Unicode Version
ရှင်ယောဟန်ခရစ်ဝင် ပဌမစောင် ၃:၁၇ “အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင်၊
မိမိညီအစ်ကို ဆင်းရဲခြင်းကိုမြင်၍၊ သနားခြင်း ကရုဏာစိတ်ကို ချုပ်တည်း၏။ ထိုသူ၌ဘုရားသခင်၏
မေတ္တာတော်သည် အဘယ်သို့တည်မည်နည်း။”
ဘုရားသခင်သည်
သင့်အား ထူးခြားသော စွမ်းရည် ၊ လက်ဆောင် ၊ အစွမ်း နှင့် ကျွမ်းကျင်မှုတို့ကို ပေးထားပါ တယ်။ သို့ပေမဲ့
၎င်းတို့ကို သင်၏အကျိုးအတွက် ပေးထားခြင်းမဟုတ်ပါ။ တခြားသော သူတွေ၏အကျိုးအဖို့ အလို့ငှာ
သင့်အား ပေးထားခြင်းဖြစ်သည်။ ယခုနေ့ရက်တို့တွင် အိမ်တွင်နေရဖို့ဖြစ်လာသော်ငြားလည်း
“အိမ်နီးချင်းတို့ကိုချစ်ပါ”ဆိုတဲ့ ဘုရားသခင်၏ ပညတ်တော်ကို သင်နာခံသည်နည်းတူ ၎င်းလက်ဆောင်မွန်တို့အား
အသုံးပြုဖို့ရန် အချိန်ကောင်းသည် ဘယ်သောအခါမှ မဖြစ်လာခဲ့ပါ။
လိုအပ်ချက်များကို
ဖြည့်ဆည်းပေးခြင်း နှင့် တခြားသူများအတွက် အမှုဆောင်ခြင်းသည် ချစ်ခြင်းမေတ္တာ ဖြစ်ပါ
တယ်။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ရှင်ယောဟန်ခရစ်ဝင် ပဌမစောင် ၃:၁၇ “အကြင်သူ သည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင်၊
မိမိညီအစ်ကို ဆင်းရဲခြင်းကိုမြင်၍၊ သနားခြင်း ကရုဏာစိတ်ကို ချုပ်တည်း ၏။ ထိုသူ၌ဘုရားသခင်၏
မေတ္တာတော်သည် အဘယ်သို့တည်မည်နည်း။”
ကမ္ဘာအနှံ့
ရောဂါဖြစ်ပွားစဉ်ကတည်းကပင် လူတစ်ချို့တို့သည် သူတို့၏ အိမ်နီးချင်းတွေကို ဆန်းသစ်မှုနည်း
လမ်းပေါင်းများစွာနှင့်ပတ်သက်ပြီး အကူအညီပေးခြင်းတွေကို ကျွန်ုပ်ကြားခဲ့ပါတယ်။ ကုန်စုံဆိုင်
သို့ သင်သွား တဲ့အခါ သင်၏ အိမ်နီးချင်း ၊ အထူးသဖြင့် အသက်ကြီးသောသူတွေမှာ လိုအပ်တာတစ်စုံတခုများ
ရှိနေမလားလို့ သင်စစ်ဆေးနိုင်ပါတယ်။ တစ်စုံတစ်ယောက်၏ မြက်ခင်းကို ဖြတ်ပေးခြင်း (သို့)
သူတို့ ကားကို ဆေးကြော ပေးခြင်း လုပ်ဆောင်နိုင်သည်။ တစ်စုံတစ်ဉီးမှာတော့ သူ၏ ကလေးကျောင်းကိစ္စ
၊ အခွန်ကိစ္စ (သို့) ကားပြသနာ တွေနှင့် ပတ်သက်တဲ့ မေးခွန်းများ ရှိကောင်းရှိမည်။
အစားအသောက်တွေက
အမြဲတမ်း တံခါးဖွင့်ပေးပါတယ်။ တစ်စုံတစ်ဉီးအတွက် အစားအသောက် ပြင်ဆင်ခြင်း (သို့) မိသားစုတစ်စုအတွက်
Donuts ပို့ခြင်းတွေ ပြုလို့ရပါတယ်။
သတင်းစာကို သူတို့တံခါးရှေ့ ယူဆောင်ပေးခြင်း။ မှော်ပင်တွေကို ကူရှင်းပေးခြင်း
(သို့) တံခါးပြင်ပ အပြင်အဆင် တွေအတွက် ကူညီပေးခြင်း။ သင့်ဖုန်းနံပါတ်ကို တခြားသူတွေကို
ဝေမျှခြင်းဖြင့် သူတို့ လိုအပ်ချက်ရှိတဲ့အခါ သင့်အား အကြောင်းကြားနိုင်မည်ဖြစ်သည်။
ဤရောဂါကူးစက်သော ကာလတွင် အထောက်အပံ့အတွက် အဖွဲ့အစည်းတစ်ခုခုကို ဆက်သွယ်ပူးပေါင်းနိုင်ဖို့ရန်
မိသားစုတစ်စုက သူတို့၏ mailbox တွင် QR code ကိုတောင် တင်ထားပါတယ်။ အသင်းတော်မှပြုလုပ်သော
online ဝတ်ပြုစည်းဝေးကို ကြည့်ရှုဖို့ရန် လူတွေကို သင်ဖိတ်ခေါ်နိုင်ပါတယ် ၊ ဤအကြောင်းအရာတွေကို
သူတို့နှင့် စကားစမြည်ပြောဆိုနိုင်ပါတယ်။
အဓိကအရေးကြီးဆုံးမှာ
အိမ်နီးချင်းတို့၏ အကြီးမားဆုံးသော လိုအပ်ချက်ကို ဝေငှပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက
“ဘုရားသခင် သူတို့ကို ဘယ်လောက်ချစ်ကြောင်း နှင့် သူတို့အား ကယ်တင်ဖို့ရန် သခင်ခရစ်တော်
ဘယ်လို သေဆုံးခဲ့တယ်” ဆိုတဲ့အကြောင်းတွေကို ဝေမျှခြင်း ဖြစ်ပါတယ်။
သခင်ခရစ်တော်နှင့်
မည်ကဲ့သို့ သိကျွမ်းရင်းနှီးလာနိုင်တယ်ဆိုတာကို သင်၏ အိမ်နီးချင်းတို့ကို ရှင်းပြနိုင်ဖို့ရန်
သင်လေ့လာဖို့ လိုအပ်ပါတယ်။ ၎င်းသည် အရမ်းကြီး မခက်ခဲပါဘူး။ သူတို့၏ အတိတ်က အရာတွေသည်
ခွင့်လွှတ်ခံရတယ် ၊ အသက်ရှင်ခြင်း၏ ရည်ရွယ်ချက်တို့ကို သူတို့ရရှိနိုင်တယ်။ ပြီးတော့
ကောင်းကင်ဘုံတွင် အိမ်ပိုင်ဆိုင်ရမည့် အကြောင်းတွေကို သင်ဝေမျှနိုင်ပါသည်။ အသားကင်
(သို့) စကားလမ်းကြောင်းနှင့်အတူ သင်၏စိတ်နှလုံးကို အိမ်နီးချင်းတို့နှင့် သခင်ခရစ်တော်ကို
သင်ခွင့်ပြုခြင်းဖြင့် မေတ္တာတံတားကို တည်ဆောက်နိုင်ပါတယ်။
သင်၏အိမ်နီးချင်းတို့ကို ချစ်ခြင်းမေတ္တာပြနိုင်သော တစ်ခုတည်းသော အရေးအကြီးဆုံးနည်းလမ်းကား
သူတို့ကို သခင်ခရစ်တော်နှင့် မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။ သင့်ဝန်းကျင်ရှိလူတွေကို ချစ်ခြင်းမေတ္တာဖြင့်
ပံ့ပိုးကူညီဖို့ရန် အခွင့်အရေးတိုင်းကို အသုံးချပါ။ သို့မှသာ သူတို့ မသိခဲ့ဖူးတဲ့ အကြီးမြတ်ဆုံးသော
ချစ်ခြင်းမေတ္တာ အကြောင်း ကို သူတို့ သင်ယူလေ့လာနိုင်မည်ဖြစ်သည်။
ဆင်ခြင်ရန်
-သင်၏
အိမ်နီးချင်းတို့ကို အလွန်ရင်းနှီးပါလျှင် “ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သူတို့အပေါ်မည်သို့ရှိခြင်း
နှင့် သခင်ခရစ်တော်ပြုခဲ့သောအရာ”တို့ကို သူတို့နှင့် ဝေမျှပါသလား။ မဝေမျှပါလျှင် ၎င်းအကြောင်းအရာတို့ကို
ပြောဖို့ရန် မည်သည့်အရာက သင့်အား တားဆီးနေပါသနည်း။
-သခင်ခရစ်တော်၏
ချစ်ခြင်းမေတ္တာသည် သူတို့၌ရှိကြောင်းကို ဝေမျှခြင်း အတွက် ဤတစ်ပတ်အတွင်း သင်၏အိမ်နီးချင်းတို့နှင့်
မည်သို့သော တိကျသော နည်းလမ်းတို့ဖြင့် သင်ပြုနိုင်ပါမည်နည်း။ ဤသို့ ပြုခြင်းအတွက် မည်သူက
သင့်အား တာဝန်ယူပေးမည်နည်း။
-သင်၏
အိမ်နီးချင်းတို့ဆီရောက်ဖို့ရန် သင်၏ အသင်းတော် (သို့) အဖွဲ့အစည်းလေးက မည်ကဲ့သို့ အတူအကွ
ပါဝင် လုပ်ဆောင်နိုင်မည်နည်း။ သင်နှင့် တစ်လမ်းတည်းနေ ခရစ်ယာန်တစ်ဉီးနှင့် အတူ မည်ကဲ့သို့
လုပ်ဆောင် နိုင်ပါမည်နည်း။
---------------------------------------------------------------------------------------------
Zawgyi Version
ရွင္ေယာဟန္ခရစ္ဝင္ ပဌမေစာင္ ၃:၁၇ “အၾကင္သူသည္ ေလာကီစည္းစိမ္ဥစၥာရွိလ်က္ပင္၊ မိမိညီအစ္ကို ဆင္းရဲျခင္းကိုျမင္၍၊ သနားျခင္း က႐ုဏာစိတ္ကို ခ်ဳပ္တည္း၏။ ထိုသူ၌ဘုရားသခင္၏ ေမတၱာေတာ္သည္ အဘယ္သို႔တည္မည္နည္း။”
ဘုရားသခင္သည္ သင့္အား ထူးျခားေသာ စြမ္းရည္ ၊ လက္ေဆာင္ ၊ အစြမ္း ႏွင့္ ကြၽမ္းက်င္မႈတို႔ကို ေပးထားပါ တယ္။ သို႔ေပမဲ့ ၎တို႔ကို သင္၏အက်ိဳးအတြက္ ေပးထားျခင္းမဟုတ္ပါ။ တျခားေသာ သူေတြ၏အက်ိဳးအဖို႔ အလို႔ငွာ သင့္အား ေပးထားျခင္းျဖစ္သည္။ ယခုေန႔ရက္တို႔တြင္ အိမ္တြင္ေနရဖို႔ျဖစ္လာေသာ္ျငားလည္း “အိမ္နီးခ်င္းတို႔ကိုခ်စ္ပါ”ဆိုတဲ့ ဘုရားသခင္၏ ပညတ္ေတာ္ကို သင္နာခံသည္နည္းတူ ၎လက္ေဆာင္မြန္တို႔အား အသုံးျပဳဖို႔ရန္ အခ်ိန္ေကာင္းသည္ ဘယ္ေသာအခါမွ မျဖစ္လာခဲ့ပါ။
လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးျခင္း ႏွင့္ တျခားသူမ်ားအတြက္ အမႈေဆာင္ျခင္းသည္ ခ်စ္ျခင္းေမတၱာ ျဖစ္ပါ တယ္။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ ရွင္ေယာဟန္ခရစ္ဝင္ ပဌမေစာင္ ၃:၁၇ “အၾကင္သူ သည္ ေလာကီစည္းစိမ္ဥစၥာရွိလ်က္ပင္၊ မိမိညီအစ္ကို ဆင္းရဲျခင္းကိုျမင္၍၊ သနားျခင္း က႐ုဏာစိတ္ကို ခ်ဳပ္တည္း ၏။ ထိုသူ၌ဘုရားသခင္၏ ေမတၱာေတာ္သည္ အဘယ္သို႔တည္မည္နည္း။”
ကမာၻအႏွံ႔ ေရာဂါျဖစ္ပြားစဥ္ကတည္းကပင္ လူတစ္ခ်ိဳ႕တို႔သည္ သူတို႔၏ အိမ္နီးခ်င္းေတြကို ဆန္းသစ္မႈနည္း လမ္းေပါင္းမ်ားစြာႏွင့္ပတ္သက္ၿပီး အကူအညီေပးျခင္းေတြကို ကြၽႏ္ုပ္ၾကားခဲ့ပါတယ္။ ကုန္စုံဆိုင္ သို႔ သင္သြား တဲ့အခါ သင္၏ အိမ္နီးခ်င္း ၊ အထူးသျဖင့္ အသက္ႀကီးေသာသူေတြမွာ လိုအပ္တာတစ္စုံတခုမ်ား ရွိေနမလားလို႔ သင္စစ္ေဆးႏိုင္ပါတယ္။ တစ္စုံတစ္ေယာက္၏ ျမက္ခင္းကို ျဖတ္ေပးျခင္း (သို႔) သူတို႔ ကားကို ေဆးေၾကာ ေပးျခင္း လုပ္ေဆာင္ႏိုင္သည္။ တစ္စုံတစ္ဉီးမွာေတာ့ သူ၏ ကေလးေက်ာင္းကိစၥ ၊ အခြန္ကိစၥ (သို႔) ကားျပသနာ ေတြႏွင့္ ပတ္သက္တဲ့ ေမးခြန္းမ်ား ရွိေကာင္းရွိမည္။
အစားအေသာက္ေတြက အၿမဲတမ္း တံခါးဖြင့္ေပးပါတယ္။ တစ္စုံတစ္ဉီးအတြက္ အစားအေသာက္ ျပင္ဆင္ျခင္း (သို႔) မိသားစုတစ္စုအတြက္ Donuts ပို႔ျခင္းေတြ ျပဳလို႔ရပါတယ္။
သတင္းစာကို သူတို႔တံခါးေရွ႕ ယူေဆာင္ေပးျခင္း။ ေမွာ္ပင္ေတြကို ကူရွင္းေပးျခင္း (သို႔) တံခါးျပင္ပ အျပင္အဆင္ ေတြအတြက္ ကူညီေပးျခင္း။ သင့္ဖုန္းနံပါတ္ကို တျခားသူေတြကို ေဝမွ်ျခင္းျဖင့္ သူတို႔ လိုအပ္ခ်က္ရွိတဲ့အခါ သင့္အား အေၾကာင္းၾကားႏိုင္မည္ျဖစ္သည္။ ဤေရာဂါကူးစက္ေသာ ကာလတြင္ အေထာက္အပံ့အတြက္ အဖြဲ႕အစည္းတစ္ခုခုကို ဆက္သြယ္ပူးေပါင္းႏိုင္ဖို႔ရန္ မိသားစုတစ္စုက သူတို႔၏ mailbox တြင္ QR code ကိုေတာင္ တင္ထားပါတယ္။ အသင္းေတာ္မွျပဳလုပ္ေသာ online ဝတ္ျပဳစည္းေဝးကို ၾကည့္ရႈဖို႔ရန္ လူေတြကို သင္ဖိတ္ေခၚႏိုင္ပါတယ္ ၊ ဤအေၾကာင္းအရာေတြကို သူတို႔ႏွင့္ စကားစျမည္ေျပာဆိုႏိုင္ပါတယ္။
အဓိကအေရးႀကီးဆုံးမွာ အိမ္နီးခ်င္းတို႔၏ အႀကီးမားဆုံးေသာ လိုအပ္ခ်က္ကို ေဝငွေပးႏိုင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းက “ဘုရားသခင္ သူတို႔ကို ဘယ္ေလာက္ခ်စ္ေၾကာင္း ႏွင့္ သူတို႔အား ကယ္တင္ဖို႔ရန္ သခင္ခရစ္ေတာ္ ဘယ္လို ေသဆုံးခဲ့တယ္” ဆိုတဲ့အေၾကာင္းေတြကို ေဝမွ်ျခင္း ျဖစ္ပါတယ္။
သခင္ခရစ္ေတာ္ႏွင့္ မည္ကဲ့သို႔ သိကြၽမ္းရင္းႏွီးလာႏိုင္တယ္ဆိုတာကို သင္၏ အိမ္နီးခ်င္းတို႔ကို ရွင္းျပႏိုင္ဖို႔ရန္ သင္ေလ့လာဖို႔ လိုအပ္ပါတယ္။ ၎သည္ အရမ္းႀကီး မခက္ခဲပါဘူး။ သူတို႔၏ အတိတ္က အရာေတြသည္ ခြင့္လႊတ္ခံရတယ္ ၊ အသက္ရွင္ျခင္း၏ ရည္႐ြယ္ခ်က္တို႔ကို သူတို႔ရရွိႏိုင္တယ္။ ၿပီးေတာ့ ေကာင္းကင္ဘုံတြင္ အိမ္ပိုင္ဆိုင္ရမည့္ အေၾကာင္းေတြကို သင္ေဝမွ်ႏိုင္ပါသည္။ အသားကင္ (သို႔) စကားလမ္းေၾကာင္းႏွင့္အတူ သင္၏စိတ္ႏွလုံးကို အိမ္နီးခ်င္းတို႔ႏွင့္ သခင္ခရစ္ေတာ္ကို သင္ခြင့္ျပဳျခင္းျဖင့္ ေမတၱာတံတားကို တည္ေဆာက္ႏိုင္ပါတယ္။
သင္၏အိမ္နီးခ်င္းတို႔ကို ခ်စ္ျခင္းေမတၱာျပႏိုင္ေသာ တစ္ခုတည္းေသာ အေရးအႀကီးဆုံးနည္းလမ္းကား သူတို႔ကို သခင္ခရစ္ေတာ္ႏွင့္ မိတ္ဆက္ေပးျခင္းျဖစ္ပါတယ္။ သင့္ဝန္းက်င္ရွိလူေတြကို ခ်စ္ျခင္းေမတၱာျဖင့္ ပံ့ပိုးကူညီဖို႔ရန္ အခြင့္အေရးတိုင္းကို အသုံးခ်ပါ။ သို႔မွသာ သူတို႔ မသိခဲ့ဖူးတဲ့ အႀကီးျမတ္ဆုံးေသာ ခ်စ္ျခင္းေမတၱာ အေၾကာင္း ကို သူတို႔ သင္ယူေလ့လာႏိုင္မည္ျဖစ္သည္။
ဆင္ျခင္ရန္
-သင္၏ အိမ္နီးခ်င္းတို႔ကို အလြန္ရင္းႏွီးပါလွ်င္ “ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာသည္ သူတို႔အေပၚမည္သို႔ရွိျခင္း ႏွင့္ သခင္ခရစ္ေတာ္ျပဳခဲ့ေသာအရာ”တို႔ကို သူတို႔ႏွင့္ ေဝမွ်ပါသလား။ မေဝမွ်ပါလွ်င္ ၎အေၾကာင္းအရာတို႔ကို ေျပာဖို႔ရန္ မည္သည့္အရာက သင့္အား တားဆီးေနပါသနည္း။
-သခင္ခရစ္ေတာ္၏ ခ်စ္ျခင္းေမတၱာသည္ သူတို႔၌ရွိေၾကာင္းကို ေဝမွ်ျခင္း အတြက္ ဤတစ္ပတ္အတြင္း သင္၏အိမ္နီးခ်င္းတို႔ႏွင့္ မည္သို႔ေသာ တိက်ေသာ နည္းလမ္းတို႔ျဖင့္ သင္ျပဳႏိုင္ပါမည္နည္း။ ဤသို႔ ျပဳျခင္းအတြက္ မည္သူက သင့္အား တာဝန္ယူေပးမည္နည္း။
-သင္၏ အိမ္နီးခ်င္းတို႔ဆီေရာက္ဖို႔ရန္ သင္၏ အသင္းေတာ္ (သို႔) အဖြဲ႕အစည္းေလးက မည္ကဲ့သို႔ အတူအကြ ပါဝင္ လုပ္ေဆာင္ႏိုင္မည္နည္း။ သင္ႏွင့္ တစ္လမ္းတည္းေန ခရစ္ယာန္တစ္ဉီးႏွင့္ အတူ မည္ကဲ့သို႔ လုပ္ေဆာင္ ႏိုင္ပါမည္နည္း။