နှိမ့်ချမှုရှိပါ (သို့) သင်ထိမိ၍လဲလိမ့်မည်။
Unicode Version
ထိုဝိညာဉ်တော်သည် သာ၍များသော ကျေးဇူးကိုပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာ သည်ကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ ၏ဟုလာသတည်း။ ရှင်ယာကုပ်ဩဝါဒစာ :
သုတ္တံ ၁၅:၃၃ “ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
ပညာရှိသောသူ ၊ ဉာဏ်အမြော်အမြင်ရှိသောသူ တွေသည် စိတ်နှိမ့်ချခြင်းကို တည်ရှိစေကြပါတယ်။ စိတ်နှိမ့်ချခြင်း နှင့် သင်ကြားနိုင်ခြင်းတို့သည် အတူတကွ သွားကြသည်။ နှိမ့်ချမှုရှိစေပါ (သို့) သင်ထိမိ၍လဲလိမ့်မည်။
သင့်ကိုယ်သင် မတတ်နိုင်ကြောင်းကို ရိုးရှင်းစွာ သဘောပေါက်ပါလျှင် စိတ်နှိမ့်ချခြင်းကို စတင်ပါတယ်။ စိတ်ဖိစီးမှု ခံစားရတဲ့အချိန်မှာ ဤစာသားကို ပြန်လည်ရွတ်ဖတ်နေပါ။ “ဘုရားရှင်သာ တတ်နိုင်၏။ ကျွန်ုပ်မတတ်နိုင်ပါ။”
၎င်းသည် နှိမ့်ချခြင်းသဘော ဖြစ်ပါတယ်။ စိတ်နှိမ့်ချမှုမရှိတဲ့သူတွေမှာ သူတို့ကိုယ်သူတို့ ဘုရားတစ်ဆူကဲ့သို့ (သို့) အဆုံးတိုင်ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ တွေးမြင်ကြပါတယ်။
သမ္မာကျမ်းစာက ဆိုထားသည်မှာ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ ၏ဟုလာသတည်း။ ရှင်ယာကုပ်ဩဝါဒစာ ၄:၆
ဉာဏ်ပညာအမြော်အမြင်ရှိတဲ့သူတစ်ဉီး ဖြစ်လာဖို့ရန် သင်၌ ရည်မှန်းချက်ပန်းတိုင်ရှိပါသလား။
ဘုရားသခင်ကို သိကျွမ်းအောင်လုပ်ဆောင်ပါ။ ပေါင်းသင်းဆက်ဆံရေး ၊ ငွေကြေးစီမံရေး ၊ အခက်အခဲ ကိုင်တွယ်ဖြေရှင်းရေး ၊ ပြသနာတို့ကို သီးခြားဖြစ်စေရေး နှင့် တခြားသော အသက်တာ စိန်ခေါ်မှုမျိုးကိုမဆို  ကိုင်တွယ်ဖြေရှင်းရေးတို့၌ သင်အမြော်အမြင်ရှိလာပါလိမ့်မည်။
သုတ္တံ ၁၅:၃၃ “ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
 သင်လေ့လာမှုတွေကို ဘယ်လူမဆို ကနေ လေ့လာနိုင်သည်ဟု နှိမ့်ချခြင်းက ဆိုပါတယ်။ အရာအားလုံးကို သင်မသိပါ။ ဘယ်သူမှလည်း မသိပါ။ ဒါကြောင့် အသက်တာတလျှောက် လေ့လာသူဖြစ်ရန် ၊ နှိမ့်ချခြင်းရှိရန် နှင့် သင်ယူနိုင်ခြင်းတွေရှိရန် လိုအပ်ခြင်းဖြစ်ပါတယ်။
ဆင်ခြင်ရန်
- စိတ်ဖိစီးမှု လျော့ချသည့် “ဘုရားတတ်နိုင်သည်။ ကျွန်ုပ်မတတ်နိုင်ပါ။” ဆိုတဲ့ စာသားကို သင်မည်ကဲ့သို့ အမှတ်ရနေနိုင်ပါမည်နည်း။
- “သင့်ကိုယ်သင် နှိမ့်ချခြင်းမရှိဘဲ ဘယ်တော့မှ သင်ယူနိုင်မှာ မဟုတ်ဘူး” လို့ ဘုရားသခင်က သင့်ကို မည်သို့အရာ သင်ပေးခဲ့ပါသနည်း။
- သင့်အသက်တာ၏ မည်သို့သော အခန်းကဏ္ဍတွင် ဉာဏ်ပညာကို သင်အများဆုံးလိုအပ်ပါသနည်း။
---------------------------------------------------------------------------------
Zawgyi Verizon
ဆင်ခြင်ရန်