ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မဖွင့်ဖတ်မှီ ၎င်းကိုယုံကြည်ပါ။
ရှင်ယာကုပ်ဩဝါဒစာ ၁:၂၁ “ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ်
လွန်ကျူးခြင်းကို ပယ်ရှား ၍၊ သင်တို့စိတ် ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို
နှုးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြ လော့။ ”
သမ္မာကျမ်းစာ၌ ပြောဆိုထားသည်များကို သင်အမြဲတမ်းတော့ နားမလည်နိုင်ပါ။ သို့ပေမဲ့ ဘုရားသခင်၏ ခိုင်မှာသော အခြေခံအုတ်မြစ်ဖြစ်တဲ့ နှုတ်ကပတ်တော်တို့ကို သင့်အသက်တာတွင် အားကိုးမှီခိုဖို့ရန်အတွက် ဘုရားသခင် ပြောထားသမျှတွေကို နှိမ့်ချစွာ လက်ခံဖို့တော့ လိုအပ်ပါသည်။
ယနေ့ ကျမ်းပိုဒ်တွင် “လက်ခံသည်” ဆိုသည့်စကားလုံးသည် ဂရိဘာသာစကားဖြစ်တဲ့ စကားလုံး dechomai မှ ဆင်းသက်လာခြင်းဖြစ်တယ်။ ပျူငှာမှု စကားရပ်ဖြစ်ပါတယ်။ သူစိမ်းကဲ့သို့ လက်ခံဖို့ရန် ဆိုလိုပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သင့်အသက်တာတွင် အပြည့်အဝ လက်ခံယူရပါမည်။ သမ္မာကျမ်းစာကို သင်မဖွင့်ဖတ်ခင် ဘုရားပြောသမျှတွေကို လက်ခံပါသည်ဟု ဘုရားအားပြောခြင်းဖြစ်သည်ဟု အဓိပ္ပါယ် ဖြစ်ပါသည်။ သူ၏ နှုတ်ကပတ်တော်တို့ကို သင်နားလည်သည် ဖြစ်စေ ၊ နားမလည်သည် ဖြစ်စေ ယုံကြည်ဖို့ရန် သင် သဘောတူပါသည်။
ယနေ့၏ ပထမဆုံးသော ကျမ်းပိုဒ်ကို ကြည့်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်ခံဖို့ရန် အသက်တာ၏ ညစ်ညူးသောအရာတို့ကို ဉီးစွာ ဂရုပြုရပါမည်။ ပယ်ရှင်းရမည်။ ဘုရားသခင်ဆီလာဖို့ သင့်အသက်တာကို ရှင်းလင်းထားဖို့လိုအပ်တယ်လို့ မဆိုလိုပါ။ တစ်နည်းအားဖြင့် အပြစ်တရားတွေသည် သင့်အား ဘုရားထံမှ ကြားနာခြင်းတွေကို အတားအဆီးဖြစ်စေနိုင်ခြင်းကို ဆိုလိုပါသည်။ သင်၏စိတ်နှလုံးနှင့် အတွေးတွေကို တစ်စုံတစ်ရာဖြင့် လွှမ်းမိုးထားခြင်းခံရတဲ့အခါမှာ ဘုရားသခင်ကို သင်မကြားနိုင်ပါ။ သမ္မာတရား ၊ အမှန်တရားအတွက် သင်၌ နေရာကွက်လပ် ပြုရပါမည်။ ဘုရားသခင်၏ သမ္မာတရားတို့ကို ယုံကြည်ပြီး လိုက်လျှောက် အသက်ရှင်ပါလျှင် သခင်ခရစ်တော်၏ လက္ခဏာနည်းတူ ပိုမိုဖြစ်လာမည် ဖြစ်ပြီး ပြောင်းလဲခြင်း သင်၌ ဖြစ်လာပါမည်။
သမ္မာကျမ်းစာတွင် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို လက်ခံခြင်းကို ဉယျာဉ်စိုက်ပျိုးခြင်းနှင့် မကြာခဏ နှိုင်းယှဉ်ထားပါတယ်။ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ ဘုရားစိုက်ပျိုးနေသော မျိုးစေ့ကို ကျွန်ုပ်တို့ လက်ခံဖို့ ဘုရားအလိုတော်ရှိပါတယ်။ သို့ပေမဲ့ မျိုးစေ့များနှင့် အစာမကျွေးမှီ မှာ ပေါင်းပင်တွေ ရောက်လာပါတယ်။ ဘုရားသခင်နှင့် မတွေ့မဆုံမှီတွင် သင့်အသက်တာရှိ စိတ်အမှိုက်များနှင့် စိတ်ခံစားချက်တို့ကို ဖယ်ထုတ်ပစ်ဖို့ လိုအပ်သည်။ သင်၏အပြစ်တွေကို ဝန်ခံခြင်းနှင့် စွန့်ပစ်ခြင်းအားဖြင့် စိတ်အမှိုက်များကို ပယ်ရှင်းနိုင်ပါတယ်။ သင်လုပ်ဆောင်ခဲ့သော ထိုအရာတွေသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့် ဆန့်ကျင်ကြောင်းကို ဘုရားထံဝန်ခံခြင်း ဖြစ်ပါတယ်။
ထို့နောက် ဝန်ခံခြင်းနှင့် လက်ခံခြင်းအားဖြင့် သင့်အသက်တာဆီသို့ နာခံခြင်းအသီး သီးနိုင်ခြင်းကို ဘုရားသခင် လုပ်ဆောင်ပေးနိုင်ပါသည်။
-
ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို နှိမ့်ချသော စိတ်ဖြင့် လက်ခံခြင်းသည် မည်သို့သော အဓိပ္ပါယ်နည်း။
နှိမ့်ချခြင်းသည် ဘာကြောင့်အရေးကြီးပါသနည်း။
-အပြစ်တရားက
ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်ဖို့ရန် ဘာကြောင့် ကင်းဝေးစေပါသနည်း။
ဘုရားနှင့် ဆက်ဆံရေးတွင် သင်၏ အပြစ်ဝန်မခံသော အကျိုးသက်ရောက်မှုကို မည်ကဲ့သို့ သင်ခံစားရပါသနည်း။
-သင်နားမလည်သော
ကျမ်းပိုဒ်များဖြင့် ဘုရားသခင်က သင့်အား ဘာကို လုပ်ဆောင်စေချင်ပါသနည်း။
ဆင်ခြင်ရန်