ရည်ရွယ်ချက်နှင့် ဆုတောင်းခြင်း ကြားက ဆက်သွယ်မှု | The Connection Between Purpose and Prayer
Unicode Version
ရည်ရွယ်ချက်နှင့် ဆုတောင်းခြင်း ကြားက ဆက်သွယ်မှု
ယေရမိအနာဂတ္တိကျမ်း ၂၉:၁၁-၁၂ “တဖန်မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကိုအကျိုးနည်းစေခြင်းငှာ ကြံစည်သော အကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။ တဖန်မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာ ကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။”
ဘုရားသခင်သည် ကောင်းမြတ်၏။ ထို့ကြောင့် သဘာဝအားဖြင့် မကောင်းမှုကို သူမပြုနိုင်ပါ။ ပြုသမျှသော အရာတိုင်းသည် ကောင်း၏။ ကောင်းမြတ်တဲ့အတွက်ကြောင့် သင့်အသက်တာအတွက် သူ၏ အကြံအစည်သည် အမြဲတမ်းကောင်းမွန်ပါလိမ့်သည်။
ဘုရားသခင်မှာ သင့်အသက်တာအတွက် အစီအစဉ်တွေကို ဖန်တီးဖို့ရန် မလိုပါ။ သင့်အား မွေးဖွားလာစေပြီး ခြေဉီးတည့်ရာ လှည့်လည်ခွင့် ပြုနိုင်သည်။
သို့ပေမဲ့ ဘုရားသခင်သည် သင့်အား ရည်ရွယ်ချက်ဖြင့် ဖန်ဆင်းထားပါတယ်။ သင့်အသက်တာအတွက် အစီအစဉ်တစ်ခုကို သူပေးပါသည်။
ယေရမိအနာဂတ္တိကျမ်း ၂၉:၁၁-၁၂ “တဖန်မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကိုအကျိုးနည်းစေခြင်းငှာ ကြံစည်သော အကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။ တဖန်မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။”
သင့်အသက်တာအတွက် ဘုရားသခင်၏ အကြံအစည် နှင့် ဆုတောင်းခြင်းကြားက ဆက်သွယ်မှုကို သင်သိပါ သလား။ ၎င်းတို့သည် ဆုတောင်းခြင်းအားဖြင့် ထင်ရှားပေါ်လွင်ပြီး သဘောပေါက်နားလည်စေသည်။
သင်ဆုတောင်း လေလေ ဘုရား၏ အကြံအစည်တို့ကို သင်ပိုမို နားလည် လာမှာ ဖြစ်ပါတယ်။ ဘုရားသခင်ထံ ဆုတောင်းတဲ့အခါမှာ သူသည် သင့်အား နားဆင်ပေးဖို့ရန် ၊ အဖြေပေးဖို့ရန် နှင့် မိမိကိုယ်ကို ပိုမိုသိရှိစေရန် ဖော်ပြပေးမည်လို့ ကတိပေးပါတယ်။
ဆင်ခြင်ရန်
- ယေရမိအနာဂတ္တိကျမ်း ၂၉:၁၁-၁၂ မှ ယုံကြည်သူများအတွက် တိကျသော ကတိတော်များကား မည်သို့နည်း။
-သင့်အသက်တာအတွက် ဘုရားသခင်၏ အကြံအစည်ကား မည်ကဲ့သို့ဖြစ်သည်ကို သင်တွေးမြင်ပါသနည်း။
-သင်၏ ဆုတောင်းခြင်း အသက်တာသည် သင်၏ အသက်တာအတွက် ဘုရားသခင်၏ အကြံအစည်ကို  သင်မည်မျှယုံကြည်ကြောင်းကို ဖော်ပြပါသနည်း။
----------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်