စုံစမ်းနှောက်ယှက်ခြင်းကို ခုခံမည့်အစား ပြန်လည်ချိန်ဆပါ။ Instead of Resisting Temptation, Refocus

Unicode Version

စုံစမ်းနှောက်ယှက်ခြင်းကို ခုခံမည့်အစား ပြန်လည်ချိန်ဆပါ။

ကောရိန္သဩဝါဒစာ ဒုတိယစောင် ၁၀:၅ “ထိုလက်နက်အားဖြင့် လူတို့၏အကြံအစည်တို့ကို၎င်း၊ ဘုရားသခင်ကို သိသောပညာကို တားဆီးသော မာန်မာနရှိသမျှတို့ကို၎င်း၊ နှိမ့်ချမှောက်လှန်၍၊ ခပ်သိမ်းသောစိတ်တို့ကို ဘမ်းသွား ချုပ်ထားလျက်၊ ခရစ်တော်၏ စကားကို နားထောင်စေကြ၏။” 

စုံစမ်းခြင်းအားဖြင့် ကျွန်ုပ်တို့တွေ အလွယ်တကူ အနိုင်ယူခံရခြင်း၏ အကြောင်းရင်းမှာ ၎င်းကို ချိန်ဆရမည့်အစား ခုခံဖို့ရန် ကျွန်ုပ်တို့ ကြိုးစားသောကြောင့် ဖြစ်ပါတယ်။ သင်ခုခံသောအရာကို သင်မလျှော့တမ်း ပေလုပ်ပါသည်။

တစ်စုံတစ်ခုနှင့် ပတ်သက်ပြီး သင်ပိုမို စဉ်းစားလေလေ ၎င်းက သင့်ကိုပိုပြီး ဆွဲဆောင်လေလေ ဖြစ်ပါတယ်။ ဒါကြောင့် ဆွဲဆောင်ဖြားယောင်းခြင်းကို အနိုင်ယူချင်ပါလျှင် ၎င်းကို မတုံ့ပြန်ပါနှင့်။ သင်၏အာရုံကို ပြောင်းလဲလိုက်ပါ။

 “အဆိုးအားဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့။” ရောမ ၁၂:၂၁

သင်၏ စိတ်ကို ကောင်းသောအရာတွေဖြင့် ဖြည့်ဆည်းပါလျှင် သင့်ကို အပြစ်သို့သွေးဆောင်နိုင်စရာ နေရာ မရှိတော့ပါ။ ကူးစက်ရောဂါ ကာလတွင်း အိမ်၌ရှိနေချိန်တွေမှာ စုံစမ်းနှောက်ယှက်ခြင်းကို အဖန်တလဲလဲ သင် တွေ့ကြုံနိုင်ပေ မည်။ သင့်အတွက် ဘယ်လို့အခန်းကဏ္ဍဖြစ်ပါစေ ၎င်းတို့ကို သင်ဆန့်ကျင်ဖို့ရန် ကြိုးစားပါလျှင် ၊ အထူးသဖြင့် ၎င်းကို ခွင့်ပြုလိုက်လျောပါလျှင် သင်၌စိတ်ဓါတ်ကျမှုကို ရရှိစေပါလိမ့်မည်။

သော့ချက်က တခြားသောအရာတစ်ခုပေါ် အာရုံစိုက်ဖို့ ဖြစ်ပါတယ်။ သာဓကတစ်ခုရှိပါတယ်။ TV ကြည့်နေချိန် စုံစမ်းခြင်းခံရပါလျှင် “ငါမကြည့်တော့ဘူး”လို့ သင့်ကိုသင် ပြောမနေပါနဲ့။ အဲဒီအစား Remote ကိုကိုင်ပြီး Channel ပြောင်းလဲပါ။

စုံးစမ်းခြင်းက အမြဲတမ်း အတွေးကနေ စတင်ပါတယ်။ စာတန်က သင့်ကို မဖြားယောင်းနိုင်တဲ့အခါမှာ သင်သည် လည်း စုံစမ်းခြင်း မခံရတော့ပါ။ ကုန်ပစ္စည်းကြော်ငြာသူတွေသည် တူညီသော နည်းကို အသုံးပြုကြပါတယ်။ သင်၏အာရုံကို ရယူပြီး စိတ်၏လှုပ်ရှားမှုတို့ကို ချိတ်ဆက်စေပါတယ်။ ဒါကြောင့် သင်က အာရုံစိုက်ခြင်းကနေ စိတ်လှုပ်ရှားခြင်းဆီ ၊ ထိုမှတစ်ဆင့် လုပ်ဆောင်မှုဆီ ရောက်ရှိသွားပါသည်။

သင်အခု ဗိုက်ဆာနေသလား” လို့ တစ်စုံတစ်ယောက်က မေးတာကို သင်ကြုံခဲ့ဖူးပါသလား။ သင်မဆာဘူးလို့ သင်ထင်လျှင်တောင် ဆာခြင်းကို စတင်ခံစားပါတော့မည်။ (သို့) “သင်ပင်ပန်းနေသလား” လို့မေးခံရလျှင် သင်၏အဖြေက “နင်သိပါတယ်၊ အဲဒီအရာကို ငါတကယ်မစဉ်းစားမိဘူး။ ဒါပေမဲ့ နင်အခု ဖော်ပြတော့ ငါ့ကိုယ်ငါ အနည်းငယ် ပင်ပန်းတယ်လို့ ခံစားရတယ်”။

သင်၏ အာရုံကို ရရှိသမျှသောအရာတို့သည် သင့်ကို ရရှိပြီဖြစ်သည်။

ဒါကြောင့် သင်စုံစမ်းခြင်းခံရပါလျှင် သင်၏အာရုံကို ပြောင်းလဲဖို့ရန် လိုအပ်ပါတယ်။ ဖိလိပ္ပိ ၄:၈ “ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သော အကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဘွယ်သောအကျင့်၊ ချီးမွမ်းဘွယ်သောအကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသော သိတင်းတပါးပါးနှင့် ဆိုင်သောအကျင့်တို့ကို၎င်း၊ နှလုံးသွင်းကြလော့။

စုံစမ်းသော အတွေး (သို့) ခံစားချက်တွေကို သင်ခုခံလေလေ ၎င်းတို့က သင့်ကိုပိုပြီး ထိန်းချုပ်လေလေဖြစ်တယ်။ ဒါကြောင့် ၎င်းတို့ကို မခုခံပါနှင့်။ ပြန်လည်ချိန်ဆပြီး သင်၏အတွေးတို့ကို ကောင်းသောအရာတွေ ၊ သခင်ခရစ်တော်နည်းတူ ပိုပြီး ဖြစ်လာဖို့ရန် အစားထိုးလိုက်ပါ။

ဆင်ခြင်ရန်

- COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း အိမ်တွင် မည်သို့သော စုံစမ်းခြင်းကို သင်ခံစားရပါသနည်း။ ၎င်းစုံစမ်းခြင်းတွေကနေ ကင်းဝေးရအောင် မည်သို့သော နည်းလမ်းတွေဖြင့် သင်အာရုံစိုက်နိုင်ပါမည်နည်း။

- စုံစမ်းခြင်းခံရပါလျှင် ကျမ်းပိုဒ်တွေကို အလွတ်ကျက်မှတ်ခြင်းက သင်၏အတွေးတွေကို ပြန်လည်အာရုံစိုက်ဖို့ရန် မည်ကဲ့သို့ အကူအညီဖြစ်စေပါသနည်း။

- ဖိလိပ္ပိ ၄:၈ ပေါ် အခြေခံ၍ သင်၏အာရုံကို မည်ကဲ့သို့သောအရာတွေမှာ အာရုံစိုက်ဖို့ရန် သမ္မာကျမ်းစာက ဆိုထားပါသနည်း။


-----------------------------------------------------------------------------------------------

Zawgyi Version

စုံစမ္းေႏွာက္ယွက္ျခင္းကို ခုခံမည့္အစား ျပန္လည္ခ်ိန္ဆပါ။

ေကာရိႏ္သဩဝါဒစာ ဒုတိယေစာင္ ၁၀:၅ “ထိုလက္နက္အားျဖင့္ လူတို႔၏အႀကံအစည္တို႔ကို၎၊ ဘုရားသခင္ကို သိေသာပညာကို တားဆီးေသာ မာန္မာနရွိသမွ်တို႔ကို၎၊ ႏွိမ့္ခ်ေမွာက္လွန္၍၊ ခပ္သိမ္းေသာစိတ္တို႔ကို ဘမ္းသြား ခ်ဳပ္ထားလ်က္၊ ခရစ္ေတာ္၏ စကားကို နားေထာင္ေစၾက၏။” 

စုံစမ္းျခင္းအားျဖင့္ ကြၽႏ္ုပ္တို႔ေတြ အလြယ္တကူ အႏိုင္ယူခံရျခင္း၏ အေၾကာင္းရင္းမွာ ၎ကို ခ်ိန္ဆရမည့္အစား ခုခံဖို႔ရန္ ကြၽႏ္ုပ္တို႔ ႀကိဳးစားေသာေၾကာင့္ ျဖစ္ပါတယ္။ သင္ခုခံေသာအရာကို သင္မေလွ်ာ့တမ္း ေပလုပ္ပါသည္။
တစ္စုံတစ္ခုႏွင့္ ပတ္သက္ၿပီး သင္ပိုမို စဥ္းစားေလေလ ၎က သင့္ကိုပိုၿပီး ဆြဲေဆာင္ေလေလ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဆြဲေဆာင္ျဖားေယာင္းျခင္းကို အႏိုင္ယူခ်င္ပါလွ်င္ ၎ကို မတုံ႔ျပန္ပါႏွင့္။  သင္၏အာ႐ုံကို ေျပာင္းလဲလိုက္ပါ။

“အဆိုးအားျဖင့္ အရႈံးမခံႏွင့္ အေကာင္းအားျဖင့္ အဆိုးကို ႏိုင္ေလာ့။” ေရာမ ၁၂:၂၁ 
သင္၏ စိတ္ကို ေကာင္းေသာအရာေတြျဖင့္ ျဖည့္ဆည္းပါလွ်င္ သင့္ကို အျပစ္သို႔ေသြးေဆာင္ႏိုင္စရာ ေနရာ မရွိေတာ့ပါ။ ကူးစက္ေရာဂါ ကာလတြင္း အိမ္၌ရွိေနခ်ိန္ေတြမွာ စုံစမ္းေႏွာက္ယွက္ျခင္းကို အဖန္တလဲလဲ သင္ ေတြ႕ႀကဳံႏိုင္ေပ မည္။ သင့္အတြက္ ဘယ္လို႔အခန္းက႑ျဖစ္ပါေစ ၎တို႔ကို သင္ဆန႔္က်င္ဖို႔ရန္ ႀကိဳးစားပါလွ်င္ ၊ အထူးသျဖင့္ ၎ကို ခြင့္ျပဳလိုက္ေလ်ာပါလွ်င္ သင္၌စိတ္ဓါတ္က်မႈကို ရရွိေစပါလိမ့္မည္။ 

ေသာ့ခ်က္က တျခားေသာအရာတစ္ခုေပၚ အာ႐ုံစိုက္ဖို႔ ျဖစ္ပါတယ္။ သာဓကတစ္ခုရွိပါတယ္။ TV ၾကည့္ေနခ်ိန္ စုံစမ္းျခင္းခံရပါလွ်င္ “ငါမၾကည့္ေတာ့ဘူး”လို႔ သင့္ကိုသင္ ေျပာမေနပါနဲ႔။ အဲဒီအစား Remote ကိုကိုင္ၿပီး Channel ေျပာင္းလဲပါ။

စုံးစမ္းျခင္းက အၿမဲတမ္း အေတြးကေန စတင္ပါတယ္။ စာတန္က သင့္ကို မျဖားေယာင္းႏိုင္တဲ့အခါမွာ သင္သည္ လည္း စုံစမ္းျခင္း မခံရေတာ့ပါ။ ကုန္ပစၥည္းေၾကာ္ျငာသူေတြသည္ တူညီေသာ နည္းကို အသုံးျပဳၾကပါတယ္။ သင္၏အာ႐ုံကို ရယူၿပီး စိတ္၏လႈပ္ရွားမႈတို႔ကို ခ်ိတ္ဆက္ေစပါတယ္။ ဒါေၾကာင့္ သင္က အာ႐ုံစိုက္ျခင္းကေန စိတ္လႈပ္ရွားျခင္းဆီ ၊ ထိုမွတစ္ဆင့္ လုပ္ေဆာင္မႈဆီ ေရာက္ရွိသြားပါသည္။

“သင္အခု ဗိုက္ဆာေနသလား” လို႔ တစ္စုံတစ္ေယာက္က ေမးတာကို သင္ႀကဳံခဲ့ဖူးပါသလား။ သင္မဆာဘူးလို႔ သင္ထင္လွ်င္ေတာင္ ဆာျခင္းကို စတင္ခံစားပါေတာ့မည္။ (သို႔) “သင္ပင္ပန္းေနသလား” လို႔ေမးခံရလွ်င္ သင္၏အေျဖက “နင္သိပါတယ္၊ အဲဒီအရာကို ငါတကယ္မစဥ္းစားမိဘူး။ ဒါေပမဲ့ နင္အခု ေဖာ္ျပေတာ့ ငါ့ကိုယ္ငါ အနည္းငယ္ ပင္ပန္းတယ္လို႔ ခံစားရတယ္”။

သင္၏ အာ႐ုံကို ရရွိသမွ်ေသာအရာတို႔သည္ သင့္ကို ရရွိၿပီျဖစ္သည္။
ဒါေၾကာင့္ သင္စုံစမ္းျခင္းခံရပါလွ်င္ သင္၏အာ႐ုံကို ေျပာင္းလဲဖို႔ရန္ လိုအပ္ပါတယ္။ ဖိလိပၸိ ၄:၈ “ႂကြင္းေသးေသာ စကားဟူမူကား၊ ညီအစ္ကိုတို႔၊ သမၼာတရားႏွင့္ ဆိုင္ေသာအက်င့္၊ ေလ်ာက္ပတ္ေသာ အက်င့္၊ ေျဖာင့္မတ္ေသာ အက်င့္၊ စင္ၾကယ္ေသာအက်င့္၊ သူတပါးႏွစ္သက္ဘြယ္ေသာအက်င့္၊ ခ်ီးမြမ္းဘြယ္ေသာအက်င့္ ရွိသမွ်တို႔ကို၎၊ ပါရမီတပါးပါး၊ ေကာင္းေသာ သိတင္းတပါးပါးႏွင့္ ဆိုင္ေသာအက်င့္တို႔ကို၎၊ ႏွလုံးသြင္းၾကေလာ့။”

စုံစမ္းေသာ အေတြး (သို႔) ခံစားခ်က္ေတြကို သင္ခုခံေလေလ ၎တို႔က သင့္ကိုပိုၿပီး ထိန္းခ်ဳပ္ေလေလျဖစ္တယ္။ ဒါေၾကာင့္ ၎တို႔ကို မခုခံပါႏွင့္။ ျပန္လည္ခ်ိန္ဆၿပီး သင္၏အေတြးတို႔ကို ေကာင္းေသာအရာေတြ ၊ သခင္ခရစ္ေတာ္နည္းတူ ပိုၿပီး ျဖစ္လာဖို႔ရန္ အစားထိုးလိုက္ပါ။

ဆင္ျခင္ရန္
- COVID-19 ကူးစက္ေရာဂါ ျဖစ္ပြားေနစဥ္အတြင္း အိမ္တြင္ မည္သို႔ေသာ စုံစမ္းျခင္းကို သင္ခံစားရပါသနည္း။ ၎စုံစမ္းျခင္းေတြကေန ကင္းေဝးရေအာင္ မည္သို႔ေသာ နည္းလမ္းေတြျဖင့္ သင္အာ႐ုံစိုက္ႏိုင္ပါမည္နည္း။
- စုံစမ္းျခင္းခံရပါလွ်င္ က်မ္းပိုဒ္ေတြကို အလြတ္က်က္မွတ္ျခင္းက သင္၏အေတြးေတြကို ျပန္လည္အာ႐ုံစိုက္ဖို႔ရန္ မည္ကဲ့သို႔ အကူအညီျဖစ္ေစပါသနည္း။
- ဖိလိပၸိ ၄:၈ ေပၚ အေျခခံ၍ သင္၏အာ႐ုံကို မည္ကဲ့သို႔ေသာအရာေတြမွာ အာ႐ုံစိုက္ဖို႔ရန္ သမၼာက်မ္းစာက ဆိုထားပါသနည္း။