ကန့်သတ်ချက် ၊ အားနည်းချက်တွေအားဖြင့် သင်၏အမြင်တွေကို အကန့်အသတ် မဖြစ်ပါစေနှင့်။ | Don’t Let Limitations Limit Your Vision

Unicode Version

 

ကန့်သတ်ချက် ၊ အားနည်းချက်တွေအားဖြင့် သင်၏အမြင်တွေကို အကန့်အသတ် မဖြစ်ပါစေနှင့်။

ဧသတာဝတ္တု ၂:၁၇ “အခြားသော သမီးကညာအပေါင်းတို့ထက် ဧသတာသည် စိတ်တော်ကိုနူးညွတ်စေ၍၊ အထံတော်၌ မျက်နှာရသဖြင့်၊ ရှင်ဘုရင်သည် အခြားသော မိန်းမ တကာတို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သောကြောင့်၊ သူ့ခေါင်းပေါ်မှာ ရာဇသရဖူကိုတင်၍မိဖုရား ဝါရှတိအရာ၌ ချီးမြှောက်တော်မူ၏။”

သင်၏ အသက်တာကြမ္မာကို ပြည့်စုံဖို့ရန် သင်၏ဆုကျေးဇူးတစ်ခုကိုသာ ဘုရားအသုံးပြုမည်မဟုတ်ပါ။ သင်၏ ကန့်သတ်ခြင်းတွေ ၊ အားနည်းခြင်းတွေ ကိုပါ အသုံးပြုပါလိမ့်မည်။

ဧသတာ ဝတ္တုကို ထပ်မံ ကြည့်ရအောင်။ သူမတွင် ကြီးမားသော ကန့်သတ်ခြင်းတွေရှိပြီး ၎င်းသည် ဘုရားသခင် သူမအား ဖြည့်ဆည်းဖို့ရန် အလိုတော်ရှိသော အခန်းကဏ္ဍတစ်ခုအတွက် စုံလင်စေပါသည်။ သူမသည် မော်ဒကဲ၏ မွေးစားထားသော မိဘမဲ့တစ်ဉီးဖြစ်ပြီး ရှုရှန်မြို့တော်တွင် နေထိုင်သော လူနည်းစုဖြစ်တဲ့ ယုဒလူမျိုး မှ ဆင်းသက် လာပါတယ်။ သူမသည် တစ်ဉီးတည်းသော မိန်းကလေးဖြစ်သည်။ တစ်ကိုယ်တည်းသော မိန်းကလေးတွေအတွက် ယောကျ်ားကြီးစိုးသော လူမှုအဖွဲ့အစည်းရှိ မိန်းကလေးတို့တွင် အခွင့်အရေး ၊ အခွင့်အလမ်း လုံးဝမရှိပါ။

သို့ပေမဲ့ ဤအရာအားလုံးတို့ကို သူမ၏ ကြမ္မာကို ဖြည့်ဆည်းရာ၌ အကူအညီဖြစ်စေရန် ဘုရားသခင် အသုံးပြုခဲ့ပါတယ်။

တစ်ခါတစ်ရံတွင် သင့်အသက်တာရှိ ဘေးဒုက္ခတွေသည် ကြီးမားသော အစီအစဉ်အတွက် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ဧသတာသာ က “အကယ်၍ ငါ အရွေးမခံခဲ့ရလျှင် … အကယ်၍ ငါ့မှာ ကောင်းသော ပညာရေးသာ ရှိခဲ့လျှင် … အကယ်၍ ငါ တစ်စုံတစ်ယောက်လိုမျိုး ဖြစ်ခဲ့လျှင်..” ဆိုတဲ့စကားတွေကို ပြောနိုင်ပေမည်။ လူတော်တော်များများ လည်း ဤကဲ့သို့ ပြုပါတယ်။ သူတို့တွေသည် သူတစ်ပါးကို ကြည့်ပြီး “သူတို့လိုဖြစ်ရင် ပိုပြီး ကောင်းမှာဘဲ”ဆိုပြီး အမြဲတမ်း မနာလိုဖြစ်ခြင်း၌ အသက်တာကို ရှင်သန်နေကြတဲ့ သူတွေ ဖြစ်ပါတယ်။

၎င်းသဘောထားမျိုး သင်၌ရှိပါလျှင် သင်၏ အသက်တာကြမ္မာကို သင်ဘယ်တော့မှ ဖြည့်ဆည်းလို့ မရနိုင်ပါ။ သင့်အသက်တာရှိ မနှစ်မြို့ဖွယ် အတားအဆီးတို့သည် များသောအားဖြင့် ကွဲပြားခြားနားစေရန် ဘုရားသခင် သတ်မှတ်ပေးသော အခွင့်အလမ်းများဖြစ်ကြောင်းကို သင်သဘောပေါက်ရပါမည်။

 

သင်နာကျင်ခံစားရခြင်းတွေကို မြင်နိုင်ဖို့ရန် ခက်ယဉ်းပါတယ်။

ယောဘ ကိုကြည့်ပါ။ သူက ဤလောကမှာ အကြွယ်ဝဆုံးသော လူတစ်ဉီးဖြစ်ပြီး သူ၏ မိသားစု ၊ ကျန်းမာရေး နှင့် ကြွယ်ဝမှုတွေကို နုတ်ယူဖို့ ဘုရားသခင် အရာအားလုံးကို ခွင့်ပြုထားပါတယ်။

ပြီးတော့ ယောဘက ဘုရားသခင်ထံ မေးခွန်းစတင်ပေးပြီးတဲ့အခါ ဘုရားရှင် တိတ်ဆိတ်နေခဲ့ပါတယ်။

ယောဘက ဆိုထားသည်မှာ “ယခုမူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊  လုပ်တော်မူရာ လက်ဝဲဘက်သို့သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင်လျက် နေတော်မူ သောကြောင့်၊ ကိုယ်တော်ကိုမမြင်ရ။ သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။” ယောဘဝတ္တု ၂၃: ၉-၁၀, ၁၃-၁၄)

“သို့ရာတွင် သဘောတညီတည်းရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲစေနိုင်မည် နည်း။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်။ ငါ့အငန်းအတာကို စီရင်တော်မူ၏။ ထိုသို့သော အကြံအစည် တော်အများရှိကြ၏။”

ကျွန်ုပ်တို့တွေသည် မသေချာ မရေရာသော အချိန်တွင် နေထိုင်နေကြပါတယ်။ အရာအားလုံးကိုလည်း တွက်ချက်နိုင်မှာ မဟုတ်ပါဘူး။ သို့ပေမဲ့ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ဘုရားသခင် သိပါတယ်။ ဝမ်းမြောက်စရာတွေ ၊ နာကျင်မှုတွေ ၊ အခွင့်အရေးနှင့် အတားအဆီး မှန်သမျှတို့ကို ဘုရားသခင် အသုံးပြုနိုင် ပါတယ်။

ဆင်ခြင်ရန်

- သင့်အသက်တာရှိ မည်ကဲ့သို့ ခက်ခဲသော အခြေအနေတွေကို ကောင်းကျိုးအတွက် ဘုရားသခင် အသုံးပြုတယ် ဆိုတာကို သင်တွေ့မြင်ပါသနည်း။

- ယခု လက်ရှိ သင်၏ အကြီးမားဆုံးသော ရင်ဆိုင်ရမှုက ဘာဖြစ်မည်နည်း။ ၎င်းကို ဘုရားသခင်၏ ရည်ရွယ်ချက်တို့ဘက်သို့ လှှည့်ပြီး ဘုရားအလိုတော်ရှိရာကို အသုံးပြုရန် မည်ကဲ့သို့ သင်ထင်မြင်ပါသနည်း။

- ဘုရားသခင် တိတ်ဆိတ်နေတဲ့အခါမှာ သင့်အား မည်သို့ တုံ့ပြန်ဖို့ရန် အလိုတော်ရှိသလဲလို့ သင်ထင်မြင်ပါသနည်း။ သူ့ထံမှ သင်မည်ကို့ ကြားနိုင်ပါမည်နည်း။


----------------------------------------------------------------------------------


Zawgyi Version

ကန႔္သတ္ခ်က္ ၊ အားနည္းခ်က္ေတြအားျဖင့္ သင္၏အျမင္ေတြကို အကန႔္အသတ္ မျဖစ္ပါေစႏွင့္။

ဧသတာဝတၱဳ ၂:၁၇ “အျခားေသာ သမီးကညာအေပါင္းတို႔ထက္ ဧသတာသည္ စိတ္ေတာ္ကိုႏူးၫြတ္ေစ၍၊ အထံေတာ္၌ မ်က္ႏွာရသျဖင့္၊ ရွင္ဘုရင္သည္ အျခားေသာ မိန္းမ တကာတို႔ကို ခ်စ္သည္ထက္ ဧသတာကိုသာ၍ ခ်စ္ေသာေၾကာင့္၊ သူ႔ေခါင္းေပၚမွာ ရာဇသရဖူကိုတင္၍မိဖုရား ဝါရွတိအရာ၌ ခ်ီးေျမႇာက္ေတာ္မူ၏။”

သင္၏ အသက္တာၾကမၼာကို ျပည့္စုံဖို႔ရန္ သင္၏ဆုေက်းဇူးတစ္ခုကိုသာ ဘုရားအသုံးျပဳမည္မဟုတ္ပါ။ သင္၏ ကန႔္သတ္ျခင္းေတြ ၊ အားနည္းျခင္းေတြ ကိုပါ အသုံးျပဳပါလိမ့္မည္။ 

ဧသတာ ဝတၱဳကို ထပ္မံ ၾကည့္ရေအာင္။ သူမတြင္ ႀကီးမားေသာ ကန႔္သတ္ျခင္းေတြရွိၿပီး ၎သည္ ဘုရားသခင္ သူမအား ျဖည့္ဆည္းဖို႔ရန္ အလိုေတာ္ရွိေသာ အခန္းက႑တစ္ခုအတြက္ စုံလင္ေစပါသည္။ သူမသည္ ေမာ္ဒကဲ၏ ေမြးစားထားေသာ မိဘမဲ့တစ္ဉီးျဖစ္ၿပီး ရႈရွန္ၿမိဳ႕ေတာ္တြင္ ေနထိုင္ေသာ လူနည္းစုျဖစ္တဲ့ ယုဒလူမ်ိဳး မွ ဆင္းသက္ လာပါတယ္။ သူမသည္ တစ္ဉီးတည္းေသာ မိန္းကေလးျဖစ္သည္။ တစ္ကိုယ္တည္းေသာ မိန္းကေလးေတြအတြက္ ေယာက်္ားႀကီးစိုးေသာ လူမႈအဖြဲ႕အစည္းရွိ မိန္းကေလးတို႔တြင္ အခြင့္အေရး ၊ အခြင့္အလမ္း လုံးဝမရွိပါ။

သို႔ေပမဲ့ ဤအရာအားလုံးတို႔ကို သူမ၏ ၾကမၼာကို ျဖည့္ဆည္းရာ၌ အကူအညီျဖစ္ေစရန္ ဘုရားသခင္ အသုံးျပဳခဲ့ပါတယ္။ 
တစ္ခါတစ္ရံတြင္ သင့္အသက္တာရွိ ေဘးဒုကၡေတြသည္ ႀကီးမားေသာ အစီအစဥ္အတြက္ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။

ဧသတာသာ က “အကယ္၍ ငါ အေ႐ြးမခံခဲ့ရလွ်င္ … အကယ္၍ ငါ့မွာ ေကာင္းေသာ ပညာေရးသာ ရွိခဲ့လွ်င္ … အကယ္၍ ငါ တစ္စုံတစ္ေယာက္လိုမ်ိဳး ျဖစ္ခဲ့လွ်င္..” ဆိုတဲ့စကားေတြကို ေျပာႏိုင္ေပမည္။ လူေတာ္ေတာ္မ်ားမ်ား လည္း ဤကဲ့သို႔ ျပဳပါတယ္။ သူတို႔ေတြသည္ သူတစ္ပါးကို ၾကည့္ၿပီး “သူတို႔လိုျဖစ္ရင္ ပိုၿပီး ေကာင္းမွာဘဲ”ဆိုၿပီး အၿမဲတမ္း မနာလိုျဖစ္ျခင္း၌ အသက္တာကို ရွင္သန္ေနၾကတဲ့ သူေတြ ျဖစ္ပါတယ္။
၎သေဘာထားမ်ိဳး သင္၌ရွိပါလွ်င္ သင္၏ အသက္တာၾကမၼာကို သင္ဘယ္ေတာ့မွ ျဖည့္ဆည္းလို႔ မရႏိုင္ပါ။ သင့္အသက္တာရွိ မႏွစ္ၿမိဳ႕ဖြယ္ အတားအဆီးတို႔သည္ မ်ားေသာအားျဖင့္ ကြဲျပားျခားနားေစရန္ ဘုရားသခင္ သတ္မွတ္ေပးေသာ အခြင့္အလမ္းမ်ားျဖစ္ေၾကာင္းကို သင္သေဘာေပါက္ရပါမည္။ 

သင္နာက်င္ခံစားရျခင္းေတြကို ျမင္ႏိုင္ဖို႔ရန္ ခက္ယဥ္းပါတယ္။
ေယာဘ ကိုၾကည့္ပါ။ သူက ဤေလာကမွာ အႂကြယ္ဝဆုံးေသာ လူတစ္ဉီးျဖစ္ၿပီး သူ၏ မိသားစု ၊ က်န္းမာေရး ႏွင့္ ႂကြယ္ဝမႈေတြကို ႏုတ္ယူဖို႔ ဘုရားသခင္ အရာအားလုံးကို ခြင့္ျပဳထားပါတယ္။
ၿပီးေတာ့ ေယာဘက ဘုရားသခင္ထံ ေမးခြန္းစတင္ေပးၿပီးတဲ့အခါ ဘုရားရွင္ တိတ္ဆိတ္ေနခဲ့ပါတယ္။
ေယာဘက ဆိုထားသည္မွာ “ယခုမူကား၊ ငါတက္လွ်င္ ဘုရားသခင္ရွိေတာ္မမူ။ ဆုတ္လွ်င္ ကိုယ္ေတာ္ကို မရိပ္မိ၊  လုပ္ေတာ္မူရာ လက္ဝဲဘက္သို႔သြားလွ်င္ ကိုယ္ေတာ္ကို မဖူးမေတြ႕ရ။ လက္်ာဘက္၌ ပုန္းေရွာင္လ်က္ ေနေတာ္မူ ေသာေၾကာင့္၊ ကိုယ္ေတာ္ကိုမျမင္ရ။ သို႔ေသာ္လည္းငါသြားေသာလမ္းကို သိေတာ္မူ၏။ စစ္ေတာ္မူျခင္းကို ခံၿပီးမွ၊ ေ႐ႊကဲ့သို႔ငါေပၚလိမ့္မည္။” ေယာဘဝတၱဳ ၂၃: ၉-၁၀, ၁၃-၁၄)
“သို႔ရာတြင္ သေဘာတညီတည္းရွိေတာ္မူေသာ ဘုရားသခင္ကို အဘယ္သူသည္ ေျပာင္းလဲေစႏိုင္မည္ နည္း။ အလိုေတာ္ရွိသည္အတိုင္း ျပဳေတာ္မူလိမ့္မည္။ ငါ့အငန္းအတာကို စီရင္ေတာ္မူ၏။ ထိုသို႔ေသာ အႀကံအစည္ ေတာ္အမ်ားရွိၾက၏။”

ကြၽႏ္ုပ္တို႔ေတြသည္ မေသခ်ာ မေရရာေသာ အခ်ိန္တြင္ ေနထိုင္ေနၾကပါတယ္။ အရာအားလုံးကိုလည္း တြက္ခ်က္ႏိုင္မွာ မဟုတ္ပါဘူး။ သို႔ေပမဲ့ ဘာေတြျဖစ္လာမလဲဆိုတာကိုေတာ့ ဘုရားသခင္ သိပါတယ္။ ဝမ္းေျမာက္စရာေတြ ၊ နာက်င္မႈေတြ ၊ အခြင့္အေရးႏွင့္ အတားအဆီး မွန္သမွ်တို႔ကို ဘုရားသခင္ အသုံးျပဳႏိုင္ ပါတယ္။

ဆင္ျခင္ရန္
- သင့္အသက္တာရွိ မည္ကဲ့သို႔ ခက္ခဲေသာ အေျခအေနေတြကို ေကာင္းက်ိဳးအတြက္ ဘုရားသခင္ အသုံးျပဳတယ္ ဆိုတာကို သင္ေတြ႕ျမင္ပါသနည္း။
- ယခု လက္ရွိ သင္၏ အႀကီးမားဆုံးေသာ ရင္ဆိုင္ရမႈက ဘာျဖစ္မည္နည္း။ ၎ကို ဘုရားသခင္၏ ရည္႐ြယ္ခ်က္တို႔ဘက္သို႔ လွွည့္ၿပီး ဘုရားအလိုေတာ္ရွိရာကို အသုံးျပဳရန္ မည္ကဲ့သို႔ သင္ထင္ျမင္ပါသနည္း။
- ဘုရားသခင္ တိတ္ဆိတ္ေနတဲ့အခါမွာ သင့္အား မည္သို႔ တုံ႔ျပန္ဖို႔ရန္ အလိုေတာ္ရွိသလဲလို႔ သင္ထင္ျမင္ပါသနည္း။ သူ႔ထံမွ သင္မည္ကို႔ ၾကားႏိုင္ပါမည္နည္း။