လူမျိုးရေး ခွဲခြားဆက်ဆံတဲ့ဝါဒ၏ ဖြေဆေး - သခင်ခရစ်တော်နည်းတူ ချစ်ခြင်းဖြစ်သည်။

Unicode Version
လူမျိုးရေး ခွဲခြားဆက်ဆံတဲ့ဝါဒ၏ ဖြေဆေး - သခင်ခရစ်တော်နည်းတူ ချစ်ခြင်းဖြစ်သည်။

ရှင်ယာကုပ်ခရစ်ဝင် ၂:၁ “ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်။”

 လူမျိုးရေး ခွဲခြားခြင်းသည် ချစ်ခြင်းမေတ္တာကင်းမဲ့မှုမှ စတင်ပါသည်။ လူတစ်ဉီးအပေါ်တွင် သင်သည် သခင်ခရစ်တော်လောက် မချစ်နိုင်ပါ။ ထိုသူကိုလည်း သင်၏စိတ်နှလုံးထဲတွင် မလိုမုန်းတီးနေသည်။ ၎င်းသည် မဖြစ်သင့်ပေ။ သခင်ခရစ်တော်နည်းတူ လူတိုင်းကို ကျွန်ုပ်တို့ ချစ်ခြင်းမေတ္တာ ထားသင့်ပါသည်။

 သခင်ခရစ်တော်သည်လည်း ဤအကြောင်းနှင့်ပတ်သက်ပြီး ဆိုထားပါတယ်။ ရှင်ယောဟန်ခရစ်ဝင် ၁၅:၁၂ “ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။ ကျွန်ုပ်တို့ကို သခင်ခရစ်တော် မည်ကဲ့သို့ ချစ်ပါသနည်း။ အကြွင်းမဲ့၊ လွှတ်လပ်စွာ ၊ ပြည့်စုံစွာ နှင့် အစဉ်မပြတ် ချစ်ပါသည်။ ဒါဆို သင်တခြားသူတွေ ၊ တခြားမျိုးနွယ်တို့ကိုရော မည်ကဲ့သို့ ချစ်ပါသနည်း။ အကြွင်းမဲ့ ၊ လွှတ်လပ်စွာ ၊ ပြည့်စုံစွာ နှင့် အစဉ်မပြတ်လား။

 ချစ်ခြင်းမေတ္တာဆိုသည်မှာ တစ်စုံတစ်ယောက်နှင့်ဆိုင်သော အရာရာတိုင်းကို လက်ခံခြင်းလို့ မဆိုလိုပါ။ ကျွန်ုပ်တို့ လုပ်ဆောင်သမျှသောအရာရာတိုင်းကို သခင်ခရစ်တော် လက်မခံပေမဲ့ ကျွန်ုပ်တို့ကို ချစ်စဲဖြစ်ပါတယ်။

သမ္မာကျမ်းစာဆိုထားသည်မှာ ရှင်ယာကုပ်ခရစ်ဝင် ၂:၁ “ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်။” အိမ်ခြေယာမဲ့လို့ထင်ရတဲ့ လူတစ်ဉီးဖြစ်သော်ငြားလည်း အဲဒီလူကို ပြောဆိုဆက်ဆံတဲ့အခါမှာ သင့်ကိုယ်သင် အမှုဆောင်တာဝန်ရှိသူ တစ်ဉီးကဲ့သို့ ဖြစ်စေသင့်ပါသည်။

ချစ်ခြင်းမေတ္တာသည် အလွန်တရာ လက်တွေ့အသုံးကျပါတယ်။ ကျွန်ုပ်၏ အဖွဲ့အစည်းငယ်လေးထဲတွင် စုံတွဲတစ်တွဲရှိပါတယ်။ သူတို့တွင် ကလေး (၇) ဉီးရှိပြီး (၄) ဉီးမှာသူတို့၏ ကိုယ်ပိုင်ဖြစ်ပြီး ကျန် (၃) ဉီးမှာ Rwanda မှခေါ်ယူမွေးစားထားခြင်း ဖြစ်သည်။ Rwanda မှကလေး (၃)ဉီးသည် လူမျိုးရေးခွဲခြားမှုတွေကို တွေ့ကြုံနိုင်မည်။ ၎င်းစုံတွဲကို ယုံကြည်သူခရစ်ယာန်အနေဖြင့် ၎င်းလူမျိုးရေးတွေကို မည်ကဲ့သို့ ကိုင်တွယ်သင့်သလဲလို့ မကြာသေးမီက ကျွန်ုပ်မေးခဲ့ပါတယ်။ သူတို့က အရမ်းကို လက်တွေ့ကျတဲ့ နည်းလမ်းဖြစ်တဲ့ “တခြားသော လူမျိုးခြားတွေကို ချစ်ခြင်းမေတ္တာပေးဖို့” ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

 (၁) Colorblind အရောင်ကန်း မဖြစ်ပါနှင့်။

သူတို့သည် သူတို့၏ အရောင်ကို နှစ်သက်ကြပါတယ်။ ဒါကြောင့် အဲဒီအရာကို လစ်လျူရှုစရာမလိုပါ။ သူတို့၏ လူမျိုးရေးပေါ်အခြေခံပြီး ဆုံးဖြတ်ချက်တွေ ဘယ်သူမှ မပြုသင့်ပါဘူး။

 (၂) သင်နားလည်ကြောင်း မတရားမှု ကြုံတွေခံရစားသူတွေကို မပြောပါနှင့်။

သင်မသိပါဘူး။ တခြားသူတွေ တွေ့ကြုံခံစားရတဲ့ အခက်အခဲတွေကို ဘယ်သူမှ နားမလည်ပါဘူး။ သင်ပြောဆိုလုပ်ဆောင်တာတွေသည် ရိုးရှင်းစွာ ပယ်ရှားပြီဖြစ်သည်။

 (၃) သင်၏သမိုင်းသည် သူတို့၏သမိုင်းနှင့် မတူကြောင်းကို သတိရပါ။

ချီကာဂိုမြို့လယ်တွင် မွေးဖွားသောသူနှင့် နယူးမဂ္ဂစီကို ဂယ်လယ်အရပ် မွေးမြူရေးခြံတွင် မွေးဖွားသော သူတို့သည် သမိုင်းအကြောင်းကိုယ်စီအမျိုးမျိုးရှိပါသည်။ သမိုင်းအကြောင်းအရာတွေ ၊ အခြေအနေတွေ က အရေးကြီးပါတယ်။

 (၄) သမိုင်းတွေကို လစ်လျူရှုခြင်း မပြုပါနှင့်။ (သို့) ၎င်းကိုကျော်လွှားလိုက်ပါ လို့ပြောခြင်း။

နာကျင်မှုကိစ္စရပ်တွေဖြစ်ပါတယ်။ ကျွန်ုပ်ပြောသော Rwanda မှကလေး (၃)ဉီးတို့သည် မိဘမဲ့ဖြစ်ခြင်းက သူတို့၏ မိဘတွေသည် လူမျိုးတုံးသတ်ဖြတ်ခြင်းတွင် အသတ်ခံခဲ့ရသောကြောင့်ဖြစ်ပါတယ်။ သင်၏ မိဘတွေသည် ထိုကဲ့သို့ အသတ်ခံရခြင်းမရှိပါ။ သူတို့၏ နာကျင်မှုများကို သင်နားလည်နိုင်ခြေ မရှိနိုင်ပါ။

 (၅) ပုံသေကားချပ်ဖြစ်သောအရာတိုင်းကို ဆန့်ကျင်ပါ။

ကမ္ဘာပေါ်ရှိ လူတွေအားလုံးတို့သည် ပုံသေကားချပ်ကို ခံစားနေကြပါတယ်။ သို့ပေမဲ့ ပုံသေကားချပ်သည် ဘယ်တော့မှ မမှန်ကန်ပါ။ လူတို့၏ အသားအရောင် ၊ လူမျိုး (သို့) အယူဝါဒ တွေကြောင့် တစ်စုံတစ်ယောက်ကို ပုံသေကားချပ် မမြင်ပါနှင့်။ လူတိုင်းကို တစ်ဉီးချင်းစီတိုင်း တွေ့မြင်တတ်ဖို့ လက်ခံကြရအောင်။

သခင်ခရစ်တော်လို ကျွန်ုပ်တို့ ချစ်ခြင်းမေတ္တာထားပါလျှင် လူမျိုးရေး ခွဲခြားမှုတွေကို အတူတကွ ပပျောက် စေနိုင်သည်။

စတင်ဖို့ သင်အဆင်သင့်ဖြစ်ပြီလား။

 ဆင်ခြင်ရန်

- ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့သည် လက်ခံမှုနှင့်အတူ ဘာကြောင့်များမကြာခဏ နှိုင်းယှဉ်ပါသနည်း။ ၎င်းသည် ဘာကြောင့် အန္တရာယ်ရှိပါသနည်း။

- Colorblind အရောင်ကန်းဖြစ်ခြင်းကို ကြိုးပမ်းခြင်းထက် ကျွန်ုပ်တို့၏ကမ္ဘာရှိ မတူညီကွဲပြားမှု  အမျိုးစုတို့ကို မည်ကဲ့သို့သော နည်းလမ်းတစ်ချို့ဖြင့် ဂုဏ်ပြုနိုင်ပါမည်နည်း။

-ကွဲပြားခြားနားသော လူအမျိုးမျိုးတို့ကို သင်သိရှိလာသည့် နှင့်အမျှ သင်မှားယွင်းနေကြောင်းကို မကြာသေးခင်က တွေ့ရှိခဲ့ခြင်းသည် မည်သို့သော အနုတ်သဘောဆောင်တဲ့ ပုံသေကားချပ်တစ်ချို့က သင့်အသက်တာတွင် အနှောင့်အယှက် ဖြစ်စေပါသနည်း။


-------------------------------------------------------------------------------------------

Zawgyi Version

လူမ်ိဳးေရး ခြဲျခားဆက္ဆံတဲ့ဝါဒ၏ ေျဖေဆး - သခင္ခရစ္ေတာ္နည္းတူ ခ်စ္ျခင္းျဖစ္သည္။
ရွင္ယာကုပ္ခရစ္ဝင္ ၂:၁ “ငါ့ညီအစ္ကိုတို႔၊ ဘုန္းႀကီးေတာ္မူေသာ ငါတို႔ သခင္ေယရႈခရစ္ကို ယုံၾကည္ျခင္းအမႈမွာ၊ လူမ်က္ႏွာကို ေထာက္ျခင္းမရွိၾကႏွင့္။”

လူမ်ိဳးေရး ခြဲျခားျခင္းသည္ ခ်စ္ျခင္းေမတၱာကင္းမဲ့မႈမွ စတင္ပါသည္။ လူတစ္ဉီးအေပၚတြင္ သင္သည္ သခင္ခရစ္ေတာ္ေလာက္ မခ်စ္ႏိုင္ပါ။ ထိုသူကိုလည္း သင္၏စိတ္ႏွလုံးထဲတြင္ မလိုမုန္းတီးေနသည္။ ၎သည္ မျဖစ္သင့္ေပ။ သခင္ခရစ္ေတာ္နည္းတူ လူတိုင္းကို ကြၽႏ္ုပ္တို႔ ခ်စ္ျခင္းေမတၱာ ထားသင့္ပါသည္။

သခင္ခရစ္ေတာ္သည္လည္း ဤအေၾကာင္းႏွင့္ပတ္သက္ၿပီး ဆိုထားပါတယ္။ ရွင္ေယာဟန္ခရစ္ဝင္ ၁၅:၁၂ “ငါ့ပညတ္ဟူမူကား၊ ငါသည္ သင္တို႔ကိုခ်စ္သည္နည္းတူ၊ သင္တို႔သည္ အခ်င္းခ်င္းခ်စ္ၾကေလာ့။” ကြၽႏ္ုပ္တို႔ကို သခင္ခရစ္ေတာ္ မည္ကဲ့သို႔ ခ်စ္ပါသနည္း။ အႂကြင္းမဲ့၊ လႊတ္လပ္စြာ ၊ ျပည့္စုံစြာ ႏွင့္ အစဥ္မျပတ္ ခ်စ္ပါသည္။ ဒါဆို သင္တျခားသူေတြ ၊ တျခားမ်ိဳးႏြယ္တို႔ကိုေရာ မည္ကဲ့သို႔ ခ်စ္ပါသနည္း။ အႂကြင္းမဲ့ ၊ လႊတ္လပ္စြာ ၊ ျပည့္စုံစြာ ႏွင့္ အစဥ္မျပတ္လား။

ခ်စ္ျခင္းေမတၱာဆိုသည္မွာ တစ္စုံတစ္ေယာက္ႏွင့္ဆိုင္ေသာ အရာရာတိုင္းကို လက္ခံျခင္းလို႔ မဆိုလိုပါ။ ကြၽႏ္ုပ္တို႔ လုပ္ေဆာင္သမွ်ေသာအရာရာတိုင္းကို သခင္ခရစ္ေတာ္ လက္မခံေပမဲ့ ကြၽႏ္ုပ္တို႔ကို ခ်စ္စဲျဖစ္ပါတယ္။
သမၼာက်မ္းစာဆိုထားသည္မွာ ရွင္ယာကုပ္ခရစ္ဝင္ ၂:၁ “ငါ့ညီအစ္ကိုတို႔၊ ဘုန္းႀကီးေတာ္မူေသာ ငါတို႔ သခင္ေယရႈခရစ္ကို ယုံၾကည္ျခင္းအမႈမွာ၊ လူမ်က္ႏွာကို ေထာက္ျခင္းမရွိၾကႏွင့္။” အိမ္ေျခယာမဲ့လို႔ထင္ရတဲ့ လူတစ္ဉီးျဖစ္ေသာ္ျငားလည္း အဲဒီလူကို ေျပာဆိုဆက္ဆံတဲ့အခါမွာ သင့္ကိုယ္သင္ အမႈေဆာင္တာဝန္ရွိသူ တစ္ဉီးကဲ့သို႔ ျဖစ္ေစသင့္ပါသည္။
ခ်စ္ျခင္းေမတၱာသည္ အလြန္တရာ လက္ေတြ႕အသုံးက်ပါတယ္။ ကြၽႏ္ုပ္၏ အဖြဲ႕အစည္းငယ္ေလးထဲတြင္ စုံတြဲတစ္တြဲရွိပါတယ္။ သူတို႔တြင္ ကေလး (၇) ဉီးရွိၿပီး (၄) ဉီးမွာသူတို႔၏ ကိုယ္ပိုင္ျဖစ္ၿပီး က်န္ (၃) ဉီးမွာ Rwanda မွေခၚယူေမြးစားထားျခင္း ျဖစ္သည္။ Rwanda မွကေလး (၃)ဉီးသည္ လူမ်ိဳးေရးခြဲျခားမႈေတြကို ေတြ႕ႀကဳံႏိုင္မည္။ ၎စုံတြဲကို ယုံၾကည္သူခရစ္ယာန္အေနျဖင့္ ၎လူမ်ိဳးေရးေတြကို မည္ကဲ့သို႔ ကိုင္တြယ္သင့္သလဲလို႔ မၾကာေသးမီက ကြၽႏ္ုပ္ေမးခဲ့ပါတယ္။ သူတို႔က အရမ္းကို လက္ေတြ႕က်တဲ့ နည္းလမ္းျဖစ္တဲ့ “တျခားေသာ လူမ်ိဳးျခားေတြကို ခ်စ္ျခင္းေမတၱာေပးဖို႔” ျဖစ္တယ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။

(၁) Colorblind အေရာင္ကန္း မျဖစ္ပါႏွင့္။
သူတို႔သည္ သူတို႔၏ အေရာင္ကို ႏွစ္သက္ၾကပါတယ္။ ဒါေၾကာင့္ အဲဒီအရာကို လစ္လ်ဴရႈစရာမလိုပါ။ သူတို႔၏ လူမ်ိဳးေရးေပၚအေျခခံၿပီး ဆုံးျဖတ္ခ်က္ေတြ ဘယ္သူမွ မျပဳသင့္ပါဘူး။

(၂) သင္နားလည္ေၾကာင္း မတရားမႈ ႀကဳံေတြခံရစားသူေတြကို မေျပာပါႏွင့္။
သင္မသိပါဘူး။ တျခားသူေတြ ေတြ႕ႀကဳံခံစားရတဲ့ အခက္အခဲေတြကို ဘယ္သူမွ နားမလည္ပါဘူး။ သင္ေျပာဆိုလုပ္ေဆာင္တာေတြသည္ ႐ိုးရွင္းစြာ ပယ္ရွားၿပီျဖစ္သည္။

(၃) သင္၏သမိုင္းသည္ သူတို႔၏သမိုင္းႏွင့္ မတူေၾကာင္းကို သတိရပါ။
ခ်ီကာဂိုၿမိဳ႕လယ္တြင္ ေမြးဖြားေသာသူႏွင့္ နယူးမဂၢစီကို ဂယ္လယ္အရပ္ ေမြးျမဴေရးၿခံတြင္ ေမြးဖြားေသာ သူတို႔သည္ သမိုင္းအေၾကာင္းကိုယ္စီအမ်ိဳးမ်ိဳးရွိပါသည္။ သမိုင္းအေၾကာင္းအရာေတြ ၊ အေျခအေနေတြ က အေရးႀကီးပါတယ္။

(၄) သမိုင္းေတြကို လစ္လ်ဴရႈျခင္း မျပဳပါႏွင့္။ (သို႔) ၎ကိုေက်ာ္လႊားလိုက္ပါ လို႔ေျပာျခင္း။
နာက်င္မႈကိစၥရပ္ေတြျဖစ္ပါတယ္။ ကြၽႏ္ုပ္ေျပာေသာ Rwanda မွကေလး (၃)ဉီးတို႔သည္ မိဘမဲ့ျဖစ္ျခင္းက သူတို႔၏ မိဘေတြသည္ လူမ်ိဳးတုံးသတ္ျဖတ္ျခင္းတြင္ အသတ္ခံခဲ့ရေသာေၾကာင့္ျဖစ္ပါတယ္။ သင္၏ မိဘေတြသည္ ထိုကဲ့သို႔ အသတ္ခံရျခင္းမရွိပါ။ သူတို႔၏ နာက်င္မႈမ်ားကို သင္နားလည္ႏိုင္ေျခ မရွိႏိုင္ပါ။

(၅) ပုံေသကားခ်ပ္ျဖစ္ေသာအရာတိုင္းကို ဆန႔္က်င္ပါ။ 
ကမာၻေပၚရွိ လူေတြအားလုံးတို႔သည္ ပုံေသကားခ်ပ္ကို ခံစားေနၾကပါတယ္။ သို႔ေပမဲ့ ပုံေသကားခ်ပ္သည္ ဘယ္ေတာ့မွ မမွန္ကန္ပါ။ လူတို႔၏ အသားအေရာင္ ၊ လူမ်ိဳး (သို႔) အယူဝါဒ ေတြေၾကာင့္ တစ္စုံတစ္ေယာက္ကို ပုံေသကားခ်ပ္ မျမင္ပါႏွင့္။ လူတိုင္းကို တစ္ဉီးခ်င္းစီတိုင္း ေတြ႕ျမင္တတ္ဖို႔ လက္ခံၾကရေအာင္။ 
သခင္ခရစ္ေတာ္လို ကြၽႏ္ုပ္တို႔ ခ်စ္ျခင္းေမတၱာထားပါလွ်င္ လူမ်ိဳးေရး ခြဲျခားမႈေတြကို အတူတကြ ပေပ်ာက္ ေစႏိုင္သည္။
စတင္ဖို႔ သင္အဆင္သင့္ျဖစ္ၿပီလား။

ဆင္ျခင္ရန္
- ခ်စ္ျခင္းေမတၱာကို ကြၽႏ္ုပ္တို႔သည္ လက္ခံမႈႏွင့္အတူ ဘာေၾကာင့္မ်ားမၾကာခဏ ႏႈိင္းယွဥ္ပါသနည္း။ ၎သည္ ဘာေၾကာင့္ အႏၲရာယ္ရွိပါသနည္း။
- Colorblind အေရာင္ကန္းျဖစ္ျခင္းကို ႀကိဳးပမ္းျခင္းထက္ ကြၽႏ္ုပ္တို႔၏ကမာၻရွိ မတူညီကြဲျပားမႈ  အမ်ိဳးစုတို႔ကို မည္ကဲ့သို႔ေသာ နည္းလမ္းတစ္ခ်ိဳ႕ျဖင့္ ဂုဏ္ျပဳႏိုင္ပါမည္နည္း။
-ကြဲျပားျခားနားေသာ လူအမ်ိဳးမ်ိဳးတို႔ကို သင္သိရွိလာသည့္ ႏွင့္အမွ် သင္မွားယြင္းေနေၾကာင္းကို မၾကာေသးခင္က ေတြ႕ရွိခဲ့ျခင္းသည္ မည္သို႔ေသာ အႏုတ္သေဘာေဆာင္တဲ့ ပုံေသကားခ်ပ္တစ္ခ်ိဳ႕က သင့္အသက္တာတြင္ အေႏွာင့္အယွက္ ျဖစ္ေစပါသနည္း။