Unicode Version
သင်၏စိတ်ဖြစ်သည့်အတိုင်း သင်၏နှုတ်က ဖွင့်ဟဖော်ပြပါသည်။
မဿဲ ၁၂:၃၄ “အချင်းမြွေဆိုးအမျိုးတို့၊ အဆိုးဖြစ်လျက် ကောင်းသောစကားကို
အဘယ်သို့ပြောနိုင်မည်နည်း။ စိတ် နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။”
ဒေါသထွက်နေတဲ့လူတစ်ယောက်ကို
ငြိမ်းချမ်းတဲ့သူအဖြစ် ပြောင်းလဲဖို့ရန် တကယ့်လျှို့ဝှက်ချက် မရှိပါဘူး။ အမျက်ဒေါသကနေ
ငြိမ်းချမ်းရေးဆီသို့ သွားဖို့ရန် လိုအပ်သော အစွမ်းကိုရရှိဖို့ သင့်ကိုယ်သင် ဘုရားသခင်၏
ချစ်ခြင်းမေတ္တာ ပြည့်ဝစေဖို့ လိုအပ်ပါတယ်။
သမ္မာကျမ်းစာက
ဆိုထားသည်မှာ ကောရိန္သုပဌမစောင် ၁၃:၅ တွင် “ဒေါသအမျက်မထွက်တတ်”
လို့ပြောထား ပါတယ်။ တနည်းပြောရရင် သင့်ကိုယ်သင် အမျက်ဒေါသဖြင့် ဖြည့်ပါလျှင် အရာအားလုံးနီးပါး
သင့်ကို ကမောက် ကမ ဖြစ်စေပါမည်။ သို့ပေမဲ့ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် သင့်ကိုယ်သင်
ဖြည့်သွင်းထားပါလျှင် သင်၏ အမြင်တွေ ပြောင်းလဲသွားမည်ဖြစ်သည်။
သင်၌
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြည့်ဖို့ရန် ဘုရားနှင့်အတူ ရင်းနှီးကျွမ်းဝင်ဖို့တော့
လိုအပ်ပါတယ်။ သခင်ခရစ်တော်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းသည် သင်မည်ကဲ့သို့ သည်းခံနိုင်တယ်
၊ သင်၏ဒေါသကို မည်ကဲ့သို့ စီမံနိုင်တယ်ဆိုတာကို ဖော်ပြပါတယ်။
အဓိပ္ပါယ်က
သင်ပြောင်းလဲနိုင်ခြင်းကို
ဆိုလိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သင်လုပ်ဆောင်နိုင်ပါ တယ်။ သင်ယုံကြည်သူ ခရစ်ယာန်တစ်ဉီးဖြစ်လာတဲ့အခါမှာ
သင်အတွင်း၌ ဘုရားသခင်၏တန်ခိုးတော် တည်နေ ပါတယ်။ ကပ်ဘေးကာလမှာပင်လျှင် လူတွေ
အလုပ်လက်မဲ့ဖြစ်တဲ့အချိန် ၊ ကလေးတွေ အိမ်တွင် ရှိနေချိန် ၊ လူတွေ သီးသန့် နေထိုင်နေရတဲ့အချိန်တွေမှာ
သင့်အသက်တာရှိ ခက်ခဲသော ပြောင်းလဲမှုကို သင်လုပ် ဆောင်ဖို့ ရန် တန်ခိုးတွေ သင်၌ ရှိပါတယ်။
ပြီးတော့
၎င်းသည် သင်၏စိတ်နှလုံးကို ရှာဖွေခြင်းအားဖြင့် စတင်ပါတယ်။ မဿဲ ၁၂:၃၄ “အချင်းမြွေဆိုးအမျိုးတို့၊ အဆိုးဖြစ်လျက် ကောင်းသောစကားကို
အဘယ်သို့ပြောနိုင်မည်နည်း။ စိတ် နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက် တတ်၏။”
နှုတ်မြွက်နိုင်သော
တစ်စုံသောအရာတွေသည် အောက်ပါအတိုင်းဖြစ်သည်။
-ကြမ်းတမ်းသောလျှာသည် ဒေါသစိတ်ကို ဖော်ပြသည်။
-အပျက်သဘောဆောင်သော လျှာသည် ကြောက်စိတ်ကို
ဖော်ပြသည်။
-ဝါကြွားသောလျှာသည် မလုံခြုံသော စိတ်ကို ဖော်ပြသည်။
-အပြောပိုလွန်းသော လျှာသည် မတည်ငြိမ်သော စိတ်ကို
ဖော်ပြသည်
-စီရင်သောလျှာသည် အပြစ်ရှိသောစိတ်ကို ဖော်ပြသည်။
-အပြစ်တင်ဝေဖန်သောလျှာသည် နာကျည်းသော စိတ်ကို
ဖော်ပြသည်။
သင်၏လျှာက
စိတ်ဆိုးနေသော နှလုံးသားကို ဖော်ပြပါက ဘုရားသခင်အား သူ၏ချစ်ခြင်းမေတ္တာဖြင့် သင်၏နာကျင်နေသော
စိတ်နှလုံးကို ကုစားပေးဖို့ရန် တောင်းလျှောက်လိုက်ပါ။ သင်၏ဒေါသထွက်နေသော စိတ်သည် အရင်အချိန်ကာလက
ငြင်းပယ်ခြင်း ၊ စော်ကားခြင်း နှင့် အကျည်းတန်ခြင်း စသော ခံစားချက်မှ လာကောင်း လာမည်။
သင်၏နာကျင်မှုတွေကို သခင်ခရစ်တော် ဂရုပြုတော်မူသည်ကို သင်သိဖို့ လိုအပ်ပါတယ်။ သူ၏
ငြိမ်သက်ခြင်းဖြင့် သင်၏နာကျင်နေသော စိတ်နှလုံးကို အစားထိုးပေးနိုင်ပြီး သူ၏တန်ဖိုးတော်ဖြင့်
သင်၏မလုံခြုံမှုကို အစားထိုးပေးနိုင်သည်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို သင်စတင် လက်ခံရသည်နှင့် သင်၏စိတ်နှလုံးပြောင်းလဲသွားမည်ဖြစ်ပြီး
သည်းခံခြင်းနှင့် ကြင်နာခြင်း အကျိုးတို့ကို ဖြစ်စေပါမည်။ ယေဇကျေလအနာဂတ္တိကျမ်း ၃၆:၂၆
“စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။” ဟု ဘုရားသခင် ကတိပေးထားပါတယ်။
ဆင်ခြင်ရန်
-
ဘုရားသခင်၏ မေတ္တာတော်နှင့် လွမ်းခြုံဖို့ရန် အဓိပ္ပါယ်ကား မည်သို့နည်း။ ဘုရားသခင်၏ချစ်ခြင်းဖြင့်
ညွှန်ကြားခံရဖို့လား။
-
တခြားသော သူတွေကို သင်ပြောဆို ဆက်ဆံသည့်အတိုင်း သူတို့တွေဆီက သင်၏စိတ်နှလုံးကို ဖော်ပြဖို့ရန်
သူတို့အသုံးပြုမည့် ပထမဆုံးသော စကားက မည်သို့ဖြစ်မည်နည်း။
-
ဘုရားသခင်၏ မေတ္တာတော်ဖြင့် လုံခြုံမှုရှိခြင်းသည် တခြားသူတွေပေါ် သင်၏သည်းခံခြင်းနှင့်
ပိုမိုသော ချစ်ခြင်းတို့ကို ဖော်ပြရာတွင် မည်ကဲ့သို့ အကူအညီဖြစ်စေပါသနည်း။
-----------------------------------------------------------------------------------------------------------------
Zawgyi Version
သင္၏စိတ္ျဖစ္သည့္အတိုင္း သင္၏ႏႈတ္က ဖြင့္ဟေဖာ္ျပပါသည္။
မႆဲ ၁၂:၃၄ “အခ်င္းေႁမြဆိုးအမ်ိဳးတို႔၊ အဆိုးျဖစ္လ်က္ ေကာင္းေသာစကားကို အဘယ္သို႔ေျပာႏိုင္မည္နည္း။ စိတ္ ႏွလုံးအျပည့္ရွိသည္အတိုင္း ႏႈတ္ႁမြက္တတ္၏။”
ေဒါသထြက္ေနတဲ့လူတစ္ေယာက္ကို ၿငိမ္းခ်မ္းတဲ့သူအျဖစ္ ေျပာင္းလဲဖို႔ရန္ တကယ့္လွ်ိဳ႕ဝွက္ခ်က္ မရွိပါဘူး။ အမ်က္ေဒါသကေန ၿငိမ္းခ်မ္းေရးဆီသို႔ သြားဖို႔ရန္ လိုအပ္ေသာ အစြမ္းကိုရရွိဖို႔ သင့္ကိုယ္သင္ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာ ျပည့္ဝေစဖို႔ လိုအပ္ပါတယ္။
သမၼာက်မ္းစာက ဆိုထားသည္မွာ ေကာရိႏ္သဳပဌမေစာင္ ၁၃:၅ တြင္ “ေဒါသအမ်က္မထြက္တတ္” လို႔ေျပာထား ပါတယ္။ တနည္းေျပာရရင္ သင့္ကိုယ္သင္ အမ်က္ေဒါသျဖင့္ ျဖည့္ပါလွ်င္ အရာအားလုံးနီးပါး သင့္ကို ကေမာက္ ကမ ျဖစ္ေစပါမည္။ သို႔ေပမဲ့ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာျဖင့္ သင့္ကိုယ္သင္ ျဖည့္သြင္းထားပါလွ်င္ သင္၏ အျမင္ေတြ ေျပာင္းလဲသြားမည္ျဖစ္သည္။
သင္၌ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာျဖည့္ဖို႔ရန္ ဘုရားႏွင့္အတူ ရင္းႏွီးကြၽမ္းဝင္ဖို႔ေတာ့ လိုအပ္ပါတယ္။ သခင္ခရစ္ေတာ္ႏွင့္ ရင္းႏွီးကြၽမ္းဝင္ျခင္းသည္ သင္မည္ကဲ့သို႔ သည္းခံႏိုင္တယ္ ၊ သင္၏ေဒါသကို မည္ကဲ့သို႔ စီမံႏိုင္တယ္ဆိုတာကို ေဖာ္ျပပါတယ္။
အဓိပၸါယ္က သင္ေျပာင္းလဲႏိုင္ျခင္းကို ဆိုလိုသည္။ သန႔္ရွင္းေသာ ဝိညာဥ္ေတာ္အားျဖင့္ သင္လုပ္ေဆာင္ႏိုင္ပါ တယ္။ သင္ယုံၾကည္သူ ခရစ္ယာန္တစ္ဉီးျဖစ္လာတဲ့အခါမွာ သင္အတြင္း၌ ဘုရားသခင္၏တန္ခိုးေတာ္ တည္ေန ပါတယ္။ ကပ္ေဘးကာလမွာပင္လွ်င္ လူေတြ အလုပ္လက္မဲ့ျဖစ္တဲ့အခ်ိန္ ၊ ကေလးေတြ အိမ္တြင္ ရွိေနခ်ိန္ ၊ လူေတြ သီးသန႔္ ေနထိုင္ေနရတဲ့အခ်ိန္ေတြမွာ သင့္အသက္တာရွိ ခက္ခဲေသာ ေျပာင္းလဲမႈကို သင္လုပ္ ေဆာင္ဖို႔ ရန္ တန္ခိုးေတြ သင္၌ ရွိပါတယ္။
ၿပီးေတာ့ ၎သည္ သင္၏စိတ္ႏွလုံးကို ရွာေဖြျခင္းအားျဖင့္ စတင္ပါတယ္။ မႆဲ ၁၂:၃၄ “အခ်င္းေႁမြဆိုးအမ်ိဳးတို႔၊ အဆိုးျဖစ္လ်က္ ေကာင္းေသာစကားကို အဘယ္သို႔ေျပာႏိုင္မည္နည္း။ စိတ္ ႏွလုံးအျပည့္ရွိသည္အတိုင္း ႏႈတ္ႁမြက္ တတ္၏။”
ႏႈတ္ႁမြက္ႏိုင္ေသာ တစ္စုံေသာအရာေတြသည္ ေအာက္ပါအတိုင္းျဖစ္သည္။
-ၾကမ္းတမ္းေသာလွ်ာသည္ ေဒါသစိတ္ကို ေဖာ္ျပသည္။
-အပ်က္သေဘာေဆာင္ေသာ လွ်ာသည္ ေၾကာက္စိတ္ကို ေဖာ္ျပသည္။
-ဝါႂကြားေသာလွ်ာသည္ မလုံၿခဳံေသာ စိတ္ကို ေဖာ္ျပသည္။
-အေျပာပိုလြန္းေသာ လွ်ာသည္ မတည္ၿငိမ္ေသာ စိတ္ကို ေဖာ္ျပသည္
-စီရင္ေသာလွ်ာသည္ အျပစ္ရွိေသာစိတ္ကို ေဖာ္ျပသည္။
-အျပစ္တင္ေဝဖန္ေသာလွ်ာသည္ နာက်ည္းေသာ စိတ္ကို ေဖာ္ျပသည္။
သင္၏လွ်ာက စိတ္ဆိုးေနေသာ ႏွလုံးသားကို ေဖာ္ျပပါက ဘုရားသခင္အား သူ၏ခ်စ္ျခင္းေမတၱာျဖင့္ သင္၏နာက်င္ေနေသာ စိတ္ႏွလုံးကို ကုစားေပးဖို႔ရန္ ေတာင္းေလွ်ာက္လိုက္ပါ။ သင္၏ေဒါသထြက္ေနေသာ စိတ္သည္ အရင္အခ်ိန္ကာလက ျငင္းပယ္ျခင္း ၊ ေစာ္ကားျခင္း ႏွင့္ အက်ည္းတန္ျခင္း စေသာ ခံစားခ်က္မွ လာေကာင္း လာမည္။ သင္၏နာက်င္မႈေတြကို သခင္ခရစ္ေတာ္ ဂ႐ုျပဳေတာ္မူသည္ကို သင္သိဖို႔ လိုအပ္ပါတယ္။ သူ၏ ၿငိမ္သက္ျခင္းျဖင့္ သင္၏နာက်င္ေနေသာ စိတ္ႏွလုံးကို အစားထိုးေပးႏိုင္ၿပီး သူ၏တန္ဖိုးေတာ္ျဖင့္ သင္၏မလုံၿခဳံမႈကို အစားထိုးေပးႏိုင္သည္။
ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာေတာ္ကို သင္စတင္ လက္ခံရသည္ႏွင့္ သင္၏စိတ္ႏွလုံးေျပာင္းလဲသြားမည္ျဖစ္ၿပီး သည္းခံျခင္းႏွင့္ ၾကင္နာျခင္း အက်ိဳးတို႔ကို ျဖစ္ေစပါမည္။ ေယဇေက်လအနာဂတၱိက်မ္း ၃၆:၂၆ “စိတ္ႏွလုံးသစ္ကို ငါေပးမည္။ သေဘာသစ္ကို သြင္းထားမည္။” ဟု ဘုရားသခင္ ကတိေပးထားပါတယ္။
ဆင္ျခင္ရန္
- ဘုရားသခင္၏ ေမတၱာေတာ္ႏွင့္ လြမ္းၿခဳံဖို႔ရန္ အဓိပၸါယ္ကား မည္သို႔နည္း။ ဘုရားသခင္၏ခ်စ္ျခင္းျဖင့္ ၫႊန္ၾကားခံရဖို႔လား။
- တျခားေသာ သူေတြကို သင္ေျပာဆို ဆက္ဆံသည့္အတိုင္း သူတို႔ေတြဆီက သင္၏စိတ္ႏွလုံးကို ေဖာ္ျပဖို႔ရန္ သူတို႔အသုံးျပဳမည့္ ပထမဆုံးေသာ စကားက မည္သို႔ျဖစ္မည္နည္း။
- ဘုရားသခင္၏ ေမတၱာေတာ္ျဖင့္ လုံၿခဳံမႈရွိျခင္းသည္ တျခားသူေတြေပၚ သင္၏သည္းခံျခင္းႏွင့္ ပိုမိုေသာ ခ်စ္ျခင္းတို႔ကို ေဖာ္ျပရာတြင္ မည္ကဲ့သို႔ အကူအညီျဖစ္ေစပါသနည္း။