ဝမ်းနည်းပူဆွေးမှု ကနေ ဝမ်းမြောက်ခြင်းဆီသို့ မည်ကဲ့သို့ ပြောင်းလဲစေမည်နည်း။ How to Move from Grief to Joy
Unicode Version
ဝမ်းနည်းပူဆွေးမှု ကနေ ဝမ်းမြောက်ခြင်းဆီသို့ မည်ကဲ့သို့ ပြောင်းလဲစေမည်နည်း။ 
ဟေရှာယအနာဂတ္တိကျမ်း ၆၁:၃ “စိတ်မသာညည်းတွားသော ဇိအုန်မြို့သားတို့ အဘို့စီရင်၍၊ ပြာအရာ၌ ပေါင်း သရဖူ၊ ဝမ်းနည်းခြင်း အရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သော စိတ်သဘော အရာ၌ ချီးမွမ်းခြင်း အဝတ်တန်ဆာကို သူတို့အား ပေးစေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီ။ ထိုသူတို့သည် ဖြောင့်မတ်ခြင်း သပိတ် ပင်၊ ဘုန်းအသရေတော်ဘို့ ထာဝရဘုရားစိုက်ပျိုးတော်မူသော အပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည်။”  
သင် (သို့) သင်သိသော လူတစ်ဉီးဉီး COVID-19 ရောဂါကူးစက်ခံရနိုင်ခြင်းကို စိုးရိမ်နေရခြင်းအပါအဝင် အလုပ်အကိုင်း ဆုံးရှုံးခြင်း စီးပွားရေး ဖျက်သိမ်းခြင်း (သို့) ကျန်းမာရေး ပြသနာကြောင့် ကျွန်ုပ်တို့အများစုသည် ယခုအချိန်တွင် ဝမ်းနည်းပူဆွေးမှုကို ခံစားနေကြရပါတယ်။
ကျောင်းများပိတ်ခြင်း ၊ ကျောင်းပဒေသပွဲတို့ ဖျက်သိမ်းခြင်း နှင့် မင်္ဂလာပွဲ ရွေ့ဆိုင်းခြင်း တို့ကြောင့်လည်း ဝမ်းနည်းပူဆွေးမှုကို ခံစားကြရပါတယ်။ မိသားစုဝင်တွေ ၊ မိတ်ဆွေသူငယ်ချင်းတို့ ဆေးရုံတွင် အလွန်အမင်း နေမကောင်းဖြစ်သည့်တိုင် ကျွန်ုပ်တို့ သွားရောက်ကြည့်ရှုနိုင်ခြင်းမရှိပါ။ ကြေကွဲဝမ်းနည်းစွာဖြင့် တစ်ချို့မှာ ချစ်ရသောသူ၏ အသုဘမှာတောင် ပို့ဆောင်ခွင့် ၊ ဝမ်းနည်းကြေကွဲဖို့တောင် မတတ်စွမ်းနိုင်တော့ပါဘူး။
ဝမ်းနည်းပူဆွေးမှုကို ဝမ်းမြောက်ခြင်းသို့ ဘုရားသခင် ပြောင်းလဲပေးသော အကြီးမြတ်ဆုံးသော သာဓကမှာ သခင်ခရစ်တော်ကို သေခြင်းမှရှင်ပြန်ထမြောက်စေခြင်းဖြစ်ပါတယ်။ သခင်ခရစ်တော် ကားတိုင်ထက် အစီရင် ခံရပြီးနောက် အနက်ရှိုင်းဆုံး ကြောက်ရွံ့ထိတ်လန့်ရသော နှစ်ရက်တာ ကာလကို သူ၏တပည့်တော်တို့ ဖြတ်သန်း ခဲ့ရပါတယ်။
နာကျင်မှုတွေ ၊ ဝမ်းနည်းပူဆွေးမှုတို့ကို လူတိုင်း တွေ့ကြုံ ခံစားရပါတယ်။ သခင်ယေရှုက တပည့်တော်တို့ကို သူသေခြင်းမှ ထမြောက်မည်ဟု ကတိပေးခဲ့သောငြားလည်း တပည့်တော်တို့က သူတို့၏ ဝမ်းနည်းပူဆွေးမှုများမှ စစ်မှန်မှုကို နားလည်သဘောပေါက်ခြင်း မရှိနိုင်ကြပါ။
သို့ပေမဲ့ သခင်ခရစ်တော် ရှင်ပြန်ထမြောက်သည်ကို တပည့်တော်တို့ မြင်တဲ့အချိန်မှာတော့ သူတို့တွေသည် “အပြစ်တရားနှင့် သေခြင်းတရားတို့ ရှုံးနှိမ့်စေခဲ့ပြီ” ဆိုတာကို သဘောပေါက်ခဲ့ကြပါတယ်။ သူတို့၏ ကြောက်ရွံ့ ခြင်းနှင့် စိုးရိမ်ထိတ်လန့်ခြင်းများမှ ဖြေလွှတ်ခဲ့ပါတယ်။ ၎င်းဖြေလွှတ်လိုက်ခြင်းမှ ပျော်ရွှင်ခြင်းကို တဖန်သူတို့ တွေ့ရှိခဲ့ကြပါတယ်။
သင်သည်လည်း ယခုမျက်မှောက်နေ့ရက်တွေမှာ ဘုရားသခင်၏ ကတိတော်တို့ကို ဆုပ်ကိုင်ထားပါလျှင် သင်၏ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ထိတ်လန့်ခြင်းများမှ ကင်းလွှတ်နိုင်ပြီး ပျော်ရွှင်ခြင်းကို တဖန် တွေ့ရှိရပါ လိမ့်မည်။
ဤအရာ ဘယ်လို ဖြစ်လာနိုင်မည်နည်း။ သခင်ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခဲ့သော တန်ခိုး ၊ ဘုရားသခင်၏ တန်ခိုးပေါ် မှီခြင်းအားဖြင့် ဖြစ်လာနိုင်ပါသည်။ ၎င်းသည် ပြာမှုန့်ကို လှပခြင်းဆီ ၊ ဝမ်းနည်းခြင်းကို ပျော်ရွှင်ခြင်းဆီ ၊ စိတ်ပျက်ခြင်းကို ချီးမွမ်းခြင်းဆီ ပြောင်းလဲပေးနိုင်ပါသည်။
ကောင်းကင်ဘုံ ရောက်ဖို့ရန် တစ်ခုတည်းသော နည်းလမ်းမှာ ဘုရားသခင်၏ သားတော် သခင်ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပါတယ်။ ရောမ ၃:၂၂-၂၄  “ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်း တို့အဘို့ဖြစ်၍၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်းအလျှင်းမရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ဘုရားသခင် ရှေ့တော်၌ အသရေ ပျက်ကြပြီ။ ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ ”
မသေချာ မရေရာတဲ့ အချိန်ကာလမှာ ကျွန်ုပ်တို့ နေထိုင်ကြပါတယ်။ ဒါကြောင့် သင် အဆင်သင့် မဖြစ်သေးပါလျှင် လုံးဝသေချာသောအရာကို အရလှမ်းယူပါ။ ခွင့်လွှတ်ခြင်းနှင့် မျှော်လင့်ခြင်းကို သခင်ခရစ်တော် တစ်ဉီးတည်းတွင် သာ တွေ့မြင်ရပါတယ်။
သင်၏ အသက်တာကို သူ့ထံ ဝန်ခံဖို့ရန် အဆင်သင့် ဖြစ်ပြီဆိုလျှင် ဤဆုတောင်းကို ပြုပါ။
“သခင်ခရစ်တော်ဘုရား …. သခင့်အားကျွနုပ် ယုံကြည်ပါလျှင် ကျွန်ုပ်ပြုသမျှသော မှားယွင်းမှုတွေသည် ခွင့်လွှတ်ခြင်းခံရမည်ဆိုသော ကတိတော် သခင်၌ရှိပါသည်။ ကျွန်ုပ်အသက်တာ၏ ရည်ရွယ်ရာကို လေ့လာပါမည်။ တစ်နေ့တွင် ကျွန်ုပ်ကို ကောင်းကင်ဘုံရှိ ထာဝရအိမ်တော်သို့ ဝင်ရောက်ရဖို့ရန် သခင် လက်ခံပါလိမ့်မည်။
သခင်သည် ကျွန်ုပ်၏ ဘုရားသခင် ၊ ကယ်တင်ရှင်ဖြစ်သည်ကို ကျွန်ုပ်ယုံကြည်ပါသည်။ ကျွန်ုပ်၏ အပြစ်တို့ကို ဝန်ခံပါ၏။ သခင့်အား ကျွန်ုပ်အသက်တာ အရှင်သခင် အဖြစ် လက်ခံပါ၏။ ယနေ့တွင် ကျွန်ုပ်အသက်တာရှိ ကဏ္ဍအစိတ်အပိုင်း အားလုံးတို့ကို သခင်၏ စီမံရာအဖြစ်သို့ အပ်နှံပါ၏။ ကျွန်ုပ်အသက်တာရှိ မှန်ကန်သော ခေါ်တော်မူခြင်းတို့သည် သခင်၌ရှိပါ၏။
သခင်ခရစ်တော်ဘုရား…. သခင်၏ ချစ်ခြင်း၌ ကျွန်ုပ်နားခိုချင်ပါသည်။ ၎င်းအတွက် ကျွန်ုပ်ရယူဖို့ရန် ၊ အရည်အချင်း ရှိရန် ၊ လုပ်ဆောင်ရန်ပင် မလိုအပ်သည့်အတွက် ကျေးဇူးတင်ပါသည်။ ကိုယ့်ကိုယ်ကို ဝန်ခံခြင်း ထက် ကျွန်ုပ်အသက်တာ တစ်ခုလုံးကို သခင့်အတွက် ထမ်းရွက်ရန် အသုံးပြုချင်ပါသည်။ ကျွန်ုပ်အသက်တာကို သခင့်ထံ ကျိုးနွံစွာဖြင့် ဝန်ခံပါ၏။ ကျွန်ုပ်ကို ကယ်တင်ဖို့ရန် နှင့် သခင်၏ မိသားစုဝင်အဖြစ် လက်ခံဖို့ရန် တောင်းလျှောက်ပါ၏။ သခင်ခရစ်တော်၏ နာမတော်မြတ်၌ ဆုတောင်းပါ၏…. အာမင်။
 ဆင်ခြင်ရန်
- COVID-19 ကူးစက်ရောဂါကြောင့် လူတွေ ဝမ်းနည်းပူဆွေးမှုကို သဘာဝကျကျ သိသိသာသာ ဆုံးရှုံးမှုတွေကို ဝမ်းနည်းခြင်းတွေဆီ တွေ့ကြုံခံစားကြရပါတယ်။ သင်၏ ဝမ်းနည်းပူဆွေးမှုကို ဘုရားသခင်ထံ အပ်နှံလိုက်ပါလျှင် အရာရာ မည်ကဲ့သို့ ပြောင်းလဲသွားမည်နည်း။
- အတိတ်က ဝမ်းနည်းပူဆွေးမှုကို ဘုရားသခင်ကူညီခဲ့ခြင်းပေါ် သင်အမှတ်ရနေခြင်းသည် ယနေ့သင်ကြုံတွေ့ နေရသောအရာတွင်လည်း ကျော်ဖြတ်နိုင်မည့် ယုံကြည်ခြင်းကို မည်ကဲ့သို့ အကူအညီ ဖြစ်စေပါသနည်း။
--------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်