၁၈ လက်မဖြင့် ကောင်းကင်ဘုံကို ဘယ်လို လွှတ်သွားရန်ရှိသနည်း။


Unicode Version

တိမောသေဩဝါဒစာ ပဌမစောင် ၆:၂၁ “ထိုသိပ္ပံအတတ်ကို လူအချို့တို့သည် ဝန်ခံပြုစုသောအားဖြင့်၊ ယုံကြည်ခြင်းတရားလမ်းမှ လွဲကြပြီ။ သင်၌ကျေးဇူးတော်ရှိစေသတည်း။ အာမင်။

 

သင်၏ဉီးခေါင်းနှင့် နှလုံးကြားတွင် ၁၈ လက်မ အကွာအဝေးရှိပါတယ်။ သို့ပေမဲ့ အဲဒီ ၁၈ လက်မအားဖြင့် ကောင်းကင်ဘုံကို လူတစ်ချို့ လက်လွှတ်သွားကြပါလိမ့်မည်။ သူတို့၏ ဉီးခေါင်းဖြင့် ဘုရားသခင်ကို သိရှိကြပေမဲ့

နှလုံးသားဖြင့်တော့ မသိကြပါ။ ဧဝံဂေလိကို အသိဉာဏ်ရှိရှိ ယုံကြည်ကြပေမဲ့ သူတို့၏ နှလုံးသားကိုတော့ ဘယ်တော့မှ ပြောင်းလဲဖို့ ခွင့်မပြုကြပါဘူး။

 

ကျွန်ုပ် ကာလကြာရှည်အောင် ကျောင်းတက်ခဲ့ပါတယ်။ မူဟာဘွဲ့နှင့် ပါမေက္ခ ဒီဂရီတို့ အပါအဝင် စုစုပေါင်း ၂၄ နှစ်ကြာမြင့်ခဲ့ပါတယ်။ ရိုရိုးသားသားပြောရလျှင် အဲဒီအချိန်တွေက သင်ယူခဲ့တဲ့အရာ တော်တော်များများကို ကျွန်ုပ်မေ့နေခဲ့ပါပြီ။

 

သို့ပေမဲ့ လေ့လာခဲ့တဲ့ အရေးအကြီးဆုံးသော အမှန်တရားတွေကို ဘယ်တော့မှ မမေ့ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ဖန်ဆင်းထားသူများဖြစ်ပြီး ဘုရားအတွက်ဖြစ်တယ်။ ၎င်းအရာကို နားမလည်သရွေ့ အသက်တာ သည် အဓိပ္ပါယ်ရှိမည် မဟုတ်ပါ။

 သင့်အတွက် အလို့ငှာ သင်ဖြစ်သည်မဟုတ်။

တိမောသေဩဝါဒစာ ပဌမစောင် ၆:၂၁ “ထိုသိပ္ပံအတတ်ကို လူအချို့တို့သည် ဝန်ခံပြုစုသောအားဖြင့်၊ ယုံကြည်ခြင်းတရားလမ်းမှ လွဲကြပြီ။ သင်၌ကျေးဇူးတော်ရှိစေသတည်း။ အာမင်။

အက္ခရာသင်္ကေတ သဘောတရား ၊ သင်္ချာ သဘောတရား (သို့) လျှပ်စစ်သံလိုက် သဘောတရားတွေကို သင်သိကောင်းသိပါမည်။ သို့ပေမဲ့ ဘုရားသခင်ကို သင်မသိပါလျှင် သင့်အသက်တာ၏ ရည်ရွယ်ရာတို့ကို သင်လက်လွှတ်သွားပါလိမ့်မည်။

သင်၏ အသက်တာကုန်ဆုံးချိန်တွင် သင့်အား ဘုရားသခင်သည် နောက်ဆုံးသော စမ်းသပ်ခြင်းကို ပေးပါလိမ့်မည်။ သင့်အတွက် သတင်းကောင်းရှိပါတယ်။ ၎င်းသည် open-book exam ဖြစ်နေပါမည်။ အဖြေအား လုံးတို့သည် သမ္မာကျမ်းစာတွင် ရှိပါသည်။

၎င်းစမ်းသပ်ခြင်းတွင် သင်ဖြောင့်မတ်ပါလျှင် သင့်ကို ဘုရားသခင် မေးမည်မဟုတ်ပါ။ သင်၏ အသက်မွေးဝမ်းကျောင်းတို့တွင် မည်မျှ ကောင်းစွာ လုပ်ဆောင်ခဲ့ခြင်းတွေကို သူဂရုမစိုက်ပါ။ သင်၏ ဘဏ်စာရင်း လက်ကျန်ကို ကြည့်ဖို့လည်း မေးမည်မဟုတ်ပါ။

အဲဒီအစား “သင် ငါ့အား သိဖို့ပြုခဲ့ပါသလား” လို့မေးပါလိမ့်မည်။ “သင့်အတွက် ကားတိုင်ထက်တွင် အသေခံဖို့ရန် လောကသို့ စေလွှတ်ခဲ့တဲ့ ငါ၏သားတော်နှင့် ရင်းနှီးကျွမ်းဝင်မှုတွေကို တည်ဆောက်ခဲ့ပါသလား”။

သခင်ခရစ်တော်ကို သိကျွမ်းဖို့ရန် နှင့် အရေးကြီးသော သမ္မာတရားတို့ကို ပိုပြီး လေ့လာသင်ယူခြင်း၌ သင်၏နှလုံးသားနှင့် တွေးခေါ်မှုတွေကို ပြင်ဆင်ပါမည် လို့ ယနေ့တွင် ဆုံးဖြတ်ချက်ချပါ။

 

ဆင်ခြင်ရန်

- ဘုရားသခင်အား သိခြင်းအရာ မှ ယုံကြည်ခြင်းအရာသို့ ပြောင်းလဲမှုပြုရန် မည်သည့်အရာက ခက်ခဲစေပါသနည်း။

-ဘုရားသခင်နှင့် ဆက်ဆံရေးကို အစပြုဖို့ရန် လူတော်တော်များများ မလုပ်ဆောင်ကြဘူးလို့ ဘာကြောင့် သင်တွေးထင်ပါသနည်း။

-“ငါ၏ သားတော်ကို သင်သိပါသလား” လို့ ဘုရားသခင် သင့်အားမေးပါလျှင် ၊ သင်မည်သို့ ဖြေမည်နည်း။


---------------------------------------------------------------------------------

Zawgyi Version

တိေမာေသဩဝါဒစာ ပဌမေစာင္ ၆:၂၁ “ထိုသိပၸံအတတ္ကို လူအခ်ိဳ႕တို႔သည္ ဝန္ခံျပဳစုေသာအားျဖင့္၊ ယုံၾကည္ျခင္းတရားလမ္းမွ လြဲၾကၿပီ။ သင္၌ေက်းဇူးေတာ္ရွိေစသတည္း။ အာမင္။”


သင္၏ဉီးေခါင္းႏွင့္ ႏွလုံးၾကားတြင္ ၁၈ လက္မ အကြာအေဝးရွိပါတယ္။ သို႔ေပမဲ့ အဲဒီ ၁၈ လက္မအားျဖင့္ ေကာင္းကင္ဘုံကို လူတစ္ခ်ိဳ႕ လက္လႊတ္သြားၾကပါလိမ့္မည္။ သူတို႔၏ ဉီးေခါင္းျဖင့္ ဘုရားသခင္ကို သိရွိၾကေပမဲ့ 

ႏွလုံးသားျဖင့္ေတာ့ မသိၾကပါ။ ဧဝံေဂလိကို အသိဉာဏ္ရွိရွိ ယုံၾကည္ၾကေပမဲ့ သူတို႔၏ ႏွလုံးသားကိုေတာ့ ဘယ္ေတာ့မွ ေျပာင္းလဲဖို႔ ခြင့္မျပဳၾကပါဘူး။

ကြၽႏ္ုပ္ ကာလၾကာရွည္ေအာင္ ေက်ာင္းတက္ခဲ့ပါတယ္။ မူဟာဘြဲ႕ႏွင့္ ပါေမကၡ ဒီဂရီတို႔ အပါအဝင္ စုစုေပါင္း ၂၄ ႏွစ္ၾကာျမင့္ခဲ့ပါတယ္။ ႐ို႐ိုးသားသားေျပာရလွ်င္ အဲဒီအခ်ိန္ေတြက သင္ယူခဲ့တဲ့အရာ ေတာ္ေတာ္မ်ားမ်ားကို ကြၽႏ္ုပ္ေမ့ေနခဲ့ပါၿပီ။

သို႔ေပမဲ့ ေလ့လာခဲ့တဲ့ အေရးအႀကီးဆုံးေသာ အမွန္တရားေတြကို ဘယ္ေတာ့မွ မေမ့ပါ။ ကြၽႏ္ုပ္တို႔သည္ ဘုရားသခင္ဖန္ဆင္းထားသူမ်ားျဖစ္ၿပီး ဘုရားအတြက္ျဖစ္တယ္။ ၎အရာကို နားမလည္သေ႐ြ႕ အသက္တာ သည္ အဓိပၸါယ္ရွိမည္ မဟုတ္ပါ။

သင့္အတြက္ အလို႔ငွာ သင္ျဖစ္သည္မဟုတ္။

တိေမာေသဩဝါဒစာ ပဌမေစာင္ ၆:၂၁ “ထိုသိပၸံအတတ္ကို လူအခ်ိဳ႕တို႔သည္ ဝန္ခံျပဳစုေသာအားျဖင့္၊ ယုံၾကည္ျခင္းတရားလမ္းမွ လြဲၾကၿပီ။ သင္၌ေက်းဇူးေတာ္ရွိေစသတည္း။ အာမင္။”

အကၡရာသေကၤတ သေဘာတရား ၊ သခ်ၤာ သေဘာတရား (သို႔) လွ်ပ္စစ္သံလိုက္ သေဘာတရားေတြကို သင္သိေကာင္းသိပါမည္။ သို႔ေပမဲ့ ဘုရားသခင္ကို သင္မသိပါလွ်င္ သင့္အသက္တာ၏ ရည္႐ြယ္ရာတို႔ကို သင္လက္လႊတ္သြားပါလိမ့္မည္။

သင္၏ အသက္တာကုန္ဆုံးခ်ိန္တြင္ သင့္အား ဘုရားသခင္သည္ ေနာက္ဆုံးေသာ စမ္းသပ္ျခင္းကို ေပးပါလိမ့္မည္။ သင့္အတြက္ သတင္းေကာင္းရွိပါတယ္။ ၎သည္ open-book exam ျဖစ္ေနပါမည္။ အေျဖအား လုံးတို႔သည္ သမၼာက်မ္းစာတြင္ ရွိပါသည္။

၎စမ္းသပ္ျခင္းတြင္ သင္ေျဖာင့္မတ္ပါလွ်င္ သင့္ကို ဘုရားသခင္ ေမးမည္မဟုတ္ပါ။ သင္၏ အသက္ေမြးဝမ္းေက်ာင္းတို႔တြင္ မည္မွ် ေကာင္းစြာ လုပ္ေဆာင္ခဲ့ျခင္းေတြကို သူဂ႐ုမစိုက္ပါ။ သင္၏ ဘဏ္စာရင္း လက္က်န္ကို ၾကည့္ဖို႔လည္း ေမးမည္မဟုတ္ပါ။

အဲဒီအစား “သင္ ငါ့အား သိဖို႔ျပဳခဲ့ပါသလား” လို႔ေမးပါလိမ့္မည္။ “သင့္အတြက္ ကားတိုင္ထက္တြင္ အေသခံဖို႔ရန္ ေလာကသို႔ ေစလႊတ္ခဲ့တဲ့ ငါ၏သားေတာ္ႏွင့္ ရင္းႏွီးကြၽမ္းဝင္မႈေတြကို တည္ေဆာက္ခဲ့ပါသလား”။ 

သခင္ခရစ္ေတာ္ကို သိကြၽမ္းဖို႔ရန္ ႏွင့္ အေရးႀကီးေသာ သမၼာတရားတို႔ကို ပိုၿပီး ေလ့လာသင္ယူျခင္း၌ သင္၏ႏွလုံးသားႏွင့္ ေတြးေခၚမႈေတြကို ျပင္ဆင္ပါမည္ လို႔ ယေန႔တြင္ ဆုံးျဖတ္ခ်က္ခ်ပါ။


ဆင္ျခင္ရန္

- ဘုရားသခင္အား သိျခင္းအရာ မွ ယုံၾကည္ျခင္းအရာသို႔ ေျပာင္းလဲမႈျပဳရန္ မည္သည့္အရာက ခက္ခဲေစပါသနည္း။

-ဘုရားသခင္ႏွင့္ ဆက္ဆံေရးကို အစျပဳဖို႔ရန္ လူေတာ္ေတာ္မ်ားမ်ား မလုပ္ေဆာင္ၾကဘူးလို႔ ဘာေၾကာင့္ သင္ေတြးထင္ပါသနည္း။

-“ငါ၏ သားေတာ္ကို သင္သိပါသလား” လို႔ ဘုရားသခင္ သင့္အားေမးပါလွ်င္ ၊ သင္မည္သို႔ ေျဖမည္နည္း။