သင်၏ဆုကျေးဇူးတွေကို တခြားသူတွေနှင့် မျှဝေဖို့ရန် ဘာကြောင့်များလိုအပ်သနည်း။

Unicode Version

သင်၏ဆုကျေးဇူးတွေကို တခြားသူတွေနှင့် မျှဝေဖို့ရန် ဘာကြောင့်များလိုအပ်သနည်း။

ဂလာတိဩဝါဒစာ ၆:၂ “ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏ တရားကို ကျင့်ကြလော့။”

Covid-19 ကပ်ရောဂါ အကျပ်အတည်းကာလတွင် သင်၏စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အရေးကြီးသော အရာအဖြစ် ဉီးစားပေးဖို့ လိုအပ်ပါသည်။

ခံစားချက်တွေကိ စိတ်ခံစားမှုမျိုးဖြစ်ပြီး အကောင်းအဆိုးရှိနေပေမဲ့ ၎င်းတို့ကို ဘုရားသခင်ထံ နှင့် ယုံကြည် စိတ်ချရသော သူငယ်ချင်းထံ သင့်လျော်သလို ဖော်ပြဖို့ လိုအပ်ပါတယ်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ ဂလာတိဩဝါဒစာ ၆:၂ “ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏ တရားကို ကျင့်ကြလော့။”

သင်၏ စိတ်ခံစားချက်တွေကို လူတိုင်းဆီ မျှဝေ ဖို့ရန် မလိုအပ်ပါ။ သို့ပေမဲ့ သင်၌ စိတ်ချယုံကြည်ရသော လူတစ်ဉီးတော့ သင်လိုအပ်သည်။

ယခု ငါဘယ်လို ခံစားနေရတာကို သင့်အား ပြောပြနိုင်မလား” ဆိုတဲ့စကားကို တစ်စုံတစ်ယောက်ဆီ သင်သွား ပြီး ပြောနိုင်သည်။ သင်၏ နာကျင်မှု ၊ စိတ်ပျက်စရာတွေကို မျှဝေပြီး နားဆင်ပေးမည့်သူ ပြီးတော့ သင့်အား ဆက်ပြီးရှေ့ဆက်သွားဖို့ရန် အကူအညီပေးမည့် တစ်စုံတစ်ယောက်ဖြစ်သည်။

စိတ်ခံစားချက်တွေကို ခံစားနေမည့်အစား မျှဝေပေးခြင်းဆိုင်ရာ ဉပမာကို ရှင်ပေါလု ပေးခဲ့ပါတယ်။ ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၁:၈ “ညီအစ်ကိုတို့၊ အာရှိပြည်၌ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင်အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရကြောင်းကို သင်တို့မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ။

သခင်ခရစ်တော် နောက်ပိုင်း အချိန်ကာလတွေမှာ အသက်ရှင်ခဲ့သမျှတို့တွင် အကြီးမြတ်ဆုံးသော ခရစ်ယာန် တစ်ဉီးဖြစ်တဲ့ ရှင်ပေါလုသည် သူကြုံတွေ့ရသော အရာများအတွက် ရိုးသားဖြောင့်မတ်သူ ဖြစ်ပါက ကျွန်ုပ်တို့ လည်း ထိုအရာကို လုပ်ဆောင်နိုင်ပါသည်။

သင်၏ ပြသနာတွေကို ဝေမျှခြင်းတွင် စိတ်ပျက်စရာများ ၊ ကြောက်ရွှံ့ခြင်းများ နှင့်  စိတ်ခံစားချက်များ ဝေမျှခြင်း တွေ ပါဝင်ပါတယ်။ မကြုံစဖူးအချိန်ကာလတွင် ကျွန်ုပ်တို့ အသက်ရှင်နေကြပြီး ကမ္ဘာအနှံ့ဖြစ်ပွားသော ရောဂါ၏ ဖိစီးမှုဒဏ်တွေကို လူတိုင်း ခံစားနေရပါတယ်။ ကမ္ဘာလောကကြီး ဗြောင်းဆန်နေခြင်းကြောင့် ကျွန်ုပ်တို့အားလုံး တို့သည် ဆုံးရှုံးမှုများနှင့် အခွင့်အရေးလက်လွှတ်ရခြင်းတွေကို ကြုံတွေ့ရပါတယ်။ ဘွဲ့အပ်နှင်းခြင်း ၊ ချစ်ရသော သူတစ်ဉီး၏ ဈပန၊ ထိမ်းမြားလက်ထပ်ခြင်းမင်္ဂလာ ၊ (သို့) မြေးတစ်ဉီး မွေးဖွားခြင်း တွေကို လွှတ်ကောင်း လွှတ်နိုင်သည်။

 ၎င်းဆုံးရှုံးမှုတွေကို သီးသန့်နေရာတွင်မက သင်ဝမ်းနည်းကြေကွဲဖို့ လိုအပ်ပါတယ်။ ဝမ်းနည်းကြေကွဲခြင်းသည် ကျန်းမာရေး အတွက် ကောင်းသောအရာဖြစ်ပါတယ်။ ၎င်းသည် အသွင်ကူးပြောင်းခြင်း ဖြစ်သည်။ သင်၏ စိတ်ကြေကွဲဝမ်းနည်းမှုကို တခြားသူတွေနှင့် ဝေမျှခြင်းသည် ဘုရားသခင်၏ ပြဠာန်းထားမှုတွေကို အမှတ်ရစေပြီး သင့်အား သီးသန့်ဖြစ်ခြင်းနှင့် အထီးကျန်ခြင်းများမှ ကင်းဝေးစေပါသည်။

 တစ်ဉီးနှင့် တစ်ဉီး လိုအပ်နေဖို့ရန် ဘုရားသခင် ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့ပါတယ်။ တခြားသူများနှင့်အတူ ကျွန်ုပ်တို့ ၏ စိတ်ခံစားချက်တွေကို ဝေမျှဖို့ရန် ဘုရားသခင် ကျွန်ုပ်တို့ကို ဖန်တီးခဲ့ပါတယ်။ ကျွန်ုပ်တို့၏ ခံစားချက်များကို လည်း သူနှင့်ဝေမျှဖို့ရန် အလိုတော်ရှိပါတယ်။ ဆာလံကျမ်း ၃၄: ၁၈-၁၉ “ထာဝရဘုရားသည် ကျိုးပဲ့သောစိတ် ရှိသော သူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသော သူတို့ကိုလည်း ကယ်တင် တော်မူ၏။ ဖြောင့်မတ်သောသူသည် များစွာသော ဒုက္ခ ဆင်းရဲကို ခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်း သောဒုက္ခဆင်းရဲ ထဲက ကယ်လွှတ်တော်မူ၏။ 

 သင်၏ စိတ်ခံစားချက်များကို တခြားသောသူများအား ဝေမျှခြင်းသည် သင့်အတွက် သဘာဝကျမည် မဟုတ်ပါ။ သို့သော် ၎င်းသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သင်တွေ့ကြုံ နေရသော အရာတွေကို ကူညီဖို့ရန် ယုံကြည်ရသော သူကိုရှာပါ။ ပြီးတော့ အဲဒီသူကို မိတ်ဆွေဖြစ်စေပါ။

 ဆင်ခြင်ရန်

-Social distancing ကာလတွင် သင်၏ စိတ်ခံစားချက်တွေကို တစ်ဉီးနှင့် တစ်ဉီး ဝေမျှသည့်နည်းလမ်းကို ဆန်းသစ်ရပါမည်။ (သို့) တစ်ဉီးဉီးကို ပွင့်ပွင့်လင်းလင်း ဖြစ်ဖို့ရန် သက်တောင့်သက်သာ မရှိဖြစ်နေနိုင်သည်။ သင်၏ ဝမ်းနည်းကြေကွဲမှုနှင့် တခြားစိတ်ခံစားချက်တွေကို သူငယ်ချင်းတစ်ဉီးနှင့် ပြောဆိုနိုင်ဖို့ရန် နည်းလမ်း တစ်ချို့ကား မည်သို့နည်း။

-ဘုရားသခင် တစ်ဉီးတည်းကိုသာ မဟုတ်ဘဲ တခြားသူများနှင့်လည်း သင်၏ စိတ်ခံစားချက် ၊ စိတ်ပျက်စရာ နှင့် ကြောက်ရွှံ့မှုများကို ပြောဆိုရန် ဘုရားသခင်အလိုရှိတယ်လို့ ဘာကြောင့် သင်တွေးမြင်ပါသနည်း။

-မိတ်ဆွေဖြစ်ရန် သင့်အား တစ်ဉီးတစ်ယောက်မျှ မရှိဟု သင်ယူဆပါက တခြားသူတွေ၏ ရုန်းကန်နေရမှုများကို သင်ပိုမို သတိပြုမိဖို့ရန် ဘုရားသခင်အား အကူအညီတောင်းပါ။


------------------------------------------------------------------------------------------- 

Zawgyi Version

သင္၏ဆုေက်းဇူးေတြကို တျခားသူေတြႏွင့္ မွ်ေဝဖို႔ရန္ ဘာေၾကာင့္မ်ားလိုအပ္သနည္း။

ဂလာတိဩဝါဒစာ ၆:၂ “ထမ္း႐ြက္စရာဝန္ခ်င္းတို႔ကို အခ်င္းခ်င္းကူညီ၍ ထမ္း႐ြက္ေသာအားျဖင့္ ခရစ္ေတာ္၏ တရားကို က်င့္ၾကေလာ့။

Covid-19 ကပ္ေရာဂါ အက်ပ္အတည္းကာလတြင္ သင္၏စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကို အေရးႀကီးေသာ အရာအျဖစ္ ဉီးစားေပးဖို႔ လိုအပ္ပါသည္။

ခံစားခ်က္ေတြကိ စိတ္ခံစားမႈမ်ိဳးျဖစ္ၿပီး အေကာင္းအဆိုးရွိေနေပမဲ့ ၎တို႔ကို ဘုရားသခင္ထံ ႏွင့္ ယုံၾကည္ စိတ္ခ်ရေသာ သူငယ္ခ်င္းထံ သင့္ေလ်ာ္သလို ေဖာ္ျပဖို႔ လိုအပ္ပါတယ္။ သမၼာက်မ္းစာက ဆိုထားသည္မွာ ဂလာတိဩဝါဒစာ ၆:၂ “ထမ္း႐ြက္စရာဝန္ခ်င္းတို႔ကို အခ်င္းခ်င္းကူညီ၍ ထမ္း႐ြက္ေသာအားျဖင့္ ခရစ္ေတာ္၏ တရားကို က်င့္ၾကေလာ့။”

သင္၏ စိတ္ခံစားခ်က္ေတြကို လူတိုင္းဆီ မွ်ေဝ ဖို႔ရန္ မလိုအပ္ပါ။ သို႔ေပမဲ့ သင္၌ စိတ္ခ်ယုံၾကည္ရေသာ လူတစ္ဉီးေတာ့ သင္လိုအပ္သည္။

ယခု ငါဘယ္လို ခံစားေနရတာကို သင့္အား ေျပာျပႏိုင္မလား” ဆိုတဲ့စကားကို တစ္စုံတစ္ေယာက္ဆီ သင္သြား ၿပီး ေျပာႏိုင္သည္။ သင္၏ နာက်င္မႈ ၊ စိတ္ပ်က္စရာေတြကို မွ်ေဝၿပီး နားဆင္ေပးမည့္သူ ၿပီးေတာ့ သင့္အား ဆက္ၿပီးေရွ႕ဆက္သြားဖို႔ရန္ အကူအညီေပးမည့္ တစ္စုံတစ္ေယာက္ျဖစ္သည္။

စိတ္ခံစားခ်က္ေတြကို ခံစားေနမည့္အစား မွ်ေဝေပးျခင္းဆိုင္ရာ ဉပမာကို ရွင္ေပါလု ေပးခဲ့ပါတယ္။ ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၁:၈ “ညီအစ္ကိုတို႔၊ အာရွိျပည္၌ငါတို႔ခံရေသာ ဆင္းရဲျခင္းတည္းဟူေသာ အသက္မလြတ္ႏိုင္ဟု ထင္ရ၍၊ မခံႏိုင္ေအာင္အတိုင္းထက္ အလြန္ေလးေသာ ဆင္းရဲခံရေၾကာင္းကို သင္တို႔မသိဘဲ ေနေစျခင္းငွါ ငါတို႔ အလိုမရွိ။”

သခင္ခရစ္ေတာ္ ေနာက္ပိုင္း အခ်ိန္ကာလေတြမွာ အသက္ရွင္ခဲ့သမွ်တို႔တြင္ အႀကီးျမတ္ဆုံးေသာ ခရစ္ယာန္ တစ္ဉီးျဖစ္တဲ့ ရွင္ေပါလုသည္ သူႀကဳံေတြ႕ရေသာ အရာမ်ားအတြက္ ႐ိုးသားေျဖာင့္မတ္သူ ျဖစ္ပါက ကြၽႏ္ုပ္တို႔ လည္း ထိုအရာကို လုပ္ေဆာင္ႏိုင္ပါသည္။

သင္၏ ျပသနာေတြကို ေဝမွ်ျခင္းတြင္ စိတ္ပ်က္စရာမ်ား ၊ ေၾကာက္႐ႊံ႕ျခင္းမ်ား ႏွင့္  စိတ္ခံစားခ်က္မ်ား ေဝမွ်ျခင္း ေတြ ပါဝင္ပါတယ္။ မႀကဳံစဖူးအခ်ိန္ကာလတြင္ ကြၽႏ္ုပ္တို႔ အသက္ရွင္ေနၾကၿပီး ကမာၻအႏွံ႔ျဖစ္ပြားေသာ ေရာဂါ၏ ဖိစီးမႈဒဏ္ေတြကို လူတိုင္း ခံစားေနရပါတယ္။ ကမာၻေလာကႀကီး ေျဗာင္းဆန္ေနျခင္းေၾကာင့္ ကြၽႏ္ုပ္တို႔အားလုံး တို႔သည္ ဆုံးရႈံးမႈမ်ားႏွင့္ အခြင့္အေရးလက္လႊတ္ရျခင္းေတြကို ႀကဳံေတြ႕ရပါတယ္။ ဘြဲ႕အပ္ႏွင္းျခင္း ၊ ခ်စ္ရေသာ သူတစ္ဉီး၏ ဈပန၊ ထိမ္းျမားလက္ထပ္ျခင္းမဂၤလာ ၊ (သို႔) ေျမးတစ္ဉီး ေမြးဖြားျခင္း ေတြကို လႊတ္ေကာင္း လႊတ္ႏိုင္သည္။

၎ဆုံးရႈံးမႈေတြကို သီးသန႔္ေနရာတြင္မက သင္ဝမ္းနည္းေၾကကြဲဖို႔ လိုအပ္ပါတယ္။ ဝမ္းနည္းေၾကကြဲျခင္းသည္ က်န္းမာေရး အတြက္ ေကာင္းေသာအရာျဖစ္ပါတယ္။ ၎သည္ အသြင္ကူးေျပာင္းျခင္း ျဖစ္သည္။ သင္၏ စိတ္ေၾကကြဲဝမ္းနည္းမႈကို တျခားသူေတြႏွင့္ ေဝမွ်ျခင္းသည္ ဘုရားသခင္၏ ျပဠာန္းထားမႈေတြကို အမွတ္ရေစၿပီး သင့္အား သီးသန႔္ျဖစ္ျခင္းႏွင့္ အထီးက်န္ျခင္းမ်ားမွ ကင္းေဝးေစပါသည္။

တစ္ဉီးႏွင့္ တစ္ဉီး လိုအပ္ေနဖို႔ရန္ ဘုရားသခင္ ကြၽႏ္ုပ္တို႔ကို ဖန္ဆင္းခဲ့ပါတယ္။ တျခားသူမ်ားႏွင့္အတူ ကြၽႏ္ုပ္တို႔ ၏ စိတ္ခံစားခ်က္ေတြကို ေဝမွ်ဖို႔ရန္ ဘုရားသခင္ ကြၽႏ္ုပ္တို႔ကို ဖန္တီးခဲ့ပါတယ္။ ကြၽႏ္ုပ္တို႔၏ ခံစားခ်က္မ်ားကို လည္း သူႏွင့္ေဝမွ်ဖို႔ရန္ အလိုေတာ္ရွိပါတယ္။ ဆာလံက်မ္း ၃၄: ၁၈-၁၉ “ထာဝရဘုရားသည္ က်ိဳးပဲ့ေသာစိတ္ ရွိေသာ သူတို႔ႏွင့္ ႏွလုံးေၾကကြဲေသာသူတို႔ကို နီးေတာ္မူ၏။ ေနာင္တရွိ၍ စိတ္ႏွိမ့္ခ်ေသာ သူတို႔ကိုလည္း ကယ္တင္ ေတာ္မူ၏။ ေျဖာင့္မတ္ေသာသူသည္ မ်ားစြာေသာ ဒုကၡ ဆင္းရဲကို ခံရေသာ္လည္း၊ ထာဝရဘုရားသည္ ခပ္သိမ္း ေသာဒုကၡဆင္းရဲ ထဲက ကယ္လႊတ္ေတာ္မူ၏။ ”

သင္၏ စိတ္ခံစားခ်က္မ်ားကို တျခားေသာသူမ်ားအား ေဝမွ်ျခင္းသည္ သင့္အတြက္ သဘာဝက်မည္ မဟုတ္ပါ။ သို႔ေသာ္ ၎သည္ စိတ္ပိုင္းဆိုင္ရာ က်န္းမာေစရန္ တစ္ခုတည္းေသာ နည္းလမ္းျဖစ္သည္။ သင္ေတြ႕ႀကဳံ ေနရေသာ အရာေတြကို ကူညီဖို႔ရန္ ယုံၾကည္ရေသာ သူကိုရွာပါ။ ၿပီးေတာ့ အဲဒီသူကို မိတ္ေဆြျဖစ္ေစပါ။

ဆင္ျခင္ရန္

-Social distancing ကာလတြင္ သင္၏ စိတ္ခံစားခ်က္ေတြကို တစ္ဉီးႏွင့္ တစ္ဉီး ေဝမွ်သည့္နည္းလမ္းကို ဆန္းသစ္ရပါမည္။ (သို႔) တစ္ဉီးဉီးကို ပြင့္ပြင့္လင္းလင္း ျဖစ္ဖို႔ရန္ သက္ေတာင့္သက္သာ မရွိျဖစ္ေနႏိုင္သည္။ သင္၏ ဝမ္းနည္းေၾကကြဲမႈႏွင့္ တျခားစိတ္ခံစားခ်က္ေတြကို သူငယ္ခ်င္းတစ္ဉီးႏွင့္ ေျပာဆိုႏိုင္ဖို႔ရန္ နည္းလမ္း တစ္ခ်ိဳ႕ကား မည္သို႔နည္း။

-ဘုရားသခင္ တစ္ဉီးတည္းကိုသာ မဟုတ္ဘဲ တျခားသူမ်ားႏွင့္လည္း သင္၏ စိတ္ခံစားခ်က္ ၊ စိတ္ပ်က္စရာ ႏွင့္ ေၾကာက္႐ႊံ႕မႈမ်ားကို ေျပာဆိုရန္ ဘုရားသခင္အလိုရွိတယ္လို႔ ဘာေၾကာင့္ သင္ေတြးျမင္ပါသနည္း။

-မိတ္ေဆြျဖစ္ရန္ သင့္အား တစ္ဉီးတစ္ေယာက္မွ် မရွိဟု သင္ယူဆပါက တျခားသူေတြ၏ ႐ုန္းကန္ေနရမႈမ်ားကို သင္ပိုမို သတိျပဳမိဖို႔ရန္ ဘုရားသခင္အား အကူအညီေတာင္းပါ။