သင့်၏စိတ်နှလုံးကား သင့်ကို ပြစ်တင်ဝေဖန်ခြင်း မဖြစ်စေနှင့်။

Unicode Version

သင့်၏စိတ်နှလုံးကား သင့်ကို ပြစ်တင်ဝေဖန်ခြင်း မဖြစ်စေနှင့်။ By Grietje Commelin

ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၃:၂၀ “အကြောင်းမူကား၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်လျှင်၊ ဘုရားသခင်သည် ငါတို့၏ စိတ်နှလုံး ထက်သာ၍ ကြီးမြတ်သည်ဖြစ်၍၊ အလုံးစုံတို့ကို သိတော်မူသည်ကို ငါတို့သိကြ၏။

ဒုတိယမွေးခြင်းကို ခံခဲ့သော ခရစ်ယာန်တို့ တွေ့ကြုံရသည်အတိုင်း ယုံကြည်သူတစ်ဉီးဖြစ်ခြင်းသည် အပြစ်ကင်း စင်ခြင်းဟု မဆိုလိုပါ။ ဘုရားသခင်ကို အလေးအနက် ချစ်မြတ်နိုးပြီး အသက်တာကိုအထံတော်သို့ အပ်နှင်းခဲ့သူများပင်လျှင်  ၎င်းအပြစ်သည် “အလွန်းနီးကပ်စွာ တွယ်ကပ်လျက်” ရှိပါသည်။

ဟေဗြဲ ၁၂:၁ “ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိ ကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောင့်ရှက်တတ်သောဒုစရိုက်ကို၎င်း ပယ်ရှား၍၊ ငါတို့ မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။

၎င်းအပြစ်တို့ တွယ်ကပ်လျက်ရှိခြင်းသည် စိတ်ဓါတ်ကျစရာ ဖြစ်ပါတယ်။ အပြစ်ကို ကျွန်ုပ်တို့ မလိုချင်သော် ငြားလည်း အပြစ်ကို ပြုမိပါသည်။ တမန်တော်ရှင်ပေါလု ဤအရာကို ရှင်းပြထားပါတယ်။ ရောမဩဝါဒစာ ၇:၁၈-၁၉ “ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသော အရာတစုံတခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်း မူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။ ငါသည် ကျင့်ချင် သော အကျင့်ကောင်းကို မကျင့်။ မကျင့်ချင်သော အကျင့်ဆိုးကိုကျင့် ၏။ ထိုသို့ ငါသည်မကျင့်ချင် သောအကျင့်ကို ကျင့်လျှင်၊ ငါကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌ နေသော အပြစ်တရားသည်ကျင့်၏။”

သို့သော်ငြားလည်း ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်စဲဖြစ်ကြောင်း အသိအမှတ်ပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းကို သံသယမဖြစ်သင့်ပါ။ ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၁:၉ “ကိုယ်အပြစ်တို့ကို ဘော်ပြ တောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရား နှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။”

သင်၏စိတ်နှလုံးကား သင့်ကိုပြစ်တင်ဝေဖန်ပါလျှင် သင့်ကိုသင် ပြန်လည်သတိပေးပါ။ ရှင်ယောဟန်ခရစ်ဝင် ၃:၁၈ “သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏။”

 သင်၏အပြစ်တို့ကို ဝန်ခံပြီးပြီလား။


---------------------------------------------------------------------------------------------------------------

Zawgyi Version


သင့္၏စိတ္ႏွလုံးကား သင့္ကို ျပစ္တင္ေဝဖန္ျခင္း မျဖစ္ေစႏွင့္။ 
By Grietje Commelin
ရွင္ေယာဟန္ဩဝါဒစာပဌမေစာင္ ၃:၂၀ “အေၾကာင္းမူကား၊ ကိုယ္စိတ္ႏွလုံးသည္ ကိုယ္ကိုအျပစ္တင္လွ်င္၊ ဘုရားသခင္သည္ ငါတို႔၏ စိတ္ႏွလုံး ထက္သာ၍ ႀကီးျမတ္သည္ျဖစ္၍၊ အလုံးစုံတို႔ကို သိေတာ္မူသည္ကို ငါတို႔သိၾက၏။”

ဒုတိယေမြးျခင္းကို ခံခဲ့ေသာ ခရစ္ယာန္တို႔ ေတြ႕ႀကဳံရသည္အတိုင္း ယုံၾကည္သူတစ္ဉီးျဖစ္ျခင္းသည္ အျပစ္ကင္း စင္ျခင္းဟု မဆိုလိုပါ။ ဘုရားသခင္ကို အေလးအနက္ ခ်စ္ျမတ္ႏိုးၿပီး အသက္တာကိုအထံေတာ္သို႔ အပ္ႏွင္းခဲ့သူမ်ားပင္လွ်င္  ၎အျပစ္သည္ “အလြန္းနီးကပ္စြာ တြယ္ကပ္လ်က္” ရွိပါသည္။
ေဟၿဗဲ ၁၂:၁ “ထိုေၾကာင့္၊ ဤမွ်ေလာက္ မ်ားစြာေသာ သက္ေသအေပါင္းတို႔သည္ ငါတို႔ကို ဝိုင္းရံလ်က္ရွိ ၾကသည္ျဖစ္၍၊ ငါတို႔သည္ ခပ္သိမ္းေသာ ဝန္တို႔ကို၎၊ ေႏွာင့္ရွက္တတ္ေသာဒုစ႐ိုက္ကို၎ ပယ္ရွား၍၊ ငါတို႔ မ်က္ေမွာက္၌ ထားေသာပန္းတုံးတိုင္သို႔ေရာက္ျခင္းငွါ၊ အားမေလ်ာ့ဘဲ ေျပးၾကကုန္အံ့။”
    
၎အျပစ္တို႔ တြယ္ကပ္လ်က္ရွိျခင္းသည္ စိတ္ဓါတ္က်စရာ ျဖစ္ပါတယ္။ အျပစ္ကို ကြၽႏ္ုပ္တို႔ မလိုခ်င္ေသာ္ ျငားလည္း အျပစ္ကို ျပဳမိပါသည္။ တမန္ေတာ္ရွင္ေပါလု ဤအရာကို ရွင္းျပထားပါတယ္။ ေရာမဩဝါဒစာ ၇:၁၈-၁၉ “ငါ့အထဲမွာ ငါ့ဇာတိပကတိ၌ ေကာင္းေသာ အရာတစုံတခုမွ် မတည္သည္ကို ငါသိ၏။ အေၾကာင္း မူကား၊ ငါသည္က်င့္ခ်င္ေသာ စိတ္ရွိေသာ္လည္း၊ ေကာင္းစြာက်င့္တတ္ေသာအခြင့္ကိုရွာ၍ မေတြ႕ႏိုင္။ ငါသည္ က်င့္ခ်င္ ေသာ အက်င့္ေကာင္းကို မက်င့္။ မက်င့္ခ်င္ေသာ အက်င့္ဆိုးကိုက်င့္ ၏။ ထိုသို႔ ငါသည္မက်င့္ခ်င္ ေသာအက်င့္ကို က်င့္လွ်င္၊ ငါကိုယ္တိုင္က်င့္သည္မဟုတ္။ ငါ့အထဲ၌ ေနေသာ အျပစ္တရားသည္က်င့္၏။”

သို႔ေသာ္ျငားလည္း ကြၽႏ္ုပ္တို႔သည္ အျပစ္သားမ်ားျဖစ္စဲျဖစ္ေၾကာင္း အသိအမွတ္ျပဳျခင္းျဖင့္ ကြၽႏ္ုပ္တို႔၏ ကယ္တင္ျခင္းကို သံသယမျဖစ္သင့္ပါ။ ရွင္ေယာဟန္ဩဝါဒစာပဌမေစာင္ ၁:၉ “ကိုယ္အျပစ္တို႔ကို ေဘာ္ျပ ေတာင္းပန္လွ်င္၊ ငါတို႔အျပစ္မ်ားကိုလႊတ္၍ ဒုစ႐ိုက္ရွိသမွ်ႏွင့္ ကင္းစင္ေစျခင္းငွါ ဘုရားသခင္သည္ သစၥာတရား ႏွင့္၎၊ ေျဖာင့္မတ္ျခင္းတရားႏွင့္၎ ျပည့္စုံေတာ္မူ၏။”

သင္၏စိတ္ႏွလုံးကား သင့္ကိုျပစ္တင္ေဝဖန္ပါလွ်င္ သင့္ကိုသင္ ျပန္လည္သတိေပးပါ။ ရွင္ေယာဟန္ခရစ္ဝင္ ၃:၁၈ “သားေတာ္ကိုယုံၾကည္ေသာသူသည္ အျပစ္စီရင္ျခင္းကို မခံရ။ မယုံၾကည္ေသာသူမူကား၊ ဘုရားသခင္၌ တပါးတည္းေသာသားေတာ္ကို မယုံၾကည္ေသာေၾကာင့္ ယခုပင္အျပစ္စီရင္ျခင္းကိုခံရ၏။”

သင္၏အျပစ္တို႔ကို ဝန္ခံၿပီးၿပီလား။



---------------------------------------------------------------------------------------------------------------