မလိုမုန်းထားခြင်းဆိုင်ရာ အပြစ်တွေကို မည်ကဲ့သို့ ကျော်လွှားမည်နည်း။

Unicode Version

မလိုမုန်းထားခြင်းဆိုင်ရာ အပြစ်တွေကို မည်ကဲ့သို့ ကျော်လွှားမည်နည်း။

ရှင်ယာကုပ်ဩဝါဒစာ ၂:၈-၉ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ် တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက် ကြ၏။ သို့မဟုတ် လူမျက်နှာကိုထောက်လျှင်၊ ဒုစရိုက်ကို ပြုသောသူဖြစ်ကြ၏။ တရားကို လွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။”

၎င်းသည် တော်တော်လေး ရှင်းလင်းပါတယ်။ သို့ပေမဲ့ ကျွန်ုပ် ကမ္ဘာလှည့်ခရီးသွားသောအခါ အထူးသဖြင့် လူမျိုးရေး ခွဲခြားမှုတွေက ကမ္ဘာတွင် အများဆုံးကျူးလွန်သော အပြစ်အဖြစ် ကောက်ချက်ချမိပါသည်။ သင်ဘယ်နေရာမှ ရှိနေပါစေ တစ်စုံတစ်ဉီးကတော့ တစ်စုံတစ်ယောက်ကို မနှစ်သက်ပါဘူး။ ၎င်းကို သင်နေရာတိုင်းမှာ တွေ့ရပါမည်။ ၎င်းသည် လူ့အဖွဲ့အစည်းတွင် မရေတွက်နိုင်သော နည်းများဖြင့် ရှိနေကြသော် လည်း သူတို့သည် တခြားသူများအပေါ် ဘယ်လို စိတ်ကွက်မှုရှိကြောင်းကိုတော့ ငြင်းဆိုပါလိမ့်မည်။

လူမျိုးရေးပြန်လည်ရင်ကြားစေ့ရေးဆီသို့ ဉီးတည်ဖို့ရန် ကျွန်ုပ်တို့၏ မလိုမုန်းထားမှုတွေကို လက်ခံရပါမည် ၊ ဝန်ခံရပါမည်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ လူမျိုးရေးခွဲခြားမှု တွေသည် အသားအရောင်ပြသနာ ကြောင့်မဟုတ်ပါ။ အပြစ်ပြသနာကြောင့်ဖြစ်သည်။ ၎င်းသည် ဘုရားသခင်အတွက် သေးဖွဲသော ကိစ္စတစ်ချို့ မဟုတ်ပါ။ ဧဝံဂေလိတရား၏ စိတ်နှလုံးဖြစ်ပါတယ်။

များစွာသော လူတို့ကဲ့သို့ပင် မယုံသင်္ကာဖြစ်စေခြင်း (သို့) ကွဲပြားခြားနားသော အရာတွေမှ ကင်းဝေးနေရခြင်း ဝန်းကျင်၌ သင်ကြီးပြင်းလာနိုင်မည်။ သင် ထိုကဲ့သို့သောသူများနှင့် အလွန်အဆင်ပြေတယ်လို့ ခံစားနိုင်ခြေရှိ ပါတယ်။ ၎င်းသည် လူ့သဘော သဘာဝဖြစ်ပါတယ်။

သို့သော် ကျွန်ုပ်တို့သည် လူတို့အား ဘုရားသခင်ရှုမြင်ပုံနည်းတူ မြင်ဖို့ရန် သင်ယူရပါမည်။ သင့်၏ အသက်တာထဲသို့ ဝင်လာသော သူတို့သည် မည်ကဲ့သို့ သူတစ်ပါးတို့ကို မြင်တယ်လို့ သင်လေ့လာ သင်ယူရပါ သနည်း။ ဓမ္မရာဇဝင် ပဌမစောင် ၁၆:၇ “ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည် မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေအား မိန့်တော်မူ၏။ ” သင်သည်လည်း စိတ်နှလုံးကို ကြည့်တတ်ဖို့ရန် လိုအပ်ပါသည်။

တစ်စုံတစ်ယောက်၏ စိတ်သဘောကို သိလိုလျှင် ဖော်ရွေမှုနှင့် တောက်တိုမည်ရ အပြောလေးတွေရှိဖို့လိုပါတယ်။ သူတို့ကို သိကျွမ်းဖို့လိုအပ်ပါတယ်။ မေးခွန်းလေးတွေမေးဖို့ လိုသလို နားထောင်တတ်သောသူလည်း ဖြစ်ဖို့ လိုပါတယ်။ စာနာတတ်ခြင်းနှင့် ဂရုဏာအပြည့်အဝရှိဖို့လိုအပ်ပါတယ်။

သင်၏စိတ်နှလုံးကနေ စတင်ပါ။ မလိုမုန်းထားခြင်းဆိုင်ရာ အပြစ်တွေကို ဝန်ခံပါ။ ပြီးတော့ လူတွေကို ဘုရား သခင် မြင်သည့်အတိုင်းမြင်ရန် ၊လူအချင်းချင်းပြန်လည် သင့်မြတ်စေရန် နှင့် အရေးအကြီးဆုံးမှာ ဘုရားအတွက် ဖြစ်စေဖို့ရန် ဘုရားသခင်အား အကူအညီတောင်းလျှောက်ပါ။

 

ဆင်ခြင်ရန်

-လူမျိုးရေးအကြောင်း လူတွေစကားစမြည်ပြောဆိုကြတဲ့အခါမှာ သင်မည်ကဲ့သို့ တုံ့ပြန်ပါသနည်း။

မလိုမုန်းထားခြင်းတွေ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေကို လူတွေ ဝေမျှပြောဆိုတဲ့အခါ သင့်အား ဘုရားသခင် ဘာကို ပထမဆုံး လုပ်ဆောင်စေလိုကြောင်းကို သင်တွေးမြင်ပါသနည်း။

-တစ်စုံတစ်ခုကို စစ်မှန်စွာ လေ့လာဖို့ရန် ၎င်းကို တက်ကြွစွာ လေ့ကျင့်ဖို့ရန် လိုအပ်ပါသည်။ ယခုအပတ်တွင် လူမျိုးရေး ပြန်လည်သင့်မြတ်ခြင်းကို သင်ကျင့်သုံးသည့် နည်းလမ်းတစ်ချို့ကား မည်သို့နည်း။


------------------------------------------------------------------------------------------------

Zawgyi Version

မလိုမုန္းထားျခင္းဆိုင္ရာ အျပစ္ေတြကို မည္ကဲ့သို႔ ေက်ာ္လႊားမည္နည္း။
ရွင္ယာကုပ္ဩဝါဒစာ ၂:၈-၉ “ကိုယ္ႏွင့္စပ္ဆိုင္ေသာသူကို ကိုယ္ႏွင့္အမွ်ခ်စ္ေလာ့ဟု က်မ္းစာ၌ပါေသာ ေ႐ႊပညတ္ ေတာ္ကို သင္တို႔သည္ ေစာင့္ေရွာက္လွ်င္၊ ေကာင္းေသာအက်င့္ကို က်င့္ရာသို႔ေရာက္ ၾက၏။ သို႔မဟုတ္ လူမ်က္ႏွာကိုေထာက္လွ်င္၊ ဒုစ႐ိုက္ကို ျပဳေသာသူျဖစ္ၾက၏။ တရားကို လြန္က်ဴးေသာသူဟု ပညတ္ေတာ္အားျဖင့္ ထင္ရွားစြာျဖစ္ၾက၏။”

၎သည္ ေတာ္ေတာ္ေလး ရွင္းလင္းပါတယ္။ သို႔ေပမဲ့ ကြၽႏ္ုပ္ ကမာၻလွည့္ခရီးသြားေသာအခါ အထူးသျဖင့္ လူမ်ိဳးေရး ခြဲျခားမႈေတြက ကမာၻတြင္ အမ်ားဆုံးက်ဴးလြန္ေသာ အျပစ္အျဖစ္ ေကာက္ခ်က္ခ်မိပါသည္။ သင္ဘယ္ေနရာမွ ရွိေနပါေစ တစ္စုံတစ္ဉီးကေတာ့ တစ္စုံတစ္ေယာက္ကို မႏွစ္သက္ပါဘူး။ ၎ကို သင္ေနရာတိုင္းမွာ ေတြ႕ရပါမည္။ ၎သည္ လူ႔အဖြဲ႕အစည္းတြင္ မေရတြက္ႏိုင္ေသာ နည္းမ်ားျဖင့္ ရွိေနၾကေသာ္ လည္း သူတို႔သည္ တျခားသူမ်ားအေပၚ ဘယ္လို စိတ္ကြက္မႈရွိေၾကာင္းကိုေတာ့ ျငင္းဆိုပါလိမ့္မည္။

လူမ်ိဳးေရးျပန္လည္ရင္ၾကားေစ့ေရးဆီသို႔ ဉီးတည္ဖို႔ရန္ ကြၽႏ္ုပ္တို႔၏ မလိုမုန္းထားမႈေတြကို လက္ခံရပါမည္ ၊ ဝန္ခံရပါမည္။ ဘာေၾကာင့္လဲ။ ဘာေၾကာင့္လဲဆိုေတာ့ လူမ်ိဳးေရးခြဲျခားမႈ ေတြသည္ အသားအေရာင္ျပသနာ ေၾကာင့္မဟုတ္ပါ။ အျပစ္ျပသနာေၾကာင့္ျဖစ္သည္။ ၎သည္ ဘုရားသခင္အတြက္ ေသးဖြဲေသာ ကိစၥတစ္ခ်ိဳ႕ မဟုတ္ပါ။ ဧဝံေဂလိတရား၏ စိတ္ႏွလုံးျဖစ္ပါတယ္။

မ်ားစြာေသာ လူတို႔ကဲ့သို႔ပင္ မယုံသကၤာျဖစ္ေစျခင္း (သို႔) ကြဲျပားျခားနားေသာ အရာေတြမွ ကင္းေဝးေနရျခင္း ဝန္းက်င္၌ သင္ႀကီးျပင္းလာႏိုင္မည္။ သင္ ထိုကဲ့သို႔ေသာသူမ်ားႏွင့္ အလြန္အဆင္ေျပတယ္လို႔ ခံစားႏိုင္ေျခရွိ ပါတယ္။ ၎သည္ လူ႔သေဘာ သဘာဝျဖစ္ပါတယ္။

သို႔ေသာ္ ကြၽႏ္ုပ္တို႔သည္ လူတို႔အား ဘုရားသခင္ရႈျမင္ပုံနည္းတူ ျမင္ဖို႔ရန္ သင္ယူရပါမည္။ သင့္၏ အသက္တာထဲသို႔ ဝင္လာေသာ သူတို႔သည္ မည္ကဲ့သို႔ သူတစ္ပါးတို႔ကို ျမင္တယ္လို႔ သင္ေလ့လာ သင္ယူရပါ သနည္း။ ဓမၼရာဇဝင္ ပဌမေစာင္ ၁၆:၇ “ထာဝရဘုရားက၊ သူ၏မ်က္ႏွာ၊ သူ၏အရပ္ကို မၾကည့္မရႈႏွင့္။ သူ႔ကို ငါပယ္ၿပီ။ ထာဝရဘုရားသည္ လူျမင္သကဲ့သို႔ ျမင္ေတာ္မူသည္ မဟုတ္။ လူသည္ အဆင္းသဏၭာန္ကို ၾကည့္ရႈတတ္၏။ ထာဝရဘုရား မူကား ႏွလုံးကို ၾကည့္ရႈတတ္သည္ဟု ရွေမြအား မိန္႔ေတာ္မူ၏။ ” သင္သည္လည္း စိတ္ႏွလုံးကို ၾကည့္တတ္ဖို႔ရန္ လိုအပ္ပါသည္။

တစ္စုံတစ္ေယာက္၏ စိတ္သေဘာကို သိလိုလွ်င္ ေဖာ္ေ႐ြမႈႏွင့္ ေတာက္တိုမည္ရ အေျပာေလးေတြရွိဖို႔လိုပါတယ္။ သူတို႔ကို သိကြၽမ္းဖို႔လိုအပ္ပါတယ္။ ေမးခြန္းေလးေတြေမးဖို႔ လိုသလို နားေထာင္တတ္ေသာသူလည္း ျဖစ္ဖို႔ လိုပါတယ္။ စာနာတတ္ျခင္းႏွင့္ ဂ႐ုဏာအျပည့္အဝရွိဖို႔လိုအပ္ပါတယ္။
သင္၏စိတ္ႏွလုံးကေန စတင္ပါ။ မလိုမုန္းထားျခင္းဆိုင္ရာ အျပစ္ေတြကို ဝန္ခံပါ။ ၿပီးေတာ့ လူေတြကို ဘုရား သခင္ ျမင္သည့္အတိုင္းျမင္ရန္ ၊လူအခ်င္းခ်င္းျပန္လည္ သင့္ျမတ္ေစရန္ ႏွင့္ အေရးအႀကီးဆုံးမွာ ဘုရားအတြက္ ျဖစ္ေစဖို႔ရန္ ဘုရားသခင္အား အကူအညီေတာင္းေလွ်ာက္ပါ။

ဆင္ျခင္ရန္
-လူမ်ိဳးေရးအေၾကာင္း လူေတြစကားစျမည္ေျပာဆိုၾကတဲ့အခါမွာ သင္မည္ကဲ့သို႔ တုံ႔ျပန္ပါသနည္း။
မလိုမုန္းထားျခင္းေတြ ရင္ဆိုင္ခဲ့ရတဲ့ အေတြ႕အႀကဳံေတြကို လူေတြ ေဝမွ်ေျပာဆိုတဲ့အခါ သင့္အား ဘုရားသခင္ ဘာကို ပထမဆုံး လုပ္ေဆာင္ေစလိုေၾကာင္းကို သင္ေတြးျမင္ပါသနည္း။
-တစ္စုံတစ္ခုကို စစ္မွန္စြာ ေလ့လာဖို႔ရန္ ၎ကို တက္ႂကြစြာ ေလ့က်င့္ဖို႔ရန္ လိုအပ္ပါသည္။ ယခုအပတ္တြင္ လူမ်ိဳးေရး ျပန္လည္သင့္ျမတ္ျခင္းကို သင္က်င့္သုံးသည့္ နည္းလမ္းတစ္ခ်ိဳ႕ကား မည္သို႔နည္း။