ဘုရားသခင်အတွက် ရပ်တည်ခြင်းဖြင့် ကြောက်ရွံ့ခြင်းကို ကျော်လွှားပါ။
Unicode Version 
Overcome fear by standing up for God
"Take a step in faith and God will show you the way"
တ​မန်​တော်​ဝ​တ္ထု ၄:၂၉ "အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ ထို​သူ​တို့၏ ခြိမ်း​ခြောက်​ခြင်း​ကို မှတ်​တော်​မူ​ပါ။"
ကျွန်ုပ်တို့အားလုံးတွင် ကြောက်ရွံ့ခြင်းတွေရှိပါတယ်။ တကယ်တော့ ယခုပင် ကျွန်ုပ်တို့အားလုံးအတွက် အရမ်းကြောက်စရာကောင်းတဲ့အချိန် ဖြစ်ပါတယ်။ သို့သော်လည်းပဲ ၎င်းကြောက်စရာကောင်းတဲ့အရာတွေဖြင့် ကျွန်ုပ်တို့အသက်တာကို ကြီးစိုးခွင့်ပေးထားကြပြီး ကျွန်ုပ်တို့သိရှိထားသော ဘုရားအလိုတော်ရှိသောအရာကိုလုပ်ဆောင်ဖို့ရန်ပင် ရပ်တန့်သွားစေပါတယ်။
ခြင်္သေ့ တို့ရှိရာနေရာတွင် ဒံယေလ ရပ်နေခဲ့သလိုမျိုးဖြစ်ပါတယ်။ သခင်ခရစ်တော်အတွက် ကျွန်ုပ်တို့၏သက်သေနှင့် ကျွန်ုပ်တို့ကိုဖျက်ဆီးဖို့ရန်ခြိမ်းခြောက်တဲ့ အခြေနေ နှင့်လူတွေကို ကျွန်ုပ်တို့ရင်ဆိုင်ရပါတယ်။ သို့ပေမယ့် ရွေးချယ်မှုကကျွန်တော်တို့ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ 
ကျွန်ုပ်တို့၏ ကြောက်ရွံ့ခြင်းတွေကို လွန်ဆန်နိုင်မည်လား (သို့) ကြောက်ရွံ့ခြင်းတွေရှိစေကာမူ ဘုရားသခင်အတွက် ရပ်တည်မည်လား။ 
သင့်အား တရွတ်တိုက်ဆွဲနေသော ကြောင်ရွံ့ခြင်းကို ကျော်လွှားဖို့ရန်အလိုရှိပါလျှင် ဘုရားအလိုတော်ရှိသောအရာအတွက် ရပ်တည်ဖို့ရန် ရွေးချယ်ခြင်း၌ရှိသော အကျိုးကျေးဇူးကို ရှင်းလင်းစွာ သင်နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ 
အများစု အရေးကြီးဆုံးသောအရာက ဘုရားသခင်အလိုတော်ရှိသော အရာကို လုပ်ဆောင်ခြင်းသည် သင့်အသက်တာရှိ ကြောက်ရွံ့ခြင်းတွေကို ရှင်းလင်းစွာ အောင်နိုင်ခြင်းဖြစ်တယ်ဆိုတာကို သိမြင်ဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြောက်ရွံ့ခြင်းဆိုတာကြီးထွားကြပါတယ်။ ကြောက်ရွံ့ခြင်းထဲသို့ အချိန်တိုင်းကျရောက်တဲ့အခါမှာ ပိုမိုပြင်းထန်တဲ့အရာဖြစ်လာပါတယ်။
ဘုရားသခင် အလိုတော်ရှိသော အရာကို လုပ်ဆောင်ဖို့ရန် သင်ငြင်းပယ်လိုက်တဲ့အချိန်တိုင်းတွင် ကြောက်ရွံ့ခြင်းဆိုတာ ကြီးထွားလာပါတယ်။ နောက်ဆုံးမှာတော့ သင်ချောင်ပိတ်မိခြင်းကို ခံစားရပါလိမ့်မည်။ 
ပြီးတော့ ကြောက်ရွံ့ခြင်းတွေ ကြီးထွားလာတဲ့အခါ သင့်အသက်တာသည် ကျဆင်းမှုတွေဖြစ်လာပါမည်။
ဒါဆိုဘာကိုလို့ဆောင်ရမည်နည်း။
ရှေးဦးခရစ်ယာန်ခေါင်းဆောင်တို့နောက် သင်လိုက်လျှောက်ပါ။ ကြောက်ရွံ့ခြင်းကိုရပ်ဆိုင်းဖို့ရန် ကျွန်တော်တို့သည် ပထမဦးဆုံးခရစ်ယာန်မျိုးဆက် မဟုတ်တာသေချာပါတယ်။ ဤကြောက်ရွံ့ခြင်းတွေကို မည်ကဲ့သို့မပြိုလဲပဲ ရပ်တည်နိုင်ဖို့ရန် တမန်တော်ဝတ္ထုက ကျွန်တော်တို့ကို ဖော်ပြပေးထားပါတယ်။ တမန်တော်ဝတ္ထုအခန်းကြီး ၄ တွင် ရှင်ပေတရုနှင့်ရှင်ယောဟန်တို့ သခင်ခရစ်တော်အေကြာင်း ကိုရဲရင့်စွာဖော်ပြခြင်းက ပြင်းထန်သောအတိုက်အခံပြုခြင်းကို ဆန့်ကျင်သူတွေဖြစ်လာကြပါတယ်။ 
ဒါကြောင့် သူတို့တွေဆုတောင်းခဲ့ပါတယ်။ တ​မန်​တော်​ဝ​တ္ထု ၄:၂၉ "အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ ထို​သူ​တို့၏ ခြိမ်း​ခြောက်​ခြင်း​ကို မှတ်​တော်​မူ​ပါ။" 
သူ၏ကြောက်ရွံ့ခြင်းတွေအတွက် အဖြေက ၎င်းတွင်ကျရောက်သွားဖို့မဟုတ်၊ လက်လျော့သွားဖို့မဟုတ်ပါဘူး။ ကြောက်ရွံ့ခြင်းရှိသော်ငြားလည်း ရဲရင့်စွာဖြင့် ဆက်လက်ရှေ့ဆက်ပို့ဖြစ်ပါတယ်။ ကြောက်ရွံ့ခြင်းသည် ဆင်ခြေတွေးခေါ်မှုစနစ်ကို မတုန့်ပြန်သောကြောင့် ကြောက်ရွံ့မှုကိုဖယ်ရှားရန် သင်၏တခုတည်းသောအခွင့်ရေးမှာ ဘုရားသခင်ကိုယုံကြည်ပြီး ကြောက်ရွံ့မှုကိုရင်ဆိုင်ရန် ဖြစ်ပါတယ်။ 
ဤအရာကိုဘယ်တော့မှမမေ့ပါနဲ့။ ဓ​မ္မ​ရာ​ဇ​ဝင်​စ​တု​တ္ထ​စောင် ၂:၈" ဧလိယသည် မိ​မိ​ဝတ်​လုံ​ကို​ယူ၍​လိပ်​ပြီး​မှ၊ ရေ​ကို​ရိုက်​သ​ဖြင့် ရေ​သည် တစ်​ဖက်​တစ်​ချက်​ကွဲ၍၊ ထို​သူ​နှစ်​ယောက်​တို့​သည် မြေ​ပေါ်​မှာ လျှောက်​သွား​ကြ၏။"
ယုံကြည်ခြင်း၏ခြေလှမ်းကို သင်စတင်လှမ်းလိုက်တာနဲ့ ဘုရားသခင် သင့်အား လမ်းပြပါလိမ့်မည်။ သင်၏ကြောက်ရွံ့ခြင်းထဲမှာပဲ ထုပ်ပိုးထားခံရခြင်း၌ ရပ်နေပါတယ် ထိုလမ်းပြမှုတွေ ဖြစ်လာမည်မဟုတ်ပါ။
ဆင်ခြင်ရန်
- ဤအကျပ်တည်းကာလတွင် မည်သို့သောကြောက်စိတ်ကို ဖယ်ရှားဖို့ရန် ခက်ခဲတယ်လို့မြင်ပါသနည်း။ ဘာကြောင့်နည်း။
-ကြောက်ရွံ့ခြင်းကို သင်၏အသက်တာအတွက် ခွင့်ပေးထားတဲ့အခါ သင်၌ ၎င်းကြောက်ခြင်းတွေ မည်ကဲ့သို့ကြီးထွားလာပါသနည်း။ 
-ဘုရားသခင်အတွက် ရဲရင့်စွာ သင်ရပ်တည်ခြင်းဖြင့် ကြောက်ရွံ့ခြင်းတွေ မည်သို့လျော့ကျသွားသည်ကို မြင်ပါသနည်း။ ဘုရားသခင်အား သင်၏ကြောက်ရွံ့မှုကိုပေးအပ်ခြင်းက မည်သို့သော လက်တွေ့ကျမှုနှင့်တူပါသနည်း။
---------------------------------------------------------------------------------------
Zawgyi Version 
Overcome fear by standing up for God
"Take a step in faith and God will show you the way"
ဆင်ခြင်ရန်