အမျက်ဒေါသအားလုံးသည်
မကောင်းမှုပြုခြင်းမဟုတ်ပါ ၊ ကြီးကြယ်သော အပြစ်လည်းမဟုတ်ပါ။
သုတ္တံကျမ်း ၂၉:၁၁ “မိုက်သောသူသည် မိမိကြံစည်သမျှကို ဘော်ပြတတ်၏။ ပညာရှိသောသူမူကား၊ အဆင်မသင့်မှီ ထိမ်ဝှက် တတ်၏။”
အမျက်ဒေါသအားလုံးတို့သည်
အပြစ်ဖြစ်တယ် ၊ မကောင်းမှုတစ်ခု ဖြစ်တယ်လို့ လူတော်တော်များများ တွေးထင်ကြပါတယ်။ သို့ပေမဲ့
၎င်းသည် မမှန်ကန်ပါ။
အမျက်ဒေါသကို
မသင့်တော်သော နည်းလမ်းဖြင့် ဖော်ပြလာတဲ့အခါတွင်သာ အပြစ်ဖြစ်လာပါတယ်။
အခြေအနေကို
အသင့်တော်ဆုံး တုံ့ပြန်မှုတွင် တခါတရံ၌ ဒေါသဖြစ်တတ်ပါတယ်။ ၎င်းကို ချစ်ခြင်းအားဖြင့်လည်း
ဖော်ပြနိုင်ပါတယ်။ တကယ်တော့ ဘုရားသခင်၌ တရားနည်းလမ်းကျသော ၊ မှန်ကန်သော အမျက်ဒေါသ ရှိတယ်လို့
သမ္မာကျမ်းစာတွင် ဖော်ပြထားပါတယ်။ သင်သည်လည်း ဘုရားသခင်၏ သဏ္ဍာန်တော်အတိုင်း ဖန်ဆင်းခံရသည့်
အတွက် အမျက်ဒေါသကို တွေ့ကြုံရဖို့ရန် တစ်ခုတည်းသော အကြောင်းရင်းဖြစ်ပါတယ်။
သို့ပေမဲ့ အပြစ်ရှိသော အမျက်ဒေါသကဲ့သို့သော အရာတွေရှိပါတယ်။ ကျွန်ုပ်တို့
ပေါက်ကွဲတဲ့အခါ (သို့) ရေငုံနှုတ်ပိတ်တဲ့အချိန်တွေမှာ ဖြစ်တယ်။ တစ်စုံတစ်ယောက်ကို ကျွန်ုပ်တို့
ခြိမ်းခြောက်တဲ့အခါ ၊ ဆဲရေးတဲ့အခါ (သို့) အပြစ်ရှာတဲ့အချိန်တွေမှာ ဖြစ်တယ်။
အမျက်ဒေါသကို
မကိုင်တွယ်နိုင်တဲ့အခါ အပြစ်တစ်ခုဖြစ်ပြီး ကိုင်တွယ်နိုင်တဲ့ အခါ အဖိုးတန်သောအရာ ဖြစ်ခြင်း
က အခြေအနေကို ရှုမြင်သောအရာ၌ ရှင်းလင်းသော
အတွေးအခေါ် ကို သင့်အားပေးပြီး သင်မှားယွင်းနေခဲ့သည့် တိုင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာဖြင့်
တုံ့ပြန်ဖို့ရန် ခွင့်ပြုစေပါတယ်။
ဘုရားသခင်သည် သင့်အတွက်ဖြစ်ပြီး
သင့်ကို ဆန့်ကျင်သူမဟုတ်ပါ။ သင်၏ အမျက်ဒေါသကို မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို ရွေးချယ်မှုပြုဖို့ရန်
စွမ်းရည်တွေ ပေးထားပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော် သင်၌ အလုပ်လုပ်တဲ့အခါတွင် အမျက်ဒေါသကို
သင်ထိန်းချုပ်နိုင်မည်။
သင်၏
အိမ်၌ အငြင်းပွား စကားများ ပြီးတော့ ဖုန်းသံမြည်လာတဲ့အခါ ချိုသောအသံဖြင့် “ဟယ်လို”
လို့သင် ဖြေကြားခဲ့ဖူးပါသလား။ ဘာဖြစ်သွားတာလဲ။ သင်အလိုရှိရာ ဖြစ်တဲ့အတွက်ကြောင့် သင်၏အသံအနေအထားကို
ချက်ချင်းပြောင်းလဲနိုင်စွမ်း ရှိပါတယ်။
သုတ္တံကျမ်း ၂၉:၁၁ “မိုက်သောသူသည် မိမိကြံစည်သမျှကို ဘော်ပြ တတ်၏။ပညာရှိသောသူမူကား၊ အဆင်မသင့်မှီ ထိမ်ဝှက် တတ်၏။”
ဒေါသဖြစ်ဖို့
ရွေးချယ်တာက ရွေးချယ်ခြင်းတစ်ခုဖြစ်တယ်။ “နင့်ငါကို အရူးလုပ်တာဘဲ” လို့ တစ်ချို့ကိစ္စတွေမှာ
သင်ပြောနိုင်ပါမည်။ သို့ပေမဲ့ သင်၏ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှု သင်၏စိတ်ခံစားချက်ကို
ထိန်းချုပ်နိုင်မှာ မဟုတ် ပါ။ သင်၏ အမျက်ဒေါသကို မည်ကဲ့သို့တုံ့ပြန်မည် နှင့် မည်ကဲ့သို့
စီမံထိန်းချုပ်မည်ကို ကြိုတင်ပြီး ဆုံးဖြတ် နိုင်ပါတယ်။
သခင်ခရစ်တော်နှင့် သင်၏ရင်းနှီးကျွမ်းဝင်ခြင်းသည် အသက်တာရှိ အမျက်ဒေါသကို
သင်မည်မျှကောင်းစွာ အောင်နိုင်သည်ကို ဖော်ပြပါတယ်။ ကပ်ရောဂါ ကာလအတွင်းမှာပင်လျှင် အခက်ခဲဆုံးသော အခြေအနေတွင်
သင်၏ အမျက်ဒေါသကို သင့်အတွင်း၌ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် သင်ကိုင်တွယ်
ဖြေရှင်း နိုင်ပါတယ်။
အမျက်ဒေါသကို ပညာရှိစွာနှင့် သင့်လျော်စွာ စီမံထိန်းချုပ်တဲ့အခါတွင်
ကောင်းသော အိမ်ထောင်ရေး ၊ ကောင်းသော ပေါင်းသင်းဆက်ဆံရေး ၊ စီးပွားရေး ၊ ခေါင်းဆောင်မှု
နှင့် လုပ်ငန်းစဉ်တွေကို ဖြစ်ပေါ်စေပါတယ်။
ဆင်ခြင်ရန်
-အမျက်ဒေါသ
ခံစားချက်တွေကို မည်ကဲ့သို့ကြိုတင်ထိန်းချုပ်မည်ကို ရှာဖွေတွေ့ရှိတဲ့အခါ ၎င်းသည် မည်ကဲ့သို့သော
အကူအညီဖြစ်စေပါသနည်း။
-အမျက်ဒေါသကို
မထိန်းချုပ်နိုင်ခြင်းသည် ဘာကြောင့်များ သင်၏ပေါင်းသင်းဆက်ဆံရေးနှင့် လုပ်ငန်းစဉ် တွေကို
ပျက်စီးစေပါသနည်း။
-တရားနည်းလမ်းကျသော
အမျက်ဒေါသ ထွက်တဲ့အချိန်ရှိခဲ့ဖူးပါသလား။ သင်၏တုံ့ပြန်မှုကို မည်ကဲ့သို့ ထိန်းချုပ်ခဲ့ပါသနည်း။
---------------------------------------------------------------------------------------------------------------------
ဆင်ခြင်ရန်