အစဉ်အမြဲ ပြောင်းလဲနေသော တိုက်ခတ်မှုတို့တွင် ခိုင်ခံ့တည်ငြိမ်စေနိုင်ပုံ | How to Be Stable in Ever-Changing Winds
Unicode Version
အစဉ်အမြဲ ပြောင်းလဲနေသော တိုက်ခတ်မှုတို့တွင် ခိုင်ခံ့တည်ငြိမ်စေနိုင်ပုံ
ရှင်ယာကုပ်ဩဝါဒစာ ၁:၆-၈ “သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။ တွေးတော ခြင်းရှိသော သူသည် ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။ ထိုသို့သောသူသည် စိတ်နှစ်ခွရှိ သောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊ ထာဝရ ဘုရား၏ လက်တော်မှတစုံတခုကို ရမည်ဟုမထင် မမှတ်စေနှင့်။”
ခက်ခဲတဲ့ ရွေးချယ်မှုကို သင်ပြုဖူးပါသလား။ သို့ပေမဲ့ ဆုံးဖြတ်ချက်ချဖို့ အခိုက်အတန့်တွင် သင့်ကိုယ်သင် သံသယဖြစ်ပါသလား။ ၎င်းပေါ် သင်သောကများနေပါသလား။  မှန်ကန်တဲ့အရာကို သင်ပြုခဲ့ပါသလားလို့ သင့်ကိုယ် သင် ဆက်တိုက်မေးနေပါသလား။
ထိုကဲ့သို့ ပြုခြင်းသည် မုန်တိုင်းထဲတွင် တွန်းလှိုင်းတစ်ခုကို ပြုသကဲ့သို့ ဖြစ်နေမည်လို့ သမ္မာကျမ်းစာက ဆိုပါတယ်။ သင့်မှာ များစွာသော သံသယတွေရှိနေတယ်။ ဘုရားသခင်ပေါ်မတည်ဘဲ သင်၏ ဉာဏ်အမြော်အမြင် ပေါ် သင်တည်မှီတဲ့အတွက်ကြောင့် သင်လူးလှိမ့်မှုတွေ ဖြစ်နေပါမည်။
ဒါကြောင့် ဘုရားသခင်က သင့်အားဆုံးဖြတ်ချက် မချခင်မှာ လမ်းညွှန်မှု တောင်းစေလိုသည်။ ထို့နောက် ဆုံးဖြတ်ချက် ချပြီးသည်နှင့် သူ၏ ကောင်းမြတ်ခြင်းကို ယုံကြည်လိုက်ပါ။
သင်ပြုသောအခါတွင် သင့်အား သင့်ကိုယ်သင် ဒုတိယ ခန့်မှန်းခြင်းကနေ လွှတ်မြောက်စေပါမည်။
သတင်းကောင်းက ဒီမှာရှိပါတယ်။ အနာဂတ်တွေ မသေချာပုံပေါ်ပြီး ပြောင်းလဲနေသော တိုက်ခတ်မှုတွေ ရှိသည့်တိုင် သင်လွင့်မျော ၊ လွင့်ထွက်စရာ မလိုပါ။ ဘုရားသခင် တစ်ဉီးတည်းပေါ်တွင် သင်၏ ယုံကြည်မှုကို တည်ရှိစေပါ။
သို့မဟုတ်လျှင် သင်၏သစ္စာစောင့်သိခြင်း သည် ဘုရားသခင်နှင့် လောကကို ခွဲခြားသွားစေလိမ့်မည်ဟု ရှင်ယာကုပ် ဆိုထားပါသည်။ ရှင်ယာကုပ် ၁:၈ ၏ ဘာသာပြန်ဆိုမှု တစ်ချို့တွင် သစ္စာစောင့်သိခြင်းကို အတွေးနှစ်ထပ်လို့ အဓိပ္ပါယ်ဖြစ်စေပါတယ်။ ၎င်းသည် ဂရိဘာသာစကားက ဆင်းသက်လာပြီး စိတ်နှစ်ခု ဖြစ်ခြင်းကို ဆိုလိုသည်။ ဆန့်ကျင့်ဘက် လားရာတွင်ဆွဲအားဖြစ်သည်။ မပြတ်သားနိုင်ခြင်း ၊ ရှေ့နောက် ယိမ်းယိုင်နေ ခြင်းဖြစ်သည်။
သင့်ကိုယ်သင် အမြဲတမ်း စိတ် နှစ်ခွဖြင့် ခန့်မှန်းနေပါလျှင် ဘုရားသခင်ထံမှ ဉာဏ်ပညာကို မမျှော်လင့်ပါနှင့်လို့ ရှင်ယာကုပ် ဆိုထားပါတယ်။
စိတ်နှစ်ခွရှိခြင်းက မသေချာတဲ့ ဝိညာဉ်ရေးရာ အသက်တာကို ဖြစ်ပေါ်စေပါတယ်။ ၎င်းသည် သင်၏ ဆုတောင်းခြင်းကို အဟန့်အတားဖြစ်စေပြီး ဘုရားသခင်ဆီမှာ ဉာဏ်ပညာ ရရှိဖို့ရန်လည်း ကင်းဝေးစေပါတယ်။
ဘုရားသခင်သည် သင့်အား ဉာဏ်ပညာပေးချင်ပါတယ်။  မသေချာ မရေရာသည့် အချိန်- အချိန်တိုင်းတွင် ဘုရားသခင်ကို အပြည့်အဝ ယုံကြည်ကိုးစားပါလျှင် အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်ကို ချဖို့ရန် သင်၌လိုအပ် သော အရာအားလုံးတို့ကို ဘုရားသခင် ပေးပါလိမ့်မည်။
 ဆင်ခြင်ရန်
- မည်သို့သော အချိန်တွင် သင်၏ဆုံးဖြတ်ချက်ကို သံသယဝင်ပါသနည်း။ သင်ဘာကို တွေးမြင်လို့ ၎င်းသံသယကို ဖြစ်စေပါသနည်း။
- သင်၌ ဘုရား၏ ဉာဏ်ပညာရှိစေဖို့ရန် ဘုရားမည်သို့ ပြုပါသနည်း။
- ဆုံးဖြတ်ချက်မပြုခင်မှာ ဘုရားသခင်ဆီမှာ ဉာဏ်ပညာကို ရှာဖို့ရန် သတိရခြင်းကို အကူအညီဖြစ်စေရန် ယခုတစ်ပတ်တွင် မည်သို့သော ခြေလှမ်းကို သင်စတင်နိုင်ပါမည်နည်း။
---------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်