စစ်မှန်သော ယုံကြည်ခြင်းသည် အသက်တာကို ပြောင်းလဲပေးသည်။

Unicode Version

စစ်မှန်သော ယုံကြည်ခြင်းသည် အသက်တာကို ပြောင်းလဲပေးသည်။

ရှင်ယာကုပ် ၂:၁၈ “တနည်းကား၊ သင်သည်ယုံကြည်ခြင်းရှိ၏။ ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည်အကျင့် မရှိဘဲ သင်၏ယုံကြည်ခြင်းကို ပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို ပြမည်ဟုပြောစရာရှိ၏။

တစ်ချို့သော လူတွေက ယုံကြည်ခြင်းဆိုတာကို အပြောသက်သက် သဘောထင်မြင်ကြပါတယ်။ ၎င်းသည် ဆွေး နွေးဖို့ စိတ်ကူးတစ်ခု (သို့) အချေအတင်ပြောဖို့ ဘာသာရေးဆိုင်ရာ လေ့လာမှုတစ်ခု ဖြစ်တယ်။

သို့ပေမဲ့ ယုံကြည်ခြင်းသည် ထိုထက်မက ပိုပါသည်။ စစ်မှန်သော ယုံကြည်ခြင်းက အသက်တာကို ပြောင်းလဲစေတယ်လို့ ရှင်ယာကုပ် သွန်သင်ထားပါတယ်။

ရှင်ယာကုပ် ၂:၁၈ “တနည်းကား၊ သင်သည်ယုံကြည်ခြင်းရှိ၏။ ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည်အကျင့် မရှိဘဲ သင်၏ယုံကြည်ခြင်းကို ပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို ပြမည်ဟုပြောစရာရှိ၏။

သို့သော် ရှင်ယာကုပ်က သင်၏ကောင်းသောဆောင်ရွက်ချက်ကို မဖော်ပြပါလျှင် သင်၏ယုံကြည်ခြင်းကို သူမမြင် နိုင်ပါလို့ ဆိုပါတယ်။

သူ၏အသက်တာသည် သူ၏ယုံကြည်ခြင်းအားဖြင့် ပြောင်းလဲခဲ့ပါတယ်။ ဒါကြောင့် ရှင်ယာကုပ်က သူဘုရားသခင် အားအစေခံခြင်းနှင့် တခြားသူတွေပေါ် အကျိုးဆောင်ခြင်းနည်းတွေကို ညွှန်ပြခြင်းဖြင့် သူ၏ယုံကြည်ခြင်းကို သက်သေပြုနိုင်သည်ဟု ဆိုပါသည်။

၎င်းကို ရှင်းပြနိုင်သည့် နည်းလမ်းတစ်ခုမှာ ချစ်ခြင်းမေတ္တာကို ထည့်သွင်းစဉ်းစားခြင်းဖြစ်ပါတယ်။ အရေးပေး ဆောင်ရွက်ခြင်းကို မမြင်နိုင်သရွေ့တော့ ချစ်ခြင်းမေတ္တာက မပေါ်လွင်လာပါ။ ထိုနည်းတူစွာ လူတစ်ဉီး၏ စစ်မှန်သော ယုံကြည်ခြင်းရှိမရှိကို သူ၏အသက်တာ မည်ကဲ့သို့ အသက်ရှင်ပြမူနေထိုင်သည်ကို ကြည့်ခြင်းအား ဖြင့် သိနိုင်ပါသည်။

သင်ခရစ်ယာန်ဖြစ်သည်ဟုဆိုလျှင် သင်၏ပြုမူနေထိုင်ပုံ ၊ လုပ်ဆောင်ပုံများအားဖြင့် သက်သေပြဖို့ရန် သင့်အား ကျွန်ုပ် တောင်းဆိုပိုင်ခွင့်ရှိသည်” ဟု ရှင်ယာကုပ်က အခြေခံအားဖြင့် ပြောနေခြင်းဖြစ်ပါတယ်။

အဓိကအချက်က ဘုရားသခင်လောက် ကြီးမြတ်တဲ့သူ သင့်အသက်ထဲသို့ ဝင်ပြီး သိသိသာသာ ပြောင်းလဲသွား အောင် လုပ်နိုင်ခြေ မရှိပါ။ ကောရိန္သုဒုတိယစောင် ၅:၁၇ “လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ် ကြပြီ။

 ဆင်ခြင်ရန်

- ဘုရားသခင်ပေါ်ရှိသော သင်၏ယုံကြည်ခြင်းက သင့်ကို မည်ကဲ့သို့ ပြောင်းလဲစေခဲ့သနည်း။

-ယုံကြည်ခြင်းအကြောင်းပြောသောအခါ ရှင်ယာကုပ်က “ငါ့ကိုဖော်ပြပါ” လို့ဆိုလျှင် သင်၏ယုံကြည်ခြင်းကို သူတစ်ပါးတို့အား မည်သို့ ဖော်ပြမည်နည်း။

ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်တွေဖြင့် ကယ်တင်ခြင်းရသည်ဟု ရှင်ယာကုပ် မဆိုထားပါ။ သခင်ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရသည်ကို သမ္မာကျမ်းစာက ရှင်းလင်းဖော်ပြထားပါသည်။ ဧဖက် ၂:၈-၉ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။

သို့ပေမဲ့ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင် ကျွန်ုပ်တို့ကို ပြောင်းလဲစေပြီး ကျွန်ုပ်တို့၏ စိတ်နေသဘောထားနှင့် လုပ်ဆောင်ချက်တို့သည် ဘုရားသခင်ပေါ် ကိုးစားကြောင်းကို သက်သေထင်ရှား စေပါသည်။ ဧဖက် ၂:၁၀ “အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အ ကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။

သခင်ခရစ်တော်ပေါ် သင်၏ယုံကြည်မှုကို တစ်ခါမှ မထားရှိခဲ့ဖူးပါလျှင် ယခုအချိန်သည် လုပ်ဆောင်ဖို့အချိန် ဖြစ်ပါတယ်။ ကျွန်ုပ်မျှဝေထားတဲ့ Video ကိုကြည့်ပါ။ “What Does It Mean to Follow Christ?” https://pastorrick.com/know-god/?roi=echo7-37462862039-55674154-5608aada2ce4c767c08257ece0e07d4c


-------------------------------------------------------------------------------------------------------------

Zawgyi Version

စစ္မွန္ေသာ ယုံၾကည္ျခင္းသည္ အသက္တာကို ေျပာင္းလဲေပးသည္။
ရွင္ယာကုပ္ ၂:၁၈ “တနည္းကား၊ သင္သည္ယုံၾကည္ျခင္းရွိ၏။ ငါသည္အက်င့္ရွိ၏။ သို႔ျဖစ္၍ သင္သည္အက်င့္ မရွိဘဲ သင္၏ယုံၾကည္ျခင္းကို ျပေလာ့။ ငါမူကား၊ အက်င့္အားျဖင့္ ငါ၏ယုံၾကည္ျခင္းကို ျပမည္ဟုေျပာစရာရွိ၏။”

တစ္ခ်ိဳ႕ေသာ လူေတြက ယုံၾကည္ျခင္းဆိုတာကို အေျပာသက္သက္ သေဘာထင္ျမင္ၾကပါတယ္။ ၎သည္ ေဆြး ေႏြးဖို႔ စိတ္ကူးတစ္ခု (သို႔) အေခ်အတင္ေျပာဖို႔ ဘာသာေရးဆိုင္ရာ ေလ့လာမႈတစ္ခု ျဖစ္တယ္။ 
သို႔ေပမဲ့ ယုံၾကည္ျခင္းသည္ ထိုထက္မက ပိုပါသည္။ စစ္မွန္ေသာ ယုံၾကည္ျခင္းက အသက္တာကို ေျပာင္းလဲေစတယ္လို႔ ရွင္ယာကုပ္ သြန္သင္ထားပါတယ္။
ရွင္ယာကုပ္ ၂:၁၈ “တနည္းကား၊ သင္သည္ယုံၾကည္ျခင္းရွိ၏။ ငါသည္အက်င့္ရွိ၏။ သို႔ျဖစ္၍ သင္သည္အက်င့္ မရွိဘဲ သင္၏ယုံၾကည္ျခင္းကို ျပေလာ့။ ငါမူကား၊ အက်င့္အားျဖင့္ ငါ၏ယုံၾကည္ျခင္းကို ျပမည္ဟုေျပာစရာရွိ၏။”

သို႔ေသာ္ ရွင္ယာကုပ္က သင္၏ေကာင္းေသာေဆာင္႐ြက္ခ်က္ကို မေဖာ္ျပပါလွ်င္ သင္၏ယုံၾကည္ျခင္းကို သူမျမင္ ႏိုင္ပါလို႔ ဆိုပါတယ္။
သူ၏အသက္တာသည္ သူ၏ယုံၾကည္ျခင္းအားျဖင့္ ေျပာင္းလဲခဲ့ပါတယ္။ ဒါေၾကာင့္ ရွင္ယာကုပ္က သူဘုရားသခင္ အားအေစခံျခင္းႏွင့္ တျခားသူေတြေပၚ အက်ိဳးေဆာင္ျခင္းနည္းေတြကို ၫႊန္ျပျခင္းျဖင့္ သူ၏ယုံၾကည္ျခင္းကို သက္ေသျပဳႏိုင္သည္ဟု ဆိုပါသည္။

၎ကို ရွင္းျပႏိုင္သည့္ နည္းလမ္းတစ္ခုမွာ ခ်စ္ျခင္းေမတၱာကို ထည့္သြင္းစဥ္းစားျခင္းျဖစ္ပါတယ္။ အေရးေပး ေဆာင္႐ြက္ျခင္းကို မျမင္ႏိုင္သေ႐ြ႕ေတာ့ ခ်စ္ျခင္းေမတၱာက မေပၚလြင္လာပါ။ ထိုနည္းတူစြာ လူတစ္ဉီး၏ စစ္မွန္ေသာ ယုံၾကည္ျခင္းရွိမရွိကို သူ၏အသက္တာ မည္ကဲ့သို႔ အသက္ရွင္ျပမူေနထိုင္သည္ကို ၾကည့္ျခင္းအား ျဖင့္ သိႏိုင္ပါသည္။

“သင္ခရစ္ယာန္ျဖစ္သည္ဟုဆိုလွ်င္ သင္၏ျပဳမူေနထိုင္ပုံ ၊ လုပ္ေဆာင္ပုံမ်ားအားျဖင့္ သက္ေသျပဖို႔ရန္ သင့္အား ကြၽႏ္ုပ္ ေတာင္းဆိုပိုင္ခြင့္ရွိသည္” ဟု ရွင္ယာကုပ္က အေျခခံအားျဖင့္ ေျပာေနျခင္းျဖစ္ပါတယ္။
အဓိကအခ်က္က ဘုရားသခင္ေလာက္ ႀကီးျမတ္တဲ့သူ သင့္အသက္ထဲသို႔ ဝင္ၿပီး သိသိသာသာ ေျပာင္းလဲသြား ေအာင္ လုပ္ႏိုင္ေျခ မရွိပါ။ ေကာရိႏ္သဳဒုတိယေစာင္ ၅:၁၇ “လူမည္သည္ကား၊ ခရစ္ေတာ္၌ရွိလွ်င္ အသစ္ ျပဳျပင္ေသာသတၱဝါျဖစ္၏။ ေဟာင္းေသာအရာ တို႔သည္ေျပာင္းလဲ၍ ခပ္သိမ္းေသာအရာတို႔သည္ အသစ္ျဖစ္ ၾကၿပီ။”

ဆင္ျခင္ရန္
- ဘုရားသခင္ေပၚရွိေသာ သင္၏ယုံၾကည္ျခင္းက သင့္ကို မည္ကဲ့သို႔ ေျပာင္းလဲေစခဲ့သနည္း။
-ယုံၾကည္ျခင္းအေၾကာင္းေျပာေသာအခါ ရွင္ယာကုပ္က “ငါ့ကိုေဖာ္ျပပါ” လို႔ဆိုလွ်င္ သင္၏ယုံၾကည္ျခင္းကို သူတစ္ပါးတို႔အား မည္သို႔ ေဖာ္ျပမည္နည္း။

ကြၽႏ္ုပ္တို႔၏ လုပ္ေဆာင္ခ်က္ေတြျဖင့္ ကယ္တင္ျခင္းရသည္ဟု ရွင္ယာကုပ္ မဆိုထားပါ။ သခင္ခရစ္ေတာ္ကို ယုံၾကည္ျခင္းအားျဖင့္ ကယ္တင္ျခင္းခံရသည္ကို သမၼာက်မ္းစာက ရွင္းလင္းေဖာ္ျပထားပါသည္။ ဧဖက္ ၂:၈-၉ “ယုံၾကည္ေသာအားျဖင့္ ေက်းဇူးေတာ္ေၾကာင့္ ကယ္တင္ျခင္းသို႔ ေရာက္ရ၏။ ကိုယ္အလိုအေလ်ာက္ ေရာက္သည္မဟုတ္။ ဘုရားသခင္ သနားေတာ္မူရာျဖစ္သတည္း။ ကိုယ္ကုသိုလ္ေၾကာင့္ ကယ္တင္ေတာ္မူျခင္းသို႔ ေရာက္သည္မဟုတ္။ သို႔ျဖစ္၍ အဘယ္သူမွ် ဝါႂကြားစရာ အခြင့္မရွိ။”

သို႔ေပမဲ့ ကြၽႏ္ုပ္တို႔၏ ယုံၾကည္ျခင္းအားျဖင့္ ဘုရားသခင္ ကြၽႏ္ုပ္တို႔ကို ေျပာင္းလဲေစၿပီး ကြၽႏ္ုပ္တို႔၏ စိတ္ေနသေဘာထားႏွင့္ လုပ္ေဆာင္ခ်က္တို႔သည္ ဘုရားသခင္ေပၚ ကိုးစားေၾကာင္းကို သက္ေသထင္ရွား ေစပါသည္။ ဧဖက္ ၂:၁၀ “အဘယ္ေၾကာင့္နည္းဟူမူကား၊ ငါတို႔သည္ ေကာင္းေသာအက်င့္တို႔ကို က်င့္ရမည္အ ေၾကာင္း၊ ေယရႈခရစ္၌ ျပဳျပင္၍ ဖန္ဆင္းေတာ္မူရာျဖစ္ၾက၏။ ထိုေကာင္းေသာ အက်င့္တို႔၌ ငါတို႔သည္ က်င္လည္ရမည္ အေၾကာင္း၊ ဘုရားသခင္သည္ ငါတို႔ကို ျပင္ဆင္ေတာ္မူႏွင့္ၿပီ။”

သခင္ခရစ္ေတာ္ေပၚ သင္၏ယုံၾကည္မႈကို တစ္ခါမွ မထားရွိခဲ့ဖူးပါလွ်င္ ယခုအခ်ိန္သည္ လုပ္ေဆာင္ဖို႔အခ်ိန္ ျဖစ္ပါတယ္။ ကြၽႏ္ုပ္မွ်ေဝထားတဲ့ ဤ Video ကိုၾကည့္ပါ။ “What Does It Mean to Follow Christ?” https://pastorrick.com/know-god/?roi=echo7-37462862039-55674154-5608aada2ce4c767c08257ece0e07d4c