Unicode Version
ကျွန်ုပ်ကောင်းကင်ဘုံသို့ သွားရလိမ့်မည်ကို မည်ကဲ့သို့သေချာသိနိုင်ပါသနည်း။
(By Laura Bailey )
ကောင်းကင်ဘုံသို့
သင်သွားရမလား ၊ မသွားရဘူးလားဆိုပြီး သိချင်နေပါသလား။ သင်၏ အပြစ်က သင့်ကို ဝေးကွာစေလိမ့်မည်ကို
စိုးရိမ်ခဲ့ပါသလား။ ကပ်ရောဂါ နှင့် ဆူပူအုံကြွမှုများ၏ စိတ်ဖိစီးမှုတွေ မရှိသေးရင်တောင်မှ
ဤမေးခွန်းတွေက လူတွေအပေါ်မှာ အင်မတန် ဝန်ပိစေပါတယ်။
သင်
သေဆုံးပြီးနောက်တွင် ဘုရားသခင်နှင့်အတူ ရှိလိမ့်မည် ဆိုတာကို သင်သိနိုင်တယ်လို့ သမ္မာကျမ်းစာ
ဆိုပါတယ်။ ရောမ ၁၀:၉ “အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင်
ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌
ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ”
သခင်ခရစ်တော်၌ရှိသော
မျှော်လင့်ခြင်း အကြောင်းကို အားလုံးသော ကိုးကွယ်မှု အယူဝါဒ ရှိတဲ့သူတွေဆီ ဝေငှရင်းအသက်တာတစ်လျှောက်
လုပ်ဆောင်သော ဓမ္မဆရာ တစ်ဉီးဖြစ်တဲ့ Billy Graham ဆိုထားသည်မှာ “သင်၏ ကယ်တင်ခြင်းသည် သခင်ခရစ်တော်အတွက် သင်ပြုသောအရာပေါ်မတည်ပါ။
သခင်ခရစ်တော် ကိုယ်တိုင် သင့်အတွက် လုပ်ဆောင်ခဲ့ပြီးသောအရာပေါ် တည်ပါသည်။” ဘုရားသခင်ကို
ဆုပ်ကိုင်ထားခြင်းက သင်အား ကယ်တင်ခြင်းမရစေပါ။ သင့်အား ဘုရားဆုပ်ကိုင်ထားမှသာ ရပါမည်။
ကယ်တင်ခြင်းက
အခမဲ့ဖြစ်တယ် ။ ဘုရားရှင် သင့်အား ပေးထားတဲ့ ဆုကျေးဇူးလက်ဆောင်တွေမှာ တန်ဖိုးတွေ မကပ်ထားပါဘူး။
သို့ပေမဲ့ တခြားသော လက်ဆောင်တွေကဲ့သို့ပင် ရေးသားထားမှုတော့ ရှိပါသည်။ “ကျွန်ုပ်တို့ လက်လှမ်းမှီပြီး လက်ခံမှု မပြုသေရွေ့ ကယ်တင်ခြင်းက
ကျွန်ုပ်တို့အတွက် မဟုတ်ပါ” သို့ပေမဲ့ ဘယ်လိုအဓိပ္ပါယ် မျိုးလဲ။ အထူးသဖြင့်
လူတစ်ဉီးတစ်ယောက်၏ ကောင်းမှုကုသိုလ် ပေါ်မူတည်ပြီး နိစ္စထာဝရကို တက်လှမ်းခြင်းလို့
သွန်သင်တဲ့ ယုံကြည်သူတွေအတွက် ဘယ်လိုအဓိပ္ပါယ်မျိုးလဲ။
တစ်ခုတော့ရှိပါတယ်။
ကယ်တင်ခြင်းက ရယူလို့တော့မရနိုင်ပါ။ ဧဖက် ၂:၈-၉ “ယုံကြည်သောအားဖြင့်
ကျေးဇူးတော် ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင်
သနားတော်မူ ရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။
သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။”
ဘုရားသခင်သည်
သခင်ခရစ်တော်ကို ကျွန်ုပ်တို့၏ အပြစ်အားလုံးအတွက် ကားတိုင်ပေါ်တွင် အသေခံဖို့ရန် လောကသို့
စေလွှတ်ခဲ့ပါတယ်။ ဘုရားသခင်၏ ကျေးဇူးတော်သည် ကျွန်ုပ်တို့၏ အပြစ်တို့ကို ဖုံးအုပ်လိုက်ပါတယ်။
သင်က ချစ်စရာကောင်းတဲ့သူဖြစ်နိုင်ပါတယ်၊ သူတော်ကောင်း (သို့) စေတနာ့ ဝန်ထမ်း ဖြစ်ကောင်းဖြစ်မည်။
သို့ပေမဲ့ သင်ဘယ်တော့မှ လုံလောက်စွာ မကောင်းနိုင်ပါ။
ကျွန်ုပ်တို့အားလုံးသည် အပြစ်တရားဖြင့် မွေးဖွားလာကြပါတယ်။ ဒါကြောင့် သခင်ခရစ်တော်၏
စွန့်လွှတ်အနစ်နာခံယူခြင်းသည် ကျွန်ုပ်တို့၏အပြစ်တွေကို သန့်စင်သွားစေသည့် တစ်ခုတည်းသော
ဖြေရှင်းနည်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့တွေသည် သန့်ရှင်း စင်ကြယ်သော ဘုရားသခင်နှင့်အတူ
ကောင်းကင်ဘုံတွင် အတူရှိနေနိုင်ပါသည်။
၎င်းသည်
ဘုရားသခင်၏ ခွင့်လွှတ်မှုကို ကျွန်ုပ်တို့ဘယ်တော့မှ တောင်းဆိုစရာ မလိုဘူးဆိုတဲ့ အဓိပ္ပါယ်
မဟုတ်ပါ။ အတော်လေးကို ဆန့်ကျင်မှုဖြစ်ပါတယ်။ ကျွန်ုပ်တို့ တောင်းဆိုရမည်။ ပြီးတော့
သခင်ခရစ်တော်ဆီ ဆုတောင်း ခြင်းအားဖြင့် တိုက်ရိုက်သွားနိုင်ပါသည်။
“နေ့ရက်တိုင်း၏ အဆုံး၌ ဘုရားသခင်ထံ ခွင့်လွှတ်မှု
တောင်းခံနေခြင်းသည် ချီးကျူးဖွယ်ဖြစ်ပြီး အမြော်အမြင်ရှိပါတယ်” Billy Graham လို့ ပြောပါတယ်။
သူကိုယ်တိုင်လည်း အမြဲတမ်း သူ့အသက်တာတွင် ကြိုးစားပြီး ကျင့်သုံးနေသောအရာဖြစ်ပါတယ်။
ခွင့်လွှတ်မှု တောင်းခံပြီးတဲ့နောက်တွင် သင့်ကိုယ်သင် အပြစ်ကင်းလွှတ်တဲ့အသက်တာနဲ့
နေထိုင်နိုင်ပါသလား။ သခင်ခရစ်တော်နှင့် ရင်းနှီးကျွမ်းဝင်ပါလျှင် အပြစ်ကင်းလွှတ်တဲ့အသက်တာနဲ့ နေထိုင်နိုင်ဖို့ လုံးဝသေချာပါသည်။
သခင်ခရစ်တော်သည် လွှတ်မြောက်ခြင်းဖြစ်သည်။
၎င်းသည်
ကိုယ့်ကိုကိုယ် စင်ကြယ်အောင်ပြုခြင်းကြောင့် ကယ်တင်သောအရာမဟုတ်ပါ။ သခင်ခရစ်တော်၌ တည်သော
ယုံကြည်ခြင်းကြောင့်သာ ကယ်တင်ခြင်းဖြစ်သည်။ ကောင်းကျိုးဆိုးပြစ်ကို
သိရှိပြီး ကိုယ့်ကိုကိုယ် စင်ကြယ်သောစိတ်သည် ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေးရှိလာခြင်း၏
အကျိုးရလဒ်ဖြစ်သည်။”
ဤအရာက
မည်ကဲ့သို့ ဖြစ်လာသနည်း။ သားတော် သခင်ခရစ်တော်ကို သင်၏စိတ်နှလုံးသားထဲဖိတ်ခေါ်ဖို့ရန်
တောင်းဆိုခြင်း အဓိပ္ပါယ်ဖြစ်ပါတယ်။ သခင်ခရစ်တော်အား သင်၏ ကယ်တင်ပိုင်ရှင် ၊ သင်၏ ထာဝရဘုရား
အဖြစ် တစ်ဉီးချင်းစီတိုင်း လက်ခံဖို့ဖြစ်ပါတယ်။ သင် ၊ သင်တစ်ဉီးတည်း စိတ်နှလုံးဆိတ်ငြိမ်ချိန်တွင်
(Quiet time) ၎င်းဆုံးဖြတ်ချက်ကို ပြုဖို့ ဖြစ်ပါတယ်။
ဘုရားသခင်ထံ
ခွင့်လွှတ်ခြင်း နှင့် ငြိမ်သက်ခြင်းကို ရှာဖွေတဲ့အခါမှာ အောက်ပါ အချက်တွေကို အဆင့်လိုက်
လုပ်ဆောင်ပြီး ဆုတောင်းချက်တွေကို လမ်းညွှန်အဖြစ် အသုံးပြုပါ။
-
သင်၏ အပြစ်တွေကို ဝန်ခံပါ။
-
နောင်တရပါ။ (အပြစ်တွေကနေ လှည့်ထွက်ပြီး အတိတ်ကအပြစ်တွေကို စွန့်လွှတ်လိုက်ပါ)
-
သင့်အတွက် သခင်ခရစ်တော် ကားတိုင်ပေါ် အသေခံသွားခဲ့သည်ကို ယုံကြည်ပါ။
-
သင်၏စိတ်နှလုံးနှင့် အသက်တာသို့ သခင်ခရစ်တော် ဝင်ရောက်လာဖို့ရန် တောင်းလျှောက်ပါ။
ဆုတောင်းရန်
“အဖဘုရားသခင်
.. ကျွန်ုပ်သည် အပြစ်သားဖြစ်သည်ကို သိရှိပါ၏။ အဖဘုရား၏ ခွင့်လွှတ်မှုကို တောင်းခံပါ၏။
သခင်ခရစ်တော်သည် အဖဘုရား၏သားတော်ဖြစ်ကြောင်းကျွန်ုပ်ယုံကြည်ပါသည်။ ကျွန်ုပ်၏ အပြစ်အတွက် သခင်ခရစ်တော် အသေခံခဲ့ပြီး
သူ့အား ဘုရားရှင် အသက်ရှင်ပြန်ထမြောက်စေတယ်ဆိုတာကို ကျွန်ုပ် ယုံကြည်ပါသည်။ ယခုမှစ၍
သခင်ခရစ်တော်အား ကျွန်ုပ်၏ ကယ်တင်ရှင်အဖြစ် ယုံကြည်ချင်ပြီး အရှင်သခင် အဖြစ် နောက်တော်သို့
လိုက်ချင်ပါသည်။ အဖဘုရား၏ အလိုတော်ကို လုပ်ဆောင်ဖို့ရန် ကူညီပါ။ ကျွန်ုပ်အသက်တာကို
လမ်းညွှန်ပေးပါ။ သခင်ခရစ်တော်၏ နာမတော်အားဖြင့် တောင်းလျှောက်ပါ၏။ ….အာမင်။
-----------------------------------------------------------------------------------------------
Zawgyi Version
ဆုတောင်းရန်