Unicode Version
အသက်တာခရီးတစ်လျှောက် လေ့လာမှုတွေသည် ရွေးချယ်မှုဖြင့် အစပြုပါသည်။
သုတ္တံကျမ်း ၂၃:၁၂ “ဆုံးမဩဝါဒ၌ စိတ်နှလုံးစွဲလမ်း၍၊ ပညာအတတ် စကားကို
နာခံလော့။”
သင်၏အသက်တာခရီးတလျှောက်
လေ့လာမှုတွေသည် ရွေးချယ်မှုနှင့်အတူ စတင်ပါတယ်။ ရွေးချယ်မှုရှိမှသာ သင်လုပ်ဆောင်နိုင်ပါမည်။
၎င်းသည် သင့်အသက်တာတစ်ခုလုံးကို သက်ရောက်စေမည့် အလွန်တရာ အရေးကြီးသော ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
သမ္မာကျမ်းစာက ဆိုထားသည်မှာ သုတ္တံကျမ်း ၂၃:၁၂ “ဆုံးမဩဝါဒ၌ စိတ်နှလုံးစွဲလမ်း၍၊
ပညာ အတတ် စကားကို နာခံလော့။”
ဤကတိဝတ်ကို
ကျွန်ုပ်အသက် ၁၅ နှစ်အချိန်တုန်းက ထိန်းသိမ်းဖို့ ပြုခဲ့ပါတယ်။ ကျွန်ုပ် လေ့လာနိုင်သမျှ
လေ့လာမည်ဟု စတင်ပြီးပြောပြီး နှစ်ပေါင်းမျာစွာ တစ်နေ့ကို အနည်းဆုံး စာအုပ်တစ်အုပ်ကို
ဖတ်ခဲ့ပါတယ်။ စာအုပ်တိုင်းသည် စိတ်ကူးရနိုင်သော အကြောင်းအရာတိုင်းကို တံခါးဖွင့်ပေးပါတယ်။
သင်
ဘွဲ့ရတဲ့အချိန်တွင်လည်း သင်၏ ပညာရေးသည် ရပ်တန့်မသွားပါ။ “ပညာရေး ပြီးဆုံးသွားပြီမို့
အသက်မွေး ဝမ်းကျောင်းဆီ စတင်နိုင်ပြီဆိုတော့ ဂုဏ်ယူစရာဖြစ်တယ်” လူတွေ ပြောဆိုနေတာတွေကို
ကျွန်ုပ်ကြားခဲ့ပါတယ်။ အဲဒီအကြောင်းကို ဘုရားသခင်ထံ ပြောလိုက်ပါ။ သူရယ်ပါလိမ့်မည်။
သင့်အား သင်ကြားပေးချင်တာတွေ ဘုရားသခင်၌ များစွာရှိနေပါတယ်။ သင်၏ပညာရေးသည် ဘယ်တော့မှ
အဆုံးမသတ် သင့်ပါ။
သင်ယူလေ့လာခြင်းသည် အသက်တာအတွက် အဆင့်တစ်ခု မျှသာမဟုတ်ပါဘူး။ ၎င်းသည်
သင့်အသက်တာ ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း အသစ်သောအရာတစ်ခုခုကို သင့်အား လေ့လာသင်ယူဖို့ရန်
ဘုရားသခင် အလိုတော်ရှိပါတယ်။ ဒါကြောင့် ဘယ်တော့မှာ မရပ်တန့်နေပါနှင့်။
ဤနှစ်အတွင်း
အသစ်သော ကျွမ်းကျင်မှုတစ်ခုကို သင်ယူခြင်းဖြင့် စတင်လုပ်ဆောင်ပါ။ ဘုရားသခင် သင့်အား
ကြီးထွားစေလို ၊ ကြီးပွားစေလိုပါသည်။ ယနေ့ထက်ပိုပြီး တစ်နှစ်နှင့် တစ်နှစ် မတူဘဲ ကွဲပြားပြီး
ပိုကောင်းနိုင်သည် ၊ ပိုကောင်းသင့်ပါသည်။
ထို့သို့ပြုခြင်းသည် သင်၏အကောင်းဆုံးစိတ်ဝင်စားစရာ ဖြစ်ပါတယ်။ အသက်တာတစ်လျှောက်
သင်လေ့လာယူခြင်းတွေက သင့်အား ပိုမိုကောင်းသာ ခေါင်းဆောင် ၊ ပိုကောင်းသော မိဘ ၊ ဇနီး/ခင်ပွန်း
၊ မိတ်ဆွေ သူငယ်ချင်း ဖြစ်လာပါလိမ့်မည်။ သင်၏လုပ်ငန်းခွင်တွင်လည်း ပိုပြီးထိရောက်မှုများစွာ
ဖြစ်စေပါ လိမ့်မည်။ ၎င်းသည် အောင်မြင်ခြင်းနှင့် အကျိုးအမြတ်နှစ်ခုလုံးကို ယူဆောင်ပေးပါလိမ့်မည်။
သမ္မာကျမ်းစာက
ဆိုထားသည်မှာ ဒေသနာကျမ်း ၁၀:၁၀ “ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင်သာ၍
အားထုတ်ရမည်။ ပညာသည် အမှုဆောင်ရသောအခွင့် ကို ပေး၍ ကျေးဇူးကြီး၏။”
ထင်းခုတ်တဲ့အခါမှာ
ပုဆိန်အတုံးကိုသာ အသုံးပြုလျှင် စွမ်းအင်ကို ပိုပြီးအသုံးပြုရပါသည်။ ထက်သော ပုဆိန်ကိုသာ
အသုံးပြုတဲ့အခါမှာ လုံ့လကို ပိုမို ထုတ်သုံးစရာ မလိုတော့ပါ။
ခက်ခဲစွာလုပ်ဆောင်ဖို့မဟုတ်
၊ ထိရောက်စွာ လုပ်ဆောင်ဖို့ သမ္မာကျမ်းစာကဆိုထားပါတယ်။ သင်၏ပုဆိန်ကို ထက်စေတဲ့အခါ သင်၏အချိန်ကို
ဖြုန်းတီးရာလုံးဝ မရောက်တော့ပါ။
ဆင်ခြင်ရန်
-
အသစ်သော သတင်းအချက်အလက် (သို့) မည်သို့သော ကျွမ်းကျင်မှုမျိုးကို သင်လေ့လာချင်စိတ်ရှိပါသနည်း။
(အတန်းတက်ခြင်း ၊ စာဖတ်ခြင်း ၊ ကောင်းနိုးရာရာ ပို့ချသူနှင့် စကားပြောခြင်း) ၎င်းသည်
သင့်အသက်တာ လေ့လာမှုတွေအတွက် မည်သို့ အထောက်အကူဖြစ်စေပါသနည်း။
-ဤနှစ်ထဲတွင်
သင်လေ့လာနေခဲ့သည့် မည်သို့သောအရာက သင့်ကို အမှန်တကယ် အကူအညီပေးခဲ့ပါသနည်း။
-ဤ
devotionals
တွေကိုဖတ်ရှုခြင်း ၊ စာအုပ်ဖတ်ခြင်း ၊ ဆွေးနွေးပွဲ တက်ရောက်ခြင်း တွေသည် သင်၏ ဝိညာဉ်ရေးရာ
ပုဆိန်ကို ထက်မြက်နေခြင်းဖြစ်ပါတယ်။ မည်ကဲ့သို့သော တခြားနည်းဖြင့် သင်၏ ပုဆိန်ကို ထက်မြက်စေနိုင်ပါသနည်း။
သင်၏
စိတ်နှလုံးသားထဲသို့ သခင်ခရစ်တော်ကို လုံးဝ မဖိတ်ခေါ်ရသေးပါလျှင် ၎င်းအခွင့်အရေးကို ယခုပင် သင်အား ကျွန်ုပ်ရစေချင်ပါတယ်။
ဤဆုတောင်းကို ပြုပါ။
“အဖဘုရားသခင် ကျွန်ုပ်အရာအားလုံးတို့ကို နားမလည်ပေမဲ့ ကျွန်ုပ်ကို
ချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်အတွက် ရှိခြင်းနှင့် ကျွန်ုပ်ကို ကယ်တင်ဖို့ရန်
သခင်ခရစ်တော်ကို ပို့ဆောင်သည့်အတွက် ကျေးဇူးတင်ပါသည်။
ကျွန်ုပ်၏ ကယ်တင်ရှင်အဖြစ် သခင်ခရစ်တော်ကို လိုအပ်ကြောင်း ဝန်ခံပါ၏။
စိတ်နှလုံးထဲသို့ ခရစ်တော်ကို ဖိတ်ခေါ်ချင်ပါသည်။ ရင်းနှီးကျွမ်းဝင်ချင်ပြီး ခရစ်တော်
လုပ်ဆောင်စေချင်သောအရာတို့ကို လုပ်ဆောင်ပြီး လိုက်လျှောက် ချင်ပါသည်။
ကျွန်ုပ်၏အတိတ် ၊ ဝမ်းနည်းစရာ ၊ မှားယွင်းမှု ၊ အပြစ် ၊ အကျင့် ၊ နာကျင်မှုများမှ
ကယ်တင်ဖို့ရန် ကျွန်ုပ်တောင်းလျှောက်ပါ၏။ သခင်၏ရည်ရွယ်ရာအတိုင်းဖြစ်စေဖို့ရန် တောင်းလျှောက်ပါ၏။
ဤလောကသို့ ကျွန်ုပ်ကို ဘာကြောင့် ပို့ဆောင်သလဲဆိုတာကို သိချင်ပါသည်။ သခင် အလိုတော်ရှိသော
အသက်တာအတိုင်း ပြည့်စုံစေဖို့ရန် ကျွန်ုပ်အလိုတော်ရှိပြီး မည်ကဲ့သို့ မေတ္တာထားဖို့ရန်
၊ ယုံကြည်ဖို့ရန် နှင့် နိစ္စထာဝရ မိသားစုဝင်တို့တွင် ပါဝင်ဖို့ရန် ကျွန်ုပ်လေ့လာချင်ပါသည်။”
သခင်ခရစ်တော်ကို
လက်ခံဖို့ရန် ဆုတောင်းပါလျှင် ကျေးဇူးပြုပြီး ကျွန်ုပ်ထံ စာပို့ပါ။Rick@PastorRick.com
၎င်းနှင့်
ပတ်သက်ပြီး ကျွန်ုပ်အား ပြောပါ။ သခင်ခရစ်တော်နှင့် သင့်အသက်တာခရီးကို စတင်ဖို့ရန် အကူအညီ
ဖြစ်စေမည့် အခမဲ့ ပစ္စည်းတစ်ချို့ကို ကျွန်ုပ် ပို့ပေးချင်ပါသည်။
------------------------------------------------------------------------------
Zawgyi Version
အသက္တာခရီးတစ္ေလွ်ာက္ ေလ့လာမႈေတြသည္ ေ႐ြးခ်ယ္မႈျဖင့္ အစျပဳပါသည္။
သုတၱံက်မ္း ၂၃:၁၂ “ဆုံးမဩဝါဒ၌ စိတ္ႏွလုံးစြဲလမ္း၍၊ ပညာအတတ္ စကားကို နာခံေလာ့။”
သင္၏အသက္တာခရီးတေလွ်ာက္ ေလ့လာမႈေတြသည္ ေ႐ြးခ်ယ္မႈႏွင့္အတူ စတင္ပါတယ္။ ေ႐ြးခ်ယ္မႈရွိမွသာ သင္လုပ္ေဆာင္ႏိုင္ပါမည္။ ၎သည္ သင့္အသက္တာတစ္ခုလုံးကို သက္ေရာက္ေစမည့္ အလြန္တရာ အေရးႀကီးေသာ ဆုံးျဖတ္ခ်က္ျဖစ္ပါတယ္။
သမၼာက်မ္းစာက ဆိုထားသည္မွာ သုတၱံက်မ္း ၂၃:၁၂ “ဆုံးမဩဝါဒ၌ စိတ္ႏွလုံးစြဲလမ္း၍၊ ပညာ အတတ္ စကားကို နာခံေလာ့။”
ဤကတိဝတ္ကို ကြၽႏ္ုပ္အသက္ ၁၅ ႏွစ္အခ်ိန္တုန္းက ထိန္းသိမ္းဖို႔ ျပဳခဲ့ပါတယ္။ ကြၽႏ္ုပ္ ေလ့လာႏိုင္သမွ် ေလ့လာမည္ဟု စတင္ၿပီးေျပာၿပီး ႏွစ္ေပါင္းမ်ာစြာ တစ္ေန႔ကို အနည္းဆုံး စာအုပ္တစ္အုပ္ကို ဖတ္ခဲ့ပါတယ္။ စာအုပ္တိုင္းသည္ စိတ္ကူရႏိုင္ေသာ အေၾကာင္းအရာတိုင္းကို တံခါးဖြင့္ေပးပါတယ္။
သင္ ဘြဲ႕ရတဲ့အခ်ိန္တြင္လည္း သင္၏ ပညာေရးသည္ ရပ္တန႔္မသြားပါ။ “ပညာေရး ၿပီးဆုံးသြားၿပီမို႔ အသက္ေမြး ဝမ္းေက်ာင္းဆီ စတင္ႏိုင္ၿပီဆိုေတာ့ ဂုဏ္ယူစရာျဖစ္တယ္” လူေတြ ေျပာဆိုေနတာေတြကို ကြၽႏ္ုပ္ၾကားခဲ့ပါတယ္။ အဲဒီအေၾကာင္းကို ဘုရားသခင္ထံ ေျပာလိုက္ပါ။ သူရယ္ပါလိမ့္မည္။ သင့္အား သင္ၾကားေပးခ်င္တာေတြ ဘုရားသခင္၌ မ်ားစြာရွိေနပါတယ္။ သင္၏ပညာေရးသည္ ဘယ္ေတာ့မွ အဆုံးမသတ္ သင့္ပါ။
သင္ယူေလ့လာျခင္းသည္ အသက္တာအတြက္ အဆင့္တစ္ခု မွ်သာမဟုတ္ပါဘူး။ ၎သည္ သင့္အသက္တာ ျဖစ္ပါတယ္။ ေန႔စဥ္ေန႔တိုင္း အသစ္ေသာအရာတစ္ခုခုကို သင့္အား ေလ့လာသင္ယူဖို႔ရန္ ဘုရားသခင္ အလိုေတာ္ရွိပါတယ္။ ဒါေၾကာင့္ ဘယ္ေတာ့မွာ မရပ္တန႔္ေနပါႏွင့္။
ဤႏွစ္အတြင္း အသစ္ေသာ ကြၽမ္းက်င္မႈတစ္ခုကို သင္ယူျခင္းျဖင့္ စတင္လုပ္ေဆာင္ပါ။ ဘုရားသခင္ သင့္အား ႀကီးထြားေစလို ၊ ႀကီးပြားေစလိုပါသည္။ ယေန႔ထက္ပိုၿပီး တစ္ႏွစ္ႏွင့္ တစ္ႏွစ္ မတူဘဲ ကြဲျပားၿပီး ပိုေကာင္းႏိုင္သည္ ၊ ပိုေကာင္းသင့္ပါသည္။
ထို႔သို႔ျပဳျခင္းသည္ သင္၏အေကာင္းဆုံးစိတ္ဝင္စားစရာ ျဖစ္ပါတယ္။ အသက္တာတစ္ေလွ်ာက္ သင္ေလ့လာယူျခင္းေတြက သင့္အား ပိုမိုေကာင္းသာ ေခါင္းေဆာင္ ၊ ပိုေကာင္းေသာ မိဘ ၊ ဇနီး/ခင္ပြန္း ၊ မိတ္ေဆြ သူငယ္ခ်င္း ျဖစ္လာပါလိမ့္မည္။ သင္၏လုပ္ငန္းခြင္တြင္လည္း ပိုၿပီးထိေရာက္မႈမ်ားစြာ ျဖစ္ေစပါ လိမ့္မည္။ ၎သည္ ေအာင္ျမင္ျခင္းႏွင့္ အက်ိဳးအျမတ္ႏွစ္ခုလုံးကို ယူေဆာင္ေပးပါလိမ့္မည္။
သမၼာက်မ္းစာက ဆိုထားသည္မွာ ေဒသနာက်မ္း ၁၀:၁၀ “ပုဆိန္တုံးေသာအခါ မေသြးဘဲေနလွ်င္သာ၍ အားထုတ္ရမည္။ ပညာသည္ အမႈေဆာင္ရေသာအခြင့္ ကို ေပး၍ ေက်းဇူးႀကီး၏။”
ထင္းခုတ္တဲ့အခါမွာ ပုဆိန္အတုံကိုသာ အသုံးျပဳလွ်င္ စြမ္းအင္ကို ပိုၿပီးအသုံးျပဳရပါသည္။ ထက္ေသာ ပုဆိန္ကိုသာ အသုံးျပဳတဲ့အခါမွာ လုံ႔လကို ပိုမို ထုတ္သုံးစရာ မလိုေတာ့ပါ။
ခက္ခဲစြာလုပ္ေဆာင္ဖို႔မဟုတ္ ၊ ထိေရာက္စြာ လုပ္ေဆာင္ဖို႔ သမၼာက်မ္းစာကဆိုထားပါတယ္။ သင္၏ပုဆိန္ကို ထက္ေစတဲ့အခါ သင္၏အခ်ိန္ကို ျဖဳန္းတီးရာလုံးဝ မေရာက္ေတာ့ပါ။
ဆင္ျခင္ရန္
- အသစ္ေသာ သတင္းအခ်က္အလက္ (သို႔) မည္သို႔ေသာ ကြၽမ္းက်င္မႈမ်ိဳးကို သင္ေလ့လာခ်င္စိတ္ရွိပါသနည္း။ (အတန္းတက္ျခင္း ၊ စာဖတ္ျခင္း ၊ ေကာင္းႏိုးရာရာ ပို႔ခ်သူႏွင့္ စကားေျပာျခင္း) ၎သည္ သင့္အသက္တာ ေလ့လာမႈေတြအတြက္ မည္သို႔ အေထာက္အကူျဖစ္ေစပါသနည္း။
-ဤႏွစ္ထဲတြင္ သင္ေလ့လာေနခဲ့သည့္ မည္သို႔ေသာအရာက သင့္ကို အမွန္တကယ္ အကူအညီေပးခဲ့ပါသနည္း။
-ဤ devotionals ေတြကိုဖတ္ရႈျခင္း ၊ စာအုပ္ဖတ္ျခင္း ၊ ေဆြးေႏြးပြဲ တက္ေရာက္ျခင္း ေတြသည္ သင္၏ ဝိညာဥ္ေရးရာ ပုဆိန္ကို ထက္ျမက္ေနျခင္းျဖစ္ပါတယ္။ မည္ကဲ့သို႔ေသာ တျခားနည္းျဖင့္ သင္၏ ပုဆိန္ကို ထက္ျမက္ေစႏိုင္ပါသနည္း။
သင္၏ စိတ္ႏွလုံးသားထဲသို႔ သခင္ခရစ္ေတာ္ကို လုံးဝ မဖိတ္ေခၚရေသးပါလွ်င္ ၎အခြင့္အေရးကို ယခုပင္ သင္အား ကြၽႏ္ုပ္ရေစခ်င္ပါတယ္။ ဤဆုေတာင္းကို ျပဳပါ။
“အဖဘုရားသခင္ ကြၽႏ္ုပ္အရာအားလုံးတို႔ကို နားမလည္ေပမဲ့ ကြၽႏ္ုပ္ကို ခ်စ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါသည္။ ကြၽႏ္ုပ္အတြက္ ရွိျခင္းႏွင့္ ကြၽႏ္ုပ္ကို ကယ္တင္ဖို႔ရန္ သခင္ခရစ္ေတာ္ကို ပို႔ေဆာင္သည့္အတြက္ ေက်းဇူးတင္ပါသည္။
ကြၽႏ္ုပ္၏ ကယ္တင္ရွင္အျဖစ္ သခင္ခရစ္ေတာ္ကို လိုအပ္ေၾကာင္း ဝန္ခံပါ၏။ စိတ္ႏွလုံးထဲသို႔ ခရစ္ေတာ္ကို ဖိတ္ေခၚခ်င္ပါသည္။ ရင္းႏွီးကြၽမ္းဝင္ခ်င္ၿပီး ခရစ္ေတာ္ လုပ္ေဆာင္ေစခ်င္ေသာအရာတို႔ကို လုပ္ေဆာင္ၿပီး လိုက္ေလွ်ာက္ ခ်င္ပါသည္။
ကြၽႏ္ုပ္၏အတိတ္ ၊ ဝမ္းနည္းစရာ ၊ မွားယြင္းမႈ ၊ အျပစ္ ၊ အက်င့္ ၊ နာက်င္မႈမ်ားမွ ကယ္တင္ဖို႔ရန္ ကြၽႏ္ုပ္ေတာင္းေလွ်ာက္ပါ၏။ သခင္၏ရည္႐ြယ္ရာအတိုင္းျဖစ္ေစဖို႔ရန္ ေတာင္းေလွ်ာက္ပါ၏။ ဤေလာကသို႔ ကြၽႏ္ုပ္ကို ဘာေၾကာင့္ ပို႔ေဆာင္သလဲဆိုတာကို သိခ်င္ပါသည္။ သခင္ အလိုေတာ္ရွိေသာ အသက္တာအတိုင္း ျပည့္စုံေစဖို႔ရန္ ကြၽႏ္ုပ္အလိုေတာ္ရွိၿပီး မည္ကဲ့သို႔ ေမတၱာထားဖို႔ရန္ ၊ ယုံၾကည္ဖို႔ရန္ ႏွင့္ နိစၥထာဝရ မိသားစုဝင္တို႔တြင္ ပါဝင္ဖို႔ရန္ ကြၽႏ္ုပ္ေလ့လာခ်င္ပါသည္။”
သခင္ခရစ္ေတာ္ကို လက္ခံဖို႔ရန္ ဆုေတာင္းပါလွ်င္ ေက်းဇူးျပဳၿပီး ကြၽႏ္ုပ္ထံ စာပို႔ပါ။Rick@PastorRick.com
၎ႏွင့္ ပတ္သက္ၿပီး ကြၽႏ္ုပ္အား ေျပာပါ။ သခင္ခရစ္ေတာ္ႏွင့္ သင့္အသက္တာခရီးကို စတင္ဖို႔ရန္ အကူအညီ ျဖစ္ေစမည့္ အခမဲ့ ပစၥည္းတစ္ခ်ိဳ႕ကို ကြၽႏ္ုပ္ ပို႔ေပးခ်င္ပါသည္။