Unicode Version
အောင်မြင်သောသူတို့သည် သူဆင်းရဲတို့ကို ကူညီမစကြသည်
သုတ္တံ ၃၁:၈-၉ “ကိုးကွယ်ရာမရှိသော သူအပေါင်းတို့၏အမှုကို စောင့်ခြင်းငှါ၊
စကားအသောသူတို့ဘက်မှာ နေ၍ပြောလော့။ စကားပြောလျက်၊
တရားသဖြင့်စီရင်လျက်၊ ဆင်းရဲငတ်မွတ်သောသူတို့၏ အမှုကိုစောင့်လော့။”
အောင်မြင်သော
အသက်တာကို သင်ရှင်သန်နေထိုင်ချင်ပါလျှင် သမ္မာကျမ်းစာက ထုံးဓမ်းယဉ်ကျေးမှုနှင့် မတူသော
ညွှန်ကြားချက်တစ်ချို့ကို ပေးထားပါတယ်။ ဆင်းရဲသော သူတို့ကို မစလော့။
ဆင်းရဲသားတို့ကို
မစခြင်းက ကျွန်ုပ်တို့ အောင်မြင်ဖို့အတွက် မည်ကဲ့သို့ အကူအညီဖြစ်စေနိုင်မည်နည်း။
သမ္မာကျမ်းစာက
ကျွန်ုပ်တို့ကို အကြောင်းရင်းများစွာ ဖော်ပြထားပါတယ်။ ကျွန်ုပ်အနည်းငယ် တင်ပြပါရစေ။
သင့်အား
ပျော်ရွှင်စေပါလိမ့်မည်။ သုတ္တံ ၁၄:၂၁ “သင်ပျော်ရွှင်ချင်ပါလျှင်
ဆင်းရဲသားတို့ကို ကြင်နာပါ။ လူကို မထီမဲ့မြင်ပြုခြင်းသည် အပြစ်ရှိ၏။”
သင်ဘုရားသခင်ကို
ချီးမြှောက်ဂုဏ်တင်လိမ့်မည်။ သုတ္တံ ၁၄:၃၁ “ဆင်းရဲသားတို့ကို
ညှဉ်းဆဲသောသူသည် ဖန် ဆင်းတော်မူသော ဘုရားကိုကဲ့ရဲ့၏။ ဘုရားကို ရိုသေ သောသူမူကား၊ ဆင်းရဲသောသူတို့ကို
သနားတတ်၏။”
၎င်းသည်
သင့်အားကောင်းသော ခေါင်းဆောင်တစ်ယောက် ဖြစ်စေမည်။ သုတ္တံ
၂၉:၁၄ “ဆင်းရဲသားတို့ကို တရားသဖြင့် စီရင်သော ရှင် ဘုရင်၏အာဏာတော်သည် အစဉ်အမြဲတည်တတ်၏။”
၎င်းကို ကျွန်တော့အသက်တာတွင် တွေ့မြင်ခဲ့ပါတယ်။ တစ်ချို့က ကျွန်တော့အကြောင်းကို
သိပါတယ် ။ “The Purpose Driven Life” စာအုပ်ကို ရေးသားခဲ့တဲ့အခါမှာ
ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှု ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။
စာအုပ်၏ အောင်မြင်ခြင်းက ကျွန်ုပ်နှင့် မသက်ဆိုင်ပါ။ ဘုရားသခင်နှင့် သာဆိုင်ပါသည်။
ဤအတောအတွင်း
သုတ္တံ ၃၁:၈-၉ က ကျွန်တော့ကို အထူးသဖြင့် မိန်တော်မူခဲ့ပါတယ်။
သုတ္တံ ၃၁:၈-၉ “ကိုးကွယ်ရာမရှိသော သူအပေါင်းတို့၏အမှုကို စောင့်ခြင်းငှါ၊
စကားအသောသူတို့ဘက်မှာ နေ၍ပြော လော့။ စကားပြောလျက်၊
တရားသဖြင့်စီရင်လျက်၊ ဆင်းရဲငတ်မွတ်သောသူတို့၏ အမှုကိုစောင့်လော့။”
၎င်းသည် အောင်မြင်သော သူတွေပြုသောအရာ ဖြစ်ပါတယ်။ မိမိကိုယ်ကို မရပ်တည်နိုင်ကြတဲ့
သူတွေအတွက် အောင်မြင်တဲ့သူတွေက ရပ်တည်ပေးခဲ့ကြပါတယ်။
ဆင်ခြင်ရန်
-အောင်မြင်သော
သူတွေအနေဖြင့် ဆင်းရဲသားတို့ကို ကူညီဖို့ နှင့် မရပ်တည်နိုင်တဲ့သူတွေအတွက် ရပ်တည်ဖို့ရန်
ဘာကြောင့် အရေးကြီးပါသနည်း။
-ဆင်းရဲသောသူ
၊ လိုအပ်သောသူတို့ကို ကူညီဖို့ရန် အောင်မြင်သောသူတို့အတွက် မည်သို့သော ယဉ်ကျေးမှု ဖြစ်မည်နည်း။
-ဆင်းရဲသားတို့ကို
သစ္စာရှိရှိ ကူညီဖို့ရန် သင်ဘာကို ပိုပြီး ပြုလုပ်နိုင်မည်နည်း။
------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်