သင်၏ အိမ်နီးချင်းကို အဝေးတစ်ခုကနေ ဘယ်လို မေတ္တာပြမလဲ။

Unicode Version

သင်၏ အိမ်နီးချင်းကို အဝေးတစ်ခုကနေ ဘယ်လို မေတ္တာပြမလဲ။

ရှင်ယာကုပ်ဩဝါဒစာ ၂:၈ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ် တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက်ကြ၏။”

ဖွင့်ထားတဲ့ ခြံဂိတ်တံခါးတွေက အရမ်းကို အဆင်ပြေစေတယ်မဟုတ်လား။  သက်တောင့်သက်တာ ဖြစ်စေတဲ့ သင့်အိမ်ကို မရောက်ခင်မှာ တခြားသူတွေကို တွေ့စရာလည်းမရှိဘူးဆိုတာ သေချာနေတော့ တစ်နေကုန် အလုပ်ပြီးလို့ အိမ်ပြန်လာချိန်မှာ အိမ်ထဲဝင်ပြီး တံခါးပိတ်လိုက်နိုင်ပါတယ်။

သို့ပေမဲ့ ကမ္ဘာအနှံ့ရောဂါဖြစ်ပွားနေတဲ့ ကာလမှ အချိန်မရွေး ၊ တကယ့်ကို ထိုအဆင်ပြေမှုတွေက ခရစ်ယာန် တွေကို သမ္မာကျမ်းစာရှိ အခြေခံအကျဆုံးသော ပညတ်တရားတစ်ခုကို လိုက်လျှောက်ခြင်းမှ ကင်းဝေး စေပါတယ်။ ရှင်ယာကုပ်ဩဝါဒစာ ၂:၈ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ် တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက်ကြ၏။ 

သင်၏ အိမ်နီးချင်း ၊ စပ်ဆိုင်သောသူတွေကို ကိုယ်နှင့်အမျှ ချစ်လော့။ ၎င်းသည် ရိုးရှင်းသော ပညတ်ဖြစ်ပြီး အများစုသော အမေရိကန်တို့သည် သူတို့၏ အိမ်နီးချင်းတွေကို မသိကြပါ။ သင်မသိပါလျှင် ဘယ်သူ့ကိုမျှ သင်ချစ်ခြင်းမေတ္တာ ပေးလို့ မရပါဘူး။

 ဘုရားသခင်က သူဖန်းဆင်းထားတဲ့သူတွေသည် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးဆက်သွယ်မှုရှိကြတယ် ၊ မိတ်သဟာရရှိကြတယ် ဆိုတာကို ကြည့်ပြီး ပြုံးပျော်ရွှင်တယ်ဆိုတာကို သင်သိပါသလား။ ဇာခရိအနာဂတ္တိကျမ်း ၃:၁၀ “ထိုနေ့၌ သင်တို့သည် မိမိတို့ အိမ်နီးချင်း တယောက်ကိုတယောက် စပျစ်ပင်အောက်၊ သင်္ဘော သဖန်းပင်အောက်သို့ ခေါ်ဘိတ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။

သင်၏ အိမ်နောက်ဖေးတွင် စပျစ်ဉယျာဉ်မရှိနိုင်သော်လည်း သင်၏တိုက်ခန်းအဆောင်ဝန်းကျင် ကွင်းပြင် တွေမှာ သစ်ပင်တော့ ရှိနိုင်ပါသည်။ ခုံတန်းရှည်တွေတောင် ရှိနေပါမည်။ (သို့) သင်ဆင်ခြေဖုံးရပ်ကွက်တွင် နေထိုင်ပါက ပန်းခြံတွေ ၊ မီးလင်းဖိုနေရာတွေ ၊ မြက်ခင်းတွေစိုက်ထားတဲ့ မြေကွက်လပ်တွေ ရှိနေပါမည်။ အဓိကအချက်က ၎င်းနေရာကောင်းတွေကို လှဖို့သက်သက်၊ ချစ်စဖွယ်သက်သက် ဖြစ်စေဖို့မဟုတ်ပါ။ သင်၏ ပတ်ဝန်းကျင် အိမ်နီးချင်းတွေကို သိဖို့ရန်နှင့် ရင်းနှီးကျွမ်းဝင်မှုဖြစ်ဖို့ရန် ရွေးချယ်မှုပြုဖို့ ဖြစ်ပါတယ်။

ဤထူးခြားသော အချိန်ကာလသည် သင့်ဝန်းကျင်ရှိလူတွေကို သိကျွမ်းဖို့ရာ အခွင့်အရေးများစွာ ပေးပါတယ်။ အများစုသောလူတွေသည် ဤကာလတွင် အိမ်မှာ နေကြတယ်ဆိုတာကို သင်သိနှင့်ပြီးဖြစ်ပါတယ်။ သူတို့တွေ အိမ်အပြင်ဘက်မှာ ကာယလေ့ကျင့်ခန်းတွေ ပိုလုပ်ဖြစ်ကြမှာပါ။ သင်၏ ဆင်ဝင်ပေါက်တွင် ထိုင်ပြီး ဖြတ်သန်း သွားလာ နေကြတဲ့သူတွေကို ဝှေ့ယမ်းပြခြင်း နှုတ်ဆက်ခြင်းများ ဘာကြောင့်မနှုတ်ဆက်နိုင်ရမှာလဲ။ မိတ်ဆွေတစ်ဉီး၏ လက်ဟန်ခြေဟန်၊ အမူအရာတို့သည် နောက်ဆုံးမှာ ဝိညာဉ်ရေးရာ ဆက်သွယ်ပြောဆိုခြင်းသို့ ဉီးတည်စေနိုင်တယ်ဆိုတာကို သင်မသိနိုင်ပါ။

သင်၌ ခြံဝင်း စီမံကိန်းတွေ ၊ ဆက်ဆံရေးတွေ ရှိပါသလား။ အချိန်ယူပါ။ ဒါမှ သင်၏ အိမ်နီးချင်းတို့နှင့် ပိုပြီး စကားပြောနိုင် ရှိနေနိုင်ပါမည်။ အဲဒီလိုရှိနေတဲ့အချိန်တွေမှာ ပန်းခြံမှာ ခွေးထိန်းရင်း အနည်းဆုံးတော့ လူတစ်ဉီးကို စကားပြောဖို့လုပ်ဆောင်ပါ။ စစ်ဘုရင်ဆော့ခြင်း (သို့) ပဟေဠိ ဆော့ခြင်းတွေကို မျှဝေပါ။ အသားကင်လုပ်မလား (သို့) တခြားသော များစွာသော အရာတွေကို လုပ်ဆောင်မည်လား။ အိမ်ရှေ့ဘက်ကိုသွားပြီးတော့လည်း သင်၏ အိမ်နီးချင်းတို့နှင့်မျှဝေပါ။ ပုံမှန်အားဖြင့် သင်ပြေးပါသလား (သို့) ရွရွလေးပြေးပါသလား။ လမ်းလျှောက်ဖို့ကို ပိုစဉ်းစားပြီး သင်၏နားကြပ်ကို အိမ်တွင် ထားခဲပါ။ သို့မှသာ စကားစမြည်ပြောဖို့ လွယ်ကူစေပါမည်။

 

သင်၏ အကွာအဝေးကို လေးစားလိုက်နာသင့်သည် အချိန်အခါတွင် လူတွေအနားနီးစေဖို့က အပြုသဘော ဆောင်သလို ဖြစ်နေပါမည်။ သို့ပေမဲ့လည်း ခြောက်ပေအကွာမှာပင် သင်၏ အိမ်နီးချင်းတွေကို ချစ်ခြင်းမေတ္တာ ထားဖို့ရန် နည်းလမ်းပေါင်းများစွာရှိပါတယ်။

 သင်၏ လက်ရှိအခြေအနေတွေက “သင်၏ အိမ်နီးချင်းတွေကို ချစ်ပါ” ဆိုတဲ့ ဘုရားသခင်၏ ပညတ်တော်ကို လိုက်မလျှောက်ဖို့ရန် ဆင်ခြင်မဖြစ်ပါစေနှင့်။ ဤ ၂၀၂၀ ခုနှစ်ကို အိမ်နီးချင်းတို့နှင့် လက်လှမ်းမှီသမျှ အသက်တာကို ဝေမျှပါ ၊ ပွင့်လင်းပါ ။ သို့မှသာ တစ်နေ့တွင် သင်နှင့်အတူ နိစ္စထာဝရတွင်  ဝေမျှနိုင်မှာ ဖြစ်ပါ တယ်။

 ဆင်ခြင်ရန်

- ဤအချိန်ကာလတွေမှာ သင်၏ အိမ်နီးချင်းတို့နှင့် ဆက်သွယ်မှုတွေရှိပါသလား။ မရှိပါလျှင် ယနေ့တွင် မည်သို့သော နည်းလမ်းဖြင့် စတင်နိုင်ပါမည်နည်း။

- ယခုနှစ်တွင် တစ်စုံတစ်ခုကို “ဖြတ်သန်းသွားရမည်” သို့ “အချည်းနှီး သဘော” ဖြင့် ကြည့်ပါသလား။ အကယ်၍ သင် ဘုရားသခင်၏နိုင်ငံတော်ကို အာရုံစိုက်ပြီး နိစ္စထာဝရအတွက် မိတ်ဆွေ သူငယ်ချင်းတွေ ပြုခြင်းအားဖြင့် သင်၏ စိတ်အတွေးတွေကို မည်ကဲ့သို့ ပြောင်းလဲစေနိုင်မည်နည်း။

- သင်၏ အခြေအနေတွေကို ထူးခြားစေနိုင်သည့် အိမ်နီးချင်းတို့နှင့် ရင်းနှီးကျွမ်းဝင်နိုင်ဖို့ရန် မည်သို့သော တစ်ချို့နည်းလမ်းတွေ ရှိပါသနည်း။


--------------------------------------------------------------------------------------------------------

Zawgyi Version

သင္၏ အိမ္နီးခ်င္းကို အေဝးတစ္ခုကေန ဘယ္လို ေမတၱာျပမလဲ။
ရွင္ယာကုပ္ဩဝါဒစာ ၂:၈ “ကိုယ္ႏွင့္စပ္ဆိုင္ေသာသူကို ကိုယ္ႏွင့္အမွ်ခ်စ္ေလာ့ဟု က်မ္းစာ၌ပါေသာ ေ႐ႊပညတ္ ေတာ္ကို သင္တို႔သည္ ေစာင့္ေရွာက္လွ်င္၊ ေကာင္းေသာအက်င့္ကို က်င့္ရာသို႔ေရာက္ၾက၏။”

ဖြင့္ထားတဲ့ ၿခံဂိတ္တံခါးေတြက အရမ္းကို အဆင္ေျပေစတယ္မဟုတ္လား။  သက္ေတာင့္သက္တာ ျဖစ္ေစတဲ့ သင့္အိမ္ကို မေရာက္ခင္မွာ တျခားသူေတြကို ေတြ႕စရာလည္းမရွိဘူးဆိုတာ ေသခ်ာေနေတာ့ တစ္ေနကုန္ အလုပ္ၿပီးလို႔ အိမ္ျပန္လာခ်ိန္မွာ အိမ္ထဲဝင္ၿပီး တံခါးပိတ္လိုက္ႏိုင္ပါတယ္။

သို႔ေပမဲ့ ကမာၻအႏွံ႔ေရာဂါျဖစ္ပြားေနတဲ့ ကာလမွ အခ်ိန္မေ႐ြး ၊ တကယ့္ကို ထိုအဆင္ေျပမႈေတြက ခရစ္ယာန္ ေတြကို သမၼာက်မ္းစာရွိ အေျခခံအက်ဆုံးေသာ ပညတ္တရားတစ္ခုကို လိုက္ေလွ်ာက္ျခင္းမွ ကင္းေဝး ေစပါတယ္။ ရွင္ယာကုပ္ဩဝါဒစာ ၂:၈ “ကိုယ္ႏွင့္စပ္ဆိုင္ေသာသူကို ကိုယ္ႏွင့္အမွ်ခ်စ္ေလာ့ဟု က်မ္းစာ၌ပါေသာ ေ႐ႊပညတ္ ေတာ္ကို သင္တို႔သည္ ေစာင့္ေရွာက္လွ်င္၊ ေကာင္းေသာအက်င့္ကို က်င့္ရာသို႔ေရာက္ၾက၏။ ”

သင္၏ အိမ္နီးခ်င္း ၊ စပ္ဆိုင္ေသာသူေတြကို ကိုယ္ႏွင့္အမွ် ခ်စ္ေလာ့။ ၎သည္ ႐ိုးရွင္းေသာ ပညတ္ျဖစ္ၿပီး အမ်ားစုေသာ အေမရိကန္တို႔သည္ သူတို႔၏ အိမ္နီးခ်င္းေတြကို မသိၾကပါ။ သင္မသိပါလွ်င္ ဘယ္သူ႔ကိုမွ် သင္ခ်စ္ျခင္းေမတၱာ ေပးလို႔ မရပါဘူး။


ဘုရားသခင္က သူဖန္းဆင္းထားတဲ့သူေတြသည္ တစ္ေယာက္ႏွင့္ တစ္ေယာက္ ရင္းႏွီးဆက္သြယ္မႈရွိၾကတယ္ ၊ မိတ္သဟာရရွိၾကတယ္ ဆိုတာကို ၾကည့္ၿပီး ၿပဳံးေပ်ာ္႐ႊင္တယ္ဆိုတာကို သင္သိပါသလား။ ဇာခရိအနာဂတၱိက်မ္း ၃:၁၀ “ထိုေန႔၌ သင္တို႔သည္ မိမိတို႔ အိမ္နီးခ်င္း တေယာက္ကိုတေယာက္ စပ်စ္ပင္ေအာက္၊ သေဘၤာ သဖန္းပင္ေအာက္သို႔ ေခၚဘိတ္ၾကလိမ့္မည္ဟု ေကာင္းကင္ဗိုလ္ေျခအရွင္ ထာဝရဘုရားမိန္႔ေတာ္မူ၏။”

သင္၏ အိမ္ေနာက္ေဖးတြင္ စပ်စ္ဉယ်ာဥ္မရွိႏိုင္ေသာ္လည္း သင္၏တိုက္ခန္းအေဆာင္ဝန္းက်င္ ကြင္းျပင္ ေတြမွာ သစ္ပင္ေတာ့ ရွိႏိုင္ပါသည္။ ခုံတန္းရွည္ေတြေတာင္ ရွိေနပါမည္။ (သို႔) သင္ဆင္ေျခဖုံးရပ္ကြက္တြင္ ေနထိုင္ပါက ပန္းၿခံေတြ ၊ မီးလင္းဖိုေနရာေတြ ၊ ျမက္ခင္းေတြစိုက္ထားတဲ့ ေျမကြက္လပ္ေတြ ရွိေနပါမည္။ အဓိကအခ်က္က ၎ေနရာေကာင္းေတြကို လွဖို႔သက္သက္၊ ခ်စ္စဖြယ္သက္သက္ ျဖစ္ေစဖို႔မဟုတ္ပါ။ သင္၏ ပတ္ဝန္းက်င္ အိမ္နီးခ်င္းေတြကို သိဖို႔ရန္ႏွင့္ ရင္းႏွီးကြၽမ္းဝင္မႈျဖစ္ဖို႔ရန္ ေ႐ြးခ်ယ္မႈျပဳဖို႔ ျဖစ္ပါတယ္။

ဤထူးျခားေသာ အခ်ိန္ကာလသည္ သင့္ဝန္းက်င္ရွိလူေတြကို သိကြၽမ္းဖို႔ရာ အခြင့္အေရးမ်ားစြာ ေပးပါတယ္။ အမ်ားစုေသာလူေတြသည္ ဤကာလတြင္ အိမ္မွာ ေနၾကတယ္ဆိုတာကို သင္သိႏွင့္ၿပီးျဖစ္ပါတယ္။ သူတို႔ေတြ အိမ္အျပင္ဘက္မွာ ကာယေလ့က်င့္ခန္းေတြ ပိုလုပ္ျဖစ္ၾကမွာပါ။ သင္၏ ဆင္ဝင္ေပါက္တြင္ ထိုင္ၿပီး ျဖတ္သန္း သြားလာ ေနၾကတဲ့သူေတြကို ေဝွ႔ယမ္းျပျခင္း ႏႈတ္ဆက္ျခင္းမ်ား ဘာေၾကာင့္မႏႈတ္ဆက္ႏိုင္ရမွာလဲ။ မိတ္ေဆြတစ္ဉီး၏ လက္ဟန္ေျခဟန္၊ အမူအရာတို႔သည္ ေနာက္ဆုံးမွာ ဝိညာဥ္ေရးရာ ဆက္သြယ္ေျပာဆိုျခင္းသို႔ ဉီးတည္ေစႏိုင္တယ္ဆိုတာကို သင္မသိႏိုင္ပါ။

သင္၌ ၿခံဝင္း စီမံကိန္းေတြ ၊ ဆက္ဆံေရးေတြ ရွိပါသလား။ အခ်ိန္ယူပါ။ ဒါမွ သင္၏ အိမ္နီးခ်င္းတို႔ႏွင့္ ပိုၿပီး စကားေျပာႏိုင္ ရွိေနႏိုင္ပါမည္။ အဲဒီလိုရွိေနတဲ့အခ်ိန္ေတြမွာ ပန္းၿခံမွာ ေခြးထိန္းရင္း အနည္းဆုံးေတာ့ လူတစ္ဉီးကို စကားေျပာဖို႔လုပ္ေဆာင္ပါ။ စစ္ဘုရင္ေဆာ့ျခင္း (သို႔) ပေဟဠိ ေဆာ့ျခင္းေတြကို မွ်ေဝပါ။ အသားကင္လုပ္မလား (သို႔) တျခားေသာ မ်ားစြာေသာ အရာေတြကို လုပ္ေဆာင္မည္လား။ အိမ္ေရွ႕ဘက္ကိုသြားၿပီးေတာ့လည္း သင္၏ အိမ္နီးခ်င္းတို႔ႏွင့္မွ်ေဝပါ။ ပုံမွန္အားျဖင့္ သင္ေျပးပါသလား (သို႔) ႐ြ႐ြေလးေျပးပါသလား။ လမ္းေလွ်ာက္ဖို႔ကို ပိုစဥ္းစားၿပီး သင္၏နားၾကပ္ကို အိမ္တြင္ ထားခဲပါ။ သို႔မွသာ စကားစျမည္ေျပာဖို႔ လြယ္ကူေစပါမည္။

သင္၏ အကြာအေဝးကို ေလးစားလိုက္နာသင့္သည္ အခ်ိန္အခါတြင္ လူေတြအနားနီးေစဖို႔က အျပဳသေဘာ ေဆာင္သလို ျဖစ္ေနပါမည္။ သို႔ေပမဲ့လည္း ေျခာက္ေပအကြာမွာပင္ သင္၏ အိမ္နီးခ်င္းေတြကို ခ်စ္ျခင္းေမတၱာ ထားဖို႔ရန္ နည္းလမ္းေပါင္းမ်ားစြာရွိပါတယ္။

သင္၏ လက္ရွိအေျခအေနေတြက “သင္၏ အိမ္နီးခ်င္းေတြကို ခ်စ္ပါ” ဆိုတဲ့ ဘုရားသခင္၏ ပညတ္ေတာ္ကို လိုက္မေလွ်ာက္ဖို႔ရန္ ဆင္ျခင္မျဖစ္ပါေစႏွင့္။ ဤ ၂၀၂၀ ခုႏွစ္ကို အိမ္နီးခ်င္းတို႔ႏွင့္ လက္လွမ္းမွီသမွ် အသက္တာကို ေဝမွ်ပါ ၊ ပြင့္လင္းပါ ။ သို႔မွသာ တစ္ေန႔တြင္ သင္ႏွင့္အတူ နိစၥထာဝရတြင္  ေဝမွ်ႏိုင္မွာ ျဖစ္ပါ တယ္။ 

ဆင္ျခင္ရန္
- ဤအခ်ိန္ကာလေတြမွာ သင္၏ အိမ္နီးခ်င္းတို႔ႏွင့္ ဆက္သြယ္မႈေတြရွိပါသလား။ မရွိပါလွ်င္ ယေန႔တြင္ မည္သို႔ေသာ နည္းလမ္းျဖင့္ စတင္ႏိုင္ပါမည္နည္း။
- ယခုႏွစ္တြင္ တစ္စုံတစ္ခုကို “ျဖတ္သန္းသြားရမည္” သို႔ “အခ်ည္းႏွီး သေဘာ” ျဖင့္ ၾကည့္ပါသလား။ အကယ္၍ သင္ ဘုရားသခင္၏ႏိုင္ငံေတာ္ကို အာ႐ုံစိုက္ၿပီး နိစၥထာဝရအတြက္ မိတ္ေဆြ သူငယ္ခ်င္းေတြ ျပဳျခင္းအားျဖင့္ သင္၏ စိတ္အေတြးေတြကို မည္ကဲ့သို႔ ေျပာင္းလဲေစႏိုင္မည္နည္း။
- သင္၏ အေျခအေနေတြကို ထူးျခားေစႏိုင္သည့္ အိမ္နီးခ်င္းတို႔ႏွင့္ ရင္းႏွီးကြၽမ္းဝင္ႏိုင္ဖို႔ရန္ မည္သို႔ေသာ တစ္ခ်ိဳ႕နည္းလမ္းေတြ ရွိပါသနည္း။