မမြင်နိုင်တဲ့ အရာတွေပေါ် အာရုံစူးစိုက်ပါ။ Focus on What Is Unseen
Unicode Version
မမြင်နိုင်တဲ့ အရာတွေပေါ် အာရုံစူးစိုက်ပါ။
ကောရိန္သု၏ဝါဒစာ ၄:၁၈ “မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်ကြလော့။”
သင့်၏ ဝန်းကျင်၌ တွေ့မြင်ရသမျှတို့သည် ခဏ ၊ ယာယီသာဖြစ်ပါတယ်။ သင်နေထိုင်သော အဆောက်အအုံ ၊ သင့်ကြည့်နေသော ကွန်ပြူတာ (သို့) ဖုန်းတွေ ၊ သင်၏ခန္ဓာပင်လျှင် တစ်နေ့ ပျောက်ကွယ်သွားရမည်ဖြစ်သည်။ မမြင်နိုင်သော အရာတွေသာလျှင် ထာဝရ တည်နေမည်ဖြစ်သည်။
ဤဖြစ်ရပ်မှန်တွေသည် အမှန်တကယ် ဘာတွေ အရေးပါ နေသနည်း။
ကောရိန္သု၏ဝါဒစာ ၄:၁၈ “မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်ကြလော့”။
ဝိညာဉ်ရေးရာ စစ်မှန်မှုတွေက ခန္ဓာဖြစ်တည်မှုထက် ပိုပြီး စစ်မှန်ပါတယ်။ ကျွန်ုပ်တို့ ဝိညာဉ်ရေးရာကို အာရုံစူးစိုက်သင့်ပါတယ်။ ဘယ်အရာက အမှန်တကယ် အစစ်အမှန်လဲ။ ကျွန်ုပ်တို့၏ စိတ်နှလုံးနှင့်အတူ ယူဆောင်သင့်သော စစ်မှန်တဲ့ ဝိညာဉ်ရေးရာ (၅) ချက်ရှိပါတယ်။
၁။ သင့်ကို ချစ်ဖို့ ဘုရားရှင် ဖန်ဆင်းထားသည်။ 
ယေရမိ အနာဂတ္တိကျမ်း ၃၁:၃ “ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။” သင့်ကို ချစ်ဖို့ဘုရားရှင် ဖန်ဆင်းထားပြီး သူ့ကို ပြန်လည် ချစ်ဖို့ရန် အလိုတော်ရှိပါသည်။ ၎င်းသည် အသက်တာတွင် တကယ့်ကို အရေးကြီးတဲ့ စစ်မှန်ခြင်း တစ်ခု ဖြစ်ပါတယ်။
၂။ သင် ထာဝရနေရဖို့ ဖန်ဆင်းထားသည်။
ဒေသနာကျမ်း ၃:၁၁ “ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နုလုံးကို လည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံး တိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။
ဆုံးသွားပြီဖြစ်တဲ့ ဧဝံဂေလိဆရာ ဘီလီဂရေဟမ်က သေခြင်းတရားအကြောင်းကို ဤကဲ့သို့ ပြောဖူးပါတယ်။ “တစ်နေ့တစ်ချိန်မှာ သင် ဘီလီဂရေဟမ်ဆုံးပါးခြင်းအကြောင်းကို ကြားသိရမည်ဖြစ်ပြီး အဲဒီစကားကို မယုံကြည် လိုက်ပါနဲ့။ ယခုထက်တိုင် ကျွန်ုပ် ပိုမိုရှင်သန်နေမည့်အတွက်ကြောင့်ပါ။ နေရပ်ကိုဘဲ ပြောင်းလဲလိုက်ခြင်း ဖြစ်ပြီး အသက်ရှင်တဲ့ ဘုရားသခင်ဆီသို့ ပြောင်းသွားခြင်းဖြစ်ပါတယ်။”
(၃) ။ နိစ္စထာဝရ (၂) နေရာကို ဘုရားသခင် ပြင်ဆင်ထားသည်။
ကောင်းကင်ဘုံနှင့် ငရဲဆိုတာ ဖြစ်တည်မှု အဖြစ်သာ ဖော်ပြထားခြင်း မဟုတ်ပါ။ အမှန်တကယ်ပင် ရှိနေသော အရာတွေ ဖြစ်ပါတယ်။
(၄) သင်နားခိုနေနိုင်သော ထာဝရနေရာကို ရွေးချယ်ခွင့်ရသည်။
တစ်နေ့မှာ သင်ကိုယ်သင် ငရဲပြည်မှာ ရောက်နေကြောင်းကို တွေ့မြင်သည်မှာ မတော်တဆ မဟုတ်ပါ။ အဲဒီနေရာကို သင်ရောက်ကောင်းရောက်နေနိုင်မည် (သို့) သခင်ခရစ်တော်နှင့်အတူ ကောင်းကင်ဘုံမှာ ထာဝရ ခံစားနေနိုင်ဖို့ကို သင်ငြင်းပယ်လိုက်လျှင်ပေါ့။ အကယ်၍ သခင်ခရစ်တော်ကို သင့်အသက်တာ၏ ကယ်တင်ရှင် သခင်အဖြစ် ရွေးချယ်မည်ဆိုလျှင် ကောင်းကင်ဘုံမှာ နိစ္စာထာဝရ နေနိုင်မည်ဖြစ်သည်။ ငြင်းပယ်မည်ဆိုလျှင် ငရဲဘုံ၌ စံစားရမည် ဖြစ်သည်။ အလယ်အလတ်ရွေးချယ်မှုမရှိပါ။
(၅) သင့်ရွေးချယ်မှုအတွက် ဒုတိယအကြိမ် မရှိခြင်း အခွင့်ကိုပါ ရသည်။
သင့်ရွေးချယ်မှုမှာ အချိန်အကန့်အသတ်ရှိပါသည်။ ဆုံးဖြတ်ချက်ချဖို့ရန် သင့်အသက်တာတစ်ခုလုံးကို သင်ရနေသည်။ သို့ပေမဲ့ ကမ္ဘာပေါ်မှာ သင်၏ နောက်ဆုံးနေ့ရက်ကို ဘယ်တော့မှ မသိနိုင်ပါ။ သေပြီး နောက်ပိုင်းမှ သင့်ဆုံးဖြတ်ချက်ကို ပြောင်းလဲလို့ မရတော့ပါဘူး။
ဘယ်အရာကမှ ထာဝရအသက်လောက်စစ်မှန်တာ မရှိပါဘူး။ အထက်ပါ အချက် (၅) ချက်ကား သင်၏ နိစ္စထာဝရနေရာအတွက် သက်ရောက်မှုရှိခြင်းမက လောက၌ မည်သို့ အသက်ရှင်နေထိုင်ခြင်းသည်လည်း နောက်ထာဝရအသက် အတွက်ပါ ပြောင်းလဲခြင်း ဖြစ်စေပါသည်။
ဆင်ခြင်ရန်
- မမြင်ရတဲ့ အရာတွေကို အာရုံစိုက်နိုင်ဖို့ရန် ဘာကြောင့်များ အရေးကြီးပါသနည်း။
- မည်သို့သော ဝိညာဉ်ရေးရာ စစ်မှန်မှုတွေကို သင်အာရုံထားပါသနည်း။
- ခရစ်တော်နှင့် ဆိုင်သော ဆုံးဖြတ်ချက်တွေကို ချဖို့ရန် ဘုရားသခင်သည် ဘာကြောင့် ကျွန်ုပ်တို့အား အသက်ကို ပေးပါသနည်း။ သို့ပေမဲ့ သေဆုံးပြီးမှ ဆုံးဖြတ်ချက်ပေးနိုင်စေသော ဒုတိယသော အခွင့်အရေးကို ဘာကြောင့် မပေးသနည်း။
-----------------------------------------------------------------------------------
Zawgyi Version
ကောရိန်သု၏ဝါဒစာ ၄:၁၈ “မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်ကြလော့။” 
ကောရိန်သု၏ဝါဒစာ ၄:၁၈ “မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်ကြလော့”။
ဆင်ခြင်ရန်