သင်စောင့်ဆိုင်းနေချိန်တွင် ဘုရားသခင် လုပ်ဆောင်နေပါသည်။ | God Is Working While You’re Waiting

Unicode Version

သင်စောင့်ဆိုင်းနေချိန်တွင် ဘုရားသခင် လုပ်ဆောင်နေပါသည်။

ဆာလံ ၁၃၀:၅ “ထာဝရဘုရားကို ငါစောင့်လျက်နေ၏။ ငါ့ဝိညာဉ် သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမျှော်လင့်၏။ 

ဘုရားသခင်က သင်၏ ဆုတောင်းချက်အတွက် သူ့ဆီကအဖြေကို သည်းခံပြီးစောင့်ဖို့ရန် အလိုတော်ရှိပါတယ်။ သို့ပေမဲ့ မျှော်လင့်ချက်ဖြင့်လည်း စောင့်ဆိုင်းဖို့ အလိုတော်ရှိပါတယ်။ ယုံကြည်ခြင်းရှိပါ။ ကြားရဖို့နှင့် အဖြေရဖို့ကို ယုံကြည်ပါ။ မျှော်လင့်ချက်ဖြင့် စောင့်ဆိုင်းသောအခါ ဘုရားသခင်၏ ကတိတော်ကို သင်ယုံကြည်တယ်ဆိုတာကို သက်သေပြနေခြင်း ဖြစ်ပါတယ်။ သူ့စကားတည်မယ်ဆိုတာကိုလည်း သင်ယုံကြည်ခြင်း ဖြစ်ပါတယ်။

သင်သည်လည်း ယခုအခြေအနေတွင် စိတ်ရှုပ်ထွေးမှုတွေ ခံစားကောင်း ခံစားရနိုင်သည်။ အိမ်ထောင်ရေးအပေါ် စိတ်ရှုပ်ထွေးမှုတွေပေါ့ “၎င်းကို ကောင်းမွန်လာဖို့ရန် ကျွန်ုပ်ဆုတောင်းနေပါသည်။ သို့ပေမဲ့ နည်းနည်းမှ မကောင်းလာပါ”။ သင်၏ အလုပ်နှင့် ပတ်သက်၍လည်း သင်စိတ်ရှုပ်ထွေးနိုင်သည်။ “ငါ့တက်လမ်းအတွက် အလုပ်ပြောင်းရမလား”။ ပေါင်းသင်းဆက်ဆံရေးအပေါ် စိတ်ရှုပ်ထွေးမှုများလည်း ရှိနိုင်သည်။ မျှော်လင့်ချက်မဲ့ပြီး စွမ်းဆောင်မှု နည်းတဲ့အပေါ် ခံစားနေရပြီး လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ဘာမှ မပြောင်းလဲနိုင်သလို ဖြစ်နေသည်။ ရှုပ်ထွေးမှုကတော့ သင်ကိုယ်တိုင်ပါဘဲ။

စိတ်ဓါတ်မကျပါနဲ့။ အရှုံးမပေးပါနဲ့။ မျှော်ကြည့်ပါ။ ဆုတောင်းခြင်းဆီ ပြန်လှည့်ပါ။ ကျွန်ုပ်အသက်တာတွင်လည်း အဖြေမရသော ဆုတောင်းများစွာ ရှိပါတယ်။ နေ့ရက်များစွာမှ နှစ်ပေါင်းများစွာတိုင် အဆက်မပြတ် ဆုတောင်းခဲ့ သော ဆုတောင်းချက်တစ်ခုကို စဉ်းစားနိုင်ပါတယ်။ အဖြေမရခဲ့သော ဆုတောင်းဖြစ်တယ်။ အဲဒီဆုတောင်းကို ဘာကြောင့် ဘုရားအဖြေမပေးသလဲ ကျွန်ုပ်မသိပါဘူး။ သို့ပေမဲ့ ကျွန်ုပ်ဆုံးဖြတ်ချက် ချလိုက်သည်မှာ - အဲဒီဆုတောင်းကို ဘုရားအဖြေပေးသည်ဖြစ်စေ ၊ မပေးသည် ဖြစ်စေ ကျွန်ုပ်ကတော့ သူ၏ကတိတော်တို့ကို သေသည့်တိုင်အောင် ယုံကြည်ပါမည်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်သည် ကောင်းမြတ်သော ဘုရားရှင် ဖြစ်ပြီး ကျွန်ုပ်နားမလည်သည့်တိုင် ဘယ်အရာက ကျွန်ုပ်အတွက် အကောင်းဆုံးဖြစ် သည်ကို သူသိပါသည်။

သင်၏ ဆုတောင်းကို ဘုရားသခင် အဖြေမပေးဘူးဆိုလျှင် အရေးကြီးသော သမ္မာတရားတစ်ချို့ကို သင်အမှတ်ရ နေဖို့ သူ အလိုရှိလို့ဖြစ်တယ်။ ပထမဉီးစွာ ဘုရားသခင်သည် ထိန်းချုပ်သူဖြစ်သည်။ သင်မဟုတ်ပါ။ သင်လုပ်ဆောင် နေသောအရာထက် သင်လိုအပ်နေသောအရာကို ဘုရားက ပိုပြီး သိမြင်ပါတယ်။ အလွန် မြင့်မားတဲ့ တောင်တွေကိုတောင် သူမရွေ့နိုင်တာ မရှိပါဘူး။ သူမဖြေရှင်းနိုင်တဲ့ ကြီးမားတဲ့ ပြသနာမရှိပါဘူး။ နက်ရှိုင်းတဲ့ ဝမ်းနည်းမှုမှန်သမျှတွေကို သူ့လောက် နှစ်သိမ့်မှုပေးနိုင်တာ မရှိပါဘူး။ သူ့မှာ အကြံအစည်ရှိပြီး ထိန်းချုပ်သော ဘုရားဖြစ်ပါတယ်။

ဒုတိယအနေနဲ့ သင်သတိရနေဖို့ရန် - ဆုတောင်းခြင်း၏ အဖြေကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ သင်၏ သည်းခံမှုကို ဘုရားသခင် ချီးကျူးပါတယ်။ ဤကမ္ဘာပေါ်တွင် မဟုတ်လျှင်တောင် နိစ္စထာဝရတွင် ဖြစ်တယ်။

ဆာလံ ၁၃၀:၅ “ထာဝရဘုရားကို ငါစောင့်လျက်နေ၏။ ငါ့ဝိညာဉ်သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမျှော်လင့်၏။ 

ဆင်ခြင်ရန်

- သင့်ဆုတောင်း၏ အဖြေကို ရဖို့ စောင့်ဆိုင်းနေစဉ်တွင် မည်သို့သော ဘုရား၏ ကတိတော်ကို ရရှိရန် တောင်းခံနိုင်မည်နည်း။

- လွန်လေပြီးသော ကာလတွေမှာ ဘုရားသခင်သည် သင့်အား သူ၏သစ္စာရှိမှုကို မည်ကဲ့သော ဖော်ပြပေးခဲ့ ပါသနည်း။

- သင့်အသက်တာအတွက် မည်သို့သောအရာကို ဘုရားလုပ်ဆောင်ပေးဖို့ရန် သင်မျှော်လင့်ပါသနည်း။ သင်၏ မျှော်လင့်ချက်တွေနဲ့ ဘုရား၏ ကောင်းမြတ်မှုတွေကို မည်ကဲ့သို့ တန်ပြန်သက်ရောက်စေမည်နည်း။



---------------------------------------------------------------------------

Zawgyi Version

သင္ေစာင့္ဆိုင္းေနခ်ိန္တြင္ ဘုရားသခင္ လုပ္ေဆာင္ေနပါသည္။

ဆာလံ ၁၃၀:၅ “ထာဝရဘုရားကို ငါေစာင့္လ်က္ေန၏။ ငါ့ဝိညာဥ္ သည္ ေစာင့္လ်က္ေန၏။ ႏႈတ္ကပတ္ေတာ္ကို ငါေမွ်ာ္လင့္၏။ ”

ဘုရားသခင္က သင္၏ ဆုေတာင္းခ်က္အတြက္ သူ႔ဆီကအေျဖကို သည္းခံၿပီးေစာင့္ဖို႔ရန္ အလိုေတာ္ရွိပါတယ္။ သို႔ေပမဲ့ ေမွ်ာ္လင့္ခ်က္ျဖင့္လည္း ေစာင့္ဆိုင္းဖို႔ အလိုေတာ္ရွိပါတယ္။ ယုံၾကည္ျခင္းရွိပါ။ ၾကားရဖို႔ႏွင့္ အေျဖရဖို႔ကို ယုံၾကည္ပါ။ ေမွ်ာ္လင့္ခ်က္ျဖင့္ ေစာင့္ဆိုင္းေသာအခါ ဘုရားသခင္၏ ကတိေတာ္ကို သင္ယုံၾကည္တယ္ဆိုတာကို သက္ေသျပေနျခင္း ျဖစ္ပါတယ္။ သူ႔စကားတည္မယ္ဆိုတာကိုလည္း သင္ယုံၾကည္ျခင္း ျဖစ္ပါတယ္။

သင္သည္လည္း ယခုအေျခအေနတြင္ စိတ္ရႈပ္ေထြးမႈေတြ ခံစားေကာင္း ခံစားရႏိုင္သည္။ အိမ္ေထာင္ေရးအေပၚ စိတ္ရႈပ္ေထြးမႈေတြေပါ့ “၎ကို ေကာင္းမြန္လာဖို႔ရန္ ကြၽႏ္ုပ္ဆုေတာင္းေနပါသည္။ သို႔ေပမဲ့ နည္းနည္းမွ မေကာင္းလာပါ”။ သင္၏ အလုပ္ႏွင့္ ပတ္သက္၍လည္း သင္စိတ္ရႈပ္ေထြးႏိုင္သည္။ “ငါ့တက္လမ္းအတြက္ အလုပ္ေျပာင္းရမလား”။ ေပါင္းသင္းဆက္ဆံေရးအေပၚ စိတ္ရႈပ္ေထြးမႈမ်ားလည္း ရွိႏိုင္သည္။ ေမွ်ာ္လင့္ခ်က္မဲ့ၿပီး စြမ္းေဆာင္မႈ နည္းတဲ့အေပၚ ခံစားေနရၿပီး လက္ရွိျဖစ္ေနတဲ့ အေျခအေနေတြကို ဘာမွ မေျပာင္းလဲႏိုင္သလို ျဖစ္ေနသည္။ ရႈပ္ေထြးမႈကေတာ့ သင္ကိုယ္တိုင္ပါဘဲ။

စိတ္ဓါတ္မက်ပါနဲ႔။ အရႈံးမေပးပါနဲ႔။ ေမွ်ာ္ၾကည့္ပါ။ ဆုေတာင္းျခင္းဆီ ျပန္လွည့္ပါ။ ကြၽႏ္ုပ္အသက္တာတြင္လည္း အေျဖမရေသာ ဆုေတာင္းမ်ားစြာ ရွိပါတယ္။ ေန႔ရက္မ်ားစြာမွ ႏွစ္ေပါင္းမ်ားစြာတိုင္ အဆက္မျပတ္ ဆုေတာင္းခဲ့ ေသာ ဆုေတာင္းခ်က္တစ္ခုကို စဥ္းစားႏိုင္ပါတယ္။ အေျဖမရခဲ့ေသာ ဆုေတာင္းျဖစ္တယ္။ အဲဒီဆုေတာင္းကို ဘာေၾကာင့္ ဘုရားအေျဖမေပးသလဲ ကြၽႏ္ုပ္မသိပါဘူး။ သို႔ေပမဲ့ ကြၽႏ္ုပ္ဆုံးျဖတ္ခ်က္ ခ်လိုက္သည္မွာ - အဲဒီဆုေတာင္းကို ဘုရားအေျဖေပးသည္ျဖစ္ေစ ၊ မေပးသည္ ျဖစ္ေစ ကြၽႏ္ုပ္ကေတာ့ သူ၏ကတိေတာ္တို႔ကို ေသသည့္တိုင္ေအာင္ ယုံၾကည္ပါမည္။ ဘာေၾကာင့္လဲဆိုေတာ့ ဘုရားသခင္သည္ ေကာင္းျမတ္ေသာ ဘုရားရွင္ ျဖစ္ၿပီး ကြၽႏ္ုပ္နားမလည္သည့္တိုင္ ဘယ္အရာက ကြၽႏ္ုပ္အတြက္ အေကာင္းဆုံးျဖစ္ သည္ကို သူသိပါသည္။

သင္၏ ဆုေတာင္းကို ဘုရားသခင္ အေျဖမေပးဘူးဆိုလွ်င္ အေရးႀကီးေသာ သမၼာတရားတစ္ခ်ိဳ႕ကို သင္အမွတ္ရ ေနဖို႔ သူ အလိုရွိလို႔ျဖစ္တယ္။ ပထမဉီးစြာ ဘုရားသခင္သည္ ထိန္းခ်ဳပ္သူျဖစ္သည္။ သင္မဟုတ္ပါ။ သင္လုပ္ေဆာင္ ေနေသာအရာထက္ သင္လိုအပ္ေနေသာအရာကို ဘုရားက ပိုၿပီး သိျမင္ပါတယ္။ အလြန္ ျမင့္မားတဲ့ ေတာင္ေတြကိုေတာင္ သူမေ႐ြ႕ႏိုင္တာ မရွိပါဘူး။ သူမေျဖရွင္းႏိုင္တဲ့ ႀကီးမားတဲ့ ျပသနာမရွိပါဘူး။ နက္ရႈိင္းတဲ့ ဝမ္းနည္းမႈမွန္သမွ်ေတြကို သူ႔ေလာက္ ႏွစ္သိမ့္မႈေပးႏိုင္တာ မရွိပါဘူး။ သူ႔မွာ အႀကံအစည္ရွိၿပီး ထိန္းခ်ဳပ္ေသာ ဘုရားျဖစ္ပါတယ္။ 

ဒုတိယအေနနဲ႔ သင္သတိရေနဖို႔ရန္ - ဆုေတာင္းျခင္း၏ အေျဖကို ရသည္ျဖစ္ေစ ၊ မရသည္ျဖစ္ေစ သင္၏ သည္းခံမႈကို ဘုရားသခင္ ခ်ီးက်ဴးပါတယ္။ ဤကမာၻေပၚတြင္ မဟုတ္လွ်င္ေတာင္ နိစၥထာဝရတြင္ ျဖစ္တယ္။

ဆာလံ ၁၃၀:၅ “ထာဝရဘုရားကို ငါေစာင့္လ်က္ေန၏။ ငါ့ဝိညာဥ္သည္ ေစာင့္လ်က္ေန၏။ ႏႈတ္ကပတ္ေတာ္ကို ငါေမွ်ာ္လင့္၏။ ”

ဆင္ျခင္ရန္
- သင့္ဆုေတာင္း၏ အေျဖကို ရဖို႔ ေစာင့္ဆိုင္းေနစဥ္တြင္ မည္သို႔ေသာ ဘုရား၏ ကတိေတာ္ကို ရရွိရန္ ေတာင္းခံႏိုင္မည္နည္း။
- လြန္ေလၿပီးေသာ ကာလေတြမွာ ဘုရားသခင္သည္ သင့္အား သူ၏သစၥာရွိမႈကို မည္ကဲ့ေသာ ေဖာ္ျပေပးခဲ့ ပါသနည္း။ 
- သင့္အသက္တာအတြက္ မည္သို႔ေသာအရာကို ဘုရားလုပ္ေဆာင္ေပးဖို႔ရန္ သင္ေမွ်ာ္လင့္ပါသနည္း။ သင္၏ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ဘုရား၏ ေကာင္းျမတ္မႈေတြကို မည္ကဲ့သို႔ တန္ျပန္သက္ေရာက္ေစမည္နည္း။