Unicode Version
---------------------------------------------------------------------------------
သင့်အသက်တာတွင် လိုအပ်နေသော လူ (၄) မျိုး
သုတ္တံ ၁၃:၂၀ “ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည်
ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။”
သင်နှင့်
ကျွန်ုပ်တို့သည် မိမိတို့ဖြစ်တည်သည်အတိုင်း ဘုရားသခင် အလိုတော်ရှိသောအသက်တာမျိုး ဘယ်တော့မှ
မဖြစ်နိုင်ပါ။ ထိုကဲ့သို့သော အသက်တာမျိုးဖြစ်ဖို့ရန်လည်း ကျွန်ုပ်တို့ ဘယ်တော့မှ မရည်ရွယ်ကြပါ။
ကျွန်ုပ်တို့ကို သင်ကြားပေးမည့်သူ ၊ ဘဝတွေကို မျှဝေပေးမည့်သူ ၊ ကျွန်ုပ်တို့၌ မြှုပ်နှံခြင်းတွေနှင့်
ကြီးထွားဖို့ရန် အားပေးသော သူတွေ လိုအပ်ပါတယ်။
သမ္မာကျမ်းစာက
ဆိုထားသည်မှာ သုတ္တံ ၁၃:၂၀ “ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည်
ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။”
တကယ်တော့
သင့်အားဖြစ်စေလိုသည်အတိုင်း အားလုံးကို ဘုရားသခင် ဖြစ်စေချင်ပါသည်။ အနည်းဆုံးတော့ လူ(၄)
မျိုးဆီကနေ သင်လေ့လာ သင်ယူသင့်ပါသည်။
(၁) ဆရာသမား
ဆရာသမားတို့သည် သင်၏လမ်းညွှန်ဆရာ
ဖြစ်ကြပါတယ်။ ကျွန်ုပ်အသက်တာတွင် ကွဲပြားသော လမ်းညွှန်ဆရာ (၉) ဉီးရှိပါတယ်။ သင်သိသင့်တဲ့
အရာတွေအားလုံးကို ဘယ်သူမှ မသင်ပေးပါဘူး။ လူတစ်ယောက်သည် သင့်ကို ကဏ္ဍတစ်ခုတွင် သင်ပေးပါလိမ့်မည်။
နောက်လူတစ်ယောက်က သင့်ကို တစ်ခြားအရာ တစ်ခုခု သင်ပေးပါ လိမ့်မည်။
(၂)စံနမူနာ ထားထိုက်သူ
ဤလူတွေကတော့
သင်လုပ်ချင်တဲ့အရာတွေကို လုပ်ဆောင်ခဲ့ပြီးတဲ့သူတွေ (သို့) လုပ်နှင့်ပြီးတဲ့ သူတွေဖြစ်
ပါတယ်။ သင့်အသက်တာတွင် လေ့လာသင်ယူခဲ့သော ကျွမ်းကျင်မှုတော်တော်များများတို့သည် သူတစ်ပါးကို
ကြည့်ခြင်း အားဖြင့် သင်လေ့လာသင်ယူခဲ့ခြင်းဖြစ်ပါတယ်။
(၃) လုပ်ဖော်ကိုင်ဖက် ၊ မိတ်ဖက်
သင်၏အသက်တာအားဖြင့် ဘုရားသခင်အလိုတော်ရှိသောသူ ဖြစ်ဖို့ရန် သင်၌ စိန်ခေါ်မှုပြုရန်
၊ အထောက်အမ ပေးရန် သင်၏ လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက် (သို့) တွဲဖက်လုပ်သားတွေ
သင် လိုအပ်ပါတယ်။
(၄) သူငယ်ချင်း
သူငယ်ချင်းတွေက
သင်၏ပန်းတိုင်တွေအတွက် ကူညီမပေးပါဘူး။ သူတို့တွေက သူငယ်ချင်းပါဘဲ။ သင်ဘာကိုဘဲ လုပ်ပါစေ
သူတို့သင်ကို မေတ္တာရှိပါသည်။ သင်ဗရုတ်ကျနေလည်း ၊ မမောက်ကမအခြေအနေဖြစ်နေလည်း သူတို့
ဆက်ပြီး ချစ်နေဆဲပါ။ လူတွေသင့်အနားက ထွက်သွားတဲ့အခါမှာ သင်၏ သူငယ်ချင်းက သင့်အနားမှာဘဲ
ဆက်ရှိနေပါမည်။ ၎င်းသည် သင်၏စစ်မှန်သော သူငယ်ချင်းကို သိရှိရတဲ့အချိန်ဖြစ်ပါတယ်။
အသက်တာကို
တစ်ဉီးတည်းဖြတ်သန်းဖို့ ကြိုးစားခြင်းသည် အထီးကျန်ခြင်းတစ်ခုတည်း မဟုတ်ပါဘူး။ ဘုရားသခင်၏
အလိုတော်ရှိသော အသက်တာပုံစံမျိုးကို ဆန့်ကျင်ရာရောက်ပါတယ်။
လူတွေကို ရှာဖွေပါ။ သင့်ကိုယ်သင်လည်း အကူအညီဖြစ်စေနိုင်ဖို့ နှင့် သင့်အသက်တာတွင်
သူတို့ကို ဘုရားသခင် မည်ကဲ့သို့ အသုံးပြုချင်သည်ကို စာနာစိတ်ဖြင့် ဖော်ဆောင်ပါ။
ဆင်ခြင်ရန်
-
သင့်အသက်တာတွင် အထက်ပါ လိုအပ်သော လူမျိုး (၄) မျိုးအနက် သင်၌ အများဆုံးပိုင်ဆိုင်ထားသည့်
(သို့) အနည်းဆုံးပိုင်ဆိုင်ထားသည့်အမျိုးအစားက မည်သို့နည်း။
-
ဘာကြောင့် များစွာသောသူတို့သည် တခြားသူတို့၏အကူအညီမပါဘဲ အသက်တာကို ရှင်သန်ရန် ကြိုးစား
နေပါသနည်း။
-သင့်အသက်တာတွင်
ဤကဏ္ဍတစ်ခုခုဖြင့် သင်၏အထောက်အမကို လိုအပ်နေသူ ရှိပါသလား။
Zawgyi Version
သင့္အသက္တာတြင္ လိုအပ္ေနေသာ လူ (၄) မ်ိဳး
သုတၱံ ၁၃:၂၀ “ပညာရွိတို႔ႏွင့္ေပါင္းေဘာ္ေသာသူသည္ ပညာ ရွိတတ္၏။ လူမိုက္တို႔ႏွင့္ ေပါင္းေဘာ္ေသာသူမူကား၊ ပ်က္စီးတတ္၏။”
သင္ႏွင့္ ကြၽႏ္ုပ္တို႔သည္ မိမိတို႔ျဖစ္တည္သည္အတိုင္း ဘုရားသခင္ အလိုေတာ္ရွိေသာအသက္တာမ်ိဳး ဘယ္ေတာ့မွ မျဖစ္ႏိုင္ပါ။ ထိုကဲ့သို႔ေသာ အသက္တာမ်ိဳးျဖစ္ဖို႔ရန္လည္း ကြၽႏ္ုပ္တို႔ ဘယ္ေတာ့မွ မရည္႐ြယ္ၾကပါ။ ကြၽႏ္ုပ္တို႔ကို သင္ၾကားေပးမည့္သူ ၊ ဘဝေတြကို မွ်ေဝေပးမည့္သူ ၊ ကြၽႏ္ုပ္တို႔၌ ျမႇဳပ္ႏွံျခင္းေတြႏွင့္ ႀကီးထြားဖို႔ရန္ အားေပးေသာ သူေတြ လိုအပ္ပါတယ္။
သမၼာက်မ္းစာက ဆိုထားသည္မွာ သုတၱံ ၁၃:၂၀ “ပညာရွိတို႔ႏွင့္ေပါင္းေဘာ္ေသာသူသည္ ပညာ ရွိတတ္၏။ လူမိုက္တို႔ႏွင့္ ေပါင္းေဘာ္ေသာသူမူကား၊ ပ်က္စီးတတ္၏။”
တကယ္ေတာ့ သင့္အားျဖစ္ေစလိုသည္အတိုင္း အားလုံးကို ဘုရားသခင္ ျဖစ္ေစခ်င္ပါသည္။ အနည္းဆုံးေတာ့ လူ(၄) မ်ိဳးဆီကေန သင္ေလ့လာ သင္ယူသင့္ပါသည္။
(၁) ဆရာသမား
ဆရာသမားတို႔သည္ သင္၏လမ္းၫႊန္ဆရာ ျဖစ္ၾကပါတယ္။ ကြၽႏ္ုပ္အသက္တာတြင္ ကြဲျပားေသာ လမ္းၫႊန္ဆရာ (၉) ဉီးရွိပါတယ္။ သင္သိသင့္တဲ့ အရာေတြအားလုံးကို ဘယ္သူမွ မသင္ေပးပါဘူး။ လူတစ္ေယာက္သည္ သင့္ကို က႑တစ္ခုတြင္ သင္ေပးပါလိမ့္မည္။ ေနာက္လူတစ္ေယာက္က သင့္ကို တစ္ျခားအရာ တစ္ခုခု သင္ေပးပါ လိမ့္မည္။
(၂)စံနမူနာ ထားထိုက္သူ
ဤလူေတြကေတာ့ သင္လုပ္ခ်င္တဲ့အရာေတြကို လုပ္ေဆာင္ခဲ့ၿပီးတဲ့သူေတြ (သို႔) လုပ္ႏွင့္ၿပီးတဲ့ သူေတြျဖစ္ ပါတယ္။ သင့္အသက္တာတြင္ ေလ့လာသင္ယူခဲ့ေသာ ကြၽမ္းက်င္မႈေတာ္ေတာ္မ်ားမ်ားတို႔သည္ သူတစ္ပါးကို ၾကည့္ျခင္း အားျဖင့္ သင္ေလ့လာသင္ယူခဲ့ျခင္းျဖစ္ပါတယ္။
(၃) လုပ္ေဖာ္ကိုင္ဖက္ ၊ မိတ္ဖက္
သင္၏အသက္တာအားျဖင့္ ဘုရားသခင္အလိုေတာ္ရွိေသာသူ ျဖစ္ဖို႔ရန္ သင္၌ စိန္ေခၚမႈျပဳရန္ ၊ အေထာက္အမ ေပးရန္ သင္၏ လုပ္ငန္းခြင္ရွိ လုပ္ေဖာ္ကိုင္ဖက္ (သို႔) တြဲဖက္လုပ္သားေတြ သင္ လိုအပ္ပါတယ္။
(၄) သူငယ္ခ်င္း
သူငယ္ခ်င္းေတြက သင္၏ပန္းတိုင္ေတြအတြက္ ကူညီမေပးပါဘူး။ သူတို႔ေတြက သူငယ္ခ်င္းပါဘဲ။ သင္ဘာကိုဘဲ လုပ္ပါေစ သူတို႔သင္ကို ေမတၱာရွိပါသည္။ သင္ဗ႐ုတ္က်ေနလည္း ၊ မေမာက္ကမအေျခအေနျဖစ္ေနလည္း သူတို႔ ဆက္ၿပီး ခ်စ္ေနဆဲပါ။ လူေတြသင့္အနားက ထြက္သြားတဲ့အခါမွာ သင္၏ သူငယ္ခ်င္းက သင့္အနားမွာဘဲ ဆက္ရွိေနပါမည္။ ၎သည္ သင္၏စစ္မွန္ေသာ သူငယ္ခ်င္းကို သိရွိရတဲ့အခ်ိန္ျဖစ္ပါတယ္။
အသက္တာကို တစ္ဉီးတည္းျဖတ္သန္းဖို႔ ႀကိဳးစားျခင္းသည္ အထီးက်န္ျခင္းတစ္ခုတည္း မဟုတ္ပါဘူး။ ဘုရားသခင္၏ အလိုေတာ္ရွိေသာ အသက္တာပုံစံမ်ိဳးကို ဆန႔္က်င္ရာေရာက္ပါတယ္။
လူေတြကို ရွာေဖြပါ။ သင့္ကိုယ္သင္လည္း အကူအညီျဖစ္ေစႏိုင္ဖို႔ ႏွင့္ သင့္အသက္တာတြင္ သူတို႔ကို ဘုရားသခင္ မည္ကဲ့သို႔ အသုံးျပဳခ်င္သည္ကို စာနာစိတ္ျဖင့္ ေဖာ္ေဆာင္ပါ။
ဆင္ျခင္ရန္
- သင့္အသက္တာတြင္ အထက္ပါ လိုအပ္ေသာ လူမ်ိဳး (၄) မ်ိဳးအနက္ သင္၌ အမ်ားဆုံးပိုင္ဆိုင္ထားသည့္ (သို႔) အနည္းဆုံးပိုင္ဆိုင္ထားသည့္အမ်ိဳးအစားက မည္သို႔နည္း။
- ဘာေၾကာင့္ မ်ားစြာေသာသူတို႔သည္ တျခားသူတို႔၏အကူအညီမပါဘဲ အသက္တာကို ရွင္သန္ရန္ ႀကိဳးစား ေနပါသနည္း။
-သင့္အသက္တာတြင္ ဤက႑တစ္ခုခုျဖင့္ သင္၏အေထာက္အမကို လိုအပ္ေနသူ ရွိပါသလား။