သိရှိခြင်းနှင့် သင်ယူခြင်းကြားတွင် ခြားနားချက်ရှိပါသည်။
Unicode Version
သိရှိခြင်းနှင့် သင်ယူခြင်းကြားတွင် ခြားနားချက်ရှိပါသည်။
ဒံယေလအနဂတ္တိကျမ်း ၅:၂၂အရှင်သားတော် ဗေလရှာဇာ၊ ကိုယ်တော်သည် ထိုအမှုအလုံးစုံတို့ကို သိသော်လည်း၊ စိတ်နှလုံးကို မနှိမ့်ချဘဲ …”
ဘုရားသခင် သွန်သင်ဆုံးမထားသောအရာတွေကို ကျင့်သုံးခြင်း မပြုထားသရွေ့ အသစ်သော အရာတစ်ခုခုကို သင့်အား သင်ကြားပေးမည်မဟုတ်ပါ။
ဘုရားသခင်မှာ သင်၏ သိလိုစိတ်တွေကို ကျေနပ်စေတဲ့ ဝတ္တရား ရှိသူမဟုတ်ပါဘူး။ ဘုရားသခင်သည် သင့်အား တစ်စုံတစ်ခုကို ပြောပြီး ၎င်းကို သင်လုပ်ဆောင်ဖို့ရန် စောင့်ဆိုင်းနေပါတယ်။ သင်လုပ်ဆောင်လိုက်တာနဲ့ တပြိုင်နက် နောက်တစ်ဆင့်ကို ဆက်လက် ရရှိသွားပါမည်။
သင်သိပါတယ်။ သင်လေ့လာသင်ယူတဲ့အမှန်တရား တွေကို ကျင့်သုံးဖို့ရန် ဘုရားသခင် အလိုတော်ရှိပါသည်။ တစ်စုံတစ်ခုကို လုပ်ဆောင်လို့ မပြီးသရွေ့တော့ သင်ယူလို့မရပါ။
သမ္မာကျမ်းစာကို သင်ယုံကြည်ပါတယ်လို့ တခြားသူတွေကို ပြောဖို့ရန် သင်၌ လုံလောက်မှုမရှိပါဘူး။ သမ္မာတရားတွင် သွန်သင်ထားသောအရာတို့ကို သင်လုပ်ဆောင်ရပါမည်။ ၎င်းတို့ကို မလုပ်ဆောင်ခြင်းက သင်အမှန်တကယ် မယုံကြည်လို့ဘဲ ဖြစ်ပါတယ်။
၎င်းကို ဒံယေလအနာဂတ္တိကျမ်းတွင် ဗေလရှာဇာ၏ အကြောင်းကို ကျွန်ုပ်တို့ တွေ့မြင်ရပါမည်။ အရာအားလုံး တို့ကို သူဆုံးရှုံးရခြင်းသည် သူလေ့လာသင်ယူထားသောအရာတို့ကို ကျင့်သုံးခြင်းမပြုခဲ့လို့ ဖြစ်ပါတယ်။
သူ၏ အဖိုးကို ဘုရားသခင် သွန်သင်ခဲ့သော အတုယူဖွယ် နမူနာတို့ကို လေ့လာသင်ယူဖို့ရန် သူမာနကြီးစွာ ငြင်းပယ်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် သူ၏အင်ပါယာကြီး ပြိုလဲခဲ့ပါတယ်။
ဒံယေလ သူ့အားပြောထားသော စကားတို့ကို သမ္မာကျမ်းစာကို မှတ်သားထားသည်မှာ - ဒံယေလအနဂတ္တိကျမ်း ၅:၂၂အရှင်သားတော် ဗေလရှာဇာ၊ ကိုယ်တော်သည် ထိုအမှုအလုံးစုံတို့ကို သိသော်လည်း၊ စိတ်နှလုံးကို မနှိမ့်ချဘဲ …”
နေဗုခဒ်နေဇာ မင်းကြီးသည် မာနကြောင့် (၇) နှစ်ခန့် စိတ်ဓါတ်ကျနေခဲ့တာကို ဗေလရှာဇာ တွေ့မြင်ခဲ့ပါတယ်။ သူ၏အဖိုးပြုခဲ့သော အမှားတွေကိုလည်း တွေ့မြင်ခဲ့ပါတယ်။ အဲဒီအရာတွေကို သူ၏အဖိုးက အမှန်ပြင်ခဲ့တာကိုလည်း သူမြင်ခဲ့တယ်။ အဖိုး၏အသက်တာကနေ အကောင်း ၊ အဆိုးတို့ကို သိရှိခဲ့ပြီး ဘုရားသခင်ကို လစ်လျူရှိုဖို့ ၊ အတုယူစရာ နမူနာတို့ကို လစ်လျူရှုဖို့ရန် သူရွေးချယ်ခဲ့ပါတယ်။
ဒါကြောင့် ဘုရားသခင် သူ၏ တိုင်းပြည်ကို ရုတ်သိမ်းခဲ့ပါတယ်။
ဗေလရှာဇာ တွင် သိနားလည်ခြင်းတွေရှိပေမဲ့ သင်ယူလေ့လာခြင်း မပြုခဲ့ပါဘူး။ ကျွန်ုပ်တို့သည် သိနားလည်ခြင်းနှင့် လေ့လာသင်ယူခြင်း ကြားက ခြားနားချက်ကို နားလည်ဖို့ရန် လိုအပ်ပါတယ်။ အရာများစွာတို့ကို သင်သိနိုင်ပါတယ်။ သို့ပေမဲ့ အဲဒီအရာတွေကို သင်မလုပ်ဆောင်သရွေ့ သင်ဘာကိုမှ လေ့လာသင်ယူနိုင်မှာ မဟုတ်ပါ။
နှုတ်ကပတ်တော်တို့ကို ကျွန်ုပ်တို့ လုပ်ဆောင်ဖို့ရန် ဘုရားသခင် အလိုတော်ရှိပါတယ်။ ၎င်းသည် ကျွန်ုပ်တို့ ယုံကြည်ခြင်း၌ ဘုရားသခင်သွန်သင်ထားမှုတွေကို ကျင့်သုံးပြီ ဆက်လက်တက်လှမ်းတဲ့အခါမှာ ကျွန်ုပ်တို့ကို ဘုရားကူညီ လိမ့်မည်ဟု ဆိုလိုပါသည်။
ဆင်ခြင်ရန်
-ဘုရားသခင် သွန်သင်ထားသောအရာကို သင်ကျင့်သုံးပြီးသည်နှင့် တပြိုင်နက် မည်သို့သောအသစ်တစ်ခုကို သင့်အား သွန်သင်ပါသနည်း။
-ဘုရားသခင် သွန်သင်ထားသောအရာတွင် သင် မကျင့်သုံးရသေးသော တစ်စုံတစ်ရာရှိပါသလား။ သင်ဆက်လက် ကြီးထွားနိုင်ဖို့ရန် ၎င်းအဆင့်ကို လုပ်ဆောင်ဖို့ သင်စိတ်ဆန္ဒရှိပါသလား။
-ဘုရားသခင် သင်ကြားပေးသော အမှန်တရားတွေကို တခြားသော ခရစ်ယာန်တွေက လက်တွေ့ကျင့်သုံးတာကို ကြည့်ခြင်းအားဖြင့် သင်၏ယုံကြည်ခြင်းကို မည်ကဲ့သို့ ခိုင်ခံ့စေမည်နည်း။
--------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်