သင့်မထိန်းချုပ်နိုင်သောအရာကို အပ်နှံလိုက်ပါ။
Unicode Version
သင့်မထိန်းချုပ်နိုင်သောအရာကို အပ်နှံလိုက်ပါ။
ရှင်ယာကုပ် ၂:၂၂ “ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကိုသိမြင်ရ၏။
 ကမ္ဘာအနှံ့ ဖြစ်ပေါ်နေတဲ့ ကပ်ဘေးကို သင်၏ ကျန်းမာရေး ပကတိအတိုင်း မထိမခိုက်ပဲနဲ့ ကျော်လွှားချင်ပါလျှင် သင်၏အသက်တာကို ထိန်းချုပ်နိုင်တဲ့အရာများကို ထိန်းချုပ်ဖို့ရန် နှင့် ကျန်သောအရာတွေအတွက် ဘုရားသခင် ကို ယုံကြည်ဖို့ရန် သင်ယူလေ့လာဖို့ လိုအပ်ပါလိမ့်မည်။
 သင်၏ စိတ်၊ ဝိညာဉ် နှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတို့ကို ဘုရားသခင် စိတ်ဝင်တစားရှိပါတယ်။   ဆုတောင်း ခြင်း နှင့် ဘုရားသခင်၏ သမ္မာကျမ်းစာမှတစ်ဆင့် လမ်းပြသွန်သင်မှုပေါ်အခြေခံပြီး အမြော်အမြင် ရှိသော ရွေးချယ်မှုကို သင်ပြုဖို့ရန် အလိုတော်ရှိပါသည်။
ပြီးတော့ သင်မထိန်းချုပ်နိုင်သော အရာတစ်ခုခုကို တွေ့ကြုံရတဲ့အခါ ဘုရားသခင်ထံ အပ်နှံနိုင်ပြီး သင်၏ကောင်း ခြင်းအတွက် ဘုရားပြုမည်ကို ယုံကြည်လိုက်ပါ။
အာဗြံဟံ နှင့် ပတ်သက်ပြီး အလွန်ကောင်းသော ဉပမာ ကျမ်းစာက ပေးထားတာရှိပါတယ်။ ရှင်ယာကုပ် ၂:၂၂ “ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကိုသိမြင်ရ၏။
ဤအရာနှင့်အတူ အစွန်းရောက်သွားဖို့ လွယ်ကူပါတယ်။ အဲဒီအစား “အရာအားလုံး ဘုရားသခင်ပေါ် မူတည်တယ်” ဆိုပြီး “သင်ဘာမှ မလုပ်ဆောင်ခြင်း” ဆိုတဲ့အချက်ကို မတုန်မလှုပ် ဖြစ်လာစေသည်။ တခြားတစ်ဖက်တွင် သင်၏အသက်တာအခန်းကဏ္ဍတွင် ဘုရားသခင် ပါဝင်ခြင်း မရှိသလိုမျိုး သင်ပြုမူနိုင်ပြီး အရာအားလုံး သင့်ပေါ်တွင် မူတည်သည်ဟု ယူဆသည်။        
နှစ်မျိုးလုံးကို အစွန်းရောက် မှားယွင်းနေပါသည်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းခြင်းသည် ဟန်ချက်ညီစေသည်။ ပြီးတော့ စိတ်ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေပါတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး ဝတ်ပြုကိုးကွယ်ခြင်းကို သင်ပြုသည့်အတိုင်း အခြေခံပြီး အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်တွေကို ချမှတ်ပါ။ သင်အား ထိန်းချုပ်သောအရာကို သိရှိနိုင်ဖို့ရန် ကူညီစေသော ဟန်ချက်ညီခြင်းကို ရှာဖွေပါ။
“The Lord of the Rings” ရုပ်ရှင်တွင် Frodo သည် ကမ္ဘာပေါ်ရှိ နာကျင်မှုနှင့် ဆိုးယုတ်မှုတွေနှင့် ပတ်သက်ပြီး မကျေမနပ်ပြောဆိုတဲ့ခဏတာတွင် “ဤအရာအားလုံး မဖြစ်ပျက်ခဲ့ဘူးလို့ မျှော်လင့်ပါတယ်” ဆိုပြီး Gandalf ကို ပြောပါတယ်။ သင်သည်လည်း ထိုစကားကို ကျွန်ုပ်တို့ အသက်ရှင်စဉ်အချိန်ကာလမှာ ပြောကောင်း ပြောခဲ့ပါမည်။
Gandalf ကလည်း Frodo ၏စကားကို အမြော်အမြင်ကြီးစွာဖြင့် “အသက်ရှင်သော သူအပေါင်းတို့ ထိုနည်းတူစွာ ရင်ဆိုင်ကြရပါတယ်။ သို့ပေမဲ့ ၎င်းတို့သည် သူတို့ ဆုံးဖြတ်ဖို့အတွက် မဟုတ်ပါ။ ကျွန်ုပ်တို့အားလုံးဆုံးဖြတ်ရမှာက ကျွန်ုပ်တို့အား ပေးထားသော အချိန်ဖြင့် ဘာကိုလုပ်ဆောင်ရမည် ဖြစ်တယ်”လို့ တုံ့ပြန်ပါတယ်။
သင်လုပ်ဆောင်ရမှာက သင့်အားပေးထားသော အချိန်တွေဖြင့် ဘာကိုလုပ်ဆောင်မည်ကို ဆုံးဖြတ်ရန် ဖြစ်ပါတယ်။
သင်၏ အသက်တာတွင် သင်ထိန်းချုပ်လို့မရနိုင်တဲ့ အရာတွေ အများကြီးရှိပါတယ်။ ကပ်ရောဂါ (သို့) အစိုးရနှင့် တခြားသူတွေ မည်သို့ကိုင်တွယ်သည်ကို သင်မထိန်းချုပ်နိုင်ပါ။
အသက်တာရှိ အခြေအနေအားလုံးတို့ကို သင်မထိန်းချုပ်နိုင်ပါ။ သို့ပေမဲ့ မည်ကဲ့သို့ တုံ့ပြန်ရမည်ကိုတော့ သင်ရွေးချယ်နိုင်ပါသည်။ ပြီးတော့ ၎င်းသည် ခြားနားခြင်း ၊ ထူးခြားခြင်းတွေ ပြုပါလိမ့်မည်။ ၎င်းရွေးချယ်မှုကို သင်ပြုဖို့ရန် ဘုရားသခင် အမြဲတစေ ကူညီပါမည်။
 ဆင်ခြင်ရန်
- သင့်အသက်တာတွင် သင်ကြိုးစားပြီး ထိန်းချုပ်နေခဲ့ခြင်းကြောင့် သင့်အား စိတ်ဖိစီးမှုတွေ ဖြစ်စေသည့် ထိန်းချုပ်မရသည့်အရာကား မည်သို့သော အရာတွေနည်း။
-သင့်အား ဆုံးဖြတ်ချက်ချဖို့ရန် နှင့် သင့်အသက်တာရှိ ကဏ္ဍတစ်ချို့ကို ထိန်းချုပ်ဖို့ရန် သင့်အား ဘုရားသခင် စွမ်းရည်ပေးခဲ့တဲ့လို့ ဘာကြောင့် တွေးထင်ပါသနည်း။
---------------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်