ကျေးဇူးပြုခြင်းသည် ယခုတွင် ပိုပြီးတော့ လိုအပ်ပါတယ်။
Unicode Version
ကျေးဇူးပြုခြင်းသည် ယခုတွင် ပိုပြီးတော့ လိုအပ်ပါတယ်။
ရှင်ယာကုပ်ဩဝါဒစာ ၄:၆ “ထိုဝိညာဉ်တော်သည် သာ၍များသော ကျေးဇူးကိုပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာ သည်ကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟုလာသတည်း။
ရောဂါကူးစက်မှုနှင့် လူမျိုးရေး မငြိမ်သက်မှုတွေကို ကျော်လွှားနိုင်ဖို့ရန် တခြားသူများကို ဘုရားသခင် ဆက်ဆံသလိုမျိုးဖြစ်တဲ့ ကျေးဇူးပြုခြင်း ၊ ခွင့်လွှတ်ခြင်း နှင့် သနားကြင်နာခြင်းမျိုးကဲ့သို့ သင်ကိုယ်သင် နှင့် တခြားသူများကိုပါ ဆက်ဆံရန် လိုအပ်ပါသည်။
ကျေးဇူးပြုခြင်း၏ အဓိပ္ပါယ်မှာ သင်တောင်းဆိုသောအရာမဟုတ်ဘဲ သင်လိုအပ်သောအရာကို ဘုရားသခင် အမြဲတမ်းပေးနေခြင်းဖြစ်သည်။ သင်တောင်းဆိုသောအရာကို သင်ရရှိပါလျှင် သင်၎င်းလောကတွင်တောင် ရှိနေမည်မဟုတ်ပါ။  ရှင်ယာကုပ်ဩဝါဒစာ ၄:၆ “ထိုဝိညာဉ်တော်သည် သာ၍များသော ကျေးဇူးကိုပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာ သည်ကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟုလာသတည်း။
ဂုဏ်ယူဝင့်ကြွားမှုတွေ နှင့် မာနထောင်လွှားခြင်းတွေကို ဘုရားသခင် ဆန့်ကျင်ခြင်းသည် သူတို့ကို သူတို့ အရာရာ တိုင်းကို ဘုရားမပါဘဲ သူတို့အစီအစဉ်ဖြင့် လုပ်ဆောင်နိုင်တယ်လို့ တွေးထင်နေလို့ဖြစ်ပါတယ်။ ဘုရားသခင် (သို့) ဘုရား၏ကျေးဇူးပြုမှုတွေ မလိုအပ်ဘူးလို့ သူတို့ တွေးထင်ပါတယ်။ “ဤအရာဖြစ်မြောက်စေဖို့ရာ ၊ ကျွန်ုပ်ပေါ်မူတည်သည်” ဆိုတဲ့အတွေးမျိုးတွေ ဝရုန်းသုန်းကား အခြေအနေမှာတောင် အသက်တာကို ကိုင်တွယ် ဖြေရှင်းကြပါတယ်။
သို့ပေမဲ့ သင့်ကိုယ်သင် နှိမ့်ချပြီး အခြေအနေတွေကို သင့်ကိုယ်တိုင် မစွမ်းဆောင်နိုင်ဘူးဆိုတာကို ဝန်ခံလိုက်တဲ့ အခါမှာ ဘုရားသခင်သည် ကောင်းကင်တံခါးဝကို ဖွင့်လှစ်ပေးပြီး သူ၏ကျေးဇူးတော်တွေကို သွန်းလောင်း ပါသည်။ အံ့ဩဖွယ်ကျေးဇူးတော်တို့ကို တခြားသူတွေပေါ် ဖော်ပြတဲ့သူတွေကိုလည်း ဘုရားသခင် မျှော်လင့်ပါ တယ်။
ယခုအချိန်မှာ လူတိုင်း အခက်အခဲရှိတဲ့ အချိန်ဖြစ်ပါတယ်။ သင်၏စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းဖို့န် သင့်ကိုယ်သင် လျော့ရဲမှုတစ်ချို့ကို ဖြတ်တောက်ပစ်ပြီး တခြားသူတွေအတွက်လည်း ထိုနည်းတူလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ လူတိုင်း စိတ်ဖိုစီးမှုကို ခံစားနေရပါတယ်၊ အထူးသဖြင့် သန်းနှင့်ချီသော လူတွေ အလုပ်လက်မဲ့ဖြစ် ကြပြီး အနာဂတ်အတွက်ကို စိုးရိမ်ပူပန်နေကြပါတယ်။ နောက်နေ့တွေအတွက်တောင် ဘယ်လိုလုပ်ဆောင်ရမလဲ စိုးရိမ်ကောင်း စိုးရိမ်နေပါမည်။ ကြင်နာပါ။ နူးညံ့သိမ်မွေ့ပါ။ အခက်ခဲဆုံးလူများပင်လျှင် ယခုအချိန်တွင် တိုက်ပွဲများကို ရင်ဆိုင်နေကြရပြီး သင်၏ကျေးဇူးပြမှုတွေကိုလည်း လိုအပ်နေပါတယ်။
 နှိမ့်ချခြင်းများစွာ လိုအပ်ပါတယ်။ တင်းမာမှုတွေမြင့်တက်လာသည်နှင့်အမျှ အမှားကို အမှားအတွက် ပြန်လည် ဖြေရှင်းရန် ၊ ထက်မြက်တဲ့အဖြေကို ပေးဖို့ရန် ၊ သံသယ၏အကျိုးကျေးဇူးကို ဆုပ်ကိုင်ထားရန် ၊ နားမထောင်ခင် စကားပြောခြင်းတွေသည် ယခုအချိန်တွင် ပိုမိုလွယ်ကူလာပါသည်။
သင်၏အိမ်နီးချင်းတို့သည်လည်း သင်၏ကျေးဇူးပြုမှုတွေကို လိုအပ်ပါတယ်။ သင်၏သားသမီးတွေလည်း လိုအပ်ပါတယ်။ နိုင်ငံရေးအရ သင်နှင့် အသွင်မတူသူတွေသည်လည်း သင်၏ကျေးဇူးပြုမှုကို လိုအပ်ပါတယ်။ ဤကမ္ဘာကြီးသည် ကာကွယ်ဖို့ရန်ဖြစ်တယ်။ လူတွေကို မမျှော်လင့်သော ကျေးဇူးပြုမှုပေးခြင်းထက် ဘယ်အရာကမှ သူတို့ကို စိတ်ကို နှစ်လိုဖွယ်ဖြစ်စေမှာ မဟုတ်ပါဘူး။
ဘုရားသခင်သည် သင့်အား အလွန်ကျေးဇူးပြုတော်မူပါသည်။ ၎င်းကျေးဇူးတော်တို့ကို တခြားသူတွေဆီ ဆက်လက်တိုးပွားစေပါ။ သို့မှသာ သူတို့အတွက် သခင်ခရစ်တော်ပြုခဲ့တဲ့အရာကို သူတို့ တွေ့မြင်နိုင်မည် ဖြစ်သည်။
 ဆင်ခြင်ရန်
-ယခုအချိန်တွင် များစွာသော စကားပြောခြင်းအရာ၎င်၌ အထိခိုက်မခံတဲ့ အကြောင်းအရာပေါ်တွင် အာရုံစိုက်ဖို့ လိုအပ်ပါတယ်။
-ကျေးဇူးတရားသည် လူတော်တော်များများအတွက် ဘာကြောင့် မမျှော်လင့်ခြင်းမဖြစ်သနည်း။
-သင်ပိုမိုကျေးဇူးပြုရန် လိုအပ်နေသည့်နေရာသည် သင်၏မည်သည့်အသက်တာအစိတ်အပိုင်းဖြစ်မည်နည်း။ ယခုပင် အချိန်ယူလျက် ဘုရားသခင်အား သူ၏ကျေးဇူးတော်တွေကို ပြန်လည်အောက်မေ့စေဖို့ရန် တောင်း လျှောက်ပါ။ သို့မှသာ သင်သည်လည်း ထိုအရာတို့ကို တခြားသူတွေဆီ ပိုပြီးဖော်ပြနိုင်ပါမည်။
---------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်
-ယခုအချိန်တွင် များစွာသော စကားပြောခြင်းအရာ၎င်းင်၌ အထိခိုက်မခံတဲ့ အကြောင်းအရာပေါ်တွင် အာရုံစိုက်ဖို့ လိုအပ်ပါတယ်။