နူညံ့သိမ်မွေ့ခြင်းသည် ပဋိပက္ခတွေကို
ငြိမ်သက်သွားစေသည်။
သုတ္တံကျမ်း ၁၅:၁ “ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။ ”
တစ်စုံတစ်ယောက်က သင့်ကို ဆန့်ကျင်ပြီး အသံကိုမြှင့်တင်သကဲ့သို့ သင်သည်လည်း သင်၏အသံကို မြှင့်တင်ခြင်း ဖြင့် တုံ့ပြန်သောအရာသည် သာမာန်မြင်နေကျ တစ်ခုဖြစ်ပါတယ်။ အဲဒီနောက် အဲဒီလူက သူ၏အသံကို ပိုမို မြှင့်စေတဲ့ခါ သင်သည်လည်း သင်၏အသံကို ပိုပြီး မြှင့်လာအောင်ပြုပါသည်။ ဒီတော့ အခြေအနေက အရှိန်မြှင့် တက်လာပြီ ဖြစ်သည်။
ကျွန်ုပ်တို့၏ ဉီးနှောက်ရှိ ပုံရိပ်ထင်တဲ့ အာရုံခံတွေက တခြားသူတွေနှင့် ထပ်တူခံစားမှုပြုဖို့ရန် အစွမ်းတွေပေး သောကြောင့် ကျွန်ုပ်တို့ ဤသို့ပြုသည်ဟု သိပ္ပံပညာရှင်တစ်ချို့က အဆိုပြုကြပါတယ်။ သို့ပေမဲ့ အတားအဆီး မရှိသော ကျွန်ုပ်တို့၏ ဒေါသနှင့် တစ်စုံတစ်ယောက်နှင့် အငြင်းအခုံပြုမူတို့တွင် ဆန့်ကျင်လိုသော အရာတို့ကို အဲဒီပုံရိပ်ထင်တဲ့ အာရုံခံတွေဆီ ကျွန်ုပ်တို့ ပို့ဆောင်နိုင်သည်။
သင့်အသက်တာရှိ ပဋိပက္ခတွေနှင့် ခေါင်းကိုက်စရာများမှ ကယ်တင်နိုင်သည့် အကြံလေးတစ်ခု ကျွန်ုပ်ပေးပါရစေ။ တခြားသောသူက သူ၏အသံကို မြှင့်လိုက်တဲ့အခါမှာ သင်၏အသံကို နှိမ့်လိုက်ပါ။ အိမ်ထောင်ရေးမှာဘဲဖြစ်ဖြစ် ၊ အုပ်ထိန်းခြင်းအရာမှာဘဲ ဖြစ်ဖြစ် ၊ ပေါင်းသင်းဆက်ဆံရေး နှင့် လုပ်ငန်းခွင်မှာဘဲဖြစ်ဖြစ် အသံကို နှိမ့်လိုက်ပါ။ ဤအရာကို “ထိန်းချုပ်မှု အောက်က အစွမ်း” လို့ ခေါ်ပါတယ်။
သမ္မာကျမ်းစာက
ဆိုထားသည်မှာ သုတ္တံကျမ်း ၁၅:၁ “ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။ ”
နူးညံ့သိမ်မွေ့ခြင်းက ပဋိပက္ခတွေ ၊ အခြေအနေ တင်းမာမှုတွေိကို ထိန်းသိမ်းပေးပါတယ်။ ဒေါသတွေကို လျော့ချ ပေးပါတယ်။
တစ်စုံတစ်ယောက်က သူ၏အသံကို ဒေါသဖြင့် မြှင့်တင်လိုက်တဲ့အခါမှာ ပြန်လည်
ထိုးနှက်ဖို့ထက် နူးညံ့သိမ် မွေ့မှုကို ပျိုးထောင်ပါ။ သင်၏နူးညံ့ခြင်းကို တခြားသူတွေကို
နှုတ်ပိတ်စေခြင်း ၊ လက်နက်သိမ်းစေခြင်း နှင့် အခြေအနေကို တဖြည်းဖြည်းလျော့ကျစေခြင်း
ဖြစ်စေပါ။
ဆင်ခြင်ရန်
- နူးညံ့သိမ်မွေးခြင်းထက်
ဒေါသထွက်ခြင်းဖြင့် တုံ့ပြန်ခြင်းသည် ဘာကြောင့်များ စိတ်ပျက်စရာ ဖြစ်တယ်လို့ သင်ထင်မြင်ပါသနည်း။
-အငြင်းအခုံတစ်ခု၌ သင်အရှိန်မြှင့့်တက်လာခြင်းအပေါ်
မည်ကဲ့သို့ အထိမခံသောသူ ၊ ထိခိုက်လွယ်သောသူ ဖြစ်လာနိုင်သနည်း။
---------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်
-အငြင်းအခုံတစ်ခု၌ သင်အရှိန်မြှင့်တက်လာခြင်းအပေါ် မည်ကဲ့သို့ အထိမခံသောသူ ၊ ထိခိုက်လွယ်သောသူ ဖြစ်လာနိုင်သနည်း။