ဤကမ္ဘာမြေကြီးထက်မက ကျွန်ုပ်တို့ကို ဘုရားသခင် ဖန်ဆင်းပါတယ်။ | God Designed Us for More Than This Earth

Unicode Version

ဤကမ္ဘာမြေကြီးထက် မက  ကျွန်ုပ်တို့ကို ဘုရားသခင် ဖန်ဆင်းပါတယ်။

ကောရိန္သုဩဝါဒစာ ဒုတိယစောင် :၁၈ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသော အရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။

ကောင်းကင်ဘုံတွင် ဘုရားသခင်နှင့်အတူ နိစ္စထာဝရ နေရဖို့ရန် ကျွန်ုပ်တို့ကို ဘုရားသခင် ဖန်ဆင်းခဲ့ပါတယ်။ ကမ္ဘာမြေကြီးက ကျွန်ုပ်တို့၏ အိမ်မဟုတ်ပါ။ ကောင်းကင်ဘုံသာလျှင် ကျွန်ုပ်တို့၏ အိမ်ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံ အသက်တာမှာ မကျေမနပ်ဖြစ်ခြင်း နှင့် မရောင့်ရဲနိုင်ခြင်းတွေကို ကြုံတွေ့ခံစားရပါတယ်။ ကျွန်ုပ်တို့ ဤကမ္ဘာတွင် လုံးဝမပျော်ရွှင်ကြခြင်းမှာ ကျွန်ုပ်တို့ကို ဒီမှာပျော်ရွှင်ရဖို့လည်း မမှတ်ယူကြပါ။ တနည်းအားဖြင့် ဘုရားမရှိဘဲ ကျွန်ုပ်တို့ အသက်ရှင်နေနိုင်ကြတယ်လို့ မြင်ကောင်း မြင်ပါမည်။ တစ်စုံတစ်ရာ ပိုမို ကောင်းမွန်တဲ့ နေရာ - ကောင်းကင်ဘုံရှိ အိမ်တော်တွင် ထာဝရ နေရဖို့ရန်အတွက် ကျွန်ုပ်တို့ကို ဘုရားသခင် ဖန်ဆင်းခဲ့ပါတယ်။

ကုန်းမြေပေါ်တွင် နေထိုင်ခြင်းအတွက် ငါးတွေက ဘယ်တော့မှ ပျော်ရွှင်နိုင်မှာ မဟုတ်ပါ။ ဘာကြောင့်လဲ ဆိုတော့ ငါးတွေကို ရေတွင် နေဖို့အတွက်သာ ဖန်ဆင်းထားပါတယ်။ လင်းယုန်ငှက်သည်လည်း ပျံသန်းဖို့ အခွင့်မရပါလျှင် ဘယ်တော့မှ စိတ်ကျေနပ်ခြင်းကို ခံစားရနိုင်မှာ မဟုတ်ပါ။ သင်သည်လည်း ဤလောကတွင် လုံးဝကို မတင်းတိမ်နိုင် ၊ မရောင့်ရဲနိုင်ခြင်းမှာ ဒီထက်ပိုတဲ့ အရာတွေအတွက် သင့်ကို ဖန်ဆင်းထားလို့ ဖြစ်ပါတယ်။ တဒင်္ဂ အတွက်တော့ လောကမှာ သင်ပျော်ရွှင်နိုင်ပေမဲ့ သင့်အတွက် ဘုရား ကြံစည်ထားတဲ့အရာတွေနဲ့ ဘယ်အရာကမှ နှိုင်းယှဉ်လို့ မရနိုင်ပါ။

ထို့အပြင် ဘုရားသခင်၏ ကတိတော်တစ်ချို့သည်လည်း ဘာကြောင့် မပြည့်စုံခြင်းတွေ ၊ ဆုတောင်းချက် တစ်ချို့ လည်း အဖြေမရခြင်းတွေ နှင့် တစ်ချို့ အခြေအနေတွေက မတရားဘူးလို့ မြင်နေရခြင်းတွေ ရှိပါတယ်။ ဒါပေမဲ့ ၎င်းတို့သည် ဇာတ်လမ်းအဆုံးသတ် မဟုတ်ပါ။

ကမ္ဘာပေါ်ရှိ သက်ရှိများတို့သည် ယာယီမျှသာဖြစ်ကြောင်း သဘောပေါက်နားလည်ခြင်းက သင်၏အဖိုးတန်မှုကို အခြေခံကျကျ ပြင်ဆင်ပြောင်းလဲသင့်ပါတယ်။ ထာဝရတန်ဖိုးရှိသောအရာတို့သည် သင်၏ဆုံးဖြတ်ချက် အားလုံး ပေါ် လွှမ်းမိုးသင့်သည်။ C.S Lewis ကောက်ချက်ချသည်မှာ “ထာဝရမဟုတ်တဲ့ အရာတွေသည် ထာဝရ အသုံးမဝင်ပါ”။

သမ္မာကျမ်းစာက ဆိုထားသည်မှာ ကောရိန္သုဩဝါဒစာ ဒုတိယစောင် :၁၈ထင်ရှားသော အရာတို့ကို မကြည့် မမှတ်ဘဲ မထင်ရှားသော အရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုင်းထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။

ဆင်ခြင်ရန်

- သင့်အသက်တာတွင် မည်သည့်အရာက တည်မြဲနိုင်သနည်း။

- ထာဝရ အမြင်တွေက နေ့စဉ်အသက်တာ ကဏ္ဍရပ်တွေဖြစ်တဲ့ - ပန်းတိုင် ၊ အစီအစဉ် ၊ အကြံအစည် နှင့် ပေါင်းသင်းဆက်ဆံရေးကို မည်ကဲ့သို့ ပြောင်းလဲစေပါသနည်း။



--------------------------------------------------------------------------------------

Zawgyi Version 


ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၄:၁၈ “ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသော အရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။”






သမ္မာကျမ်းစာက ဆိုထားသည်မှာ ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၄:၁၈ “ထင်ရှားသော အရာတို့ကို မကြည့် မမှတ်ဘဲ မထင်ရှားသော အရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုင်းထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။”

ဆင်ခြင်ရန်