သင်၏နေ့ရက်ကို အစပြုခြင်းနှင့် အဆုံးသတ်ခြင်းပြုဖို့ရန် အကောင်းဆုံးနည်လမ်း
Unicode Version 
သင်၏နေ့ရက်ကို အစပြုခြင်းနှင့် အဆုံးသတ်ခြင်းပြုဖို့ရန် အကောင်းဆုံးနည်လမ်း
မဿဲ ၄:၄ “ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။
ဆူပူအုံကြွမှုများနှင့် မသေချာ မရေရာတဲ့ ဤနေ့ရက်ကာလတွင် သင်၏စိတ်ဝိညာဉ်ကို အစာဖြည့်ခြင်းဖြင့် သင်၏နေ့ရက်တွေကို အစပြုခြင်းနှင့် အဆုံးသတ်ခြင်းပြုဖို့ရန် အရေးကြီးပါတယ်။ သင်၏စိတ်ဝိညာဉ်သည် သင်ရွေးချယ်သည့်နည်းအတိုင်း ၊ သင် ခံစားသည့်နည်းအတိုင်း ၊ တွေးမြင်သည့်နည်းအတိုင်း ဖြစ်သည်။ ခန္ဓာကိုယ် ကဲ့သို့ပင် ကျန်းမာနေဖို့ အစာနေ့စဉ်မှီဝဲရပါသည်။ ဒါကြောင့် သင်၏စိတ်ဝိညာဉ်သည်လည်း ထိုနည်း၎င်း ပင်ဖြစ်ပါ တယ်။ သင်၏ စိတ်ဝိညာဉ်ကို အစာမဖြည့်ပါလျှင် သင်၏ စိတ်ခံစားချက်တို့နှင့် စိတ်ပိုင်းဆိုင် ရာတွေမှ ဆုတ်ယုတ် လာပါမည်။
ဒါဆို သင်၏စိတ်ဝိညာဉ်ကို မည်ကဲ့သို့ အစာဖြည့်တင်းမည်နည်း။ ဘုရားသခင် နှုတ်ကပတ်တော်ကို နေ့တိုင်းရယူ ခြင်းဖြင့် ဖြည့်တင်းနိုင်သည်။ သခင်ခရစ်တော် ဆိုထားသည်မှာ မဿဲ ၄:၄ “ယေရှုကလည်း၊ လူသည် မုန့်အားဖြင့် သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာ သည်ဟု ပြန်ပြောတော်မူ၏။
သမ္မာကျမ်းစာသည် အသက်ဖြစ်၏။ အကြံဉာဏ်တစ်ချို့ လိုအပ်ခြင်းနှင့် ပြသနာတွေရှိတဲ့အချိန်မှာ သင်ဖတ်ရုံ သက်သက်မဟုတ်ပါ။ လိုအပ်တဲ့အခါလည်း ဖွင့်ဖတ်ရုံမဟုတ်ပါ။ အမှန်တရားနှင့် ချစ်ခြင်းမေတ္တာ၌ ကြီးထွားပြီး အစဉ်မပြတ် အာဟာရပြည့်ဝစွာရှိနေဖို့ရန် နေ့စဉ်နေ့တိုင်း အစာကျွေးရပါတယ်။
 သတင်းများ နားဆင်ခြင်း (သို့) သင်ဖုန်းအား ပွတ်နေခြင်းဖြင့် သင်၏ နေ့ရက်တွေကို စတင်ပါသလား။ TV မှလာသော အရာတစ်ခုခုဖြင့် နေ့စဉ် သင်၏အတွေးတွေကို နောက်ဆုံးအရာအဖြစ် မဖြည့်ပါနှင့်။ ၎င်းအရာတွေသည် သင်၏ စိတ်ဝိညာဉ်ကို မဖြည့်တင်းပါဘူး။
 ရောဂါကူးစက်သော ကာလတွင် အစစ်သော အလေ့အထတစ်ခုကို ဖွံ့ဖြိုးကြီးထွားစေလိုပါလျှင် သင်၏ နေ့ရက်တွေကို  ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် အစပြုခြင်းနှင့် အဆုံးသတ်ခြင်းတွေကို ဖြစ်စေပါ။ သမ္မာ ကျမ်းစာကို ဘယ်အချိန်ဖတ်ပြီးတဲ့အခါတိုင်း ဖြစ်နိုင်လျှင် ဖွင့်လျက်သား ထားခဲ့ပါ။ ထိုကဲ့သို့ ဖတ်ပြီးသားအတိုင်း ဖွင့်လျက်ထားရှိပါလျှင် သမ္မာကျမ်းစာဖတ်ခြင်းကို တသမတ်တည်း တည်ရှိစေဖို့ရန် အလွယ်တကူ အမှတ်ရနေ ပါမည်။
 သမ္မာကျမ်းစာကို သင်မည်မျှ အချိန်ကြာမြင့်အောင် ဖတ်ရှုခြင်းက အရေးမကြီးပါ။ ဘုရားသခင်၏ နှုတ်ကပတ် တော်က သင့်ကို ပြောင်းလဲဖို့ရန် သင်ဘယ်လိုခွင့်ပြုခြင်း ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအလင်းတွင် သင့်ကိုယ် သင် နှင့် တခြားသူတွေကို မည်ကဲ့သို့မြင်ခြင်း၊ သင်၏အခြေအနေကို ရှုမြင်ခြင်း ၊ ဘုရားနှင့် ရင်းနှီးကျွမ်းဝင်ခြင်းကို ပိုမိုလေးနက်ပြီး ကြီးထွားစေခြင်းက အရေးကြီ:ပါတယ်။
 ဟေရှာယအနာဂတ္တိကျမ်း ၅၀:၄ “ငါသည် ပင်ပန်းသော သူအား မစခြင်းငှါ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရား သည် လူတတ်၏ နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကို နှိုးတော်မူ၏။ စာသင်သော သူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော် တော်မူ၏။ 
ခြေကုန်လက်ပန်းကျပြီး စိတ်ပင်ပန်းနွမ်းနယ် နေပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် သင်၏နေ့ရက်ကို အစပြုခြင်းနှင့် အဆုံးသတ်ခြင်းတွေမှာ စိတ်ဝိညာဉ်ကို အာဟာရဖြည့်တင်းပြီး ကျန်းမာသော စိတ်ခံစားချက်ဖြင့် နေထိုင်ပါ။
 ဆင်ခြင်ရန်
-ဤနှစ်အတွက် သင်၏စိတ်ဝိညာဉ်ရေးရာ ပန်းတိုင်က ဘာဖြစ်မည်နည်း။ ဤကပ်ရောဂါ ကာလအတွင်း ခရစ်ယာန် အသက်တာ လျှောက်လှမ်းခြင်းတွင် ကြီးထွားစေဖို့ရန် သင်မည်ကဲ့သို့ အလိုရှိပါသနည်း။
-သမ္မာကျမ်းစာ လေ့လာရန် နှင့် ခန္ဓာကိုယ် ကျန်းမာရေးအတွက် စောင့်လျှောက်မှု ပြုဖို့ရန် သင်၏ အချိန်တွေ ၊ ဇယားတွေကို မည်ကဲ့သို့ ပြုပြင်ရန် လိုအပ်ပါသနည်း။
-ဤကပ်ကာလရောဂါကာလတွင် လောကအရာ (သို့) ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် သင်ပိုမို ပြောင်းလဲသွားပြီလား။
--------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်