ကောင်းမြတ်ခြင်းအတွက် ဘုရားသခင်သည် ဆိုးယုတ်သော အချိန်ကာလကို အသုံးပြုနိုင်သည်။
Unicode Version
ကောရိန္သုဒုတိယစောင် ၄:၈-၉ “ငါတို့သည်အမျိုးမျိုးသော နှောင့်ရှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်း သို့မရောက်။ မကြံစည် နိုင်အောင်ရှိသော်လည်း စိတ်မပျက်။ ညှင်းဆဲခြင်းကို ခံရသော်လည်း ဆုံးရှုံးခြင်းမရှိ။ အောက်သို့ လှဲခြင်းကိုခံရသော်လည်းဆုံးရာသို့မရောက်။ ”
ဒုက္ခဆင်းရဲခြင်း ၊ အထီးကျန်ခြင်း ၊ စိတ်ဓါတ်ကျခြင်း (သို့) မတရား အပြစ်တင်ဝေဖန်ခြင်းတို့ကို ကျွန်ုပ်တို့ တစ်ယောက်မျှ ကင်းလွှတ်ခွင့်မရကြပါဘူး။ ဘာကြောင့်လဲ။
ဘာကြောင့်လဲဆိုတော့ ၎င်းအရာတွေသည် သခင်ခရစ်တော်ကြုံခဲ့ရတဲ့ အရာဖြစ်ပြီး ကျွန်ုပ်တို့သည်လည်း ဘုရားအတွက် မိမိတို့ အထဲ၌ ခရစ်တော်၏ ဝိသေသလက္ခဏာတို့ကို ကြီးထွားစေဖို့ရန် ၎င်းအရာတို့ကို တွေ့ကြုံ ရင်ဆိုင်ဖို့လိုအပ်ပါတယ်။
အဖြစ်ဆိုးတွေကို ဘုရားသခင် ဖြစ်ပွားစေတယ်ဆိုတဲ့ အဓိပ္ပါယ်လား။ မဟုတ်ပါ။ ဘုရားသခင်သည် ကောင်းမြတ် ၏။ မကောင်းမှုတို့ကို မလုပ်ဆောင်ပါ ၊ မဖြစ်ပွားစေပါ။ သို့ပေမဲ့ မှောင်မိုက် နှင့် စိတ်ဖိစီးမှုကာလတွေကို အဖြစ်ဆိုးကဲ့သို့ သင်၏ကောင်းခြင်းအတွက် ဘုရားသခင် ခွင့်ပြုပြီးအသုံးပြုနိုင်ပါသည်။ ကျွန်ုပ်တို့၏ လက်ရှိပြသနာတွေကို ဘုရားအသုံးပြုနိုင်ပြီး သူ့အား ယုံကြည်ဖို့ရန် ကျွန်ုပ်တို့ကို သွန်သင်ဖို့ ဖြစ်ပါတယ်။ သူတစ်ပါးကို မည်ကဲ့သို့ ကူညီဖို့ရန် ဖော်ပြပေးပါတယ်။ တခြားသော ယုံကြည်သူတို့နှင့်လည်း ပိုမို နီးကပ်စေဖို့ရန် ဆွဲခေါ်ပေးပါသည်။
ကောရိန္သုဒုတိယစောင် ၄:၈-၉ “ငါတို့သည်အမျိုးမျိုးသော နှောင့်ရှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်း သို့မရောက်။ မကြံစည် နိုင်အောင်ရှိသော်လည်း စိတ်မပျက်။ ညှင်းဆဲခြင်းကို ခံရသော်လည်း ဆုံးရှုံးခြင်းမရှိ။ အောက်သို့ လှဲခြင်းကိုခံရသော်လည်းဆုံးရာသို့မရောက်။ ”
 ဒါဆိုရင် အခက်အခဲ ရင်ဆိုင်ရချိန်တွေမှာ သင်ဘာကို လုပ်ဆောင်သင့်ပါသနည်း။
ပထမဉီးစွာ စိတ်ဓါတ်ကျစေမည့်အရာကို ငြင်းပယ်ပါ။ ပြီးတော့ ဘုရားသခင် သင်နှင့်အတူ ရှိသည်ကို သတိရလိုက်ပါ။ နောက်ဆုံးတွင် ဘုရားသခင်၏ ကာကွယ်မှုနှင့် လမ်းညွှန်မှုတို့ပေါ် စိတ်ချယုံကြည်ပါ။
မှောင်မိုက်လွှမ်းမိုးသော အရိပ်ပင်လျှင် ဘုရားသခင်၏ အလင်းတော် ထွန်းလင်းတောက်ပ ပါသည်။
ဆင်ခြင်ရန်
- ဘုရားသခင်သည် ကူးစက်ရောဂါကို အသုံးပြုပြီး လူမှုရေး တရားမမျှတမှုတွေပေါ် ကောင်းခြင်းအတွက် အသုံးပြုသည်ကို သင်မည်ကဲ့သို့ မြင်ပါသနည်း။
- ဘုရားသခင်ကို သင်ယုံကြည်ပြီး ကိုးစားတဲ့အတွက်ကြောင့် မည်သည့်အချိန်တွင် ဆိုးသော အခြေအနေ တစ်ခုကို ကောင်းသော အခြေအနေအဖြစ်သို့ ဘုရားသခင် လုပ်ဆောင်သည်ကို သင်မြင်ခဲ့ပါသနည်း။
- ဤခက်ခဲသော အချိန်ကာလတွင် မည်ကဲ့သို့သော ကောင်းမြတ်ခြင်းတွေကို မြင်ချင်ပါသနည်း။ သင်၏ တွေးမြင်သောအရာကို ဘုရားသခင်အား ပြောပါ။
----------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်