ဘုရားသခင်၏ နှုတ်ကပတ်တော်- သင်ယုံကြည်သောအရာ ၊ သင်လုပ်ဆောင်သောအရာ God’s Word: What You Believe, You Do

Unicode Version

ဘုရားသခင်၏ နှုတ်ကပတ်တော်- သင်ယုံကြည်သောအရာ ၊ သင်လုပ်ဆောင်သောအရာ

ရှင်ယာကုပ် ၁:၂၅ “လွှတ်ခြင်းနှင့် စပ်ဆိုင်၍စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသော သူဖြစ်၏။”

လူတော်တော်များများ သမ္မာကျမ်းစာကို သိကြပါတယ်။ သို့ပေမဲ့ ၎င်းနှင့်ပတ်သက်ပြီး ကောင်းချီးခံစားချင်ပါလျှင် သမ္မာကျမ်းစာက ပြောဆိုထားသည်များကို လုပ်ဆောင်ဖို့ရန် လိုအပ်ပါသည်။

သင်ယုံကြည်သောအရာပေါ်မှာ သင်ပြုမူပါတယ်။ သင်၏ အပြုအမူနှင့် အကျင့်စရိုက်တို့သည် သင်မှန်ကန်တယ် လို့ ထင်တဲ့အရာတွေပေါ် တန်ပြန်သက်ရောက်ခြင်းတွေရှိသည် ဟု ဆိုလိုပါသည်။

အကယ်၍ သင်ယုံကြည်သည်ဟု ပြောဆိုသောအရာသည် သင်၏အသက်တာ အသက်ရှင်နေထိုင်ပုံကို မပြောင်းလဲစေဘူးဆိုလျှင် သင်မယုံကြည်နိုင်တော့လောက်အောင် ဖြစ်ကောင်းဖြစ်မည်။ ဒါကြောင့် သင်၌ ခက်ခဲသော ဆုံးဖြတ်ချက်ချဖို့ရှိတဲ့အခါတွင် သတိရဖို့ရန် ဓမ္မရာဇဝင် ဒုတိယစောင် ၂၂:၃၁ “ဘုရားသခင်စီရင် တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏ သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံ သောသူအပေါင်း တို့၏ အကွယ်အကာ ဖြစ်တော်မူ၏။” ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လိုက်လျှောက်ပြီး အသက်ရှင်ပါလျှင် မှန်ကန်သောအချိန်တွင် မှန်ကန်သောအရာကို သင်လုပ်ဆောင်နိုင်စွမ်းရှိလာပါလိမ့်မည်။

ယခုအချိန်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့လုပ်ဆောင်ခြင်း ပြုဖို့ရန် ၎င်းနှုတ်ကပတ်တော် တို့ကို သင်သိထားဖို့ လိုအပ်ပါတယ်။ ဆိုလိုသည်မှာ သမ္မာကျမ်းစာကို အပေါ်ယံသဘော နှင့် တစ်စုံတစ်ခုကို တိုက်ခိုက်ဖို့အတွက် မျှော်လင့်ချက်ဖြင့် ဖတ်ရှုခြင်း မပြုနိုင်ပါ။ နေ့စဉ်နေ့တိုင်းမှာ သမ္မာကျမ်းစာအတွက် အချိန်ယူ ဖို့ လိုအပ်ပါတယ်။

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လေ့လာဖို့ရန် များစွာသော နည်းလမ်းတွေ ရှိပါတယ်။ ဉပမာအားဖြင့် ကျမ်းပိုဒ်တွေကို ကဒ်များပေါ်တွင် သင်ရေးသားနိုင်ပြီး သင်တစ်နေ့လုံး တွေ့မြင်နိုင်တဲ့နေရာမှာ ထားရှိနိုင်ပါတယ်။ ကျမ်းပိုဒ်တွေကို သင်၏စိတ်နှလုံးတွင် ကျက်မှတ်ပြီး သိုမှီးနိုင်ပါတယ် (သို့) သင်၏ဖုန်းဖြင့် ကျမ်းပိုဒ်တွေကို နားဆင်နိုင်ပါတယ်။

ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လေ့လာဖို့ရန် ဘယ်လိုနည်းလမ်းတွေသုံးသုံး အရေးမကြီးပါ။ အရေးကြီးတဲ့ အရာက သင့်အသက်တာတွင် သင်လေ့လာသောအရာ ၊ မှတ်သားသောအရာ နှင့် လိုက်လျှောက် အသက်ရှင်သော အရာ ဖြစ်ပါတယ်။ ထိုသို့ ပြုပါလျှင် ယနေ့ ကျွန်ုပ်တို့ ရင်ဆိုင်နေရသော ပြသနာများနှင့် စိန်ခေါ်မှာများအားဖြင့် ဆုတ်ယုတ်မသွားနိုင်သော လွှတ်လပ်မှုတစ်ခုကို သင်တွေ့ကြုံခံစားနိုင်ပါသည်။

 

ဆင်ခြင်ရန်

-ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လေ့လာခြင်းတွင် အမြဲတမ်းတည်နေစေဖို့ရန် မိတ်ဆွေ သူငယ်ခြင်းတစ်ဉီးဉီး နှင့်အတူ မည်ကဲ့သို့ လေ့လာခြင်းက အကူအညီဖြစ်စေပါသနည်း။

-ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပိုမိုသိနိုင်ဖို့ရန် အကူအညီဖြစ်စေမည့် မည်သို့သောအရာကို သင်လုပ်ဆောင်နိုင်ပါမည်နည်း။

-ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ကျင့်သုံးသည့်အခြေအနေတွင် ဘုရား၏ လုပ်ဆောင်မှုကို မည်ကဲ့သို့ တွေ့မြင်ရပါသနည်း။

-ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျက်မှတ်နိုင်ဖို့ရန် ယခုတစ်ပတ်တွင် မည်သို့သော လက်တွေ့ကျသည့် နည်းလမ်းကို သင်ပြုနိုင်ပါမည်နည်း။ သင်လေ့လာတွေ့ရှိထားတာတွေဖြင့် လက်တွေ့ကျင့်သုံးဖို့ရန် မည်သို့သော နည်းလမ်းတွေရှိပါသနည်း။

-----------------------------------------------------------------------------------------------

Zawgyi Version

ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္- သင္ယုံၾကည္ေသာအရာ ၊ သင္လုပ္ေဆာင္ေသာအရာ
ရွင္ယာကုပ္ ၁:၂၅ “လႊတ္ျခင္းႏွင့္ စပ္ဆိုင္၍စုံလင္ေသာတရား၌ ေစ့ေစ့ၾကည့္ရႈ၍ တည္ၾကည္ေသာသူမူကား၊ တရားနာ၍ ေမ့ေလ်ာ့ေသာသူမဟုတ္၊ အက်င့္က်င့္ေသာသူျဖစ္သျဖင့္၊ မိမိက်င့္ေသာအက်င့္၌ မဂၤလာရွိေသာ သူျဖစ္၏။”
လူေတာ္ေတာ္မ်ားမ်ား သမၼာက်မ္းစာကို သိၾကပါတယ္။ သို႔ေပမဲ့ ၎ႏွင့္ပတ္သက္ၿပီး ေကာင္းခ်ီးခံစားခ်င္ပါလွ်င္ သမၼာက်မ္းစာက ေျပာဆိုထားသည္မ်ားကို လုပ္ေဆာင္ဖို႔ရန္ လိုအပ္ပါသည္။
သင္ယုံၾကည္ေသာအရာေပၚမွာ သင္ျပဳမူပါတယ္။ သင္၏ အျပဳအမူႏွင့္ အက်င့္စ႐ိုက္တို႔သည္ သင္မွန္ကန္တယ္ လို႔ ထင္တဲ့အရာေတြေပၚ တန္ျပန္သက္ေရာက္ျခင္းေတြရွိသည္ ဟု ဆိုလိုပါသည္။

အကယ္၍ သင္ယုံၾကည္သည္ဟု ေျပာဆိုေသာအရာသည္ သင္၏အသက္တာ အသက္ရွင္ေနထိုင္ပုံကို မေျပာင္းလဲေစဘူးဆိုလွ်င္ သင္မယုံၾကည္ႏိုင္ေတာ့ေလာက္ေအာင္ ျဖစ္ေကာင္းျဖစ္မည္။ ဒါေၾကာင့္ သင္၌ ခက္ခဲေသာ ဆုံးျဖတ္ခ်က္ခ်ဖို႔ရွိတဲ့အခါတြင္ သတိရဖို႔ရန္ ဓမၼရာဇဝင္ ဒုတိယေစာင္ ၂၂:၃၁ “ဘုရားသခင္စီရင္ ေတာ္မူေသာ အမႈသည္ စုံလင္၏။ ထာဝရဘုရား၏ သစၥာေတာ္သည္ အစစ္ခံ၍ တည္၏။ ခိုလႈံ ေသာသူအေပါင္း တို႔၏ အကြယ္အကာ ျဖစ္ေတာ္မူ၏။” ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္တို႔ကို လိုက္ေလွ်ာက္ၿပီး အသက္ရွင္ပါလွ်င္ မွန္ကန္ေသာအခ်ိန္တြင္ မွန္ကန္ေသာအရာကို သင္လုပ္ေဆာင္ႏိုင္စြမ္းရွိလာပါလိမ့္မည္။

ယခုအခ်ိန္သည္ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္တို႔ကို လက္ေတြ႕လုပ္ေဆာင္ျခင္း ျပဳဖို႔ရန္ ၎ႏႈတ္ကပတ္ေတာ္ တို႔ကို သင္သိထားဖို႔ လိုအပ္ပါတယ္။ ဆိုလိုသည္မွာ သမၼာက်မ္းစာကို အေပၚယံသေဘာ ႏွင့္ တစ္စုံတစ္ခုကို တိုက္ခိုက္ဖို႔အတြက္ ေမွ်ာ္လင့္ခ်က္ျဖင့္ ဖတ္ရႈျခင္း မျပဳႏိုင္ပါ။ ေန႔စဥ္ေန႔တိုင္းမွာ သမၼာက်မ္းစာအတြက္ အခ်ိန္ယူ ဖို႔ လိုအပ္ပါတယ္။

ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို ေလ့လာဖို႔ရန္ မ်ားစြာေသာ နည္းလမ္းေတြ ရွိပါတယ္။ ဉပမာအားျဖင့္ က်မ္းပိုဒ္ေတြကို ကဒ္မ်ားေပၚတြင္ သင္ေရးသားႏိုင္ၿပီး သင္တစ္ေန႔လုံး ေတြ႕ျမင္ႏိုင္တဲ့ေနရာမွာ ထားရွိႏိုင္ပါတယ္။ က်မ္းပိုဒ္ေတြကို သင္၏စိတ္ႏွလုံးတြင္ က်က္မွတ္ၿပီး သိုမွီးႏိုင္ပါတယ္ (သို႔) သင္၏ဖုန္းျဖင့္ က်မ္းပိုဒ္ေတြကို နားဆင္ႏိုင္ပါတယ္။

ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္တို႔ကို ေလ့လာဖို႔ရန္ ဘယ္လိုနည္းလမ္းေတြသုံးသုံး အေရးမႀကီးပါ။ အေရးႀကီးတဲ့ အရာက သင့္အသက္တာတြင္ သင္ေလ့လာေသာအရာ ၊ မွတ္သားေသာအရာ ႏွင့္ လိုက္ေလွ်ာက္ အသက္ရွင္ေသာ အရာ ျဖစ္ပါတယ္။ ထိုသို႔ ျပဳပါလွ်င္ ယေန႔ ကြၽႏ္ုပ္တို႔ ရင္ဆိုင္ေနရေသာ ျပသနာမ်ားႏွင့္ စိန္ေခၚမွာမ်ားအားျဖင့္ ဆုတ္ယုတ္မသြားႏိုင္ေသာ လႊတ္လပ္မႈတစ္ခုကို သင္ေတြ႕ႀကဳံခံစားႏိုင္ပါသည္။ 

ဆင္ျခင္ရန္
-ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို ေလ့လာျခင္းတြင္ အၿမဲတမ္းတည္ေနေစဖို႔ရန္ မိတ္ေဆြ သူငယ္ျခင္းတစ္ဉီးဉီး ႏွင့္အတူ မည္ကဲ့သို႔ ေလ့လာျခင္းက အကူအညီျဖစ္ေစပါသနည္း။
-ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို ပိုမိုသိႏိုင္ဖို႔ရန္ အကူအညီျဖစ္ေစမည့္ မည္သို႔ေသာအရာကို သင္လုပ္ေဆာင္ႏိုင္ပါမည္နည္း။
-ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို သင္က်င့္သုံးသည့္အေျခအေနတြင္ ဘုရား၏ လုပ္ေဆာင္မႈကို မည္ကဲ့သို႔ ေတြ႕ျမင္ရပါသနည္း။
-ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို က်က္မွတ္ႏိုင္ဖို႔ရန္ ယခုတစ္ပတ္တြင္ မည္သို႔ေသာ လက္ေတြ႕က်သည့္ နည္းလမ္းကို သင္ျပဳႏိုင္ပါမည္နည္း။ သင္ေလ့လာေတြ႕ရွိထားတာေတြျဖင့္ လက္ေတြ႕က်င့္သုံးဖို႔ရန္ မည္သို႔ေသာ နည္းလမ္းေတြရွိပါသနည္း။