Colorblind အရောင်ကန်း မဟုတ်ဘဲ Color blessed အရောင်ကောင်းချီးဖြစ်စေပါ။
Unicode Version
Colorblind အရောင်ကန်း မဟုတ်ဘဲ Color blessed အရောင်ကောင်းချီးဖြစ်စေပါ။
ဓမ္မရာဇဝင် ပဌမစောင်     ၁၆:၇ “ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည် မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေအား မိန့်တော်မူ၏။”
လူတွေကို ငါကြည့်လိုက်တဲ့အခါ သူတို့၏  လူမျိုး ၊ အသားအရောင်တို့ကို မမြင်ဘူး” လို့တချို့သော သူတွေပြော ကြပါတယ်။ ၎င်းအတွက် စကားလုံးက “မုသာ” ဖြစ်ပါတယ်။
ယှဉ်ပြိုင်ခြင်းတွေ ဖြစ်လာတဲ့အခါ ဘယ်သူမှ မမြင်မကန်းတွေ မဖြစ်ကြပါဘူး။ ဘုရားသခင်သည်လည်း သင့်ကို မမြင်မကန်း ၊ အရောင်ကန်း (colorblind) မဖြစ်စေချင်ပါ။ အရောင်ကောင်းချီး (color blessed) ဖြစ်စေချင် ပါသည်။
အရောင်ကို ဘုရားသခင် ချစ်ပါတယ်။ အပြင်ကို ကြည့်လိုက်ပါ။ အရာအားလုံးကို အရောင်ကိုယ်စီ ဖန်ဆင်းထားပါတယ်။ နေဝင်ချိန် ၊ ပန်းကလေးတွေအပါအဝင်ပေါ့။ ကမ္ဘာပေါ်မှာရှိတဲ့ ကွဲပြားတဲ့ လူတွေအားလုံး တို့ကိုလည်း ကြည့်ပါ။ အရောင်တွေကို ဘုရားသခင် ချစ်ပါတယ်။ သင့်ကို ဖန်ဆင်းခြင်းသည်လည်း ၎င်းကို သာဓကပြုပါတယ်။
လူတွေအားလုံးပေါ် ဘုရားသခင် မြင်သလို ကျွန်ုပ်တို့သည်လည်း မြင်တတ်ဖို့ လေ့လာရန် လိုအပ်ပါတယ်။
သမ္မာကျမ်းစာက ဆိုထားသည်မှာ ဓမ္မရာဇဝင် ပဌမစောင်     ၁၆:၇ “ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ် ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည် မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေအား မိန့်တော်မူ၏။ 
ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျွန်ုပ်တို့အများစုအတွက် ရှည်လျားတဲ့အမိန့်ဖြစ်ပါတယ်။ အပြင်ပန်းကို မကြည့်မှီ အတွင်းကို ကြည့်ခြင်းက သဘာဝမကျပါ။ ကျွန်ုပ်တို့၏ အပြင်ပန်းအသွင်အပြင်ပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချရန် လေ့ကျင့်သင်ကြားထားကြပါတယ်။
တစ်ချို့လူတွေကို အကြည့်အားဖြင့် သင်ယုံကြည်ပါတယ်။ တခြားသူတွေကိုတော့ ထိုသို့မဟုတ်ပါ။ စာအုပ်တွေကို လည်း သူတို့၏ အဖုံးကနေ ခန့်မှန်းဆုံးဖြတ်ပါတယ်။ အိမ်တွေကိုလည်း နှစ်သက်ဖွယ် ကန့်သတ်မှု အားဖြင့် ဆုံးဖြတ်ကြပါတယ်။ လူတွေကို သူတို့၏ အကြည့် ၊  ဝတ်စားဆင်ယင်မှု နှင့် ပြောသောအရာ တွေအားဖြင့် ဆုံးဖြတ်ကြပါတယ်။
ဒါကြောင့် လူတွေကို ဘုရားမြင်သည်အတိုင်း စတင်မြင်တတ်ဖို့ရန် ဘုရားသခင်အား တောင်းလျှောက်ပါ။ သူတို့၏ အသားအရေ ကို ကြည့်ခြင်းမဟုတ် ၊ စိတ်နှလုံးကို ကြည့်ပါ။
၎င်းသည် သင့်အသက်တာ နှင့် သင်ကမ္ဘာဝန်းကျင်ရှိ အစွဲအလမ်း၊ မလိုမုန်းထားတွေကို ဖြတ်ကျော်နိုင်ဖို့ရန် ပထမဆုံးသော ခြေလှမ်းဖြစ်ပါတယ်။
ဆင်ခြင်ရန်
-သင့်အတွင်း၌ဖြစ်တည်ခြင်းကို ဆုံးဖြတ်ခြင်းထက် သင်၏အသွင်အပြင်ကို ကြည့်ပြီး ဘယ်ကဲ့သို့သောအချိန်တွင် ဆုံးဖြတ်ခံခဲ့ရပါသနည်း။ ၎င်းသည် သင့်အား မည်သို့အကျိုးသက်ရောက်မှု ဖြစ်စေခဲ့ပါသနည်း။
-တခြားသူများနှင့် ပတ်သက်ပြီး မည်သို့သော မလိုမုန်းထားခြင်းတွေ သင်၌ ရှိပါသနည်း။ ၎င်းတို့ကို ယနေ့ပင် ဘုရားသခင်ထံ ယူဆောင်ပြီး ဝန်ခံလိုက်ပါ။ တခြားသူတွေကို သင်ကြည့်ခြင်းပုံစံနှင့် စစ်ကြောခြင်းတို့ကို ပြောင်းလဲပေးဖို့ရန် တောင်းလျှောက်ပါ။
-အရောင်ကန်းခြင်းကို မဖြစ်စေဘဲ အရောင်ကောင်းချီးဖြစ်စေဖို့ရန် မည်သို့သော ခြေလှမ်းတွေ သင်ပြုနိုင်ပါ မည်နည်း။
-အကယ်၍ အနာဂတ်တွင် အပြင်ပန်းအသွင်အပြင်ကိုကြည့်ပြီး လူတစ်ယောက်ကို စစ်ကြောတဲ့ သင့်ပုံစံကို သင်မြင်ပါလျှင် ဘာကို လုပ်ဆောင်ပါမည်နည်း။
---------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်