အခြေအမြစ်မရှိသော စွဲလမ်းခြင်းမျိုး ၊ မလိုမုန်းထားခြင်းမျိုးကို ဘုရားသခင် မုန်းတီးပါတယ်။ ကျွန်ုပ်တို့လည်း ထိုသို့ ပြုသင့်ပါသည်။
အခြေအမြစ်မရှိသော စွဲလမ်းခြင်းမျိုး ၊ မလိုမုန်းထားခြင်းမျိုးကို
ဘုရားသခင် မုန်းတီးပါတယ်။ ကျွန်ုပ်တို့လည်း ထိုသို့ ပြုသင့်ပါသည်။
ရာဇဝင်ချုပ် ဒုတိယစောင် ၁၉:၇ “သို့ဖြစ်၍ ထာဝရဘုရားကို ကြောက်ရွံ့သော
စိတ်ရှိ၍ သတိပြုကြလော့။ ငါတို့ဘုရားသခင်သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာကို
ထောက် ခြင်း၊ တံစိုးစားခြင်း အခွင့်ရှိတော်မမူဟု မှာထားတော် မူ၏။”
ကျွန်ုပ်တို့ လူမျိူးတွေသည် လူမျိုးရေးကိစ္စတွေမှာ ကုသမှုပြုဖို့အတွက် အလွန်အမင်းအရေးကြီးပါတယ်။ ကျွန်ုပ်တို့တွေ အရှုပ်အထွေး ၊သပွတ်အူလိုက်ခြင်းတွေမှာ ကျရောက်နေပြီး အသင်းတော်သည်လည်း ငြိမ်နေလို့ မရတော့ပါ။ သခင်ခရစ်တော်၏ ကိုယ်ဖြစ်ကြသည်အတိုင်း ၎င်းနှင့်ပတ်သက်ပြီး အဆင်မပြေသည့်တိုင် ပြောရပါတော့မည်။
လူမျိုးရေးခွဲခြားဆက်ဆံသော ဝါဒကို ကျွန်ုပ်တို့ လစ်လျူရှုလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အင်မတန်ရိုးရှင်း ပါတယ် ။ ၎င်းကို ဘုရားသခင် မုန်းတီးသောကြောင့်ဖြစ်တယ်။ ဘုရားသခင်က လူမျိုးရေး မလိုမုန်းထားခြင်းတွေ ၊ အစွဲအလမ်းတွေကို မုန်းတဲ့အတွက်ကြောင့် ကျွန်ုပ်တို့သည်လည်း ထိုကဲ့သို့ပြု သင့်ပါ သည်။
ဘာကြောင့်များ ဘုရားသခင်သည် ဘုရားသခင်က လူမျိုးရေး စွဲလမ်းခြင်းတွေကို မုန်းရပါသနည်း။
လူမျိုးရေး အစွဲအလမ်းသည် ဘုရားသခင်၏ ဖန်းဆင်းခြင်းကို စစ်ကြောပါသည်။
ကျွန်ုပ်တို့ကို
ဘုရားသခင် တူညီစွာ ဖန်ဆင်းထားပါတယ်။ အချင်းချင်း တူညီနေနိုင်ကြသည်။ သို့ပေမဲ့ ဘုရားသခင်က
အဲဒီလို မပြုထားပါဘူး။ သူက အမျိုးမျိုး ၊ အဖုံဖုံ စုံလင်ခြင်းကို ချစ်မြတ်နိုးလို့
ဖြစ်တယ်။
လူမျိုးရေး အစွဲအလမ်းသည် မသိနားမလည်ခြင်း၏ သင်္ကေတဖြစ်ပါတယ်။
မလိုမုန်းထားခြင်းတွေကို
ကျွန်ုပ်တို့ ဆန္ဒဖော်ပြကြတဲ့အခါတွင် ကျွန်ုပ်တို့၏ ပြောဆိုခြင်းတွေနှင့်ပတ်သက်ပြီး
ကျွန်ုပ်တို့ ကိုယ်တိုင် မသိနားမလည်ကြဘူးဆိုတာကို ကမ္ဘာကို ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
သမ္မာကျမ်းစာက ဆိုထားသည်မှာ ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၂:၁၁ “မိမိညီအစ်ကိုကို မုန်းသောသူသည် မှောင်မိုက်၌ရှိ၏။ မှောင်မိုက်၌လည်းကျင်လည်သွားလာ၏။ မှောင်မိုက်ကြောင့်သူ၏မျက်စိ မမြင်နိုင်သဖြင့်၊ အဘယ်အရပ်သို့ ကိုယ်သွားသည်ကိုကိုယ်မသိ။”
သမ္မာကျမ်းစာက
ပြောထားသည်မှာ အကယ်၍ ကျွန်ုပ် လူတစ်စုံတစ်ယောက်ကို မုန်းခြင်းသည် အဲဒီလူသည် ထူးခြားလို့ဖြစ်တယ်။
ကျွန်ုပ်ကသာ ဘာမှမသိနားမလည်ဘဲ ကန်းနေခြင်းဖြစ်ပါတယ်။ ၎င်းသည် ဘုရားသခင်ထံမှ လာသော တည်ကြည်သော
ဝေဖန်ပြစ်တင်မှု တစ်ခုဖြစ်ပါတယ်။
လူမျိုးရေး စွဲလမ်းခြင်းက ကြီးမြတ်သော ပညတ်တော်တို့ကို မနာခံရာ ရောက်ပါတယ်။
တမန်တော်ရှင်ပေါလုက
“အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ
ချစ်လော့ဟူသော ပညတ် တပါးကို ကျင့် လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာ ရောက်၏။ သို့မဟုတ် အချင်းချင်းကိုက်စား လျှင် အချင်းချင်း ဖျက်ဆီးမည်ဟု စိုးရိမ်၍သတိရှိကြလော့။”
ဂလာတိဩဝါဒစာ ၈:၁၅-၁၆
သင်၌ လူမျိုးရေးဝါဒ သဘောထားတွေရှိပါလျှင် ဤသမ္မာတရား၏ ပြတ်သားသော စစ်မှန်မှုကို မနာခံခြင်းဖြစ်ပါ တယ်။ ကျွန်ုပ်တို့သည် လူတစ်ဉီး၏ အပြင်ပန်းအသွင်အပြင်ကို ကြည့်ပြီး စီရင်ခွင့် မပြုနိုင်ပါ။ ညီအစ်ကိုတွေလိုမျိုး စစ်မှန်တဲ့ ချစ်ခြင်းလည်း မပြုနိုင်ပါ။
လူမျိုးရေး စွဲလမ်းခြင်းက ကြီးသော အပြစ်တစ်ခုဖြစ်ပါတယ်။ ရှင်ယာကုပ် ၂:၉ “သို့မဟုတ် လူမျက်နှာကို ထောက်လျှင်၊ ဒုစရိုက်ကို ပြုသောသူဖြစ်ကြ၏။ တရားကို လွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။”
လူမျိုးကြီးဝါဒ
အယူအဆ တွေသည် အပြစ်ဖြစ်ပါတယ်။ အသားအရေမဟုတ်ပါ။ တစ်နေ့တွင် ကျွန်ုပ်တို့တွေ သည် ဘုရားသခင်ထံ
မိမိနှုတ်နှင့် သစ္စာခံရပါမည်။
စွဲလမ်းမှုနှင့်
တစ်ယူသန်မှုတို့အတွက် ကျွန်ုပ်တို့၏နှလုံးသားကို ရှာဖွေတဲ့အခါမှာ အဓိကအရေးကြီးဆုံးသော
အမှတ်ရဖို့ရန် “ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊
ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊
ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။” ရှင်ယောဟန်ဩဝါဒစာ ပဌမစောင်
၁:၉
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအားဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးတစ်ခုချင်းစီတိုင်းကို ပြောင်းလဲသွားခြင်းကြောင့် ကျွန်ုပ်တို့ကို စွဲလမ်းခြင်းအရာကနေ ပယ်ရှင်းနိုင်ပါမည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြောင်းလဲဖို့ရန် လိုလားပြီး ပြောင်းလဲဖို့ရန်လည်း တတ်စွမ်းပါသည်။
ဆင်ခြင်ရန်
-ဘုရားသခင်က
မလိုမုန်းထားခြင်း၊ စွဲလမ်းခြင်းတွေကို မုန်းပါလျှင် နှစ်ပေါင်းများစွာ အသင်းတော်အတွက်
ဘာကြောင့်များ ကိုင်တွယ်ဖြေရှင်းဖို့ရန် ဤမျှလောက်ခက်ခဲရပါသနည်း။ ၎င်းကို ကျွန်ုပ်တို့
မည်ကဲ့သို့ ကျော်လွှားနိုင်မည်နည်း။
-အထက်ပါ
ဘုရားသခင်မုန်းတီးသော စွဲလမ်းခြင်းများ၌ မည်သို့သော အချက်က သင့်အတွက် အဓိက အရေးပါ ပါသနည်း။
ဘာကြောင့်နည်း။
-သင့်အသက်တာတွင်
စွဲလမ်းခြင်း ၊ မလိုမုန်းတီးခြင်းတွေကို ဖွင့်ပြဖို့ရန် ဘုရားသခင်အား တောင်းလျှောက်ပါ။
ဘုရားသခင် ဖွင့်ပြပါလျှင် ၎င်းကို အပြစ်ကဲ့သို့ ဝန်ခံပါ။ ပြီးတော့ သင်၏ ကျိုးပဲ့နေသော
နှလုံးသာကို ကုစားပေးဖို့ရန် နှင့် လူမျိုးရေး ပြေလည်ခြင်းတွေကို ဉီးဆောင်ဖို့ရန် သခင်ခရစ်တော်အား
တောင်းလျှောက်ပါ။
---------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်