ဆုတောင်းခြင်းက မည်ကဲ့သို့ အကျိုးရှိပါသနည်း။ How Does Prayer Work?

Unicode Version

ဆုတောင်းခြင်းက မည်ကဲ့သို့ အကျိုးရှိပါသနည်း။

ရှင်ယောဟန် ပဌစောင် ၅:၁၄-၁၅ “ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်း အကြောင်းဟူမူကား၊ ငါတို့သည်အလိုတော်နှင့်အညီ တစုံတခုသောဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။  ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင်၊ အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟုသိရကြ၏။

 ဆုတောင်းခြင်းက တကယ်ဘဲ အကျိုးရှိသလားလို့ သင်စဉ်းစားဖူးပါသလား။ စာတန်ကတော့ သင့်ကို တီးတိုးသံဖြင့် “ဆုတောင်းတယ်ဆိုတာ အချိန်ဖြုန်းတာဖြစ်တယ်။ မေ့ထားလိုက်တော့။ သင့်ကိုယ်သင် ဘာထင်နေတာလဲ ၊ သင်ဘာလုပ်နေသလဲဆိုတာကို သင်သိရဲ့လား။ ဘုရားသခင်က နားထောင်မှာတောင် မဟုတ်ဘူး”။ ပြောကောင်းပြောမည်။

 သို့ပေမဲ့ ဘုရားသခင် ထိန်းချုပ်တဲ့အတွက်ကြောင့် ဆုတောင်းခြင်းက အကျိုးရှိတယ်ဆိုတာကို သမ္မာကျမ်းစာက ဆိုထားပါတယ်။

တကယ်တော့ အံ့ဩဖွယ်ရာ လက္ခဏာအားလုံး၏ အခြေခံအကြောင်းရင်းသည် ဘုရားသခင်၏ အချုပ်အခြာ အာဏာဖြစ်ပါတယ်။ ၎င်းက ဘယ်လိုအဓိပ္ပါယ်လဲ။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်းကို ပိုင်ဆိုင်သော အနန္တဘုန်းတန်ခိုးနှင့် ပြည့်စုံသောသူဖြစ်သည်။ ဒါကြောင့် သူ၏ ဉာဏ်ပညာနှင့် ကောင်းမြတ်ခြင်းကို ကျွန်ုပ်တို့ ယုံကြည်ကိုးစားတတ်လာသည်။  ဒါကြောင့်လည်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရက်ရောသော သဘောနှင့် ချစ်ခြင်းမေတ္တာအကြောင်းတွေကို ပိုမို လေ့လာသင်ယူကြပါတယ်။

 ကျွန်ုပ်တို့အခြေအနေပေါ် လုပ်ဆောင်ခြင်းတွေထက်ကို ပိုမိုကောင်းမွန်တဲ့ အမြင်တွေ ဘုရားသခင်၌ ရှိကြောင်းကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ပြီး ယုံကြည်ခြင်း၌ ရင်ကျက်လာပါတယ်။ ဆာလံ ၃၃:၁၁ “ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍၊ စိတ်နှလုံးတော်၏ အကြံအစည် တို့သည် သားစဉ်မြေဆက် အဆုံးတိုင် အောင်တည်ကြ လိမ့်မည်။ 

 ဘုရားသခင်၏ အကန့်အသတ်မရှိ ကြွယ်ဝမှုတွေက သင့်အတွက် ရှိနေပါတယ်။ ဓမ္မသစ်ကျမ်းတွင် အကြိမ်ပေါင်း ၂၀ တိုင် ဆိုထားသည်မှာ “တောင်းလော့” ဆိုတဲ့စကားလုံးဖြစ်သည်။

ကျွန်ုပ်တို့ လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်သောအရာတွေသည် ဘုရားသခင်၏ ထိန်ချုပ်မှုအောက်တွင် ရှိနေကြောင်းကို သိရခြင်းက အားတက်စရာ မဟုတ်လား။ အခြေအနေတွေကို ပြောင်းလဲဖို့ရန် သင်မတတ်စွမ်းနိုင် ပေမဲ့လည်း သင်ဆုတောင်းနိုင်ပြီး ဘုရားသခင်က ၎င်းကို ပြောင်းလဲပေးနိုင်ပါသည်။

 ဘုရားသခင်က အရာအားလုံးကို တကယ်ဘဲ ထိန်းချုပ်နိုင်ပါလျှင် ၊ ကျွန်ုပ် ဘုရားသခင်ထံ ပြောင်းလဲမှုအတွက် ဆုတောင်းနိုင်တယ်ဆိုလျှင် ကျွန်ုပ်တောင်းသမျှသော ဆုတောင်းအားလုံးကို ဘာကြောင့်မရပါသနည်း” လို့ သင်တွေးကောင်း တွေးနေမည်။ အကြောင်းရင်း (၃) ချက်ရှိပါတယ်။

 (၁)ဘုရားသခင်သည် စွမ်းအားရှင်ဝိဇ္ဇာမဟုတ်ပါ။

ကျွန်ုပ်တို့ ဆုတောင်းလို့ လိုချင်တာရမည်လို့ မဆိုလိုပါ။ ဆုတောင်းချက်အားလုံး ဖြေကြားခြင်းခံရပါလျှင် ကျွန်ုပ်တို့သည် ပျက်စီးသော ဆိုးညစ်သူတွေ ဖြစ်ကြပြီးပေါ့။ သင်က မိဘနေရာမှာ ရှိတဲ့အခါ သင်၏ ကလေးတွေ တောင်းသမျှတို့ကို ပေးမည်လား။ မဖြစ်နိုင်ပါ။ အရွယ်ရောက်ပြီးသော သူတစ်ဉီးအနေဖြင့် ကလေးတွေအတွက် အကောင်းဆုံးဆိုသောအရာတွေကို သင်သိပါတယ်။ သင်၌ပိုပြီးကြီးတဲ့ အမြင်တွေရှိနေပါတယ်။ ကလေးတွေအတွက် ကျွန်ုပ်တို့က ပိုပြီး အမြင်ကြီးတယ်ဆိုလျှင် ကျွန်ုပ်တို့အတွက် ဘုရားသခင်မြင်တဲ့အရာက ဘယ်လောက်တောင် ကြီးမားနေမလဲ။

 (၂) တစ်ခါတစ်ရံ ခရစ်ယာန်တို့သည် ပဋိပက္ခများ ၊ ကွဲလွဲမှုများတွင် ဆုတောင်းကြသည်။

တစ်ခါတစ်ရံ ခရစ်ယာန်တို့သည် တူညီတဲ့အရာတွေနှင့်ပတ်သက်၍ ဆုတောင်းနေကြသော်လည်း မတူညီသော ရလဒ် တွေအတွက် ဆုတောင်းကြပါတယ်။ ဘယ်ဆုတောင်းက ဘုရားထံအဖြေရရှိဖို့ရန် ရောက်သွားမည်နည်း။ ဘုရားသခင်သည် တစ်ချိန်တည်းမှာ တူညီသောအရာတိုင်းကို အဖြေမပေးပါ။

 (၃) ကျွန်ုပ်တို့ မသိတဲ့ အကောင်းဆုံးသောအရာကို ဘုရားသခင် သိပါတယ်။

သမ္မာကျမ်းစာကို ဆိုထားသည်မှာ ရှင်ယောဟန် ပဌစောင် ၅:၁၄-၁၅ “ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်း အကြောင်းဟူမူကား၊ ငါတို့သည်အလိုတော်နှင့်အညီ တစုံတခုသောဆုကို တောင်းလျှင်၊ ဘုရားသခင် သည် နားထောင်တော်မူ၏။  ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင်၊ အထံ တော်၌ တောင်းသောဆုတို့ကို ရမည်ဟုသိရကြ၏။

သခင်ခရစ်တော်၏ ဆုတောင်းချက်ကား - ရှင်လုကာ ၂၂:၄၂ “အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။ 

ဆုတောင်းခြင်းသည် အကျိုးရှိပါသည်။ သင်၏အချိန်ကို ဖြုန်းတီးခြင်း မဟုတ်ပါဘူး။ ဘုရားသခင်သည် ထိန်းချုပ်မှု ရှိပါသည်။ သင်၏ ဆုတောင်းချက်ကို ဘုရားသခင် နားထောင်လိုပါသည်။ သူနားထောင်နေပါတယ်။

 

ဆင်ခြင်ရန်

- ရှင်ယောဟန် ပဌမစောင် ၅:၁၄-၁၅ တွင်ဖော်ပြသည်အတိုင်း ဘုရားသခင်၏ အလိုတော်အတိုင်း တောင်းလျှောက်ဖို့ရန် ဆိုတာ မည်သို့သော အဓိပ္ပါယ်နည်း။

- ဘုရားသခင်သည် နားထောင်နေကြောင်းနှင့် ဆုတောင်းခြင်းသည် အကျိုးဖြစ်ထွန်းကြောင်း သင့်အား ဘုရားသခင် မည်သို့ပြသခဲ့ပါသနည်း။

- ဘုရားသခင် နားညောင်းတော်မူကြောင်း နှင့် သူဖြေကားမည်ဖြစ်ကြောင်းကို သိရသဖြင့် သင်၏ဆုတောင်း ချက်များသည် မည်သို့ ပြောင်းလဲနိုင်သနည်း။


---------------------------------------------------------------------------

Zawgyi Version

ဆုေတာင္းျခင္းက မည္ကဲ့သို႔ အက်ိဳးရွိပါသနည္း။
ရွင္ေယာဟန္ ပဌေစာင္ ၅:၁၄-၁၅ “ငါတို႔သည္ ဘုရားသခင့္အထံေတာ္၌ ရဲရင့္ျခင္း အေၾကာင္းဟူမူကား၊ ငါတို႔သည္အလိုေတာ္ႏွင့္အညီ တစုံတခုေသာဆုကို ေတာင္းလွ်င္၊ ဘုရားသခင္သည္ နားေထာင္ေတာ္မူ၏။  ဆုေတာင္းသမွ်ေသာစကားတို႔ကို နားေထာင္ေတာ္မူသည္ကို ငါတို႔သိလွ်င္၊ အထံေတာ္၌ ေတာင္းေသာဆုတို႔ကို ရမည္ဟုသိရၾက၏။”


ဆုေတာင္းျခင္းက တကယ္ဘဲ အက်ိဳးရွိသလားလို႔ သင္စဥ္းစားဖူးပါသလား။ စာတန္ကေတာ့ သင့္ကို တီးတိုးသံျဖင့္ “ဆုေတာင္းတယ္ဆိုတာ အခ်ိန္ျဖဳန္းတာျဖစ္တယ္။ ေမ့ထားလိုက္ေတာ့။ သင့္ကိုယ္သင္ ဘာထင္ေနတာလဲ ၊ သင္ဘာလုပ္ေနသလဲဆိုတာကို သင္သိရဲ႕လား။ ဘုရားသခင္က နားေထာင္မွာေတာင္ မဟုတ္ဘူး”။ ေျပာေကာင္းေျပာမည္။

သို႔ေပမဲ့ ဘုရားသခင္ ထိန္းခ်ဳပ္တဲ့အတြက္ေၾကာင့္ ဆုေတာင္းျခင္းက အက်ိဳးရွိတယ္ဆိုတာကို သမၼာက်မ္းစာက ဆိုထားပါတယ္။ 
တကယ္ေတာ့ အံ့ဩဖြယ္ရာ လကၡဏာအားလုံး၏ အေျခခံအေၾကာင္းရင္းသည္ ဘုရားသခင္၏ အခ်ဳပ္အျခာ အာဏာျဖစ္ပါတယ္။ ၎က ဘယ္လိုအဓိပၸါယ္လဲ။ ဆိုလိုသည္မွာ ဘုရားသခင္သည္ ေကာင္းကင္ႏွင့္ ေျမႀကီးေပၚရွိ အရာခပ္သိမ္းကို ပိုင္ဆိုင္ေသာ အနႏၲဘုန္းတန္ခိုးႏွင့္ ျပည့္စုံေသာသူျဖစ္သည္။ ဒါေၾကာင့္ သူ၏ ဉာဏ္ပညာႏွင့္ ေကာင္းျမတ္ျခင္းကို ကြၽႏ္ုပ္တို႔ ယုံၾကည္ကိုးစားတတ္လာသည္။  ဒါေၾကာင့္လည္း ကြၽႏ္ုပ္တို႔သည္ ဘုရားသခင္၏ ရက္ေရာေသာ သေဘာႏွင့္ ခ်စ္ျခင္းေမတၱာအေၾကာင္းေတြကို ပိုမို ေလ့လာသင္ယူၾကပါတယ္။

ကြၽႏ္ုပ္တို႔အေျခအေနေပၚ လုပ္ေဆာင္ျခင္းေတြထက္ကို ပိုမိုေကာင္းမြန္တဲ့ အျမင္ေတြ ဘုရားသခင္၌ ရွိေၾကာင္းကို ကြၽႏ္ုပ္တို႔ နားလည္သေဘာေပါက္ၿပီး ယုံၾကည္ျခင္း၌ ရင္က်က္လာပါတယ္။ ဆာလံ ၃၃:၁၁ “ထာဝရဘုရား၏ ျပဌာန္းေတာ္မူျခင္းသည္ ကာလအနႏၲႏွင့္ဆိုင္၍၊ စိတ္ႏွလုံးေတာ္၏ အႀကံအစည္ တို႔သည္ သားစဥ္ေျမဆက္ အဆုံးတိုင္ ေအာင္တည္ၾက လိမ့္မည္။ ”

ဘုရားသခင္၏ အကန႔္အသတ္မရွိ ႂကြယ္ဝမႈေတြက သင့္အတြက္ ရွိေနပါတယ္။ ဓမၼသစ္က်မ္းတြင္ အႀကိမ္ေပါင္း ၂၀ တိုင္ ဆိုထားသည္မွာ “ေတာင္းေလာ့” ဆိုတဲ့စကားလုံးျဖစ္သည္။ 
ကြၽႏ္ုပ္တို႔ လုပ္ေဆာင္ႏိုင္စြမ္းထက္ ေက်ာ္လြန္ေသာအရာေတြသည္ ဘုရားသခင္၏ ထိန္ခ်ဳပ္မႈေအာက္တြင္ ရွိေနေၾကာင္းကို သိရျခင္းက အားတက္စရာ မဟုတ္လား။ အေျခအေနေတြကို ေျပာင္းလဲဖို႔ရန္ သင္မတတ္စြမ္းႏိုင္ ေပမဲ့လည္း သင္ဆုေတာင္းႏိုင္ၿပီး ဘုရားသခင္က ၎ကို ေျပာင္းလဲေပးႏိုင္ပါသည္။

“ဘုရားသခင္က အရာအားလုံးကို တကယ္ဘဲ ထိန္းခ်ဳပ္ႏိုင္ပါလွ်င္ ၊ ကြၽႏ္ုပ္ ဘုရားသခင္ထံ ေျပာင္းလဲမႈအတြက္ ဆုေတာင္းႏိုင္တယ္ဆိုလွ်င္ ကြၽႏ္ုပ္ေတာင္းသမွ်ေသာ ဆုေတာင္းအားလုံးကို ဘာေၾကာင့္မရပါသနည္း” လို႔ သင္ေတြးေကာင္း ေတြးေနမည္။ အေၾကာင္းရင္း (၃) ခ်က္ရွိပါတယ္။

(၁)ဘုရားသခင္သည္ စြမ္းအားရွင္ဝိဇၨာမဟုတ္ပါ။ 
ကြၽႏ္ုပ္တို႔ ဆုေတာင္းလို႔ လိုခ်င္တာရမည္လို႔ မဆိုလိုပါ။ ဆုေတာင္းခ်က္အားလုံး ေျဖၾကားျခင္းခံရပါလွ်င္ ကြၽႏ္ုပ္တို႔သည္ ပ်က္စီးေသာ ဆိုးညစ္သူေတြ ျဖစ္ၾကၿပီးေပါ့။ သင္က မိဘေနရာမွာ ရွိတဲ့အခါ သင္၏ ကေလးေတြ ေတာင္းသမွ်တို႔ကို ေပးမည္လား။ မျဖစ္ႏိုင္ပါ။ အ႐ြယ္ေရာက္ၿပီးေသာ သူတစ္ဉီးအေနျဖင့္ ကေလးေတြအတြက္ အေကာင္းဆုံးဆိုေသာအရာေတြကို သင္သိပါတယ္။ သင္၌ပိုၿပီးႀကီးတဲ့ အျမင္ေတြရွိေနပါတယ္။ ကေလးေတြအတြက္ ကြၽႏ္ုပ္တို႔က ပိုၿပီး အျမင္ႀကီးတယ္ဆိုလွ်င္ ကြၽႏ္ုပ္တို႔အတြက္ ဘုရားသခင္ျမင္တဲ့အရာက ဘယ္ေလာက္ေတာင္ ႀကီးမားေနမလဲ။

(၂) တစ္ခါတစ္ရံ ခရစ္ယာန္တို႔သည္ ပဋိပကၡမ်ား ၊ ကြဲလြဲမႈမ်ားတြင္ ဆုေတာင္းၾကသည္။ 
တစ္ခါတစ္ရံ ခရစ္ယာန္တို႔သည္ တူညီတဲ့အရာေတြႏွင့္ပတ္သက္၍ ဆုေတာင္းေနၾကေသာ္လည္း မတူညီေသာ ရလဒ္ ေတြအတြက္ ဆုေတာင္းၾကပါတယ္။ ဘယ္ဆုေတာင္းက ဘုရားထံအေျဖရရွိဖို႔ရန္ ေရာက္သြားမည္နည္း။ ဘုရားသခင္သည္ တစ္ခ်ိန္တည္းမွာ တူညီေသာအရာတိုင္းကို အေျဖမေပးပါ။

(၃) ကြၽႏ္ုပ္တို႔ မသိတဲ့ အေကာင္းဆုံးေသာအရာကို ဘုရားသခင္ သိပါတယ္။
သမၼာက်မ္းစာကို ဆိုထားသည္မွာ ရွင္ေယာဟန္ ပဌေစာင္ ၅:၁၄-၁၅ “ငါတို႔သည္ ဘုရားသခင့္အထံေတာ္၌ ရဲရင့္ျခင္း အေၾကာင္းဟူမူကား၊ ငါတို႔သည္အလိုေတာ္ႏွင့္အညီ တစုံတခုေသာဆုကို ေတာင္းလွ်င္၊ ဘုရားသခင္ သည္ နားေထာင္ေတာ္မူ၏။  ဆုေတာင္းသမွ်ေသာစကားတို႔ကို နားေထာင္ေတာ္မူသည္ကို ငါတို႔သိလွ်င္၊ အထံ ေတာ္၌ ေတာင္းေသာဆုတို႔ကို ရမည္ဟုသိရၾက၏။”

သခင္ခရစ္ေတာ္၏ ဆုေတာင္းခ်က္ကား - ရွင္လုကာ ၂၂:၄၂ “အိုအဘ၊ အလိုေတာ္ရွိလွ်င္ ဤခြက္ကို အကြၽႏ္ုပ္မွ လႊဲေတာ္မူပါ။ သို႔ေသာ္လည္း အကြၽႏ္ုပ္အလိုရွိသည္အတိုင္း မျဖစ္ပါေစႏွင့္။ ကိုယ္ေတာ္အလိုရွိသည္အတိုင္း ျဖစ္ပါေစေသာဟု ဆုေတာင္းေတာ္မူ၏။ ”

ဆုေတာင္းျခင္းသည္ အက်ိဳးရွိပါသည္။ သင္၏အခ်ိန္ကို ျဖဳန္းတီးျခင္း မဟုတ္ပါဘူး။ ဘုရားသခင္သည္ ထိန္းခ်ဳပ္မႈ ရွိပါသည္။ သင္၏ ဆုေတာင္းခ်က္ကို ဘုရားသခင္ နားေထာင္လိုပါသည္။ သူနားေထာင္ေနပါတယ္။

ဆင္ျခင္ရန္
- ရွင္ေယာဟန္ ပဌမေစာင္ ၅:၁၄-၁၅ တြင္ေဖာ္ျပသည္အတိုင္း ဘုရားသခင္၏ အလိုေတာ္အတိုင္း ေတာင္းေလွ်ာက္ဖို႔ရန္ ဆိုတာ မည္သို႔ေသာ အဓိပၸါယ္နည္း။ 
- ဘုရားသခင္သည္ နားေထာင္ေနေၾကာင္းႏွင့္ ဆုေတာင္းျခင္းသည္ အက်ိဳးျဖစ္ထြန္းေၾကာင္း သင့္အား ဘုရားသခင္ မည္သို႔ျပသခဲ့ပါသနည္း။ 
- ဘုရားသခင္ နားေညာင္းေတာ္မူေၾကာင္း ႏွင့္ သူေျဖကားမည္ျဖစ္ေၾကာင္းကို သိရသျဖင့္ သင္၏ဆုေတာင္း ခ်က္မ်ားသည္ မည္သို႔ ေျပာင္းလဲႏိုင္သနည္း။