Unicode Version

ကောင်းကင်ဘုံ ဝင်ရလိမ့်မည်ဟု ကျွန်ုပ်သေချာလို့ ရနိုင်ပါသလား။
ရှင်ယောဟန်ခရစ်ဝင် ၅:၂၄ “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍
ငါ့ကိုစေလွှတ် တော်မူသော သူကို ယုံကြည် သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။
သေခြင်းမှ အသက်ရှင် ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။”
သခင်ခရစ်တော်၏
သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့ကို စီရင်ခြင်းမှ လွှတ်မြောက်စေပါတယ်။
ကောင်းကင်တံခါးဝအပြင်ဘက်တွင်
ရှည်လျားသောတန်းစီရခြင်း၌ သင် နှေးကွေးစွာဖြင့် ရွေ့လျားလျက် စီရင် ခြင်းနေ့ရက်ကို
တွေးမြင်ကြည့်နိုင်သည်။ သင်၏အလှည့်နီးကပ်လာတဲ့အလျောက် ဇောကပ်ပြီး သိချင်စိတ် တွေနဲ့
“ငါ ဝင်ရပါ့မလား” ငါလုပ်ဆောင်နိုင်ပါ့မလား ၊ ငါ လုပ်ခဲ့တဲ့
ရူးမိုက်မှုနှင့် မှားယွင်းတဲ့အရာတွေကို တီဗွီ ဖန်သားပြင်ကျယ်ကြီးမှာ ပေါ်လာဖို့ ဘုရားရှင်လုပ်ဆောင်မလား
၊ ငါ၏ အပြစ်တွေ ဖော်ထုတ်ခံရတော့မလား ”
သင့်အတွက် ကျွန်ုပ်တွင် သတင်းကောင်းရှိပါတယ်။ သခင်ခရစ်တော်၏ ကတိတော်ဖြစ်ပါတယ်။
သမ္မာကျမ်းစာ တွင် ဆိုထားသည်မှာ ရှင်ယောဟန်ခရစ်ဝင် ၃:၁၈ “သားတော်ကိုယုံကြည်သောသူသည်
အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရား သခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သော
ကြောင့် ယခုပင်အပြစ် စီရင်ခြင်းကိုခံရ၏။”
စစ်မှန်သော
ရုပ်ပုံလွှာက ဒီလိုပါ။ စီရင်ခြင်းအတွက် သင်စောင့်ဆိုင်းခြင်း၌ တန်းစီနေပါတယ်။ သခင်ခရစ်တော်က
သင့်ကို မြင်ပြီး “ငါသင့်ကို သိပါတယ်။ ငါတို့တွေ မိတ်ဆွေသူငယ်ချင်းဖြစ်လာတာ နှစ်ပေါင်းများစွာပေါ့။
သင်၏ ယုံကြည်ခြင်းကို ငါ့၌ နှစ်စဉ် ရှင်ပြန်ထမြောက်ရာကာလ မှာတည်ခဲ့ပါတယ်။ ငါ့ဆီလာပါ။
ဒီဘက် လမ်းကြောင်းကို ဝင်ပါ။ သင်အစာရှောင်ခြင်း ပြုတယ်။ တရားစီရင်ခြင်းကို ကျော်လွှားနိုင်တယ်။”
၎င်းသည် ကောင်းသတင်းလား။ ဟုတ်ပါတယ်။
ကျွန်ုပ်၌
Buddy လို့ခေါ်တဲ့ သူငယ်ချင်းတစ်ဉီး ဆိုထားသည်မှာ “သူမ ငယ်စဉ်တုန်းက ဉပုဒ်စာသင်ကျောင်းရှိ
ဆရာမက သင်ကြားသည်မှာ ဘုရားသခင်သည် ကောင်းကင်ဘုံတွင် ထိုင်နေပြီး Buddy လုပ်ဆောင်သော
မကောင်းမှုတွေကို ရေးချနေပါတယ်။ ပြီးတော့ ဆရာမက အပတ်စဉ်တိုင်း သီချင်းဆိုစေခဲ့ပါတယ်
“အချိန်တိုင်းတွင် ဘုရားသခင် ရေးသားနေပါတယ်…. အချိန်တိုင်းရေးသားနေတယ်” ၊ Buddy က “၎င်းအရာ တွေက ငါ့ကို
ကြောက်လန့်စေခဲ့တယ်။ ငါ၏ စိတ်ကူးထဲမှာ ကောင်းကင်ဘုံကို ဘယ်တော့မှ ရောက်ဖို့ မရှိတော့ဘူး။
ငါ၏ မကောင်းမှု စာရင်းက ပိုပြီး ရှည်လာပါတယ်။”
သခင်ခရစ်တော်၌
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို အပ်နှံထားတဲ့အခါမှာ ဘုရားသခင်က ထိုသို့ ကျွန်ုပ်တို့ကို ဆက်ဆံမည်လား။ မဟုတ်ပါ။ တကယ်တော့ ဘုရားသခင်
ပယ်ဖျက်ပါတယ်။ အချိန်တိုင်း ပယ်ဖျက်ပါတယ်။ ခွင့်လွှတ်ပါတယ်။ အချိန်တိုင်း ခွင့်လွှတ်ပါတယ်။
ကောင်းကင်ဘုံတွင် ထိုင်နေပြီး “Delete” ခလုတ်ကို နှိပ်နေ ပါတယ်။
ဘာကြောင့်လဲ။
သမ္မာကျမ်းစာက ဆိုထားသည်မှာ ရှင်ယောဟန်ဩဝါဒစာ ပဌမစောင်
၄:၈ တွင် “ချစ်ခြင်းမရှိသော သူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ
ဖြစ်တော် မူ၏။”
ကောရိန္သုပဌမစောင် ၁၃:၅ “မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊
ဒေါသအမျက် မထွက် တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊”
ရောမ ၈:၁ “ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊
ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ၏။”
ဆင်ခြင်ရန်
-
လူတွေ ပြောဆိုနေကြတဲ့ “တရားစီရင်ရာနေ့” နှင့်ပတ်သက်ပြီး သင်ကြားရတဲ့အခါမှာ သင်မည်သို့
ထင်မြင်ပါသနည်း။
-
အနာဂတ်ကာလရှိ ကောင်းကင်ဘုံ၌ ယုံကြည်မှုရှိခြင်းသည် သင်၏နေ့စဉ်လုပ်ရပ်နှင့် ရွေးချယ်မှုများကို
မည်သို့ ပုံဖော်စေပါသနည်း။
-
သင်၏ မှားယွင်းမှုတို့ကို ဘုရားသခင် မှတ်တော်မမူပါလျှင် မှန်ကန်သောလမ်း ၊ ဖြောင့်မတ်ခြင်းလမ်း
ကို ကြိုးစားလျှောက်လမ်းဖို့ရန် ဘာကြောင့် အရေးကြီးပါသနည်း။
------------------------------------------------------------------------
Zawgyi Version
ေကာင္းကင္ဘုံ ဝင္ရလိမ့္မည္ဟု ကြၽႏ္ုပ္ေသခ်ာလို႔ ရႏိုင္ပါသလား။
ရွင္ေယာဟန္ခရစ္ဝင္ ၅:၂၄ “ငါအမွန္အကန္ဆိုသည္ကား၊ ငါ့စကားကို နားေထာင္၍ ငါ့ကိုေစလႊတ္ ေတာ္မူေသာ သူကို ယုံၾကည္ ေသာသူသည္ ထာဝရအသက္ကို ရသည္ျဖစ္၍ အျပစ္စီရင္ျခင္းကိုမခံရ။ ေသျခင္းမွ အသက္ရွင္ ျခင္းသို႔ ကူးေျမာက္ေသာသူျဖစ္၏။”
သခင္ခရစ္ေတာ္၏ ေသျခင္းႏွင့္ ရွင္ျပန္ထေျမာက္ျခင္းသည္ ကြၽႏ္ုပ္တို႔ကို စီရင္ျခင္းမွ လႊတ္ေျမာက္ေစပါတယ္။
ေကာင္းကင္တံခါးဝအျပင္ဘက္တြင္ ရွည္လ်ားေသာတန္းစီရျခင္း၌ သင္ ေႏွးေကြးစြာျဖင့္ ေ႐ြ႕လ်ားလ်က္ စီရင္ ျခင္းေန႔ရက္ကို ေတြးျမင္ၾကည့္ႏိုင္သည္။ သင္၏အလွည့္နီးကပ္လာတဲ့အေလ်ာက္ ေဇာကပ္ၿပီး သိခ်င္စိတ္ ေတြနဲ႔ “ငါ ဝင္ရပါ့မလား” ငါလုပ္ေဆာင္ႏိုင္ပါ့မလား ၊ ငါ လုပ္ခဲ့တဲ့ ႐ူးမိုက္မႈႏွင့္ မွားယြင္းတဲ့အရာေတြကို တီဗြီ ဖန္သားျပင္က်ယ္ႀကီးမွာ ေပၚလာဖို႔ ဘုရားရွင္လုပ္ေဆာင္မလား ၊ ငါ၏ အျပစ္ေတြ ေဖာ္ထုတ္ခံရေတာ့မလား ”
သင့္အတြက္ ကြၽႏ္ုပ္တြင္ သတင္းေကာင္းရွိပါတယ္။ သခင္ခရစ္ေတာ္၏ ကတိေတာ္ျဖစ္ပါတယ္။ သမၼာက်မ္းစာ တြင္ ဆိုထားသည္မွာ ရွင္ေယာဟန္ခရစ္ဝင္ ၃:၁၈ “သားေတာ္ကိုယုံၾကည္ေသာသူသည္ အျပစ္စီရင္ျခင္းကို မခံရ။ မယုံၾကည္ေသာသူမူကား၊ ဘုရား သခင္၌ တပါးတည္းေသာသားေတာ္ကို မယုံၾကည္ေသာ ေၾကာင့္ ယခုပင္အျပစ္ စီရင္ျခင္းကိုခံရ၏။”
စစ္မွန္ေသာ ႐ုပ္ပုံလႊာက ဒီလိုပါ။ စီရင္ျခင္းအတြက္ သင္ေစာင့္ဆိုင္းျခင္း၌ တန္းစီေနပါတယ္။ သခင္ခရစ္ေတာ္က သင့္ကို ျမင္ၿပီး “ငါသင့္ကို သိပါတယ္။ ငါတို႔ေတြ မိတ္ေဆြသူငယ္ခ်င္းျဖစ္လာတာ ႏွစ္ေပါင္းမ်ားစြာေပါ့။ သင္၏ ယုံၾကည္ျခင္းကို ငါ့၌ ႏွစ္စဥ္ ရွင္ျပန္ထေျမာက္ရာကာလ မွာတည္ခဲ့ပါတယ္။ ငါ့ဆီလာပါ။ ဒီဘက္ လမ္းေၾကာင္းကို ဝင္ပါ။ သင္အစာေရွာင္ျခင္း ျပဳတယ္။ တရားစီရင္ျခင္းကို ေက်ာ္လႊားႏိုင္တယ္။” ၎သည္ ေကာင္းသတင္းလား။ ဟုတ္ပါတယ္။
ကြၽႏ္ုပ္၌ Buddy လို႔ေခၚတဲ့ သူငယ္ခ်င္းတစ္ဉီး ဆိုထားသည္မွာ “သူမ ငယ္စဥ္တုန္းက ဉပုဒ္စာသင္ေက်ာင္းရွိ ဆရာမက သင္ၾကားသည္မွာ ဘုရားသခင္သည္ ေကာင္းကင္ဘုံတြင္ ထိုင္ေနၿပီး Buddy လုပ္ေဆာင္ေသာ မေကာင္းမႈေတြကို ေရးခ်ေနပါတယ္။ ၿပီးေတာ့ ဆရာမက အပတ္စဥ္တိုင္း သီခ်င္းဆိုေစခဲ့ပါတယ္ “အခ်ိန္တိုင္းတြင္ ဘုရားသခင္ ေရးသားေနပါတယ္…. အခ်ိန္တိုင္းေရးသားေနတယ္” ၊ Buddy က “၎အရာ ေတြက ငါ့ကို ေၾကာက္လန႔္ေစခဲ့တယ္။ ငါ၏ စိတ္ကူးထဲမွာ ေကာင္းကင္ဘုံကို ဘယ္ေတာ့မွ ေရာက္ဖို႔ မရွိေတာ့ဘူး။ ငါ၏ မေကာင္းမႈ စာရင္းက ပိုၿပီး ရွည္လာပါတယ္။”
သခင္ခရစ္ေတာ္၌ ကြၽႏ္ုပ္တို႔၏ ယုံၾကည္ျခင္းကို အပ္ႏွံထားတဲ့အခါမွာ ဘုရားသခင္က ထိုသို႔ ကြၽႏ္ုပ္တို႔ကို ဆက္ဆံမည္လား။ မဟုတ္ပါ။ တကယ္ေတာ့ ဘုရားသခင္ ပယ္ဖ်က္ပါတယ္။ အခ်ိန္တိုင္း ပယ္ဖ်က္ပါတယ္။ ခြင့္လႊတ္ပါတယ္။ အခ်ိန္တိုင္း ခြင့္လႊတ္ပါတယ္။ ေကာင္းကင္ဘုံတြင္ ထိုင္ေနၿပီး “Delete” ခလုတ္ကို ႏွိပ္ေန ပါတယ္။
ဘာေၾကာင့္လဲ။ သမၼာက်မ္းစာက ဆိုထားသည္မွာ ရွင္ေယာဟန္ဩဝါဒစာ ပဌမေစာင္ ၄:၈ တြင္ “ခ်စ္ျခင္းမရွိေသာ သူသည္ ဘုရားသခင္ကိုမသိ။ အေၾကာင္းမူကား၊ ဘုရားသခင္သည္ ခ်စ္ျခင္းေမတၱာ ျဖစ္ေတာ္ မူ၏။”
ေကာရိႏ္သဳပဌမေစာင္ ၁၃:၅ “မေလ်ာက္ပတ္စြာမက်င့္တတ္၊ ကိုယ္အက်ိဳးကို မရွာတတ္၊ ေဒါသအမ်က္ မထြက္ တတ္၊ အျပစ္ရွိသည္ဟု မထင္တတ္၊”
ေရာမ ၈:၁ “ဘုရားသခင္ကယ္လႊတ္ေတာ္မူေသာေၾကာင့္ ေယရႈခရစ္၌တည္၍၊ ဇာတိပကတိအတိုင္းမက်င့္၊ ဝိညာဥ္ ပကတိအတိုင္း က်င့္ေသာသူတို႔သည္ အျပစ္စီရင္ျခင္း ႏွင့္ လြတ္ၾက၏။”
ဆင္ျခင္ရန္
- လူေတြ ေျပာဆိုေနၾကတဲ့ “တရားစီရင္ရာေန႔” ႏွင့္ပတ္သက္ၿပီး သင္ၾကားရတဲ့အခါမွာ သင္မည္သို႔ ထင္ျမင္ပါသနည္း။
- အနာဂတ္ကာလရွိ ေကာင္းကင္ဘုံ၌ ယုံၾကည္မႈရွိျခင္းသည္ သင္၏ေန႔စဥ္လုပ္ရပ္ႏွင့္ ေ႐ြးခ်ယ္မႈမ်ားကို မည္သို႔ ပုံေဖာ္ေစပါသနည္း။
- သင္၏ မွားယြင္းမႈတို႔ကို ဘုရားသခင္ မွတ္ေတာ္မမူပါလွ်င္ မွန္ကန္ေသာလမ္း ၊ ေျဖာင့္မတ္ျခင္းလမ္း ကို ႀကိဳးစားေလွ်ာက္လမ္းဖို႔ရန္ ဘာေၾကာင့္ အေရးႀကီးပါသနည္း။