Unicode Version
သင့်အား ဘုရားသခင် ဉာဏ်အမြော်အမြင် ပေးချင်ပါသည်။
ရှင်ယာကုပ်ဩဝါဒစာ ၁:၅-၆ “သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊
ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော
ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။ သို့ရာတွင်
တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။ တွေးတောခြင်းရှိ သော သူသည် ကား၊
လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။”

သင်ယခု
ခက်ခဲတဲ့အချိန်ကို ဖြတ်သန်းနေရပါသလား။ သင်တစ်ဉီးတည်း မဟုတ်ပါဘူး။ ကမ္ဘာပေါ်ရှိလူတိုင်း ကူးစက်ရောဂါ၏ အကျိုးဆက်တွေကို ခံစားနေကြရပြီး
၎င်းသည် ကျွန်ုပ်တို့၏ စိတ် ၊ ခန္ဓာ နှင့် စိတ်ကျန်းမာရေး တို့ပေါ် ထိခိုက်မှုတွေ ဖြစ်ပေါ်စေပါတယ်။
ဤကပ်ရောဂါဖြစ်မှုကြီးမှာ ဘယ်လို ဆက်လက်အသက်ရှင် နေထိုင်ရမ လဲဆိုတဲ့ မသေချာ မရောရာတဲ့
အရာတွေနှင့် မေးခွန်းပေါင်း များစွာရှိပါတယ်။ လူတိုင်း ရုန်းကန်နေကြရပါတယ်။
ဘာကို
လုပ်ဆောင်ရမလဲ မသိတဲ့အခါ ဖြစ်စေ ၊ မှန်ကန်သော အရာကို
လုပ်ဆောင်ဖို့ရန် ဖိအားပေးခံရမှုတွေကို ရင်ဆိုင်နေကြရသည်ဖြစ်စေ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို အတိအကျ ပြုသင့်သောအရာကို ပြောပြထားပါတယ်။
ရှင်ယာကုပ်ဩဝါဒစာ ၁:၅-၆ “သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊
ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော
ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။ သို့ရာတွင်
တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။ တွေးတောခြင်းရှိ သော သူသည် ကား၊
လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။”
ဘုရားသခင်က
ဉာဏ်အမြော်အမြင်ကို မတားဆီးထားပါဘူး။ ၎င်းကို တောင်းလျှောက်သောသူ မှန်သမျှကို သူပေးပါသည်။
ကပ်ရောဂါဆိုးကြီးကို
မည်ကဲ့သို့ ကိုင်တွယ်ဖို့ နှင့် ဉာဏ်အမြော်အမြင် ပေးဖို့ရန် ဘုရားသခင်အား သင်တောင်း လျှောက်ဖူးပါသလား။ သင်၏ အလုပ်အကိုင်
၊ အနာဂတ် ၊ သားသမီး ၊ ကျန်းမာရေး (သို့) သင်ရင်ဆိုင်နေရသော အရာတွေပေါ် ဉာဏ်ပညာပေးဖို့ရန်
ဘုရားသခင်အား သင်တောင်းလျှောက်ပါသလား။ တောင်းလျှောက်သော သူမှန်သမျှကို ဘုရားသခင် ပေးပါသည်။
အသက်ရှင်သမျှကာလပတ်လုံးတွင်
အချမ်းသာဆုံး နှင့် အအောင်မြင်ဆုံးသော ပုဂ္ဂိုလ်တစ်ဉီး ဖြစ်တဲ့ ဘုရင် ရှောလမုန်သည် သူ့အသက်တာတွင် လိုချင်သမျှသောအရာအားလုံး
၊ လိုအပ်သမျှအားလုံးတို့ကို ရရှိပိုင်ဆိုင်ခဲ့ ပါတယ်။ ဉာဏ်ပညာဖြင့် ဆုံးဖြတ်ချက်
မပြုနိုင်ဘူးဆိုလျှင် ကြွယ်ဝခြင်း၊ တန်ခိုးအာဏာ နှင့် စိတ်ချမ်းသာခြင်း တွေက အဓိပ္ပါယ်မရှိဘူးဆိုတာကို
သူသိခဲ့ပါတယ်။ သူ၌ရှိသောအရာအားလုံးတို့ကို ပေးတော်မူသော ဘုရားသခင် ကို သူချီးမြှောက်ချင်သည်။
ပြီးတော့ ဘာကို လုပ်ဆောင်ရမည် ၊ မည်သို့ပြုရမည်ကို သိဖို့ရန် ဘုရားသခင်အား ဉာဏ်ပညာကို
တောင်းလျှောက်ခဲ့ပါတယ်။
ဉာဏ်ပညာရှိခြင်းက
သင်ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများမှ လေ့လာသင်ယူခြင်းအတွက် အကူအညီ ပေးပါတယ်။ ၎င်းသည်
ဘုရားသခင် အလိုတော်ရှိသော နည်းအတိုင်း ဘာကိုလုပ်ဆောင်ရမည် ၊ မည်သို့ရှေ့ဆက် ပြုလုပ်ရမည်ကို
သိစေဖို့ရန် အကူအညီပေးပါသည်။ သင့်အား ဖိနှိပ်ဖို့မဟုတ်ဘဲ
သင့်အား တိုးတက်ကြီးထွားဖို့ရန် စိန်ခေါ်မှု မှန်သမျှကို ဘုရားသခင် အသုံးပြုပါတယ်။
ကမ္ဘာကြီးသည်
ထိန်းချုပ်မှုကင်းမဲ့နေပြီး အခြေအနေတို့သည် တစ်နေ့ပြီး တစ်နေ့ ပြောင်းလဲနေပုံရသည်။
သင်၏ စိတ်ဖိစီးမှု ၊ ကြောက်ရွံ့မှု နှင့် သင်၏ စိုးရိမ်ပူပန်မှုတွေက အချိန်တိုင်း မြှင့်တက်နိုင်ပါသည်။
သို့ပေမဲ့
ယခုအချိန်သည် ယခင်ကထက် “ဘာကြောင့်လဲ” အစား “ဘာလဲ” လို့မေးဖို့အချိန်ဖြစ်ပါတယ်။
ကပ်ဘေးကာလကနေ
ဘုရားသခင် သင့်အား ဘာကို လေ့လာစေချင်သနည်း။ ဘာကို လုပ်ဆောင်စေချင်သနည်း။ သူ၏ ဉာဏ်ပညာကို
ရက်ရောစွာပေးမည်ဟု ကတိတော်ရှိပါသည်။
ဆင်ခြင်ရန်
-
ဘေးအန္တရာယ် ကျရောက်ချိန်တွင် သင်၏ ဉာဏ်ပညာကို အားကိုးခြင်းနှင့် ပတ်သက်ပြီး မည်သို့သော
ပြသနာရှိပါသနည်း။ ၎င်းသည် သင့်အား မည်သို့ကန့်သတ်ထားပါသနည်း။
-
မည်သည့်နည်းလမ်းဖြင့် ဉာဏ်ပညာကို တောင်းလျှောက်ဖို့ရန် သင့်အား ဘုရားအလိုတော်ရှိပါသနည်း။
သင်ရင်ဆိုင်နေရတဲ့ အခန်းကဏ္ဍ၌ ဉာဏ်ပညာပေးရန် အချိန်ယူပြီး တောင်းလျှောက်လိုက်ပါ။ ပြီးတော့
ဘုရားသခင်၏ နှုတ်ကပတ်တော်တို့၌ အချိန်ယူပါ။ သို့မှသာ သင့်အား ဉာဏ်အမြော်အမြင်ကို ဖော်ပြနိုင်ပါမည်။
-------------------------------------------------------------------------------------------
Zawgyi Version
သင့္အား ဘုရားသခင္ ဉာဏ္အေျမာ္အျမင္ ေပးခ်င္ပါသည္။
ရွင္ယာကုပ္ဩဝါဒစာ ၁:၅-၆ “သင္တို႔တြင္ တစုံတေယာက္ေသာသူသည္ ပညာကိုလိုလွ်င္၊ ကဲ့ရဲ႕ျပစ္တင္ျခင္းကို ျပဳေတာ္မမူဘဲ၊ ခပ္သိမ္းေသာ သူတို႔အား ေစတနာစိတ္ႏွင့္ေပးသနားေတာ္မူေသာ ဘုရားသခင္ကို ေတာင္းေစ၊ ေတာင္းလွ်င္ ရလိမ့္မည္။ သို႔ရာတြင္ ေတြးေတာျခင္းမရွိဘဲ ယုံၾကည္ေသာစိတ္ႏွင့္ေတာင္းရမည္။ ေတြးေတာျခင္းရွိ ေသာ သူသည္ ကား၊ ေလခတ္၍လႈပ္ရွားတတ္ေသာ လႈိင္းတံပိုးႏွင့္တူ၏။”
သင္ယခု ခက္ခဲတဲ့အခ်ိန္ကို ျဖတ္သန္းေနရပါသလား။ သင္တစ္ဉီးတည္း မဟုတ္ပါဘူး။ ကမာၻေပၚရွိလူတိုင္း ကူးစက္ေရာဂါ၏ အက်ိဳးဆက္ေတြကို ခံစားေနၾကရၿပီး ၎သည္ ကြၽႏ္ုပ္တို႔၏ စိတ္ ၊ ခႏၶာ ႏွင့္ စိတ္က်န္းမာေရး တို႔ေပၚ ထိခိုက္မႈေတြ ျဖစ္ေပၚေစပါတယ္။ ဤကပ္ေရာဂါျဖစ္မႈႀကီးမွာ ဘယ္လို ဆက္လက္အသက္ရွင္ ေနထိုင္ရမ လဲဆိုတဲ့ မေသခ်ာ မေရာရာတဲ့ အရာေတြႏွင့္ ေမးခြန္းေပါင္း မ်ားစြာရွိပါတယ္။ လူတိုင္း ႐ုန္းကန္ေနၾကရပါတယ္။
ဘာကို လုပ္ေဆာင္ရမလဲ မသိတဲ့အခါ ျဖစ္ေစ ၊ မွန္ကန္ေသာ အရာကို လုပ္ေဆာင္ဖို႔ရန္ ဖိအားေပးခံရမႈေတြကို ရင္ဆိုင္ေနၾကရသည္ျဖစ္ေစ သမၼာက်မ္းစာက ကြၽႏ္ုပ္တို႔ကို အတိအက် ျပဳသင့္ေသာအရာကို ေျပာျပထားပါတယ္။
ရွင္ယာကုပ္ဩဝါဒစာ ၁:၅-၆ “သင္တို႔တြင္ တစုံတေယာက္ေသာသူသည္ ပညာကိုလိုလွ်င္၊ ကဲ့ရဲ႕ျပစ္တင္ျခင္းကို ျပဳေတာ္မမူဘဲ၊ ခပ္သိမ္းေသာ သူတို႔အား ေစတနာစိတ္ႏွင့္ေပးသနားေတာ္မူေသာ ဘုရားသခင္ကို ေတာင္းေစ၊ ေတာင္းလွ်င္ ရလိမ့္မည္။ သို႔ရာတြင္ ေတြးေတာျခင္းမရွိဘဲ ယုံၾကည္ေသာစိတ္ႏွင့္ေတာင္းရမည္။ ေတြးေတာျခင္းရွိ ေသာ သူသည္ ကား၊ ေလခတ္၍လႈပ္ရွားတတ္ေသာ လႈိင္းတံပိုးႏွင့္တူ၏။”
ဘုရားသခင္က ဉာဏ္အေျမာ္အျမင္ကို မတားဆီးထားပါဘူး။ ၎ကို ေတာင္းေလွ်ာက္ေသာသူ မွန္သမွ်ကို သူေပးပါသည္။
ကပ္ေရာဂါဆိုးႀကီးကို မည္ကဲ့သို႔ ကိုင္တြယ္ဖို႔ ႏွင့္ ဉာဏ္အေျမာ္အျမင္ ေပးဖို႔ရန္ ဘုရားသခင္အား သင္ေတာင္း ေလွ်ာက္ဖူးပါသလား။ သင္၏ အလုပ္အကိုင္ ၊ အနာဂတ္ ၊ သားသမီး ၊ က်န္းမာေရး (သို႔) သင္ရင္ဆိုင္ေနရေသာ အရာေတြေပၚ ဉာဏ္ပညာေပးဖို႔ရန္ ဘုရားသခင္အား သင္ေတာင္းေလွ်ာက္ပါသလား။ ေတာင္းေလွ်ာက္ေသာ သူမွန္သမွ်ကို ဘုရားသခင္ ေပးပါသည္။
အသက္ရွင္သမွ်ကာလပတ္လုံးတြင္ အခ်မ္းသာဆုံး ႏွင့္ အေအာင္ျမင္ဆုံးေသာ ပုဂၢိဳလ္တစ္ဉီး ျဖစ္တဲ့ ဘုရင္ ေရွာလမုန္သည္ သူ႔အသက္တာတြင္ လိုခ်င္သမွ်ေသာအရာအားလုံး ၊ လိုအပ္သမွ်အားလုံးတို႔ကို ရရွိပိုင္ဆိုင္ခဲ့ ပါတယ္။ ဉာဏ္ပညာျဖင့္ ဆုံးျဖတ္ခ်က္ မျပဳႏိုင္ဘူးဆိုလွ်င္ ႂကြယ္ဝျခင္း၊ တန္ခိုးအာဏာ ႏွင့္ စိတ္ခ်မ္းသာျခင္း ေတြက အဓိပၸါယ္မရွိဘူးဆိုတာကို သူသိခဲ့ပါတယ္။ သူ၌ရွိေသာအရာအားလုံးတို႔ကို ေပးေတာ္မူေသာ ဘုရားသခင္ ကို သူခ်ီးေျမႇာက္ခ်င္သည္။ ၿပီးေတာ့ ဘာကို လုပ္ေဆာင္ရမည္ ၊ မည္သို႔ျပဳရမည္ကို သိဖို႔ရန္ ဘုရားသခင္အား ဉာဏ္ပညာကို ေတာင္းေလွ်ာက္ခဲ့ပါတယ္။
ဉာဏ္ပညာရွိျခင္းက သင္ရင္ဆိုင္ႀကဳံေတြ႕ေနရေသာ အခက္အခဲမ်ားမွ ေလ့လာသင္ယူျခင္းအတြက္ အကူအညီ ေပးပါတယ္။ ၎သည္ ဘုရားသခင္ အလိုေတာ္ရွိေသာ နည္းအတိုင္း ဘာကိုလုပ္ေဆာင္ရမည္ ၊ မည္သို႔ေရွ႕ဆက္ ျပဳလုပ္ရမည္ကို သိေစဖို႔ရန္ အကူအညီေပးပါသည္။ သင့္အား ဖိႏွိပ္ဖို႔မဟုတ္ဘဲ သင့္အား တိုးတက္ႀကီးထြားဖို႔ရန္ စိန္ေခၚမႈ မွန္သမွ်ကို ဘုရားသခင္ အသုံးျပဳပါတယ္။
ကမာၻႀကီးသည္ ထိန္းခ်ဳပ္မႈကင္းမဲ့ေနၿပီး အေျခအေနတို႔သည္ တစ္ေန႔ၿပီး တစ္ေန႔ ေျပာင္းလဲေနပုံရသည္။ သင္၏ စိတ္ဖိစီးမႈ ၊ ေၾကာက္႐ြံ႕မႈ ႏွင့္ သင္၏ စိုးရိမ္ပူပန္မႈေတြက အခ်ိန္တိုင္း ျမႇင့္တက္ႏိုင္ပါသည္။
သို႔ေပမဲ့ ယခုအခ်ိန္သည္ ယခင္ကထက္ “ဘာေၾကာင့္လဲ” အစား “ဘာလဲ” လို႔ေမးဖို႔အခ်ိန္ျဖစ္ပါတယ္။
ကပ္ေဘးကာလကေန ဘုရားသခင္ သင့္အား ဘာကို ေလ့လာေစခ်င္သနည္း။ ဘာကို လုပ္ေဆာင္ေစခ်င္သနည္း။ သူ၏ ဉာဏ္ပညာကို ရက္ေရာစြာေပးမည္ဟု ကတိေတာ္ရွိပါသည္။
ဆင္ျခင္ရန္
- ေဘးအႏၲရာယ္ က်ေရာက္ခ်ိန္တြင္ သင္၏ ဉာဏ္ပညာကို အားကိုးျခင္းႏွင့္ ပတ္သက္ၿပီး မည္သို႔ေသာ ျပသနာရွိပါသနည္း။ ၎သည္ သင့္အား မည္သို႔ကန႔္သတ္ထားပါသနည္း။
- မည္သည့္နည္းလမ္းျဖင့္ ဉာဏ္ပညာကို ေတာင္းေလွ်ာက္ဖို႔ရန္ သင့္အား ဘုရားအလိုေတာ္ရွိပါသနည္း။ သင္ရင္ဆိုင္ေနရတဲ့ အခန္းက႑၌ ဉာဏ္ပညာေပးရန္ အခ်ိန္ယူၿပီး ေတာင္းေလွ်ာက္လိုက္ပါ။ ၿပီးေတာ့ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္တို႔၌ အခ်ိန္ယူပါ။ သို႔မွသာ သင့္အား ဉာဏ္အေျမာ္အျမင္ကို ေဖာ္ျပႏိုင္ပါမည္။