ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ရှုပါ။
Unicode Version
ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ရှုပါ။ By Grietje Commelin
 ဆာလံ ၁၁၉:၁၁ “ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။ ”
တရားဟောရာကျမ်း ၁၁:၁၈သို့ဖြစ်၍ ငါဟောပြောသော ဤစကားကို စိတ်နှလုံး၌ သွင်းထား၍၊ လက်၌ လက္ခဏာသက်သေ ဘို့ရာ၎င်း၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်း ချည်ထားရ ကြမည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သင်၏စိတ်နှလုံးထဲတွင် ရှိခြင်းသည် ဘုရားသခင်၏ အလိုတော်ကို သိခြင်းနှင့် ၎င်းကို သင်၏ရှုဒေါင့်အမြင်ပေါ် အခြေပြုခြင်းကို ဆိုလိုပါသည်။ ဘုရားသခင်၏ ဉပဒေသတို့ကို သင်တတ်နိုင်သမျှ လိုက်လျှောက်အသက်ရှင်ခြင်းကို ဆိုလိုပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို စိတ်နှလုံးသားထဲတွင် ထားရှိသောသူတစ်ဉီးသည် သူ၏ရွေးချယ်မှုနှင့် ထင်မြင်ချက်တို့အတွက် ၎င်းနှုတ်ကပတ် တော်တို့ကို လမ်းညွှန်အဖြစ် ယူဆောင်ပါတယ်။ ၎င်းသည် အပြစ်များစွာအတွက် ကာကွယ်ပေးပြီး စာတန်၏ လိမ်လှည်မှုနှင့် လှည့်ဖြားမှုများမှ စောင့်ကြပ်တားဆီးပေးပါတယ်။
ဆာလံကျမ်း ၁:၁-၂ “မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။” ဒါကြောင့် ဤလူသည် ကောင်းချီးခံစားရသည်။ သူပြုသမျှသောအရာတို့သည် အောင်မြင်ဖြစ်ထွန်းပါသည်။
မှန်ကန်သော အစာတို့ကို ကျွန်ုပ်တို့စားပါလျှင် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းလာသလို ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ခံယူပါလျှင် ကျွန်ုပ်တို့၏စိတ်နှလုံးတို့ ကျန်းမာသန်စွမ်း လာပါမည်။
 သင်မှီဝဲသော အစာက ဘယ်လိုပုံစံလဲ။
---------------------------------------------------------------------------------
Zawgyi Version