စာတန်၏ လှည့်ဖြားမှု များလား (သို့) ကျွန်ုပ်တို့ လုပ်ချင်သော တစ်စုံတစ်ခု ဖြစ်သလားဆိုပြီး ကြိမ်ဖန်များစွာ သိချင်ကြပါတယ်။ ခြားနားချက်ကို အသိအမှတ်ပြုနိုင်ဖို့ရန် ၊ ဘုရားသခင်ထံမှ အသံကို ပိုင်းခြားသိမြင်ဖို့ရန် အင်မတန် အရေးကြီးပါတယ်။  ဘာကြောင့်လဲဆိုတော့ ၎င်းသည် နိစ္စထာဝရ အကျိုးဆက် တွေကြောင့် ဖြစ်ပါတယ်။

တကယ်တော့ “ကျွန်ုပ်ကို ဤအရာလုပ်ဖို့  ဘုရားပြောခဲ့တယ်” လို့လူတွေ ဆိုတဲ့အခါမှာ တစ်ခါတစ်ရံ ဘုရားကို အပြစ်တင်စေဖို့ရန် မကောင်းမှုတွေ ဖြစ်တတ်ပါတယ်။  သမ္မာကျမ်းစာက ဖော်ပြထားသည်မှာ ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၄:၁ “ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ် တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကိုစုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက် အများတို့သည် ဤလောကသို့ သွားကြပြီ။ 

ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို ဘယ်တော့မှ မကွဲလွဲစေပါ။ ပြောဆိုပြီးသား အရာတစ်ခုကို စိတ်ပြောင်းပြီး နောက်တစ်မျိုး ပြောဆိုမည်မဟုတ်ပါ။ ဘုရားသခင် ပြောထားသောအရာတွေသည် အစဉ်အမြဲ မှန်ကန်ပါသည်။

ဘုရားသခင်သည် မပြောင်းလဲဘဲ မသတ်မတ်တည်း ဖြစ်၏။ စိတ်ပြောင်းလဲ လွယ်သူမဟုတ်ပါ။ ပေးထားပြီးသား သူ၏ နှုတ်ကပတ်တော်တို့ရှိ နိယာမတို့ကိုလည်း ချိုးဖောက်ဖို့ရန် ဘယ်တော့မှ ပြောမည်မဟုတ်ပါ။

ဒါကြောင့် သင်ပထမဉီးမေးရမည့် အရာက “ ဤအတွေးတွေက ဘုရားသခင်ပြောထားတဲ့အရာတွေနဲ့ ကိုက်ညီမှု ရှိပါသလား”။ သင်၏ စိတ်ထဲတွင် ရှိသောအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြသောအရာ တစ်ခုခုနှင့် ဆန့်ကျင်နေပါက ၎င်းသည် မှားယွင်းကြောင်း သင်သိရှိပါမည်။

ရှင်လုကာခရစ်ဝင် ၂၁:၃၃ “ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။  ဘုရားသခင်၏ နှုတ်ကပတ်သည် နိစ္စထာဝရ တည်၏။ ဘာကြောင့်လဲဆိုတော့ သမ္မာတရားသည် ဘယ်တော့မှ မပြောင်းလဲပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကတည်းက တစ်စုံတစ်ခုသည် မှန်ကန်ခဲ့ပါလျှင် ၎င်းသည် လွန်ခဲ့သော နှစ် ၁၀၀၀ တည်းက မှန်ခဲ့သောကြောင့်ဖြစ်သည်။ ယနေ့တွင်လည်း မှန်ကန်ပြီး နောင်လာမည့်နှစ်ပေါင်း ၅၀၀၀ တွင်လည်း မှန်ကန်ပါမည်။

လူတွေက “ ၎င်းကို ဘုရားပြောတာ ၊ အဲဒီအရာ ဖြစ်လာမယ်လို့ ငါယုံကြည်တယ်” လို့ပြောကောင်းပြောပါမည်။ မဟုတ်ပါ။ ဘုရားပြောပြီးအရာကို ဘုရားဖြစ်ပွားစေပါတယ်။

သင့်ကိုယ်သင် အမြဲမေးပါ။ “ကျွန်ုပ်၏ အတွေးအခေါ်တွေက ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ကိုက်ညီပါ ရဲ့လား”။

ဆင်ခြင်ရန်

- သင်စဉ်းစားနေသော တွေးခေါ်မှု တစ်ချို့ကား မည်သို့နည်း။ ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မည်ကဲ့သို့ ကိုက်ညီပါသနည်း။

-ဘုရားသခင်၏ လမ်းညွှန်မှုတို့ကို သိမြင်ပြီး ပိုပြီး လွယ်ကူစွာ နားလည်ဖို့ရန် ဘုရားသခင်နှင့် ပိုမိုနက်ရှိုင်းသော အသက်တာ လျှောက်လှမ်းမှု ကိုမည်ကဲ့သို့ တိုးတက်စေနိုင်ပါသနည်း။


------------------------------------------------------------------------

Zawgyi Version

သင္၏ အေတြးအေခၚအယူအဆေတြက ဘုရားသခင္၏ႏႈတ္ကပတ္ေတာ္တို႔ႏွင့္ ကိုက္ညီမႈရွိပါသလား။

ရွင္လုကာခရစ္ဝင္ ၂၁:၃၃ “ေကာင္းကင္ႏွင့္ေျမႀကီး မတည္ေသာ္လည္း ငါ့စကား တည္လိမ့္မည္။

ကြၽႏ္ုပ္တို႔ဆီက လာေသာ အေတြးအေခၚ အယူအဆတစ္ခုခုတို႔သည္ ဘုရားသခင္ထံမွ လာေသာ လမ္းၫႊန္မႈ ျဖစ္သလား ၊ စာတန္၏ လွည့္ျဖားမႈ မ်ားလား (သို႔) ကြၽႏ္ုပ္တို႔ လုပ္ခ်င္ေသာ တစ္စုံတစ္ခု ျဖစ္သလားဆိုၿပီး ႀကိမ္ဖန္မ်ားစြာ သိခ်င္ၾကပါတယ္။ ျခားနားခ်က္ကို အသိအမွတ္ျပဳႏိုင္ဖို႔ရန္ ၊ ဘုရားသခင္ထံမွ အသံကို ပိုင္းျခားသိျမင္ဖို႔ရန္ အင္မတန္ အေရးႀကီးပါတယ္။  ဘာေၾကာင့္လဲဆိုေတာ့ ၎သည္ နိစၥထာဝရ အက်ိဳးဆက္ ေတြေၾကာင့္ ျဖစ္ပါတယ္။ 

တကယ္ေတာ့ “ကြၽႏ္ုပ္ကို ဤအရာလုပ္ဖို႔  ဘုရားေျပာခဲ့တယ္” လို႔လူေတြ ဆိုတဲ့အခါမွာ တစ္ခါတစ္ရံ ဘုရားကို အျပစ္တင္ေစဖို႔ရန္ မေကာင္းမႈေတြ ျဖစ္တတ္ပါတယ္။  သမၼာက်မ္းစာက ေဖာ္ျပထားသည္မွာ ရွင္ေယာဟန္ဩဝါဒစာ ပဌမေစာင္ ၄:၁ “ခ်စ္သူတို႔၊ ခပ္သိမ္းေသာစိတ္ဝိညာဥ္တို႔ကို မယုံၾကႏွင့္။ စိတ္ဝိညာဥ္ တို႔သည္ ဘုရားသခင္ႏွင့္ စပ္ဆိုင္သည္ မစပ္ဆိုင္သည္ကိုစုံစမ္းၾကေလာ့။ အေၾကာင္းမူကား၊ မိစာၦပေရာဖက္ အမ်ားတို႔သည္ ဤေလာကသို႔ သြားၾကၿပီ။ ”

ဘုရားသခင္သည္ သူ၏ႏႈတ္ကပတ္ေတာ္တို႔ကို ဘယ္ေတာ့မွ မကြဲလြဲေစပါ။ ေျပာဆိုၿပီးသား အရာတစ္ခုကို စိတ္ေျပာင္းၿပီး ေနာက္တစ္မ်ိဳး ေျပာဆိုမည္မဟုတ္ပါ။ ဘုရားသခင္ ေျပာထားေသာအရာေတြသည္ အစဥ္အၿမဲ မွန္ကန္ပါသည္။

ဘုရားသခင္သည္ မေျပာင္းလဲဘဲ မသတ္မတ္တည္း ျဖစ္၏။ စိတ္ေျပာင္းလဲ လြယ္သူမဟုတ္ပါ။ ေပးထားၿပီးသား သူ၏ ႏႈတ္ကပတ္ေတာ္တို႔ရွိ နိယာမတို႔ကိုလည္း ခ်ိဳးေဖာက္ဖို႔ရန္ ဘယ္ေတာ့မွ ေျပာမည္မဟုတ္ပါ။ 
ဒါေၾကာင့္ သင္ပထမဉီးေမးရမည့္ အရာက “ ဤအေတြးေတြက ဘုရားသခင္ေျပာထားတဲ့အရာေတြနဲ႔ ကိုက္ညီမႈ ရွိပါသလား”။ သင္၏ စိတ္ထဲတြင္ ရွိေသာအရာသည္ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္၌ ေဖာ္ျပေသာအရာ တစ္ခုခုႏွင့္ ဆန႔္က်င္ေနပါက ၎သည္ မွားယြင္းေၾကာင္း သင္သိရွိပါမည္။ 

ရွင္လုကာခရစ္ဝင္ ၂၁:၃၃ “ေကာင္းကင္ႏွင့္ေျမႀကီး မတည္ေသာ္လည္း ငါ့စကား တည္လိမ့္မည္။ ” ဘုရားသခင္၏ ႏႈတ္ကပတ္သည္ နိစၥထာဝရ တည္၏။ ဘာေၾကာင့္လဲဆိုေတာ့ သမၼာတရားသည္ ဘယ္ေတာ့မွ မေျပာင္းလဲပါ။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀၀၀ ကတည္းက တစ္စုံတစ္ခုသည္ မွန္ကန္ခဲ့ပါလွ်င္ ၎သည္ လြန္ခဲ့ေသာ ႏွစ္ ၁၀၀၀ တည္းက မွန္ခဲ့ေသာေၾကာင့္ျဖစ္သည္။ ယေန႔တြင္လည္း မွန္ကန္ၿပီး ေနာင္လာမည့္ႏွစ္ေပါင္း ၅၀၀၀ တြင္လည္း မွန္ကန္ပါမည္။

လူေတြက “ ၎ကို ဘုရားေျပာတာ ၊ အဲဒီအရာ ျဖစ္လာမယ္လို႔ ငါယုံၾကည္တယ္” လို႔ေျပာေကာင္းေျပာပါမည္။ မဟုတ္ပါ။ ဘုရားေျပာၿပီးအရာကို ဘုရားျဖစ္ပြားေစပါတယ္။

သင့္ကိုယ္သင္ အၿမဲေမးပါ။ “ကြၽႏ္ုပ္၏ အေတြးအေခၚေတြက ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ႏွင့္ ကိုက္ညီပါ ရဲ႕လား”။

ဆင္ျခင္ရန္
- သင္စဥ္းစားေနေသာ ေတြးေခၚမႈ တစ္ခ်ိဳ႕ကား မည္သို႔နည္း။ ၎တို႔က ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ႏွင့္ မည္ကဲ့သို႔ ကိုက္ညီပါသနည္း။
-ဘုရားသခင္၏ လမ္းၫႊန္မႈတို႔ကို သိျမင္ၿပီး ပိုၿပီး လြယ္ကူစြာ နားလည္ဖို႔ရန္ ဘုရားသခင္ႏွင့္ ပိုမိုနက္ရႈိင္းေသာ အသက္တာ ေလွ်ာက္လွမ္းမႈ ကိုမည္ကဲ့သို႔ တိုးတက္ေစႏိုင္ပါသနည္း။