ရှင်ယာကုပ်ဩဝါဒစာ ၁:၁၇-၁၈ “ထိုအဘသည် ရွေ့ လျော့တိမ်းယိမ်းခြင်းမရှိ၊
ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ် တော်မူ၏။ နိမ္ဗိတသတ္တဝါတို့တွင်
ငါတို့သည် အဦးသီးသောအသီးကဲ့သို့ ဖြစ်စေခြင်းငှါ၊ သမ္မာတရား စကားအားဖြင့် မိမိအလိုတော်အတိုင်း
ငါတို့ကို ဖြစ်ဘွားစေတော်မူ၏။”
ဘယ်တော့မှ မပြောင်းလဲသော တစ်စုံတစ်ခုတွင် သင်၏စိတ်ဝိညာဉ်ကို တည်ထားမည်ဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လက်ဆောင်အဖြစ် မှတ်ယူဖို့ရန် လိုအပ်ပါသည်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ ရှင်ယာကုပ် ဩဝါဒစာ ၁:၁၇-၁၈ “ထိုအဘသည် ရွေ့ လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ် တော်မူ၏။ နိမ္ဗိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသောအသီးကဲ့သို့ ဖြစ်စေခြင်းငှါ၊ သမ္မာတရား စကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဘွားစေတော်မူ၏။”
(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကောင်းမြတ်၏။
၎င်းသည်
သင့်အကျိုးအတွက် ဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းမရှိပါလျှင် သင့်အား ဘုရားသခင်
ပေးချင်သော အကျိုးကျေးဇူးတွေ ၊ ကတိတော်တွေ နှင့် လမ်းညွှန်ချက်တွေကို သင်လွှတ် သွားပါလိမ့်မည်။
(၂) ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ပြီးပြည့်စုံ၏။
“ပြည့်စုံသော လက်ဆောင်” ဖြစ်ပါတယ်။ ပြည့်စုံတယ်လို့ ဆိုပါလျှင် ဘယ်တော့မှ
မမှားနိုင်ဘူးလို့ အဓိပ္ပါယ် ဖြစ်ပါတယ်။ အမှားမရှိတဲ့အတွက် ၎င်းကို သင်လက်ခံ နိုင်ပါတယ်။
ပြီးပြည့်စုံတယ်ဆိုလျှင် သင်အမှန် တကယ် လိုအပ်သော အတိအကျအရာဖြစ်ပါတယ်။
(၃) ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်၏။
“မှန်ကန်သော
စကား” လို့ဆိုထားပါတယ်။ ကျမ်းပိုဒ်တွေက သင့်အား အမြဲတမ်းမှန်ကန်သော အရာကို ပြောပါလိမ့်မည်။
မှားယွင်းသော လမ်းသို့ ဉီးတည်မှု ဘယ်တော့မှ မဖြစ်စေပါ။ ထာဝရမှန်ကန်ပြီး သင့်အား လွှတ်မြောက်ခြင်း
ပေးပါလိမ့်မည်။
(၄) ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ပြောင်းလဲခြင်းမရှိပါ။
ဘုရားသခင်သည် ဘယ်တော့မှ မပြောင်းလဲပါ။ သူ၏နှုတ်ကပတ်တော်သည်လည်း ဘယ်တော့မှ
မပြောင်းလဲပါလို့ သမ္မာကျမ်းစာက ဆိုထားပါတယ်။ သင့်အသက်တာတွင် ရရှိပိုင်ဆိုင်ထားသော
လက်ဆောင်တစ်ချို့တို့သည် ဟောင်းနွမ်းသွားမည် ၊ အရောင်မှိန်သွားမည် ၊ သံချေးတက်သွားမည်
၊ ပျက်စီးယိုယွင်းသွားပါမည်။ ၎င်းအရာတို့ ပေါ် သင်အမြဲတမ်း အားထားလို့မရပါ။ သို့ပေမဲ့
ဘုရားသခင်၏ နှုတ်ကပတ်တော်ပေါ်တွင် အမြဲတမ်းသင် အားထားနိုင်သည်။ စိတ်ချနိုင်ပါသည်။
(၅) ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ရှင်ခြင်းအသက်တာကို
ပေးပါသည်။
ရှင်ယာကုပ်က
“သမ္မာတရား စကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဘွားစေတော်မူ၏။”
လို့ ဆိုထားပါသည်။ ဘုရားသခင်၏ သဏ္ဍာန်တော်အတိုင်း ကျွန်ုပ်တို့ကို ဖန်ဆင်းထားသည်။ ဆိုလိုသည်မှာ
သင်၌ ဘုရားသခင်ကို ချစ်မြတ်နိုးနိုင်ပြီး ကိုယ်တော်၏ ချစ်ခြင်းနိုးခြင်းကိုလည်း ခံရပါမည်။
ဘုရားသခင်သည် သင့်အားဖန်ဆင်းပြီး သူအား သင်သိဖို့ရန် နှုတ်ကပတ်တော်ကို ပေးခဲ့ပါတယ်။
၎င်းသည် စစ်မှန်သော အသက်တာအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
ရောမဩဝါဒစာ ၁၅:၄ “ငါတို့သည် ကျမ်းစာ၌ပါသောသည်းခံခြင်း၊ သက်သာခြင်း အကြောင်းများကိုအမှီပြု၍
မြော်လင့်ရ သော အခွင့်ရှိစေခြင်းငှါ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမဩဝါဒပေး၍
ရေးထား သတည်း။” သမ္မာကျမ်းစာတွင်
ဖော်ပြထားသောအရာအားလုံးတို့သည် သင့်အား မျှော်လင့်ခြင်း ပေးဖို့ဖြစ်ပြီး, သင်နားမလည်နိုင်သည်
အပိုင်းတွေမှာတောင် မျှော်လင့်ချက်ပေးဖို့ပင် ဖြစ်သည်။
ယခုတွင် သင်အလိုအပ်ဆုံးသောအရာတစ်ခုမှာ အားပေးခြင်းဖြစ်သည်။ ဤ စာအုပ်တွင်ရှိသည်။
သင်စိတ်ပျက်အားငယ်နေပါသလား။ အဲဒီမှာ ကြီးစွာသော မျှော်လင့်ချက်ရှိပါတယ်။ သင်၏အနီးတွင်ရှိနေပါသည်။ သင်၏သမ္မာကျမ်းစာကို ဖွင့်ဖတ်ရုံလေးပါ။
-
သမ္မာကျမ်းစာသည် သင်၏အကျိုးအတွက် ဖြစ်သည်ကို ယုံကြည်ရန် ခက်ခဲတဲ့အချိန် ရှိပါသလား။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်၏အသက်တာဆီသို့ မှီငြမ်းအသက်ရှင်ခြင်းကို နားလည်နိုင်ဖို့ရန်
မည်သို့သောအရာကို လုပ်ဆောင်နိုင်ပါမည်နည်း။
-
မည်ကဲ့သို့သော နည်းလမ်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လက်ဆောင်မွန်အဖြစ် သဘောထား
မှတ်ယူပါသနည်း။
-
တစ်စုံတစ်ယောက်ကို ယနေ့တွင် ဘုရား၏နှုတ်ကပတ်တော်ဖြင့် မည်ကဲ့သို့ သင် အားပေးနိုင်ပါသနည်း။
------------------------------------------------------------------------------------
Zawgyi Version
ဘုရားႏႈတ္ကပတ္ေတာ္သည္ လက္ေဆာင္မြန္ျဖစ္ျခင္း နည္းလမ္း (၅)မ်ိဳး
ရွင္ယာကုပ္ဩဝါဒစာ ၁:၁၇-၁၈ “ထိုအဘသည္ ေ႐ြ႕ ေလ်ာ့တိမ္းယိမ္းျခင္းမရွိ၊ ေျပာင္းလဲျခင္းအရိပ္ႏွင့္ ကင္းလြတ္ ေတာ္မူ၏။ နိမၺိတသတၱဝါတို႔တြင္ ငါတို႔သည္ အဦးသီးေသာအသီးကဲ့သို႔ ျဖစ္ေစျခင္းငွါ၊ သမၼာတရား စကားအားျဖင့္ မိမိအလိုေတာ္အတိုင္း ငါတို႔ကို ျဖစ္ဘြားေစေတာ္မူ၏။”
ဘယ္ေတာ့မွ မေျပာင္းလဲေသာ တစ္စုံတစ္ခုတြင္ သင္၏စိတ္ဝိညာဥ္ကို တည္ထားမည္ဆိုလွ်င္ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္တို႔ကို လက္ေဆာင္အျဖစ္ မွတ္ယူဖို႔ရန္ လိုအပ္ပါသည္။ သမၼာက်မ္းစာက ဆိုထားသည္မွာ ရွင္ယာကုပ္ ဩဝါဒစာ ၁:၁၇-၁၈ “ထိုအဘသည္ ေ႐ြ႕ ေလ်ာ့တိမ္းယိမ္းျခင္းမရွိ၊ ေျပာင္းလဲျခင္းအရိပ္ႏွင့္ ကင္းလြတ္ ေတာ္မူ၏။ နိမၺိတသတၱဝါတို႔တြင္ ငါတို႔သည္ အဦးသီးေသာအသီးကဲ့သို႔ ျဖစ္ေစျခင္းငွါ၊ သမၼာတရား စကားအားျဖင့္ မိမိအလိုေတာ္အတိုင္း ငါတို႔ကို ျဖစ္ဘြားေစေတာ္မူ၏။”
ဤက်မ္းပိုဒ္တြင္ ဘုရားသခင္၏ႏႈတ္ကပတ္ေတာ္ႏွင့္ ပတ္သက္ၿပီး အေရးႀကီးတဲ့အရာ (၅) မ်ိဳးကို ရွင္ယာကုပ္ ဆိုထားပါတယ္။
(၁) ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္သည္ ေကာင္းျမတ္၏။
၎သည္ သင့္အက်ိဳးအတြက္ ျဖစ္သည္။ သမၼာက်မ္းစာကို ဖတ္ရႈျခင္းမရွိပါလွ်င္ သင့္အား ဘုရားသခင္ ေပးခ်င္ေသာ အက်ိဳးေက်းဇူးေတြ ၊ ကတိေတာ္ေတြ ႏွင့္ လမ္းၫႊန္ခ်က္ေတြကို သင္လႊတ္ သြားပါလိမ့္မည္။
(၂) ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္သည္ ၿပီးျပည့္စုံ၏။
“ျပည့္စုံေသာ လက္ေဆာင္” ျဖစ္ပါတယ္။ ျပည့္စုံတယ္လို႔ ဆိုပါလွ်င္ ဘယ္ေတာ့မွ မမွားႏိုင္ဘူးလို႔ အဓိပၸါယ္ ျဖစ္ပါတယ္။ အမွားမရွိတဲ့အတြက္ ၎ကို သင္လက္ခံ ႏိုင္ပါတယ္။ ၿပီးျပည့္စုံတယ္ဆိုလွ်င္ သင္အမွန္ တကယ္ လိုအပ္ေသာ အတိအက်အရာျဖစ္ပါတယ္။
(၃) ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္သည္ သမၼာတရားျဖစ္၏။
“မွန္ကန္ေသာ စကား” လို႔ဆိုထားပါတယ္။ က်မ္းပိုဒ္ေတြက သင့္အား အၿမဲတမ္းမွန္ကန္ေသာ အရာကို ေျပာပါလိမ့္မည္။ မွားယြင္းေသာ လမ္းသို႔ ဉီးတည္မႈ ဘယ္ေတာ့မွ မျဖစ္ေစပါ။ ထာဝရမွန္ကန္ၿပီး သင့္အား လႊတ္ေျမာက္ျခင္း ေပးပါလိမ့္မည္။
(၄) ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္သည္ ေျပာင္းလဲျခင္းမရွိပါ။
ဘုရားသခင္သည္ ဘယ္ေတာ့မွ မေျပာင္းလဲပါ။ သူ၏ႏႈတ္ကပတ္ေတာ္သည္လည္း ဘယ္ေတာ့မွ မေျပာင္းလဲပါလို႔ သမၼာက်မ္းစာက ဆိုထားပါတယ္။ သင့္အသက္တာတြင္ ရရွိပိုင္ဆိုင္ထားေသာ လက္ေဆာင္တစ္ခ်ိဳ႕တို႔သည္ ေဟာင္းႏြမ္းသြားမည္ ၊ အေရာင္မွိန္သြားမည္ ၊ သံေခ်းတက္သြားမည္ ၊ ပ်က္စီးယိုယြင္းသြားပါမည္။ ၎အရာတို႔ ေပၚ သင္အၿမဲတမ္း အားထားလို႔မရပါ။ သို႔ေပမဲ့ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ေပၚတြင္ အၿမဲတမ္းသင္ အားထားႏိုင္သည္။ စိတ္ခ်ႏိုင္ပါသည္။
(၅) ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္သည္ အသက္ရွင္ျခင္းအသက္တာကို ေပးပါသည္။
ရွင္ယာကုပ္က “သမၼာတရား စကားအားျဖင့္ မိမိအလိုေတာ္အတိုင္း ငါတို႔ကို ျဖစ္ဘြားေစေတာ္မူ၏။” လို႔ ဆိုထားပါသည္။ ဘုရားသခင္၏ သ႑ာန္ေတာ္အတိုင္း ကြၽႏ္ုပ္တို႔ကို ဖန္ဆင္းထားသည္။ ဆိုလိုသည္မွာ သင္၌ ဘုရားသခင္ကို ခ်စ္ျမတ္ႏိုးႏိုင္ၿပီး ကိုယ္ေတာ္၏ ခ်စ္ျခင္းႏိုးျခင္းကိုလည္း ခံရပါမည္။ ဘုရားသခင္သည္ သင့္အားဖန္ဆင္းၿပီး သူအား သင္သိဖို႔ရန္ ႏႈတ္ကပတ္ေတာ္ကို ေပးခဲ့ပါတယ္။ ၎သည္ စစ္မွန္ေသာ အသက္တာအတြက္ တစ္ခုတည္းေသာ နည္းလမ္းျဖစ္ပါတယ္။
ေရာမဩဝါဒစာ ၁၅:၄ “ငါတို႔သည္ က်မ္းစာ၌ပါေသာသည္းခံျခင္း၊ သက္သာျခင္း အေၾကာင္းမ်ားကိုအမွီျပဳ၍ ေျမာ္လင့္ရ ေသာ အခြင့္ရွိေစျခင္းငွါ၊ က်မ္းစာ၌ အထက္ကေရးထားသမွ်သည္ ငါတို႔ကို ဆုံးမဩဝါဒေပး၍ ေရးထား သတည္း။” သမၼာက်မ္းစာတြင္ ေဖာ္ျပထားေသာအရာအားလုံးတို႔သည္ သင့္အား ေမွ်ာ္လင့္ျခင္း ေပးဖို႔ျဖစ္ၿပီး, သင္နားမလည္ႏိုင္သည္ အပိုင္းေတြမွာေတာင္ ေမွ်ာ္လင့္ခ်က္ေပးဖို႔ပင္ ျဖစ္သည္။
ယခုတြင္ သင္အလိုအပ္ဆုံးေသာအရာတစ္ခုမွာ အားေပးျခင္းျဖစ္သည္။ ဤ စာအုပ္တြင္ရွိသည္။
သင္စိတ္ပ်က္အားငယ္ေနပါသလား။ အဲဒီမွာ ႀကီးစြာေသာ ေမွ်ာ္လင့္ခ်က္ရွိပါတယ္။ သင္၏အနီးတြင္ရွိေနပါသည္။ သင္၏သမၼာက်မ္းစာကို ဖြင့္ဖတ္႐ုံေလးပါ။
ဆင္ျခင္ရန္
- သမၼာက်မ္းစာသည္ သင္၏အက်ိဳးအတြက္ ျဖစ္သည္ကို ယုံၾကည္ရန္ ခက္ခဲတဲ့အခ်ိန္ ရွိပါသလား။ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို သင့္၏အသက္တာဆီသို႔ မွီျငမ္းအသက္ရွင္ျခင္းကို နားလည္ႏိုင္ဖို႔ရန္ မည္သို႔ေသာအရာကို လုပ္ေဆာင္ႏိုင္ပါမည္နည္း။
- မည္ကဲ့သို႔ေသာ နည္းလမ္းျဖင့္ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္တို႔ကို လက္ေဆာင္မြန္အျဖစ္ သေဘာထား မွတ္ယူပါသနည္း။
- တစ္စုံတစ္ေယာက္ကို ယေန႔တြင္ ဘုရား၏ႏႈတ္ကပတ္ေတာ္ျဖင့္ မည္ကဲ့သို႔ သင္ အားေပးႏိုင္ပါသနည္း။