ကောင်းသော ဆုံးဖြတ်ချက်တို့ကို သင်ပြုရန် ဘုရားသခင်၌တည်သော မိတ်ဆွေသူငယ်ချင်းတို့သည် ကူညီပေးပါ သည်။ Godly Friends Help You Make Good Decisions
Unicode Version
ကောင်းသော ဆုံးဖြတ်ချက်တို့ကို သင်ပြုရန် ဘုရားသခင်၌တည်သော မိတ်ဆွေသူငယ်ချင်းတို့သည် ကူညီပေးပါ သည်။
သုတ္တံကျမ်း ၁၃:၂၀ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သော သူမူကား၊ ပျက်စီးတတ်၏။
ခက်ခဲသော ဆုံးဖြတ်ချက်တွေကို အလွယ်တကူ ချဖို့ရန် ဘုရားသခင်ကို သင်ယုံကြည်ပြီး ၎င်းအတွက် သင်တောင်း ဆိုလိုက်တဲ့အခါမှာ သင့်အား ဉာဏ်ပညာပေးပါမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သိရှိပြီး လက်တွေ့ကျင့်သုံးနေသော သူတွေအားဖြင့်လည်း သင့်ကို လမ်းညွှန်မှုဖြစ်စေမည့် နည်းလမ်းမျိုးကိုလည်း ဘုရားသခင် အသုံးပြုပါတယ်။ သင့်အား မှန်ကန်သော လမ်းညွှန်မှု ပေးမည့် ဘုရားသခင်၌ တည်သော သူတို့နှင့် သင့်ကိုဆက်သွယ်မှု ပေးပါမည်။
သမ္မာကျမ်းစာကို နှစ်သက်ပြီး အသက်တာတွင် နာခံလိုက်လျှောက်သော သူတစ်ချို့နှင့် သင်သိကျွမ်းဖို့ လိုအပ်ပါတယ်။ သင်၏ အကြံအစည်ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လေ့ကျင့်ဖို့ ဘယ်တော့မှ မဖြစ်စေပါ။
သုတ္တံကျမ်း ၁၃:၂၀ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သော သူမူကား၊ ပျက်စီးတတ်၏။ဤအရာက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်၏ ဆုံးဖြတ်ချက် အရည်အ‌သွေး နှင့် အသက်တာ အရည်အသွေးတို့သည် သင်၏အချိန်တွေကို အတူတကွအများဆုံး ဖြတ်သန်းသောသူအားဖြင့် အဆုံးအဖြတ် ပေးပါသည်။
သင်နှင့်အများဆုံး လက်တွဲအတူရှိနေသောသူတို့က သင့်အား အကူအညီဖြစ်စေပါသလား (သို့) နာကျင်မှု ဖြစ်စေပါသလား။ သူတို့က သင်၏ ကြောက်ရွံ့ခြင်း (သို့) သင်၏ ယုံကြည်မှုတွေကို တည်ဆောက်စရာ ဖြစ်စေပါသလား။ သင် စိုးရိမ်ဖို့ (သို့) ဝတ်ပြုကိုးကွယ်ဖို့ကို ဖြစ်စေပါသလား။ သူတိုက သင်၏အသက်တာရှိ စိတ်ဖိစီးမှုတွေကို သက်သာ စေပါသလား (သို့) တိုးပွားစေပါသလား။
လူမှုရေးအရာ အကွာအဝေးတစ်ခုတွင် ရှိနေရသော ယခုအချိန်ကာလသည် ကျမ်းပိုဒ်တိုကို နာခံဖို့ရန် ထူးခြားသော စိန်ခေါ်မှုတစ်ချို့ ရှိပါသည်။ ကျွန်ုပ်တို့ လုပ်နကျ အချိန်ဖြုန်းသလို မဟုတ်ပါဘူး။
မသေချာမှု ၊ အထီးကျန်မှု ကာလ၌ ရှိနေချိန်တွင် ပညာရှိတို့နှင့် အတူပေါင်းဖော်ခြင်းကို ဆက်လက် ပြုလုပ်နိုင် ပါသည်။ ဉပမာအားဖြင့် နည်းပညာက သင့်ကို ဖုန်း (သို့) ဗွီဒီယိုဖြင့် အလုပ်လုပ်ဖို့ရန် ခွင့်ပြုထားပါတယ်။ ပြီးတော့ နေ့တိုင်း လူတွေနှင့် ဆက်သွယ်ခြင်းတွေ ဖြစ်စေတယ်သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ညွှန်ပြမည့်သူ ၊ အားပေးမှုသည့်နှင့် သင့်အား အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်တွေပြုဖို့ရန် အကူအညီပေးမည့် သူတွေရှိဖို့ရန် ဆက်သွယ်ပေးမှုတွေ ရှိပါတယ်။
ဆင်ခြင်ရန်
- သင်၏ အကြီးမားဆုံးသော မိတ်ဆွေပေါင်းသင်းမှုပြုသော သူတို့ကို စဉ်းစားပါ။ ထိုလူတွေက သင့်ကို စိတ်ပူအောင် လုပ်ဆောင်ပါသလား။
- သင်နှင့် လူများဝေးကွာရန် ဤကူးစက်ရောဂါကို ဆင်ခြင်တစ်ခုအဖြစ် အသုံးပြုပါသလား။ သင်၏ ယုံကြည်ခြင်း၌ သင့်ကို အားပေးမည့် တစ်စုံတစ်ယောက်နှင့် ယနေ့တွင် ဆက်သွယ်မှုပြုဖို့ရန် မည်သည့်အရာကို သင်လုပ်ဆောင်နိုင်ပါမည်နည်း။
- ကျွန်ုပ်တို့ တစ်ဉီးကို တစ်ဉီး အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်တွေကို ချရာ၌ အကူအညီဖြစ်ဖို့ရန် ဘာကြောင့်များ ဘုရားသခင်အလိုတော်ရှိသည်ဟု သင်ထင်မြင်ပါသနည်း။ ၎င်းကို ကျွန်ုပ်တို့၏ အကြံအစည်ဖြင့် ဘာကြောင့် မပြုနိုင်ပါသနည်း။
--------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်